ဈေးနှုန်း ထောင်တက်သွားခြင်း
Vol. 20 Ch. 298
“ခင်ဗျားတို့ ရန်ဖြစ်ချင်ရင်လည်း တခြားနေရာမှာ ဖြစ်ကြ၊ ပြီးတော့ ဆေးရုံကို မြန်မြန်သွားဦး၊ ခင်ဗျားတို့ အခွင့်အရေး ရှိလောက်သေးတယ်”
ရဲ့လင်းချန်က နှစ်ယောက်လုံးကို မျက်မှောင်ကြုတ်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
ရဲ့လင်းချန်၏ စကားကို ကြားသောအခါ သူတို့သည် တစ်ခဏမျှ ကြက်သေ သေနေပြီးမှ တွေဝေမနေဘဲ ဆေးရုံသို့ အသားကုန် ပြေးလေတော့သည်။
ရဲ့လင်းချန်က သူတို့ မြင်ကွင်းထဲမှ ပျောက်သွားသည်ကို ကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။
သူသည် သူတို့၏ သွေးလည်ပတ်မှုကို ငွေအပ်ဖြင့် လှုံ့ဆော်ပေးလိုက်ပြီး ကိုယ်တွင်း ချီစီးဆင်းမှုကို ဆိုးရွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။ ယင်းက သူတို့ကို နောက်ရက်အနည်းငယ်မျှအထိ ဒုက္ခပေးရန် လုံလောက်ပေသည်။
နှစ်ယောက်လုံး ထွက်သွားသည်နှင့် လူအုပ်ကြီးက ဖြည်းဖြည်းချင်း ငြိမ်သက်လာသည်။ သို့သော် သူတို့က ချက်ချင်း လူစုခွဲမသွားဘဲ အနီးအနား၌ ဆက်နေနေကာ ရဲ့လင်းချန်အား စပ်စုချင်စိတ်ဖြင့် ကြည့်နေကြသည်။
ထို့အပြင် အစောက စုံတွဲ၏ ပြဿနာက ထုတ်ကုန်ကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤအလှကုန် ပစ္စည်းဆိုင်၏ နာမည်က ပျက်စီးသွားလေပြီ။
“လင်းချန် ငါ ဆိုင်ကို စီမံခန့်ခွဲမှု ညံ့လို့ တောင်းပန်ပါတယ်”
ကျန်းယွင်ရှီက အပြစ်ရှိသော လေသံလေးဖြင့် ခပ်တိုးတိုး ပြောသည်။ သူမမျက်နှာတွင် အပြစ်ရှိသော အမူအရာတို့ ပေါ်နေသည်။
“ရပါတယ်၊ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းက ဒွန်တွဲနေတာလေ၊ လက်ရှိ အခြေအနေက အဲ့လောက် မဆိုးသေးပါဘူး၊ အနည်းဆုံးတော့ ငါတို့မှာ လူနည်းနည်း ရှိပါသေးတယ်”
ရဲ့လင်းချန် ပြုံးလိုက်သည်။ သို့သော် မျက်နှာဖုံး စွပ်ထားသဖြင့် ဘယ်သူကမှ သူ့အမူအရာကို မမြင်ရပေ။ သူက လူအုပ်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
“ကျုပ်က ဒီအလှကုန် ပစ္စည်းဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သလို မိတ်ကပ် ပညာရှင်ဆိုလည်း မမှားပါဘူး၊ အစက ကျုပ်ဘာသာ လုပ်ဖို့ စိတ်ကူးမရှိခဲ့ဘူး၊ သာမန်လူတွေက ကျုပ်အချိန်ကို ဖြုန်းဖို့ မထိုက်တန်ဘူးလေ”
“ဟာ”
ရဲ့လင်းချန်၏ စကားက လူအုပ်ကြီးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပြီး အားလုံးက သူ့ကို ရူးနေသလားဟု ကြည့်လာကြသည်။
“လခွမ်း ဒီဆိုင်ရှင်က ဘာကို ပြောဖို့ ကြိုးစားနေတာလဲ၊ သူ စိတ်ဖိစီးလို့ ရူးသွားတာလား”
