← Chapters

ကောင်းကင်ဘုံက မျှတတယ်

Vol. 32 Ch. 473

ကောင်းကင်ဘုံက မျှတတယ်

Vol. 32 Ch. 473

“ရှားဟိုင်ချွမ်၊ မင်း ဒါကို ဘယ်လိုတောင် လုပ်ရဲတာလဲ”

ဥက္ကဋ္ဌရှုက ရှားဟိုင်ချွမ်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်သည်။ သူ၏ နဖူး၌ သွေးကြောများ ထောင်နေပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“ငါက ဘာလို့ မလုပ်ရဲရမှာလဲ”

ရှားဟိုင်ချက်က မျက်မှောင်ကြုတ်သွားသည်။ သူ့အကြည့်က ကြောက်စရာကောင်းသော အကြည့်သို့ ပြောင်းလဲ သွားသည်။

“ငါ မင်းကို အခွင့်အရေး ထပ်ပေးမယ်၊ ဝမ်ရုံ နည်းပညာရဲ့ ရှက်ယာတွေနဲ့ နည်းပညာအားလုံးကို လက်လွှဲပေး၊ အဲ့လိုလုပ်ရင် မင်းတို့ အသက်တွေကို ချမ်းသာပေးမယ်”

“ရှားဟိုင်ချွမ်၊ မင်း ရူးနေပြီ၊ မင်း အဲ့လိုလုပ်ရင် မင်းကံကြမ္မာက ဘာဖြစ်သွားမယ်လို့ ထင်နေလဲ”

ဥက္ကဋ္ဌ အိုးရန်က လှောင်ရယ်သည်။

“အခု နောက်ဆုတ်လည်း နောက်မကျသေးဘူး”

“နောက်ဆုတ်ရမယ် ဟုတ်လား၊ မင်း ငါ့ကို ရယ်ပြီး သေအောင်လုပ်ဖို့ ကြိုးစားနေတာလား”

ရှားဟိုင်ချွမ်က သူ့အနီးအနားမှ လူများကို အထင်အမြင်သေးစွာ ရယ်မောလေသည်။

“မင်း လက်လျှော့ဖို့ အချိန်တန်ပြီနဲ့ တူတယ်”

ထိုသို့ပြောပြီး သူက လက်ခုပ်တီးလိုက်သည်။ ဘေးချင်းကပ် အခန်းတစ်ခန်းစီမှ လူငါးယောက်က ချက်ချင်း ထွက်လာပြီး သီးသန့်ခန်းထဲသို့ ဝင်လာကြသည်။

စုစုပေါင်း လူဆယ်ယောက် ရှိပြီး တစ်ယောက်ချင်းစီတိုင်းမှ လူသတ်သမား အငွေ့အသက် ထွက်ပေါ်နေသည်။ သူတို့က ဝတ်စားပုံ မတူညီသော်လည်း အားလုံးက အဝတ်အစားပေါ်၌ ထူးခြားသော သင်္ကေတတစ်ခု ပါသော အနက်ရောင် အဝတ်အစားကို ဝတ်ထားကြသည်။ သူတို့က ခုခံနိုင်စွမ်း မရှိသည့် အဖွဲ့အား အထင်သေးဟန်ဖြင့် ကြည့်နေသည်။

“သူတို့က … နိုင်ငံခြားသားတွေလား”

ဥက္ကဋ္ဌရှု၏ အမူအရာ ပြောင်းလဲသွားသည်။ အစောပိုင်းကနှင့် ယှဉ်လိုက်လျင် သူ၏ စိတ်နှလုံးက လုံးဝ ဆောက်တည်ရာ မရတော့ချေ။ သူ့စိတ်ထဲ၌ မခံမရပ်နိုင် ဖြစ်စိတ်နှင့် ဒေါသစိတ်တို့ ပြည့်နှက်လာပြီး တစ်ကိုယ်လုံး ကြက်သီးထလာ၏။

“ရှားဟိုင်ချွမ်၊ မင်း ရူးနေပြီ၊ အခြေအနေက ဘာပဲဖြစ်ဖြစ်၊ မင်း နိုင်ငံခြားသားတွေနဲ့ မပူးပေါင်းသင့်ဘူး၊ မင်း ကိုယ့်နိုင်ငံကို သစ္စာဖောက်မိနေတာကိုရော သိရဲ့လား၊ နည်းပညာရဲ့ အရေးပါပုံကို မင်း မသိဘူးလား”

