← Chapters

တစ်ခုပြီးတစ်ခုသော အံ့ဩစရာများ

Vol. 23 Ch. 338

တစ်ခုပြီးတစ်ခုသော အံ့ဩစရာများ

Vol. 23 Ch. 338

ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် သီချင်းဖွင့်သည့်စက်နား လျှောက်သွားပြီ သူ့ဘာသာသူ စီမံနေသည်။

“ဝိုး … ဝိုင်က သီချင်းကို ဘယ်လိုပြင်ရမလဲ သိတာပဲ၊ အံ့ဩစရာပါလား”

တလေ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

စက်သည် နောက်ခံတေးဂီတကို ဖွင့်သည့် ကိရိယာ ဖြစ်သည်။ ၎င်းသည် အမှားအယွင်းများ မဖြစ်အောင် ကျွမ်းကျင်သော တီးခတ်ပြင်ဆင်သူ လိုအပ်သည်။ သီချင်းဆိုရာ၌ အသံအပြင် နောက်ခံတေးဂီတကလည်း အရေးပါသော ကဏ္ဍတစ်ခု ဖြစ်သည်။ ကောင်းမွန်သော အသံပြင်သူတစ်ဦးက ဆိုးရွားသောအသံကိုပင် ပြောင်းလဲနိုင်၏။

တလေနှင့် အခြားသူများသည် သီချင်းအဆိုကောင်းသော်လည်း သံစဉ်နှင့် ပတ်သက်၍ ဘာမှမသိချေ။ ၎င်းတို့က မတူညီသော အကြောင်းအရာများပင်။

“ကင်မရာ ကင်မရာ”

ကျန်းယုံ စိတ်မရှည်ဖြစ်နေပြီး ကင်မရာသမားအား အသည်းအသန် အချက်ပြနေသည်။ ဤမျှ ကောင်းမွန်သော ထွင်လုံးကို ရိုက်ကူးထားမှ ဖြစ်ပေမည်။

ရဲ့လင်းချန်၏ အရည်အချင်းက ကောင်းမွန်လှသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူက ပရိုတစ်ယောက် ဖြစ်ကြောင်း သူတို့ ပြောနိုင်ပေသည်။ သို့သော် သူ့အတွက် သံစဉ်ပြင်ရန် အ‌တော်လေး အချိန်ယူနေရသည်။ သူ အချိန်တစ်ခုအထိ ပြင်နေသည်ကို ကြည့်ပြီးနောက် သူ့ဘေးမှ သံစဉ်ပြင်သူသည် မျက်ခုံးလှုပ်သွားပြီး တအံ့တဩ ပြောလေသည်။

“ဒီပြင်ဆင်မှုတွေက အခုလက်ရှိ သီချင်းတွေအတွက် မဟုတ်ဘူး၊ မင်း သီချင်းအသစ်အတွက် ပြင်ပြီး တိုက်ရိုက် ဆိုဖို့ ကြိုးစားနေတာလား”

သူ့စကားက ဘေးပတ်လည်မှ လူများကို အံ့ဩစေကာ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ထို့နောက် သူတို့က သူ့အနားသို့ လျှောက်လာကြသည်။

ရဲ့လင်းချန်က ငြိမ်ငြိမ်နေနေခြင်းအားဖြင့် သံစဉ်ပြင်သူ၏ စကားကို ဟုတ်မှန်ကြောင်း ဝန်ခံနေ၏။

ကင်မရာသမားက အခွင့်အရေးကို အရယူ၍ ရဲ့လင်းချန်၏ သံစဉ်ပြင်ဆင်နေမှုကို အနီးကပ် ရိုက်ကူးလေသည်။ ထိုနေရာ၌ ရှိနေသူများသာမက တီဗွီမှ ကြည့်နေသူများပါ စိတ်လှုပ်ရှားကာ ရင်တဒိန်းဒိန်း ခုန်နေသည်ကိုပင် ခံစားမိနေ၏။

[လခွမ်း၊ လခွမ်းပဲဟေ့၊ သံစဉ်ကို တိုက်ရိုက်ပြင်ပြီး ဖျော်ဖြေမှာတဲ့လား၊ ငါ မစောင့်နိုင်တော့ဘူး]

