← Chapters

ဓား ဘယ်မှာလဲ၊ ငါ့ဓား ဘယ်မှာလဲ

Vol. 28 Ch. 413

ဓား ဘယ်မှာလဲ၊ ငါ့ဓား ဘယ်မှာလဲ

Vol. 28 Ch. 413

“ဒါရိုက်တာ၊ တကယ်ပဲ လုံးဝ ညှိနှိုင်းလို့ မရဘူးလား”

ရဲ့လင်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်၍ လေးနက်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ခင်ဗျားဘာသာခင်ဗျား စကားပြန်ပြောင်းပြောဖို့ အခွင့်အရေး တစ်ခါ ထပ်ပေးမယ်”

“မရဘူး”

“ကောင်းပြီလေ၊ ခင်ဗျား နိုင်တယ်”

ရဲ့လင်းချန်က ပခုံးတွန့်၍ ဟွမ်လေ့နှင့် အခြားသူများကို ကြည့်လိုက်သည်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တာပဲ၊ ဒီဒါရိုက်တာက ခေါင်းမာတယ်”

[ခွီး … ဟားဟားဟား … ရဲ့နတ်ဘုရား၊ မင်း ဒီလောက်ထိ ရယ်စရာကောင်းဖို့ လိုလို့လားကွာ]

[ချီးပဲ ရဲ့နတ်ဘုရားက လူမြင်ကွင်းမှာ သောင်းကြမ်းပြီး ဒါရိုက်တာကို ရိုက်တော့မယ်လို့ ငါ ထင်နေတာ]

[မကြောက်ပါနဲ့ ရဲ့နတ်ဘုရားရယ်၊ မင်းက ကွန်ဖူးကို သိတာပဲကို၊ ဖလက်ရှ်လို နေပြီး ချက်ချင်း တိုက်ခိုက် လိုက်စမ်းပါ]

[အကျင့်စရိုက်အရ ပြောရရင် ငါဆိုတဲ့ ရဲ့နတ်ဘုရားက ငါ့တာဝန်ကို အခြားသူဆီ လွှဲမပေးချင်ဘူး၊ ငါ ကြောက်နေတာတောင်မှ ချောနေတုန်းပဲ]

…

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ နှစ်ယောက်လုံးသည် ရဲ့လင်းချန်ကို ကြည့်ပြီး ဆွံ့အနေကြသည်။ သူတို့အားလုံး ရန်ပွဲဖြစ်လျင် ဝင်ဆွဲရန် အသင့်ဖြစ်နေသော်လည်း သတိလက်လွတ် ဖြစ်သွားပြီး ရဲ့လင်းချန် ဤမျှ ကြောက်တတ် လိမ့်မည်ဟု မမျှော်လင့်ထားပါ။

“မင်းတို့မှာ ပိုက်ဆံ မရှိပင်မယ့် စိုက်ခင်းထဲက ပြောင်းဖူးနဲ့ အခြားသီးနှံတွေကို ခူးပြီး ဈေးမှာ လဲလှယ်တာ ဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ် လုပ်လို့ ရတယ်၊ ဈေးမှာ ပိုက်ဆံ ရှာနိုင်မယ့် အခြားနည်းလမ်းတွေလည်း တွေ့ချင်တွေ့ လာမှာပေါ့”

ဒါရိုက်တာက ပြုံး၍ ပြောသည်။ ဘဝ၏ ရုန်းကန်ခြင်းမှ ရုန်းကန်ခြင်းများ တရားဝင် စတင်ပြီဖြစ်ကြောင်း ပြသနေလေသည်။

“ငါတို့ ဘာလုပ်ကြမလဲ၊ ငါတို့ နေ့လယ်စာကို ပြောင်းဖူးပဲ မစားနိုင်ဘူးလေ ဟုတ်တယ်မလား”

ဝေ့တရွှင်း အလွန် စိတ်ဒုက္ခရောက်နေသည်။

“ဘယ်ဟုတ်မလဲ၊ ငါတို့မှာ ကြော်ငြာသူတွေ စပွန်ဆာပေးထားတဲ့ milkshakes ရှိသေးတယ်လေ”