“သူ့အချိန်ကို ဖြုန်းဖို့ မထိုက်တန်ဘူး ဟုတ်လား၊ သူ့ကိုယ်သူ ဘာထင်နေတာလဲ”
“သူ့ဘာသာ လုပ်ဖို့ စိတ်ကူးမရှိဘူး ဟုတ်လား၊ သူ့အရည်အချင်းက သာတယ်လို့ ပြောချင်တာလား၊ ဟာသပဲ”
သူ့ဘေးပတ်လည်မှ ပြောဆိုသံများကို လျစ်လျူရှုပြီး ရဲ့လင်းချန်က ဆက်ပြောသည်။
“အခုကစပြီး ဝိုင်အလှကုန်ပစ္စည်းဆိုင်ရဲ့ ဝန်ဆောင်ခက အရင်ဈေးထက် သုံးဆ တိုးသွားပါမယ်”
ထိုစကားက ကျန်းယွင်ရှီ အပါအဝင် လူတိုင်းကို အံ့ဩသွားစေသည်။ သူမက ရဲ့လင်းချန်ကို မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်ပြီး သူမ နားကြားမှားလေသလားဟု တွေးမိသွားလေသည်။
“ယွင်ရှီ အခု ဈေးကို သွားပြင်လိုက်ပါ၊ သုံးဆတိုးလိုက်”
သူမ ဘာမှမပြောနိုင်ခင်မှာပင် ရဲ့လင်းချန်က အမိန့်ပေးလာသည်။
“ဟင် … အင်း”
ကျန်းယွင်ရှီ ခေါင်းသာ ညိတ်ပြလိုက်ရသည်။
အလှကုန်ပစ္စည်းဆိုင်၏ ဈေးများက အစကတည်းက မြင့်နေပြီ ဖြစ်သည်။ ယခု သုံးဆ ပိုတိုးလိုက်လျင် နာမည်ကြီး နိုင်ငံတကာ အလှကုန်ပစ္စည်းဆိုင်များနှင့် အဆင့်တူလောက် ဖြစ်သွားပေမည်။ ဤဆိုင်ငယ်လေးက ဘာများ လုပ်နိုင်၍ ဈေးကို တက်လိုက်ရသနည်း။
“အရူး”
လူအုပ်နှင့် မလှမ်းမကမ်းတွင် မိန်းကလေး နှစ်ယောက်က အခြေအနေကို လေ့လာနေ၏။ ရဲ့လင်းချန်၏ ရူးချင်စရာ အပြုအမူကို မျက်မြင်တွေ့ပြီးနောက် သူမတို့က ခပ်ကျယ်ကျယ် ရယ်မောကြသည်။
“ဒီလို ကမူးရှူးထိုး လုပ်တတ်တဲ့ သူဌေးနဲ့ဆိုရင် အဲ့အလှကုန် ပစ္စည်းဆိုင်က ကြာကြာခံမှာ မဟုတ်ဘူး”
“ဒီဆိုင်က ဝိုင်ရဲ့ ကျော်ကြားမှုကို ခုတုံးလုပ်ပြီး သူတို့ပစ္စည်းရဲ့ ဈေးကို တက်ဖို့ ကြံစည်နေခဲ့တာပဲ၊ သူတို့ဆိုင်ကို အင်တာနက် ဆယ်လီဆိုင်လို လုပ်ချင်နေတာ၊ သူတို့က မျက်နှာဖုံးတောင် သုံးလိုက်သေးတယ်၊ သူ့အကြံအစည်က ကျရှုံးတော့မှာ ဆိုးတာပဲ၊ သူသာ တကယ် လုပ်နိုင်ရင် ငါ တစ်လောကလုံးက မိတ်ကပ်တွေကို စားပစ်လိုက်မယ်”
“ဒီလောက် နာမည်ကျနေတာတောင် သူက ဈေးကို မြှင့်ဦးမလို့လား၊ ဒါပြီးရင် ဝယ်သူတွေ ထပ်လာဖို့ မဖြစ်နိုင်တော့ဘူး၊ တစ်လအတွင်း ဒီဆိုင် ပိတ်ပစ်ရလိမ့်မယ်လို့ ငါ လောင်းရဲတယ်”
“ဟုတ်တယ်၊ သူတို့ ပွဲတွေ ကြော်ငြာတွေ သုံးရင် ပြန်အဖက်ဆယ်လို့ ရဦးမယ်၊ အခုတော့ … ဟီးဟီး”
ထင်ထားသည့်အတိုင်းပင် ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ဈေးကို မြှင့်လိုက်သည်ကို မြင်ပြီး အားလုံးက ခေါင်းခါသွားပြီး စိတ်ထဲ၌ ဆိုင်ကို အမည်ပျက်စာရင်းထဲ သွင်းကာ ဘယ်တော့မှ ထပ်မလာတော့ဟု ဆုံးဖြတ်လိုက်သည်။