[အဆိုတော်ဝိုင်လို့ မပြောရဘူး၊ အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ပြီ၊ သဘောမတူတာနဲ့ သီချင်းသစ် လုပ်တော့တာပဲ]

[မကြာခင် သီချင်းသစ်တစ်ပုဒ်က စာရင်းဇယားတွေကို စိုးမိုးတော့မယ်နဲ့တူတယ်၊ ငါ့အသံဖမ်းစက်ကို အသံသွင်းဖို့ ပြင်ထားပြီ၊ ပြီးရင် ဆက်တိုက် နားထောင်ပစ်မယ်]

[ဟားဟားဟား အံ့ဩစရာပဲ၊ အဆိုတော်ဝိုင် ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်]

[မိုက်တယ်၊ အဆိုတော်ဝိုင်ရဲ့ သံစဉ်ပြင်တဲ့နှုန်းက တအားမြန်တယ်၊ ငါ နားမလည်ပင်မယ့် အံ့ဩဖို့ကောင်းတယ်လို့ ထင်တယ်]

…

အားလုံး၏ သိချင်နေသောအကြည့်အောက်၌ ရဲ့လင်းချန်က သူ့လှုပ်ရှားမှုကို ရပ်လိုက်သည်။ သံစဉ်ပြင်ခြင်းက ပြီးသွားလေပြီ။

“ကင်မရာအားလုံး၊ တင်ဆက်သူအားလုံး အသင့်ပြင်ထား”

ကျန်းယုံ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။ သူ ငိုချင်စိတ်ပင် ပေါက်နေလေသည်။ ဤအံ့ဩစရာက သူ့အား သတိလက်လွတ် ဖြစ်သွားစေပြီး ကောင်းကင်ဘုံက သူ့အတွက် ဆုကြီးတစ်ခု ပစ်ချပေးသည်ဟု ထင်မှတ်ရပြီး သူ့အပေါ် ခပ်ပြင်းပြင်း ကျလာသဖြင့် ခေါင်းချာချာလည်သလို ဖြစ်သွားရသည်။

စပီကာများမှ သံစဉ်တစ်ခု ထွက်ပေါ်လာသည်။

*ဒါ သီချင်းသစ်ပဲ*

“မိန်းကလေး အာနယ်လ် ကျေးဇူးပြုပြီး သေချာနားထောင်ပါ၊ ဒီလိုဆိုရင်ရော၊ မင်း ငါ့စာသားကို လိုက်ရေးနိုင်တယ်ဆိုရင် ငါ ရှုံးတယ်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“ဟားဟားဟား ဘယ်လောက် ခက်မှာမို့လို့လဲ”

အာနယ်လ်က ရင်ဘတ်ကိုကော့၍ ပြောသည်။ ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်က သူမကို စာရွက်နှင့် ဘောပင် ပေးလာသည်။

ထိုအချိန်တွင် ဖန်သားပြင်က နှစ်ခြမ်းဖြစ်သွားသည်။ တစ်ခြမ်းက သီချင်းဆိုနေသော ရဲ့လင်းချန်ပုံ ဖြစ်ပြီး တစ်ဖက်က စာသားကို လိုက်ရေးရန် ပြင်နေသည့် အာနယ်လ်၏ ပုံ ဖြစ်လေသည်။

နောက်ဆုံးတွင် ရဲ့လင်းချန်၏အသံ ထွက်ပေါ်လာသည်။

“ငါတို့ရဲ့ တရုတ်ယဉ်ကျေးမှုတွေ

ယဉ်ကျေးမှုတွေကို အနုပညာတစ်ရပ်လို သမိုင်းကြောင်း နှစ်ငါးထောင်အတွင်းမှာ ရေးသားမှတ်တမ်း တင်ထားခဲ့တယ်

တစ်လောကလုံးကို သိအောင် ပြသခဲ့တယ်

ငါတို့ တရုတ်ယဉ်ကျေးမှုက

စုတ်ချက်တိုင်းက ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတယ်

မီးတုတ်ကို ကိုင်ရင်း အလင်းရောင်လို တောက်ပနေတယ်

ကျယ်ပြောတဲ့ နယ်မြေ၊ ပေါကြွယ်ဝတဲ့ ရိတ်သိမ်းမှု

ရှေးခေတ်လူကြီးတွေက ယဉ်ကျေးမှုကို သုံးပြီး အကောင်းနဲ့အဆိုးကို ခွဲခြားခဲ့တယ်

…”