ဥက္ကဋ္ဌအိုးရန်က တစ်ကိုယ်လုံး တုန်ယင်စွာ အော်ဟစ်လေသည်။

“ရှားဟိုင်ချွမ်၊ ရှင်က ကျွန်မတို့နိုင်ငံရဲ့ နည်းပညာကို ခိုးဖို့ နိုင်ငံခြားသားတွေနဲ့ လျှို့ဝှက်ပူးပေါင်းတာပဲ၊ ဒါ ပြစ်မှုကြီးပဲ၊ ကျွန်မ ရှင့်ကို ဖမ်းဆီးပိုင်ခွင့် ရှိတယ်”

ရှုနန်က ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်သည်။

“ဟဲဟဲ ငါ့ကို မျိုးချစ်စိတ်နဲ့ ပတ်သက်ပြီး လာမပြောနဲ့၊ ငါ့ကို အကျိုးအမြတ် ဖြစ်စေမယ့် ဘယ်သူနဲ့မဆို ငါ ပူးပေါင်းမှာပဲ”

ရှားဟိုင်ချွမ်က လှောင်ရယ်သည်။ ထို့နောက် သူ့အကြည့်က ရှုနန်ပေါ်သို့ ကျရောက်လာသည်။

“တူမလေးရှု၊ အားကုန်ခံပြီး ရုန်းကန်မနေနဲ့၊ အဲ့ဒါ အရိုးပျော့မှုန့်ပဲ၊ မင်းခွန်အားကို သုံးဖို့ မဖြစ်နိုင်ဘူး”

သူ့စိတ်ရင်းကို သူ ဖော်ပြလာလေပြီ။ အရင်က ရင်းနှီးဖော်ရွေမှုသည် သူတို့ အဆိပ်ကို သောက်ရန် မြားခေါ်ခြင်း သက်သက်သာ ဖြစ်သည်။

“ဟုတ်တယ်၊ ဒါက ငါတို့ ကမ္ဘာမြေရဲ့ဂိတ်တံခါးက အရိုးပျော့မှုန့်ပဲ၊ အဲ့ဒါက သိုင်းပညာရှင်တွေအတွက် ဖော်စပ်ထားတာ၊ သိုင်းပညာရှင် တစ်ယောက်တောင်မှ သူ့ရဲ့ လှုပ်ရှားနိုင်စွမ်းကို ဆုံးရှုံးမှာ”

သူ့အနောက်မှ လူတစ်ယောက်က အေးစက်စက်အသံဖြင့် ပြောဆိုသည်။

ထိုလူက ခေါင်းဆောင်ပင်။ သူ၏ နှာခေါင်းက ကောက်နေပြီး ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ သူ့ဘေးနားမှ လူများအားလုံးကို ဖိနှိပ်နေ၏။ သူက ရက်စက်သော လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။

“ကမ္ဘာမြေရဲ့ ဂိတ်တံခါးလား၊ ရှင်က ဂျပန်နိုင်ငံကပဲ”

ရှုနန်၏ မျက်နှာက ဖြူရော်သွားသည်။ ဂျပန်နိုင်ငံ၏ မကောင်းသော လုပ်ရပ်များက ယခုအထိ သူမစိတ်ထဲ၌ သစ်လွင်နေဆဲပင်။ အထူးသဖြင့် ရှားဟိုင်ချွမ်က ဂျပန်နိုင်ငံက လူများနှင့် အတူ ပူးပေါင်းနေ၏။ ယင်းက နိမ့်ကျလွန်း လှသည်။

ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများ ဝင်ပါလာသဖြင့် သူတို့ ကြံရာမရ ဖြစ်လာကြသည်။ ကမ္ဘာမြေ၏ ဂိတ်တံခါးသည် သူတို့အား နိုင်ငံတွင်းမှ ခေါ်သွားနိုင်စွမ်း ရှိသည်။ ထိုသို့ဆိုလျင် သူတို့၏ ကံကြမ္မာကို သူတို့ ထိန်းချုပ်နိုင်မည် မဟုတ်ပါ။ ဤကိစ္စအား ကြိုတင်၍ စီစဉ်ထားခဲ့ခြင်း ဖြစ်ရပေမည်။