များစွာသော လှောင်ပြောင်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ရဲ့လင်းချန်က တည်ငြိမ်သော လေသံဖြင့် ဆက်ပြောသည်။
“အခုကစပြီး ကျုပ်ရဲ့ ဝိုင်အလှကုန် ပစ္စည်းဆိုင်ကနေ လတိုင်း ဈေးလာဝယ်တဲ့သူတွေထဲက တစ်ယောက်ကို ကံစမ်းမဲ ဖောက်ပါမယ်၊ ကံစမ်းမဲ ပေါက်တဲ့သူကို ကျုပ်ကိုယ်တိုင် တစ်ကြိမ် မိတ်ကပ် လိမ်းပေးပါမယ်၊ ခင်ဗျားတို့ ဝယ်တာများလေ မဲပေါက်မဲ့ အခွင့်အရေး ပိုများလေ ဖြစ်မှာပါ”
*ကံစမ်းမဲ*
*သူကိုယ်တိုင် မိတ်ကပ်လိမ်းပေးမယ့် အခွင့်အရေး ဟုတ်လား*
*သောက်ကျိုးနည်း၊ မင်းကိုယ်မင်း နာမည်ကြီးများ ထင်နေလား*
*မင်း မိတ်ကပ် လိမ်းပေးပေး၊ မပေးပေး ဘယ်သူက သောက်ရေးစိုက်လို့လဲ၊ နိုင်ငံတကာ မိတ်ကပ်ပညာရှင် တွေတောင်မှ ဒီလို မကြွားဝါဘူး*
*ရူးနေပြီပဲ*
“ဟေ့ ဆိုင်ရှင်သူဌေး၊ ရှင် ပိုက်ဆံအကြောင်း တွေးရင်း ရူးသွားတာလား၊ ကံစမ်းမဲကိစ္စကို အသာထားဦး၊ ရှင် ကိုယ်တိုင် အလကား မိတ်ကပ် လိမ်းပေးမယ်ဆိုရင်တောင်မှ ငါ မလိုချင်ဘူး”
လူအုပ်ထဲမှ မိန်းကလေးတစ်ယောက်က အော်ပြောသည်။
“ဟုတ်တယ်၊ နင့်ကိုယ်နင် ဘာထင်နေလဲ၊ နာမည်ကျော် မိတ်ကပ် ပညာရှင်လို့ ထင်နေတာလား၊ ဒါမှမဟုတ် နင့်လက်ကို စိန်ကွပ်ထားလို့လား”
“ဒီနေ့ အပျင်းပြေ လမ်းလျှောက်ရင်း ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်နဲ့ တိုးရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး၊ ဟာသပဲ၊ ဆယ်စုနှစ်နေမှ တစ်ခါ ကြားဖူးတဲ့ ဟာသပဲကွ”
“ဒီသူဌေးက တကယ်ကို အရည်အချင်းရှိတဲ့ လူရွှင်တော်ပဲ၊ ဒီက လူတိုင်းကို ဖျော်ဖြေနိုင်စွမ်း ရှိတယ်၊ ဟားဟားဟား …”
ကျန်းယွင်ရှီကလည်း ရဲ့လင်းချန်အား စိုးရိမ်တကြီးကြည့်၍ တီးတိုး ပြောလိုက်သည်။
“လင်းချန် ငါတို့ လုပ်တာ လွန်သွားပြီလို့ ထင်တယ်နော်၊ ဒါ ဝယ်သူတွေကို ကြောက်ပြီး ထွက်ပြေးစေလိမ့်မယ်”
“အဆင်ပြေပါတယ်”
ရဲ့လင်းချန်သည် လူအုပ်ထံမှ တုံ့ပြန်မှုကို ငြိမ်၍ လေ့လာနေပြီး တုန်လှုပ်ခြင်း မရှိပေ။
ကျန်းယွင်ရှီ ခန့်ထားသော မိန်းကလေး နှစ်ယောက်သည်လည်း ပါးစပ် အဟောင်းသား ဖြစ်ကာ ရဲ့လင်းချန်ကို မယုံနိုင်သော အကြည့်တို့ဖြင့် ကြည့်နေကြသည်။
“ငါတို့ သူဌေးက ရူးသွားပြီပဲ၊ သူက တစ်ဆိုင်လုံး ပိတ်ရအောင် လုပ်နေတာ”
“အဆုံးသတ်ကို ရောက်လာတော့မယ်၊ ငါတို့တော့ အလုပ်လက်မဲ့ ဖြစ်တော့မယ် ထင်တယ်”
“ငါတို့ အစ်မယွင်ရှီဆီမှာ အလုပ်လုပ်ခွင့် ရတာပဲ ကံကောင်းလွန်းနေပါပြီ၊ သူက ငါတို့ကို ကောင်းကောင်း ဆက်ဆံ တယ်လေ၊ ဒါပေမဲ့ ဆိုင်က မကြာခင် ပိတ်ရတော့မယ့်ပုံပဲ”