ဟယ်ကျားက ပြောပြီး သူတို့၌ ရှိသော ပစ္စည်းကို ကြော်ငြာလေသည်။

“အဲ့ဒါကို မနက်စာအဖြစ် စားရတာက အဆင်ပြေတယ်၊ ဒါပေမဲ့ မကြာခင် ငါ အန်မိလောက်တယ်”

ဟွမ်လေ့က ခေါင်းခါပြီး ပြောလိုက်သည်။

“ငါ အစွမ်းကုန် လုပ်ကြည့်ပါ့မယ်၊ ပြောင်းဖူးကို စားနိုင်တဲ့ နည်းလမ်း တစ်ရာ့ရှစ်ခုထဲက တစ်ခုခု ရနိုင်မလား ကြည့်တာပေါ့”

“ငါတို့အတွက် ပြောင်းဖူးပဲစားဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“ရဲ့နတ်ဘုရား၊ ရှင့်မှာ နည်းလမ်း ရှိနေတယ်၊ ဟုတ်တယ်မလား၊ ဈေးမှာ ပြောင်းဖူးနဲ့ အာလူးတွေ ရောင်းဖို့ ကျွန်မ ရှင့်ကို ကူညီမယ်ဆိုရင်ရော”

ကျောက်လျန့်ရင်က ကမ်းလှမ်းသည်။

တကယ်တမ်းတွင် သူမသည် ပြောင်းဖူးနှင့် အာလူးရောင်းရန် အလွန် စိတ်ဝင်စားပါသည်။ သို့သော် အရေးကြီးသည့် အချက်မှာ ရဲ့လင်းချန်က သူမကို အဖော်လုပ်ပေးမည် ဖြစ်သဖြင့် သူမ ဈေးရောင်းသည့်အချိန်၌ ပျင်းရတော့မည် မဟုတ်ပါ။

“ဒါတွေကို ရောင်းမလို့လား၊ ဒါကို တစ်ယောက်ယောက် ဝယ်၊ မဝယ်က အခြေအနေတစ်ခုပဲ၊ ပြီးတော့ အားလုံး ရောင်းထွက်ရင်တောင်မှ ငါတို့ အသား တစ်ပေါင်ဖိုးတောင် ပြန်ရနိုင်မှာ မဟုတ်ဘူး”

ရဲ့လင်းချန် စိတ်ပျက်သလို အကြည့်လွှဲလိုက်ပြီးနောက် အိမ်အပြင်ဘက်ကို လက်ညှိုးထိုးပြသည်။

“အဲ့ဒါ အသား မဟုတ်ဘူးလား”

လူတိုင်း လှမ်းကြည့်လိုက်သောအခါ တံစက်မြိတ်၌ ငြိမ်သက်စွာ ထိုင်၍ မျက်စိမှိတ်ထားသော ဘဲတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းက တစ်နေလုံး မလှုပ်မယှက် နေနိုင်သောကြောင့် မသိသူများဆိုလျင် ရုပ်ထုဟုပင် ထင်သွားလောက်သည်။

“အဲ့ဒါ မန်ဒါလီလေ ပြီးတော့ ငါတို့ထဲက တစ်ယောက်ပဲ၊ ငါတို့ မစားနိုင်ဘူး”

ဟူယွဲ့အာက ပြောသည်။

“ဟုတ်တယ်၊ ဒီမန်ဒါလီက တအား လိမ်မာတာ၊ ကျွန်မတို့ ဘယ်လိုလုပ် စားနိုင်မှာလဲ”

ကျောက်လျန့်ရင်ကလည်း ပြောသည်။

“မန်ဒါလီက သာမန် ဘဲတစ်ကောင် မဟုတ်ဘူး၊ ဒါက မန်ဒါလီလေ”