“ဦးလေးရှု”

ထိုစဉ် ရှားကျွင်းက ရုတ်တရက် ထရပ်သည်။ သူ၏ မီးတောက်နေသော အကြည့်က ရှုနန်ပေါ်မှ မခွာပေ။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ခင်ဗျားမိသားစုအပေါ် လက်ထပ်ခွင့် တောင်းခွင့်ပြုပါ”

*လက်ထပ်ခွင့် တောင်းမယ်ဟုတ်လား*

လူတိုင်း မှင်တက်သွားကြသည်။ ထိုအခိုက်တွင် ရှုဟွာ၏ အမူအရာက ချက်ချင်းဆိုသလို အလွန်အမင်း ကြည့်ရဆိုး သွားလေသည်။

“ရှားကျွင်း၊ မင်း လုပ်ရဲလား”

“ဟားဟား … ဦးလေးရှု၊ ခင်ဗျားက လူကြီးဖြစ်နေလို့ ကျုပ် လေးလေးစားစား ဆက်ဆံနေတာ၊ ကျုပ် ရှုနန်ကို ချစ်နေတာကို ခင်ဗျား မသိတာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျား ကျုပ်ခံစားချက်ကို ဘယ်တော့မှ မစဉ်းစား ပေးဖူးလေ၊ ကျုပ်က ဘယ်လိုလုပ် ရှုနန်နဲ့ မထိုက်တန်ရမှာလဲ”

“ထွီ … ရှင့်ကို လက်ထပ်မယ့်အစား ကျွန်မ အသေပဲ ခံလိုက်မယ်”

ရှုနန်က ချက်ချင်း ပက်ခနဲ ပြန်ပြောသည်။

“ဟီးဟီးဟီး … ဟားဟားဟား …”

ရှားကျွင်း၏ မျက်လုံးများ နီရဲလာသည်။ သူက ခွေးရူးသဖွယ် အံကြိတ်၍ ကြုံးဝါးသည်။

“မင်း ဘာလို့ ငါ့ကို လက်မခံရတာလဲ၊ ငါ သိနေတယ် … မင်း အဲ့အဖျက်ကောင်နဲ့ ကြိုက်နေလို့ မဟုတ်လား”

ရှားကျွင်းက ရဲ့လင်းချန်ကို လက်ညှိုးထိုးသည်။

“မင်း သူ့ဆီမှာ ဘာတွေ မြင်နေလို့လဲ၊ သူက ငါ့ထက် နည်းနည်းလေး ပိုချောပြီး ပိုဉာဏ်ကောင်းပြီးတော့ နည်းနည်းလေး ပိုသာနေရုံလေးပါ၊ သူ့မှာ တခြားဘာများ ရှိလို့လဲ”

သူ့စကားက လူတိုင်းကို ကြက်သေ သေသွားစေသည်။ ထိုတစ်ခဏလေးအတွင်း၌ သူတို့ ပြောစရာစကား မဲ့သွားကြသည်။

*တကယ်ကို ရိုင်းစိုင်းတဲ့လူပဲ*

ရှားကျွင်း၏ သူ့အပေါ် ရန်လိုသောစိတ်က ဘယ်ကနေ စလာသလဲ ဆိုသည်ကို ရဲ့လင်းချန် နားလည်သွားသည်။ ပြဿနာ၏ အရင်းအမြစ်က သူ၏ ထက်မြက်မှုပင်။ အပင်မြင့်လေ လေတိုက်ခံရလေပါတကား။

“ငါ မင်းကို ပြောမယ်၊ ရှုဝမ်ချင် အရင်တုန်းက ပြန်ပေးဆွဲခံခဲ့ရတာက ကမ္ဘာမြေရဲ့ ဂိတ်တံခါးကို ငါတို့ သတင်းပေး လိုက်လို့ပဲ၊ မင်း ငါ့ကို တန်ဖိုးမထားရင် ငါ မင်းကို ဖျက်ဆီးပြီး အရှက်ခွဲပစ်မယ်၊ ဟားဟားဟား …”