“ဒီသူဌေးက အရမ်း အတွေးအခေါ် မဲ့လွန်းတယ်၊ ဟူး”
ထိုစဉ် ဟင်းသီးဟင်းရွက်များကို သယ်လာသည့် အဒေါ်ကြီးတစ်ယောက်က သူတို့နားသို့ ကပ်လာသည်။
သူမ၏ မျက်နှာတွင် ကရုဏာသက်ဟန်တို့ ပေါ်နေပြီး လေးလံစွာ သက်ပြင်းချသည်။
“အိုး ယွင်ရှီ၊ နင့်ဆိုင်က ဘယ်လိုလုပ် ဒီပြဿနာမျိုး ဖြစ်ရတာလဲ”
“ဟဲလို အန်တီကျောက်”
ကျန်းယွင်ရှီက နှုတ်ဆက်လိုက်သည်။
“ဒီနေ့ မိတ်ကပ် ပြင်ဖို့လာတာလား”
ထိုအဒေါ်ကြီးသည် ကျန်းယွင်ရှီ၏ အမြဲတမ်း ဖောက်သည်ထဲမှ တစ်ဦး ဖြစ်သည်။ သူမက ဆိုင်တွင် များများစားစား ဝယ်လေ့ မရှိဘဲ ရံဖန်ရံခါ မျက်နှာပေါင်းတင်း၍ မျက်ခုံး ပြုပြင်ခြင်းတို့သာ လုပ်တတ်သည်။
သူမနှင့် သူမခင်ပွန်းတို့သည် ပျင်းလာသည့် အခါတိုင်း ကျန်းယွင်ရှီနှင့် စကား လာပြောလေ့ရှိပြီး သူတို့ သမီးအရင်း သဖွယ် သဘောထားကြသည်။
“ငါ ဟင်းသီးဟင်းရွက် ဝယ်မလို့ ထွက်လာရင်းနဲ့ ဒီက လူအုပ်ကြီးကို မြင်တာပဲ၊ အဲ့ဒါကြောင့် ငါ လာကြည့်တာ”
အန်တီကျောက်က ပြောပြီး လူအုပ်ကြီးကို လှည့်ကြည့်သည်။
“အန်တီက ဒီဆိုင်ကို အမြဲ လာနေကြပါ၊ ဒီကလေးမလေး သုံးယောက်က လူကောင်းတွေပါ၊ သူတို မင်းကို မလိမ်ပါဘူး၊ အန်တီ အာမခံပါတယ်”
“ခင်ဗျား အာမခံတာက ဘာလုပ်လို့ ရမှာလဲ၊ ပြီးတော့ ဆိုင်ရဲ့ ဈေးကိုလည်း ကြည့်ဦး၊ ဘယ်အရူးက ဒီကို လာမှာလဲ”
လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။
အန်တီကျောက်က ဈေးကို ကြည့်လိုက်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
“ယွင်ရှီ ကလေးမလေး၊ ဒါက ဘာလဲ၊ ဘာလို့ အဲ့လောက် မြင့်သွားတာလဲ”
တစ်ခဏမျှ ငြိမ်သွားပြီးနောက် သူမက စိတ်ရင်းအတိုင်း အကြံပေးသည်။
“ဒါ မင်း စီးပွားရေးကို လည်ပတ်ရမယ့်ပုံ မဟုတ်ဘူးလေ၊ ဈေးကို ပြန်ပြောင်းလိုက်၊ ဆိုင်ဖွင့်ရတာ လွယ်တာ မဟုတ်ဘူး၊ ဘယ်လိုလုပ် အဲ့လောက် မဆင်မခြင် လုပ်ရတာလဲ”
ထိုစဉ် ရဲ့လင်းချန်က သူမထံ ပြုံး၍ လျှောက်လာသ်ည။
“အန်တီ၊ အန်တီက ကျွန်တော်တို့ ဝန်ဆောင်မှုကို သုံးနေခဲ့တာ မဟုတ်လား၊ ကျွန်တော်တို့ရဲ့ ပြီးခဲ့လက မဲပေါက်သွားတဲ့ ဖောက်သည် ဖြစ်ချင်ပါသလား၊ ကျွန်တော် အန်တီ့ကို မိတ်ကပ် အလကား လိမ်းပေးမှာပါ”
“အလကား ဟုတ်လား”
အလကားဟူသည့် စကားကြောင့် အန်တီကျောက်၏ မျက်လုံးများ အရောင်လက်သွားပြီး ကျန်းယွင်ရှီကို ကြည့်လိုက်လေသည်။
“အန်တီကျောက်၊ သူက ဒီဆိုင်ရဲ့ သူဌေးပါ၊ သိပ်ကို ကြင်နာတတ်တဲ့ လူတစ်ယောက်လေ”
ကျန်းယွင်ရှီက မိတ်ဆက်ပေးသည်။
“ဒါက ကျွန်မတို့ရဲ့ နောက်ဆုံးပေါ် အစီအစဉ်ပါ”