← Chapters

တကယ်တော့ ငါတို့ အဲ့လောက်ထိ မမူတတ်ပါဘူး

Vol. 21 Ch. 305

တကယ်တော့ ငါတို့ အဲ့လောက်ထိ မမူတတ်ပါဘူး

Vol. 21 Ch. 305

ရဲ့လင်းချန်၌ ပိုက်ဆံ ပြတ်လပ်ခြင်း မရှိပါ။ တကယ်တမ်းတွင် သူ့တွင် ပိုက်ဆံများ ပိုပင်ပိုနေ၏။

ယခင်က ဟော်ရန်ကျား၏ box office ရောင်အားက သူ့ကို အမြတ်ငွေ ယွမ်သန်းသုံးရာ ရရှိစေခဲ့သည်။ Las Vegas မှ သူ၏ သန်းငါးရာနှင့်ပါ ပေါင်းလိုက်လျင် သန်းရှစ်ရာပင် ရှိနေလေပြီ။

ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီအတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ရန် သူ ရှောင်ဖေးဖေးကို သန်းငါးဆယ် ပေးခဲ့သည်။ ပန်ဒါ ထုတ်လွှင့်ရေးလုပ်ငန်း လည်ပတ်ရန်အတွက် သူ စုန့်ချမ်ကို နောက်ထပ် သန်းငါးဆယ် လွှဲခဲ့သည်။ ထိုပမာဏ ဖယ်လိုက်လျင်တောင်မှ သူ့တွင် သန်းခုနစ်ရာ ကျန်နေပါသေးသည်။

ယခု သူ ကြည့်လိုက်သည့်အခါတွင်မှ သန်းငါးဆယ်က မလုံလောက်မှန်း သိလိုက်ရသည်။ ၎င်းသည် သူ၏ အတွေ့အကြုံ မရှိခြင်းနှင့် ဈေးကွက်နှုန်းကို နားလည်မှု ကင်းမဲ့ခြင်းကြောင့်ပင်။

၎င်းကို တွေးမိသောအခါ သူ အနေခက်သလို ခံစားရလေသည်။

ထိုမျှ ချမ်းသာနေသဖြင့် အနည်းဆုံးတော့ သူ့အဆင့်အတန်းနှင့် ကိုက်ညီသော အဆောက်အဦးတစ်ခု ဝယ်ထား သင့်ပေသည်။

“လင်းချန် နင် ဘာတွေတွေးနေတာလဲ”

ရှောင်ဖေးဖေးက ရဲ့လင်းချန်၏ မျက်နှာအမူအရာကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။

“ကျွန်တော် အဆောက်အဦးတစ်ခု ဝယ်ချင်လို့”

“လင်းချန် နောက်မနေနဲ့တော့”

ရှောင်ဖေးဖေးက ပြောသည်။

“အစ်မဖေးဖေး ဒီက အဆောက်အဦးတစ်ခု ဝယ်ဖို့ ဘယ်လောက်လောက် ကုန်မလဲ”

ရဲ့လင်းချန်က ခပ်တည်တည် မေးလိုက်သည်။

“ဒီနေရာက တစ်စတုရန်းမီတာကို ယွမ်နှစ်သိန်း ကျတယ်၊ နင် စတုရန်းမီတာ ငါးထောင်ဝန်းကျင် အဆောက်အဦး တစ်ခုကို စဉ်းစားမယ်ဆိုရင် ယွမ်သန်းတစ်ရာ လိုအပ်တယ်၊ လိုအပ်တဲ့ အပြင်အဆင်ကိုပါ ပေါင်းလိုက်မယ်ဆိုရင် အနည်းဆုံး ၁.၅ ဘီလီယံတော့ လိုမှာပဲ၊ အဲ့ဒါအပြင် နင် အဆောက်အဦးတစ်ခုလုံးကို လိုချင်တယ်ဆိုရင် မီတာခတို့၊ ရေခွန်တို့ကလည်း အတော်လေး ကုန်ဦးမှာ၊ နင် ကုမ္ပဏီတစ်ခုကို လည်ပတ်မယ်ဆိုရင် အထွေထွေ အသုံးစရိတ်၊ အိမ်ရာ အဆောက်အအုံ စရိတ်၊ ထိန်းသိမ်းခနဲ့ …”