ရှားကျွင်းက စိတ်လွတ်နေသလိုပင်။

“အရင်တုန်းက အစီအစဉ်ကို အဲ့အရူး စူပါမန်းဝိုင် ဝင်ဖျက်လိုက်တာ ဆိုးတာပဲ”

“နင် အရှက်မရှိပါလား”

ရှုနန်က သူ့ကို အေးစက်စွာ စူးစိုက်ကြည့်သည်။

“ဒီနေ့ ဘာကိုမှ မင်း ထိန်းချုပ်လို့ မရဘူး”

ရှားကျွင်းက ရက်စက်စွာ ပြုံးပြီး ရှုနန်အနားသို့ လျှောက်သွားသည်။

“ငါ ဒီည မင်းကို လက်ထပ်မယ်”

“နင် …”

ရှုနန်၏ မျက်ဝန်းတွင် ကြောက်စိတ် ဖြတ်ပြေးသွားပြီး ခန္ဓာကိုယ်လေးက တုန်ယင်လာလေသည်။

ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌအိုးရန်တို့၏ မျက်နှာများက နီရဲလာပြီး ဒေါသထွက်ကာ ပါးပေါ်သို့ မျက်ရည်များ စီးကျလာ၏။

“ဥက္ကဋ္ဌရှု၊ နန်အာ၊ ဝမ်ချင်၊ ချင်းအာ၊ ဒါတွေအားလုံးက ငါ့အပြစ်ပါ’

ကမ္ဘာမြေ၏ ဂိတ်တံခါး လက်ထဲသို့ ရောက်သွားသော လူတိုင်းအတွက် ရလဒ်က သိသာပေသည်။

“ငါ့နား မလာနဲ့”

ရှုနန်က အဆုတ်ကွဲမတတ် အော်လေသည်။

“ဟားဟားဟား၊ မင်း ကြိုက်သလောက်အော်၊ မင်း အော်လေ ငါ ပိုစိတ်လှုပ်ရှားလေပဲ၊ ငါတို့ မင်္ဂလာပွဲ အခမ်းအနား ပြီးမြောက်ဖို့ ငါ အခုချက်ချင်း မင်းကို ဘေးအခန်းဆီ ခေါ်သွားမယ်”

ရှားကျွင်းက အရူးသဖွယ် ရယ်မောလာသည်။

“ရိုင်းစိုင်းတဲ့လူပဲ”

တည်ငြိမ်သော အသံတစ်သံက အခန်းတွင်း ပျံ့နှံ့လာသဖြင့် လူတိုင်း အံ့ဩသွားသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ အကြည့်က အသံလာရာသို့ ဦးတည်သွားသည်။

သူတို့အားလုံး မြင်လိုက်ရသည်က တည်ငြိမ်နေသော ရဲ့လင်းချန်ပင်။ သူက လုံးဝ ကြောက်ရွံ့ဟန် မပြပါ။ သူသည် ခွက်ကို ကိုင်ထားဆဲဖြစ်ပြီး အရေးမစိုက်ဟန်ဖြင့် တစ်ငုံ ထပ်သောက်နေ၏။

“ဆရာ၊ အဲ့အရက်က အဆိပ်ခတ်ထားတယ်”

ရှုနန်က ချက်ချင်း သူ့ကို သတိပေးသည်။ အခြားသူများ အံ့ဩနေပြီး သူ ဘာကို ကြံစည်နေသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

“ကိစ္စမရှိဘူး”

ရဲ့လင်းချန်က အေးအေးလူလူ လက်ခါပြလိုက်ပြီး ပေါ့ပေါ့ပါးပါး ပုံစံအတိုင်း ဆက်နေ၍ နောက်တစ်ငုံ သောက်လိုက်သည်။

“ကြမ်းချင်ယောင် ဆောင်နေတာလား”