အဖွင့်သံစဉ်က တရုတ်ယဉ်ကျေးမှုကို ပြသနေသည်။ လူတိုင်း ရင်ထဲ ကြည်နူးသလို ခံစားရပြီး ယဉ်ကျေးမှု အတွက် ဂုဏ်ယူစိတ်တို့ ပေါက်ဖွားလာသည်။ တစ်ချိန်တည်းမှာပင် လှပသော သံစဉ်က သူတို့နှလုံးသားထဲ၌ ဖမ်းစားသွားလေ၏။

တစ်ဖက်တွင်မူ အာနယ်လ်သည် စာလုံးများကို အလျင်အမြန် လိုက်ရေးနေသည်။ စာသားကို မှီနိုင်ရန် အလို့ငှာ သူမလက်ရေးက အလွန်ပင် ရှုပ်ပွနေ၏။ သို့သော် သူမမျက်နှာတွင် ယုံကြည်မှုရှိဟန်တို့ ပြည့်နေသည်။

“ကျစ် … အဲ့လောက်လဲ မခက်ပါဘူး၊ ဒါတွေအားလုံးက ပုံမှန် စာလုံးတွေပဲကို”

အာနယ်လ် ရေးထားသော စာလုံးများကို ကြည့်ရှုသူများ မြင်သောအခါ အသာ ခေါင်းညိတ်လိုက်ကြသည်။ ဤနိုင်ငံခြားသူလေးက စာလုံးများကို ချရေးနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။

*သူက တော်တာပဲ*

ထိုစဉ် ရဲ့လင်းချန် ဆက်ဆိုနေသံကို သူတို့ ကြားလိုက်ရသည်။

“Ba xiao kui ji chi mei wang liang

Wu~ you shuang ruo zhuo.

Wu~ huo yan yan yi.

Wu~ shui zhui miao man.

Kui bao.

…”

(စကားချပ်။ ။ မူရင်းမှာလည်း ဒီစာသားနေရာကို ဘာသာမပြန်ထားဘဲ အသံထွက်အတိုင်း ရေးထားတဲ့အတွက် ဒီအတိုင်းပဲ ထားလိုက်ပါတယ်)

တကုတ်ကုတ် ရေးနေသော အာနယ်လ်၏ လက်များ ချက်ချင်း တန့်သွားပြီး ရဲ့လင်းချန်အား နားဝေတိမ်တောင် အကြည့်ဖြင့် မော့ကြည့်လေသည်။ သူမ ရေးနိုင်သော စာလုံးများက “ယွီ၊ ဟောင် နှင့် ရွှေ” တို့သာ ဖြစ်သည်။

*ဘာလဲဟ၊ အဲ့စာလုံးတွေ ရှိတယ်ဆိုတာ သေချာလို့လား*

သို့သော် ရဲ့လင်းချန်က ရပ်မည့်ပုံမပေါ်ဘဲ ဆက်ဆိုနေ၏။

“Qiong qiong jie li, hang xie yi qi.

Ju ju du xing, ti hu guan ding.

Mian mian gua die, feng wei gui nie.

Long xing da da, ji jiao ga la.

Ping ting niao na, ti si pang tuo.

Nao nao bu xiu, bu lang by you.

Ang ~

Ling yu, ying yu, ji yu, ju yu.

You e wu xuan, hu e bu quan.

Qi lei hui hui, a za jie jue.

Zhi fa zang pi, zhen bian shi bi.