ရဲ့လင်းချန်က အသာပြုံး၍ ပြောလိုက်သည်။

“အဲ့ဒါက ကတိုးဘဲ၊ ဘရာဇီးဘဲ၊ ပင်လယ်ဘဲ ဒါမှမဟုတ် ဥရောပမှာ တူရကီဘဲလို့ လူသိများတယ်၊ အဲ့ဒါက ကောင်းမွန်တဲ့ အသား အရည်အသွေး ရှိတဲ့ မွေးမြူရေး ဘဲတစ်ကောင်ပဲ၊ အဆီနည်းပြီး အသားများတယ်၊ ပရိုတိန်းဓာတ်လည်း များတယ်၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အားတိုးဖို့အတွက် ရတနာတစ်ပါးလို့ ပြောနိုင် ပြီးတော့ တော်တော် အာဟာရ ပြည့်တယ်”

“ဝိုး … တကယ်ကြီးလား”

ကျောက်လျန့်ရင်၏ ပုံစံက ချက်ချင်း ပြောင်းလဲသွားသည်။ သူမက ဘဲခေါင်းနီကို ကြည့်နေပြီး သူမစိတ်ထဲတွင် ရည်ရွယ်ချက်များစွာ ဖြစ်ပေါ်နေလေသည်။

ရဲ့လင်းချန်က သံကို ပူတုန်းထုသကဲ့သို့ ဆက်ပြောလိုက်သည်။

“အဲ့ဒါအပြင် ငါ့မှာ နည်းလမ်း ၂၃ ခု ရှိတယ်၊ ပြုတ်မလား၊ ခုတ်မလား၊ ကင်မလား၊ ပေါင်းမလား၊ စွပ်ပြုတ် လုပ်မလား၊ အားလုံးက မင်းတို့ ကျေနပ်စေရမယ်လို့ အာမခံတယ်၊ ဒါ ရှားပါးတဲ့ အရသာပဲ”

“ဒါဆို ရှင် ဘာကို စောင့်နေတာလဲ၊ နေ့လယ်စာ မီနူးက အသင့်ဖြစ်သွားပြီလေ”

ကျောက်လျန့်ရင်၏ မျက်လုံးများ အရောင်တောက်လာသည်။

“ဓား ဘယ်မှာလဲ၊ ငါ့ဓား ဘယ်မှာလဲ”

ဟူယွဲ့အာသည်လည်း စ၍ ကူညီလေသည်။

ဘဲသည် လူအုပ်၏ သတ်ဖြတ်ချင်သော အငွေ့အသက်ကို ခံစားမိပုံရသည်။ ၎င်းက မျက်လုံးကိုဖွင့်၍ တောင်ပံကို တဖျပ်ဖျပ် ခတ်ကာ တကွပ်ကွပ်အော်၍ စိုက်ခင်းထဲသို့ မြန်မြန် ပြေးလေတော့သည်။

“စိတ်လျော့ပါ စိတ်လျော့ပါ”

ဟွမ်လေ့နှင့် ဟယ်ကျားက လူတိုင်းကို အသည်းအသန် လိုက်ဆွဲသည်။ သူတို့၏ မျက်နှာများက နီရဲနေကြသည်။ သူတို့သည် ဘဝ၏ ရုန်းကန်ခြင်းကို ပထမဆုံး ရိုက်ကူးကတည်းက အမြဲတမ်း အဖွဲ့ဝင်များ ဖြစ်သည်။ မန်ဒါလီ များသည် သူတို့နှင့် အစကတည်းက အတူရှိနေခြင်း ဖြစ်သဖြင့် ဘဲများအပေါ် သူတို့ သံယောဇဉ် တွယ်နေ ကြသည်။ ထိုဘဲများကို စားချင်နေသည့် လူများ ရှိနေသည်ကို မြင်သောအခါ သူတို့ တားကိုတားမှ ဖြစ်ပေမည်။

“မန်ဒါလီတွေကို ငါ့ကလေးတွေလို အမြဲ သဘောထားခဲ့တာ၊ သူတို့ကို စားတာက ငါ့ကို စားတာနဲ့ အတူတူပဲ”