ရှောင်ဖေးဖေးက အသေးစိတ် ရှင်းပြသည်။

“အဟမ်း အဟမ်း၊ အစ်မဖေးဖေး နောက်နေတာတွေ တော်လိုက်ကြတာပေါ့ …”

…

ထိုစကားကြောင့် ရဲ့လင်းချန်၏ နှလုံးသားက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေသည်။ ဆင်းရဲခြင်းက သူ၏ စိတ်ကူးကို ကန့်သတ်ထားပေသည်။

ရှောင်ဖေးဖေး၏ စားပွဲပေါ်မှ စာရွက်စာတမ်း အပုံလိုက်ကို ကြည့်လိုက်ပြီးနောက် အပေါ်ဆုံး၌ လျှောက်လွှာ များစွာ တင်ထားသည်ကို သတိပြုလိုက်မိသည်။ အများစုက ပေကျင်းမြို့၏ ရုပ်သံတင်ဆက်မှု သို့မဟုတ် အနုပညာ တက္ကသိုလ်များမှ ကျောင်းသားများ ဖြစ်ကြပြီး တစ်ချို့က ဇာတ်ညွှန်းရေးဆရာများ ဖြစ်ချင်နေ ကြသည်။

ထို့အပြင် အခြားသူများထံမှ ပေးပို့လာသော ဇာတ်ညွှန်းများလည်း ရှိနေ၏။ ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကား ဇာတ်ညွှန်းများနှင့် ရသစုံရှိုးများအတွက် ဇာတ်ညွှန်းများပင် ရောထွေး၍ ပါနေလေသည်။

“အစ်မဖေးဖေး ဒါတွေအားလုံးကို အစ်မ ဘယ်လောက်ကြာကြာအထိ ဖတ်ဖို့ စိတ်ကူးထားလဲ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်မိသွားသည်။ ရှောင်ဖေးဖေး အလွန် ပိန်သွားသည်က အံ့ဩစရာ မဟုတ်တော့ပါ။ ဘယ်သူက ဒါကို တောင့်ခံနိုင်ပါမည်နည်း။

ထိုစာရွက်စာတမ်းများက မတူသော အကြောင်းအရာများ ဖြစ်ပြီး ဘာမဆို ပါဝင်နေ၏။ ရဲ့လင်းချန် ခပ်သွက်သွက် ကြည့်လိုက်ပြီးနောက် ခေါင်းကိုက်သလိုသာ ခံစားလိုက်ရသည်။

“ကျွန်တော်တို့ စိစစ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ရင်ရော”

ရဲ့လင်းချန် မေးလိုက်သည်။

“လင်းချန် အခု ငါတို့ အရေးကြီးတဲ့ အချိန်ကာလကို ရောက်နေတာ၊ ငါတို့ဘာသာ ငါတို့ လုပ်မှကို ဖြစ်မှာ”

ရဲ့လင်းချန်က ဤနယ်ပယ်နှင့် ပတ်သက်၍ ဗဟုသုတနည်းလွန်းလှသဖြင့် အစ်မလင်းက ဝင်ရှင်းရသည်။

“ငါတို့ ကုမ္ပဏီက ဘာလုပ်ငန်းမှ မရှိသေးဘဲ စနေရတာ၊ ငါတို့အတွက် တစ်ခါတည်း နာမည်ရအောင် လုပ်ဖို့ လိုတယ်၊ အဲ့ဒါကြောင့် ပထမဆုံးလက်ရာကို သေသေချာချာ ဂရုစိုက်ပြီး ရွေးမှဖြစ်မှာ၊ ငါတို့ အခြားသူ တစ်ယောက်ကိုသာ ရွေးခိုင်းရင် ကောင်းပါမယ်လို့ အာမခံဖို့ ခက်တယ်လေ”