Lin ci zhi bi, yi zhang yi xi.[3]

…”

*လ…လ…လခွမ်း*

လူတိုင်း ကြက်သေ သေသွားကြသည်။

သူတို့အားလုံး ငေးငိုင်နေပြီး မျက်နှာတွင် ထိတ်လန့်ဟန်များ ပြည့်နေသည်။

အာနယ်လ်၏ ပါးစပ်သည် အင်္ဂလိပ်အက္ခရာ အိုပုံစံ ဖြစ်နေသည်။ သူမ ဆက်မရေးနိုင်တော့မှန်း သိသာလှသည်။ သူမက ရဲ့လင်းချန်ကို ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။

သီချင်း ပြီးသွားသော်လည်း လူတိုင်း ငိုင်တွေနေဆဲပင်။ ထိုသို့သောအချိန်၌ သူတို့ကိုယ်သူတို့ မေးခွန်း ပြန်ထုတ်မိ နေကြသည်။

*ငါက တရုတ်လူမျိုး အစစ်မှဟုတ်ရဲ့လား*

အချိန်များ ကုန်လွန်သွားလေသည်။

[အံ့…အံ့ဩစရာပဲ၊ ဝိုင်အကြောင်း ပြောဖို့ အံ့ဩစရာဆိုတဲ့ စကားလုံးအပြင် အခြား ဘယ်စကားလုံးကိုမှ ငါ မစဉ်းစားတတ်တော့ဘူး]

[ဟားဟားဟား အာနယ်လ်ရဲ့ အမူအရာကိုလည်း ကြည့်ကြပါဦးကွာ၊ သူ့နဖူးမှာ မေးခွန်းသင်္ကေတ အကြီးကြီး သုံးခု ပေါ်နေလောက်တယ်၊ ခံစားချက်အသစ်တွေ ပေါက်ဖွားနေပြီ]

[ဗလာဖြစ်နေတဲ့ မျက်နှာပဲ၊ ဒီလူတွေက ဗလာဖြစ်နေတဲ့ မျက်နှာက ဘယ်လိုမျိုးလဲဆိုတာကို ပြနေတာပါလား]

[ငါ တရုတ်လူမျိုး ဆိုပင်မယ့် ဒီစာလုံးတွေကို နားမလည်ဘူး၊ အခု အာနယ်လ်ရဲ့ စိတ်ထဲမှာ အရိပ်မည်းကြီး စိုးမိုးနေပြီလား မသိဘူး၊ ဟားဟားဟား …]

[ကိစ္စတွေကို မရောထွေးလိုက်နဲ့၊ ဒီသီချင်းက တကယ်ကောင်းတယ်၊ ပြီးတော့ ငါတို့ ယဉ်ကျေးမှုရဲ့ ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးတာ၊ တရုတ်စာလုံးတွေက နက်နဲပြီး အဓိပ္ပာယ် ပြည့်ဝတယ်၊ ရှင်းရှင်းပြောရရင် အံ့ဩဖို့ ကောင်းတာကွာ]

…

သင်္ဘောပေါ်မှလူများ အံ့ဩနေရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ သူတို့အားလုံးက ရဲ့လင်းချန်ကို အလွန် ထိတ်လန့်ဟန်ဖြင့် ကြည့်လာသည်။

“ဝိုင်၊ မင်းက လုံးဝ အံ့ဩဖို့ ကောင်းလွန်းတယ်၊ သိပ်တော်တာပဲကွ၊ မင်းက ဒီလိုသီချင်းမျိုးကိုတောင် ဖန်တီးနိုင်တာပဲ”

တလေ ဒူးထောက်ပြီး သူ့ကို လေးစားချင်စိတ်တောင် ပေါက်နေသည်။ သူ သီချင်းတစ်ပုဒ် ရေးဖို့ ကြံရာမရ ဖြစ်နေချိန်တွင် ရဲ့လင်းချန်က ဤသို့ ကောင်းမွန်သော သီချင်းတစ်ပုဒ်ကို ဖန်တီးပြီးနေလေသည်။ ခြားနားမှုက တိုင်းတာ၍ မရနိုင်ပေ။

“ဒီစာလုံးတွေကို ကျွန်မတောင် မမှတ်နိုင်တာကို ရှင်က အဲ့စာလုံးတွေနဲ့ သီချင်းရေးနိုင်တယ်တဲ့လား၊ တအား ကြောက်ဖို့ ကောင်းတာပဲ”

ရှောင်မိုကလည်း ဝင်ပြောသည်။

“ရှင့်ရဲ့ ဂီတ အရည်အသွေးက ကြီးမားလွန်းတယ်၊ ကျွန်မ အရှုံးပေးပါတယ်”