ဟွမ်လေ့၏ လေသံက ပြတ်သားသည်။

ထိုအခါမှ ရဲ့လင်းချန် ရပ်သွားပြီး ဟွမ်လေ့ကို တအံ့တဩ ကြည့်လေသည်။

“ဆရာ ဟွမ်လေ့၊ ခင်ဗျားကို တော်တော် လေးစားမိသွားပြီ၊ ခင်ဗျားက ဘဲကို သားတစ်ယောက်လို သဘော ထားတာပဲ၊ ကျွန်တော် သိမ်ငယ်မိပါတယ်”

ရုတ်တရက် ဟွမ်လေ့၏ မျက်နှာက ရှက်ရွံ့ဟန် ပေါ်လာပြီး အားလုံးက ရယ်မောကြသည်။

“ရဲ့နတ်ဘုရား၊ ရှင် မန်ဒါလီကို ဖမ်းဦးမှာလား၊ ပျံသွားတော့မယ်”

ကျောက်လျန့်ရင်က စိုးရိမ်တကြီး‌ ပြောသည်။

ရဲ့လင်းချန်က သူမနဖူးကို တောက်၍ ခေါင်းခါလိုက်သည်။

“မင်းလို အစားသမားက တကယ် စားချင်တာလား”

“ရှင် အရင်ပြောလာတာလေ”

ကျောက်လျန့်ရင်က စိတ်ဆိုးမာန်ဆိုး ပြောသည်။

“ငါ မင်းအတွက် ငါးစွပ်ပြုတ် လုပ်ပေးမယ်လို့ ပြောခဲ့တာလေ၊ အဲ့တော့ ငါ့ကတိကို ငါ မဖျက်ပါဘူး”

ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ငါး ဝယ်ဖို့ နည်းလမ်း မရှိတာ အသိသာကြီးဆိုတော့ ငါ့ဘာသာငါပဲ ဖမ်းရတော့မယ်၊ အခု ငါ တောင်ပေါ် သွားလိုက်ဦးမယ်”

“ရှင် ငါးဖမ်းသွားမလို့လား၊ ကျွန်မလည်း လိုက်မယ်”

ကျောက်လျန့်ရင်က ခြေလှမ်း ခပ်သွက်သွက်ဖြင့် လျှောက်လာပြီး သူ့အား မီသွားလေသည်။

“ကျွန်မ လိုက်ခဲ့မယ်”

“ကျွန်မလည်း လိုက်မယ်”

ဟူယွဲ့အာကလည်း ဝင်ပြောသည်။

“ငါ …”

ဝေ့တရွှင်း ပြောရန် ပြင်လိုက်သော်လည်း ချက်ချင်း ဟယ်ကျားထံမှ လှမ်းဆွဲခြင်း ခံလိုက်ရလေသည်။

“ကောင်စုတ်လေး၊ မင်း အခြေအနေကို မမြင်ဘူးလား၊ မင်းက ဘာလို့ ဝင်ပါချင်တာလဲ”

ဟွမ်လေ့ကလည်း သူ့ကို ပြောသည်။

“မင်း ထင်းခွဲဖို့ တာဝန်ယူရမယ်”

ဝေ့တရွှင်း “…”

ရဲ့လင်းချန်နှင့် မိန်းကလေး နှစ်ယောက်တို့သည် ငါးဖမ်းပိုက်ကွန်ကို သယ်၍ တောင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားကြသည်။ မြက်စိမ်းရွာမှ အိမ်များသည် စမ်းချောင်းတစ်လျှောက် ဆောက်ထားခြင်း ဖြစ်သည်။ သူတို့က စမ်းချောင်း အထက်သို့ တက်နေကြခြင်း ဖြစ်သည်။ ရဲ့လင်းချန်က အပေါ်တွင် မြစ်တစ်စင်း ရှိလိမ့်မည်ဟု ခန့်မှန်း ထားသည်။