“အဲ့သလိုကိုး …”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် စားပွဲပေါ်မှ စာရွက်အချို့ကို လှန်လှောကြည့်လေသည်။ ထို့နောက် သူ မနေနိုင်ဘဲ ခေါင်းခါလိုက်လေသည်။

“ဒီဇာတ်ညွှန်းတွေက အမှိုက်တွေပဲ”

သူ ခပ်မြန်မြန် ဖတ်ပါသော်လည်း ဖတ်လေလေ ပို၍ အဆင်မပြေလေ ဖြစ်လာသည်။ နောက်ဆုံးတွင် သူ့လက်ထဲမှ ဇာတ်ညွှန်း အပုံလိုက်ကို လွှင့်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

“ဇာတ်ညွှန်းကောင်းတွေက မရှိတော့တာကြာပြီ၊ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေက ဝယ်သွားပြီလေ၊ ဒီလို ပြင်းထန်တဲ့ ပြိုင်ပွဲထဲမှာ ကောင်းတာတစ်ခုခု ရွေးနိုင်ဖို့ ခက်လွန်းတယ်”

ထိုအခါ ရဲ့လင်းချန်က ရှောင်ဖေးဖေးကို ပြောလိုက်သည်။

“အစ်မဖေးဖေး၊ အစ်မလင်း၊ အစ်မတို့နှစ်ယောက်လုံး ကောင်းကောင်း အနားယူလိုက်ပါ၊ ကျွန်တော်က ဒီကုမ္ပဏီရဲ့ သူဌေးပဲလေ၊ ဇာတ်ညွှန်းကို ကျွန်တော့် တာဝန် ထားလိုက်”

“နင့်တာဝန် ထားလိုက်ရမှာလား”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ငေးကြည့်နေပြီးမှ ဟော်ရန်ကျားကို တွေးမိသွားသည်။ box office ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသော ရုပ်ရှင်ကို ဇာတ်ညွှန်းရေးခဲ့သူက ရဲ့လင်းချန်ကိုယ်တိုင်ပင်။

“ဟုတ်တယ် ကျွန်တော့်တာဝန် ထားလိုက်”

ရဲ့လင်းချန်က သူ့ရင်ဘတ်ကို ပုတ်၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“သုံးရက်နေရင် ကျွန်တော် အစ်မဖေးဖေးကို ကျေနပ်စရာကောင်းတဲ့ အဖြေ ပေးမယ်”

“ခစ်ခစ်”

ရှောင်ဖေးဖေးက ရဲ့လင်းချန်၏ အမူအရာကြောင့် ရယ်မိသွားပြီး လတ်တလော စိတ်ဖိစီးမှုများ အတော်လေး ပျောက်သွားကာ သိသိသာသာ စိတ်အေးသွားစေသည်။

“ဟုတ်ပါပြီ ရဲ့လင်းချန် ငါ ဒါကို နင့်ကိုပဲ လွှဲထားလိုက်မယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့နော်”

“စိတ်ချပါ အစ်မဖေးဖေး”

တစ်ခဏမျှ စကားစမြည် ပြောပြီးနောက် ရဲ့လင်းချန် အောက်ထပ်သို့ ဆင်းသွားသည်။ ရှောင်ဖေးဖေးက အုတ်အော်သောင်းနင်း ဖြစ်မှုကို ရှောင်ရှားရန် အလို့ငှာ နေခဲ့ရန် ဆုံးဖြတ်လိုက်သည်။

ရဲ့လင်းချန်က တံခါးရှေ့၌ ရပ်နေပြီး ဘေးဘီကို ဝေ့ကြည့်ကာ ရှောင်ဖေးဖေးအတွက် နေ့လယ်စာ မမှာပေးခင် သူ နေ့လယ်စာ စားရန် စဉ်းစားနေလေသည်။