ရှားကျွင်းသည် အစက အံ့ဩနေပြီးမှ စိတ်လှုပ်ရှားစွာ ဟားတိုက် ရယ်မောလေသည်။

“ကောင်းကင်ဘုံက မျှတတယ်ဆိုတဲ့စကားက ဟုတ်နေတာပဲ၊ မင်းအတွက် တံခါးတစ်ချပ် ပွင့်ရင် ပြတင်း တစ်ချက်က ပိတ်သွားမှာ သေချာတယ်၊ လူကြီးတွေရဲ့ ပညာက ဟုတ်နေတာပဲ၊ မင်းမှာ အံ့ဩစရာ ကောင်းတဲ့ အရည်အချင်းတွေ ရှိပင်မယ့် မင်းက ရူးမိုက်တာပဲ၊ ဒါနဲ့တင် မင်းက ငါ့ထက် နိမ့်ကျတဲ့သူ ဖြစ်နေပြီ၊ ဝါးဟားဟား …”

“မင်း ပိုဘဝင်မြောက်လေ နောက်ပိုင်း ပိုငိုရလေ ဖြစ်မယ်ဆိုတာကို မင်း သိလား”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အဓိပ္ပာယ် မရှိတာတွေ”

ရှားကျွင်းက ရဲ့လင်းချန်ကို အရေးမစိုက်ပေ။ သူက ပျက်ရယ်ပြုလေသည်။

“အရိုးပျော့ဆေးလို အဖိုးတန်တဲ့ ပစ္စည်းကို မင်းတို့အပေါ် ငါတို့ ဘာလို့ သုံးလဲသိလား၊ မင်းက ကွန်ဖူးတော်တယ် ဆိုတာကို ငါတို့ သိနေလို့ပဲ၊ မင်းက ဟန်ထုတ်ရတာကို စွဲလမ်းနေတဲ့ပုံပဲ၊ မင်းဉာဏ်ရည်ကိုပါ ထိသွားတာပါလား”

ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများသည် အခန်းထဲမှ လူများကို ဝေ့ကြည့်ပြီးနောက် ရဲ့လင်းချန်ကို အာရုံစိုက် လာသည်။ သူတို့၏ အသံက ခံစားချက် ကင်းမဲ့နေ၏။

“ငါတို့ မင်းကို စုံစမ်းပြီးပြီ၊ မင်းက နည်းပညာမှာ ထူးချွန်ပြီးတော့ မောင်းသူမဲ့ယာဉ်ရဲ့ အဓိက နည်းပညာကိုပါ ကျွမ်းကျင်ထားတယ်၊ မင်း အဲ့နည်းပညာကို ငါတို့ဆီ လက်လွှဲပေးရင် မင်းအသက်ကို ငါတို့ ချမ်းသာပေးရုံတင် မကဘူး၊ မင်းဘဝတစ်လျှောက်လုံး အေးအေးလူလူ နေရဖို့ ငါတို့ အာမခံတယ်၊ ငါတို့ ဂျပန်နိုင်ငံက အရည်အချင်းကို တန်ဖိုးထားတယ်”

“ငါက မပေးဘူးဆိုရင်ရော”

ရဲ့လင်းချန် ပြုံး၍ မေးလိုက်သည်။

ရဲ့လင်းချန်၏ အပြုံးကို မြင်သောအခါ ထိုလူ၏ စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ရလိုက်သည်။ သို့သော် သူက ကမ်းလှမ်းနေဆဲပင်။

“မင်း မပေးလို့ကတော့ ငါတို့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးဆီ ပြန်ရောက်တဲ့အခါကျရင် ငါတို့မှာ မင်း ပြောလာအောင် လုပ်နိုင်တဲ့ နည်းလမ်း ၁၀၈ ခု ရှိတယ်၊ ဒါပေမဲ့ အဲ့လိုဆိုရင် မင်းဘဝက သက်တောင့်သက်သာ ရှိမှာ မဟုတ်ဘူး”

“ကမ္ဘာမြေရဲ့ ဂိတ်တံခါး၊ တော်တော် ဇွဲကောင်းတဲ့အဖွဲ့ပဲ၊ အရင်က ငါ့အိမ်ကို ရောက်လာတာလည်း မင်းတို့လူတွေပဲ မဟုတ်လား”

ရဲ့လင်းချန် ခေါင်းခါလာသည်။ ရုတ်တရက်ဆိုသလိုပင် သူ့မျက်လုံးများက စူးရှလာ၏။

“တရုတ်နိုင်ငံထဲမှာ မကောင်းတဲ့လုပ်ရပ်တွေ လုပ်ရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ”

All Chapters