လမ်းတစ်လျှောက်တွင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် အနည်းငယ် တက်ကြွနေပုံပေါ်ပြီး သူတို့၏ လှပသော မျက်ဝန်းများက ပတ်ဝန်းကျင် ရှုခင်းကို ကြည့်ပြီး သဘောမကျဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။ သူတို့သည် အချိန်နှင့်အမျှ ပင့်သက်ရှိုက်နေကြပြီး သဘာဝတရားဆီသို့ ပြန်ရောက်သွားသော ဝိညာဉ်များကဲ့သို့ မှင်တက် အံ့ဩနေကြသည်။

အချိန် အများစုတွင် ရဲ့လင်းချန်သည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ရှေ့သို့ ဆက်လျှောက်နေသည်။ သူမတို့ နှစ်ယောက်မှာမူ ပိုပို၍ စိတ်ဝင်တစား ရှိလာကြပြီး ဆည်းလည်းသံကဲ့သို့ ရယ်သံများ ထွက်ပေါ်လာကာ တောင်တက် ခရီးက ပျင်းရိငြီးငွေ့ခြင်း မရှိတော့ချေ။

မည်သို့သော အခြေအနေ၌ ရှိနေပါစေ အမျိုးသမီး နှစ်ယောက်က ပို၍ နားလည်တတ်ပြီး လူတိုင်း၏ ရင်ကို လန်းဆန်း တက်ကြွစေသည်။ ယခု ရဲ့လင်းချန်နောက်သို့ အမျိုးသား နှစ်ယောက် လိုက်လာသည်ဟု စဉ်းစား ကြည့်ပါက သူ့အနီးတစ်ဝိုက်၌ ဆူညံသော ပြောဆိုသံများကို ကြားနေရမည် ဖြစ်ပြီး သူတို့ကို သူ အစောကြီး ကတည်းက ရိုက်သတ်မိလောက်သည်။

အကယ်၍ ရုပ်ဆိုးသော အမျိုးသမီး နှစ်ယောက်ဖြစ်ပါက သူတို့ကို ရိုက်မသတ်မိလျင်တောင်မှ ရဲ့လင်းချန် ထွက်ပြေးမိလောက်သည်။

“ဒီက ပတ်ဝန်းကျင်က တကယ် ကောင်းတာပဲ၊ ဘဝ၏ ရုန်းကန်ခြင်းက တောင်တန်းအလှက ဒီလောက် လှလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ကျောက်လျန့်ရင်က ကြည်နူးစွာ ပြောလာသည်။

“ဟုတ်တယ်၊ အရင်အပိုင်းတွေတုန်းက ဘယ်ဧည့်သည်မှ မှိုအိမ်လေးရဲ့ အပြင်ကို မထွက်ဘူး၊ သူတို့ ထွက်ရင်တောင်မှ ဟိုနားဒီနား သွားတာပဲ ရှိတယ်၊ နှမြောစရာကြီးပဲ”

ဟူယွဲ့အာကလည်း သဘောတူသည်။

“ရဲ့နတ်ဘုရား ငါတို့ ငါး ဖမ်းနိုင်မယ်လို့ ထင်လား”

“အင်း”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ငါ ဖမ်းမှာမို့လို့လေ”

ရဲ့လင်းချန်က ယုံကြည်ချက် ရှိနေ၏။

“ဒါပေမဲ့ ငါတို့ စမ်းချောင်းတစ်လျှောက် လမ်းလျှောက်လာတာလေ၊ ပြီးတော့ ဘာငါးမှ မတွေ့ပါဘူး၊ ရေထဲမှာ ဘာငါးမှ မရှိလောက်ဘူးလို့ ရှင် ထင်လား”

ကျောက်လျန့်ရင် စိုးရိမ်နေသည်။

“ကြည်လင်နေတဲ့ ရေထဲမှာ ဘာငါးမှ မရှိဘူးလို့ ငါ ကြားဖူးတယ်၊ စမ်းချောင်းက ကြည်လင်လွန်းနေတော့ ဘာငါးမှ မရှိဘူး”

ဟူယွဲ့အာသည်လည်း မျက်မှောင်ကြုတ်နေ၏။

ရေထဲတွင် ငါးမဆိုထားနှင့် ဘာရေနေအပင်မှပင် မရှိပါ။

All Chapters