ထိုစဉ် အညိုရောင်တီရှပ် ဝတ်ထားပြီး ဆံပင် ပုံသွင်းထားသော တစ်ယောက်က သူ့အနား ကပ်လာသည်။

“ဟေး ကိုယ့်လူရေ၊ မင်းလည်း အင်တာဗျူး ဖြေဖို့ ဒီကို လာတာလား”

ထိုလူသည် ကျောင်းသားတစ်ယောက်နှင့်တူပြီး ရဲ့လင်းချန်ထက် အသက် သိပ်ကြီးပုံ မပေါ်ပေ။ သူက အခြားသူများနှင့် အလွယ်တကူ ရောနိုင်ပုံ ရသည်။

သူ့ဘေးတွင် ဆံပင်ကို ဆီလိမ်း၍ ဖြီးသင်ထားပြီး မျက်လုံးမှေးမှေးနှင့် ကျောချမ်းဖွယ်ကောင်းသော အပြုံးရှိသည့် လူတစ်ယောက် ရပ်နေ၏။

“ငါက လုရှောင်ပု၊ ဒါက ချန်ချီချီ၊ ငါတို့က ပေကျင်း အနုပညာ ကောလိပ်ရဲ့ သရုပ်ဆောင်ဌာနက ကျောင်းသားတွေ၊ ငါတို့ ဒီကို အင်တာဗျူး ဖြေဖို့ လာတာ”

လုရှောင်ပုက ရှင်းပြသည်။

“ချီးပဲ နင် ဘာလို့ ငါ့လိုင်းကို ခိုးတာလဲ”

ချန်ချီချီက လုရှောင်ပုကို တွန်း၍ ခါးကို မတ်လေသည်။

“ငါ့ကိုယ်ငါ ပြန်မိတ်ဆက်ပေးပါရစေ၊ ငါက လူကောင်းလေး … ချန်ချီချီပါ”

ထို့နောက် သူက မျက်ခုံးပင့်ပြသဖြင့် သူ၏ ကျောချမ်းစရာ ကောင်းပုံက ပိုတိုးလာ၏။

“ငါက ရဲ့လင်းချန်၊ ပီကင်းတက္ကသိုလ် စာပေဌာနက”

ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောကာ သူတို့ကို သေသေချာချာ ကြည့်နေလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ ဆိုတော့ မင်းက စာပေ … လခွမ်း၊ မင်းမေဂျာက ဘာလဲ ပြန်ပြောပါဦး”

သူတို့ နားကြားလွဲသည်ဟု ထင်ပြီး ရဲ့လင်းချန်အား အူကြောင်ကြောင် ပြန်ကြည့်နေ၏။

“စာပေဌာန”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“စာပေမေဂျာ ဟုတ်လား၊ မင်း ဘယ်လိုလုပ် ဒီကို အင်တာဗျူး ရတာလဲ”

လုရှောင်ပု မယုံသင်္ကာ ဖြစ်သွားသော်လည်း ချက်ချင်း လက်ကာပြလေသည်။

“အဲ့ဒါက အဓိက အချက်မဟုတ်ပါဘူးလေ၊ ဟေ့ဟေ့ ဟိုကိုကြည့်လိုက်”

သူ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်သောအခါ ထိုအရပ်၌ မိန်းကလေး သုံးယောက် ရပ်နေသည်ကို တွေ့လိုက်ရပြီး သုံးယောက်လုံးက လှပပေသည်။ သူမတို့က မိတ်ကပ် ပါးပါးလိမ်းထားပြီး ဖက်ရှင်ကျကျ ဝတ်စားထားသည်။ သူတို့၏ ရုပ်ရည်ရော ခန္ဓာကိုယ် အချိုးအစားကပါ သာမန်ထက် သာလွန်ပြီး ဘယ်ကျောင်းမဆို၌ နတ်သမီးလေးဟု တင်စားခံရလောက်သည်။