ချန်ရှောင်ယန်သည်လည်း ရဲ့လင်းချန်ကို ပြုံး၍ ကြည့်နေပြီး သူမအကြည့်တွင် ပျော်ရွှင်ကြည်နူးမှုတို့ ဖုံးလွှမ်းနေသည်။ ရဲ့လင်းချန် လူအများအား အံ့ဩအောင် လုပ်ပြသည်ကို မြင်ရခြင်းက သူမ နာမည်ကျော် လာသည်ထက် ပို၍ ကောင်းသည်ဟု ခံစားမိနေသည်။

“ရှောင်မို အဲ့စာလုံးတွေက တကယ် ရှိတာလား”

အာနယ်လ်တစ်ယောက် ယုံကြည်ချက်တို့ ရိုက်ချိုုးခံလိုက်ရသလို ဖြစ်နေလေသည်။

“ငါ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို အများကြီး ကြိုးစားပြီး လေ့လာထားတာ၊ ဒါပေမဲ့ ငါ ဒါတွေကို တခါမှ မကြားဖူးဘူး”

“မင်း အရှုံးကို ဝန်ခံမယ်ဆိုရင် ငါ အဲ့စာလုံးတွေကို ချရေးပေးမယ်”

ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်သည်။

“ကောင်းပြီလေ၊ ရှင် တော်ပါတယ်၊ ကျွန်မ အရှုံးပေးတယ် ရပြီလား၊ မြန်မြန် ရေးပေးတော့”

အာနယ်လ်က စိတ်မရှည်စွာ စာရွက်ကို ရဲ့လင်းချန်ထံ ပေးလိုက်ပြီး သူမမျက်နှာတွင် ရှက်နေသော အရိပ်အယောင် ပေါ်နေသည်။

အစပိုင်း စာလုံးများမှလွဲ၍ နောက်ပိုင်းကို သူမ တစ်လုံးမှ မရေးနိုင်တော့ပါ။ ယင်းက နှုတ်တိုက်ချပေးခြင်းကို သုည ရလိုက်သလိုပင်။ ယင်းက အလွန် ရှက်စရာ ကောင်းလွန်းလှသည်။

ရဲ့လင်းချန်က ဘောပင်ကို ယူလိုက်ပြီးနောက် စာရွက်ပေါ်၌ စရေးလေသည်။

သူ၏ စာရေးနှုန်းက အလွန် မြန်လှပြီး ညင်သာလှသည်။ သူ၏ ဘောပင်က စာရွက်ပေါ်၌ ဖြတ်ပြေးနေပြီး စာရွက်ပေါ်တွင် စာလုံးများ စပေါ်လာသည်။ ထူးဆန်းသော စာလုံးများ တစ်လုံးပြီးတစ်လုံး ပေါ်လာသဖြင့် အာနယ်လ်အား အကြီးအကျယ် ထိတ်လန့်သွားစေသည်။

[လှလိုက်တဲ့ လက်ရေး၊ လခွမ်း … ကွန်ပျူတာကနေ ပရင့်ထုတ်ထားတဲ့ စာလုံးတွေထက်တောင် ပိုလှသေးတယ်၊ ကြည့်လို့ကောင်းလိုက်တာ]

[“မျောလွင့်နေတဲ့တိမ်နဲ့ စီးဆင်းနေတဲ့ရေ” လို့ သူတို့ ဘာလို့ တင်စားတတ်ကြလဲဆိုတာကို ငါ အခုတော့ နားလည်သွားပြီး၊ သူ့လက်ရေးကို လှကိုလှလွန်းတာ]

[မြတ်စွာဘုရား ငါ့မျက်လုံးတွေတော့ ကိုယ်လေးလက်ဝန် ရှိတော့မှာပဲ၊ လှလိုက်တာ]

[ငါ နောက်နေတာ မဟုတ်ဘူး၊ အဲ့လက်ရေးကို ကြည့်ပါဦး၊ ငါတော့ ဝိုင်ကို ချစ်မိသွားပြီနဲ့ တူယ် …]

…

All Chapters