“အဲ့အလှလေး သုံးယောက်က နေရောင်အောက်မှာ ရပ်ပြီး အပူခံနေရရှာတယ်၊ အစ်ကိုရဲ့၊ ငါတို့ သူတို့ကို နေ့လယ်စာ အတူတူ ပေါင်းစားဖို့ ဖိတ်ရင် သူတို့ လက်ခံမယ်လို့ ငါ လောင်းရဲတယ်”

လှရှောင်ပုက ရဲ့လင်းချန်အား ကျောချမ်းစရာ ကောင်းလောက်အောင် ကြည့်နေပြီး မျက်လုံးဖြင့် သိသိသာသာ အချက်ပြလေသည်။

“ငါတို့ကလည်း သုံးယောက်၊ သူတို့ကလည်း သုံးယောက်၊ မိုက်တယ်မလား ဟီးဟီးဟီး …”

ချန်ချီချီက ထပ်ပြောသည်။

“အစ်ကိုရဲ့၊ ငါတို့ ဒီလိုအခွင့်အရေးကို မင်းနဲ့ မျှဝေတယ်ဆိုတာက ငါတို့ မင်းနဲ့ ကီးကိုက်လို့လေ၊ အချိန်ဆွဲမနေနဲ့ မဟုတ်ရင် တစ်ခြားသူက ငါတို့ထက် ကျောသွားလိမ့်မယ်”

“ကောင်းပြီလေ”

ရဲ့လင်းချန်က ရယ်၍ သူတို့နှစ်ယောက်နောက်မှ လိုက်သွားသည်။

“ဟေး အလှလေးတို့ ငါတို့ ဒီမှာ တွေ့ကြတာ ရေစက်ပဲနဲ့တူတယ်၊ ငါတို့နဲ့အတူတူ နေ့လယ်စာ လိုက်စားပါလား”

လုရှောင်ပုက မေးလိုက်သည်။

“ဒါက … မလိုက်တာပဲ ကောင်းတယ်လို့ ငါ ထင်တယ်”

တစ်ယောက်က ညင်သာစွာ ပြောလာသည်။ သူမက အိမ်၌ ကောင်းကောင်း အလိုလိုက်ခံထားရမှန်း သိသာလှသည်။

“အိုး … အဲ့လိုဆိုရင်တော့ ဆိုးတာပဲကွာ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ပြောပြီး ထွက်သွားရန် ပြင်လေသည်။

“အယ် … အာ”

လုရှောင်ပု၊ ချန်ချီချီနှင့် မိန်းမလှလေးတို့ သုံးယောက်လုံးပါ အံ့ဩသွားကြသည်။

“ကိုလူချောလေး မသွားနဲ့လေ’

အရပ်ပုသော မိန်းကလေးတစ်ယောက်က ရဲ့လင်းချန်ကို လှမ်းအော်လေသည်။

“ကိုလူချောလေး ရှင် နောက်တစ်ခေါက် ကြိုးစားကြည့်ပါလား၊ ကျွန်မတို့ သဘောတူချင် တူမှာပေါ့၊ ငါတို့ မိန်းကလေးတွေက နည်းနည်း မူတတ်တယ်လေ နင် သိသင့်တယ်မလား”

“အင်း … ငါတို့က အဲ့လောက်ထိ မမူတတ်ဘူး၊ သုံးခါ ကြိုးစားဖို့ မလိုပါဘူး၊ နှစ်ခါဆို ရပါတယ်”

နောက်မိန်းကလေးတစ်ယောက်က ပြောသည်။

“အရမ်း အလုပ်ရှုပ်တယ်၊ ထားလိုက်ပါတော့”

ရဲ့လင်းချန်က လက်ခါ၍ ထွက်သွားလေသည်။

“ငါတို့ သဘောတူတယ်၊ ဒါဆို ရပြီလား”

မိန်းမလှလေး သုံးယောက်လုံးက အဆောတလျင်ဖြင့် ပြိုင်တူ လှမ်းအော်လေသည်။

All Chapters