← Chapters

စိတ်ဓာတ်ကို ရိုက်ချိုးခြင်း

Vol. 50 Ch. 750

စိတ်ဓာတ်ကို ရိုက်ချိုးခြင်း

Vol. 50 Ch. 750

ကိုရီးယားနိုင်ငံမှ အော်ဟစ် ငိုယိုနေသံများကြားတွင် ဆေးစံအိမ်က နောက်ဆုံး၌ တုံ့ပြန်လာလေသည်။

[ဆေးစံအိမ်က ကမ္ဘာကြီးကို ကယ်တင်ဖို့က မိမိတို့ တာဝန်လို့ မှတ်ယူထားပါတယ်၊ ကိုရီးယားနိုင်ငံက မရေတွက်နိုင်တဲ့ လူတွေက အကူအညီ တောင်းခံလာတာမို့လို့ ကျုပ်တို့ ဒီတခါတော့ လိုက်လျောပေးပါမယ်၊ ဒါပေမဲ့ ကိုရီးယားနိုင်ငံက လီဆောင်းယွန်းက အရှက်မရှိတဲ့သူ ဖြစ်ပြီးတော့ အားနည်းသူကို နင်းချေတတ်တယ်၊ သူက တရုတ်နိုင်ငံအပေါ် အပြစ်ကြီးကြီး လုပ်ခဲ့တယ်၊ သူ လူသိရှင်ကြား တောင်းပန်ပြီး သူက အရှက်မရှိတဲ့ လူယုတ်မာ ဖြစ်တယ်ဆိုတာ ဝန်ခံသရွေ့ ဆေးစံအိမ်က ကိုရီးယားနိုင်ငံကို ကျုပ်တို့ ထောက်ပံ့မှု ဖွင့်ပေးပါမယ်]

ရိုးရှင်းသော ကြေညာချက်တစ်စောင်က ကိုရီးယားနိုင်ငံ၏ ပြည်သူများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

[လခွမ်း … ဒါက တကယ်ကြီးလား]

[ဝိုး … ဆေးစံအိမ်က တကယ်ကို တစ်ခုခုပဲ၊ နောက်ဆုံးတော့ ငါတို့အတွက် တံခါးဖွင့်ပေးပြီ]

[ငါတို့ကို ဒီအခွင့်အရေး ပေးတဲ့အတွက် ဆေးစံအိမ်ကို ကျေးဇူးတင်ပါတယ်၊ ကိုရီးယားနိုင်ငံက လူပေါင်း များစွာတော့ အသက်ရှင်နိုင်ပြီ]

[ဒီလီဆောင်းယွန်းက ဘယ်သူလဲ၊ မြန်မြန် ရှေ့ထွက်ပြီး တောင်းပန်လိုက်]

[တကယ်ပဲ လီဆောင်းယွန်းက ဘယ်သူလဲ၊ ဆေးစံအိမ်က သူ့ကို ဒီလို နာမည်တပ်ပြီး ခေါ်ရတဲ့အထိ အရမ်း ယုတ်မာတာပဲ]

[လုပ်ကြစမ်းပါ၊ လီဆောင်းယွန်းကို သူ့ဘာသာသူ မြန်မြန် ပေါ်လာနိုင်အောင် လုပ်ကြပါ၊ သူ စောစော ပေါ်လာလေ လူတွေ ပိုပြီး ကယ်နိုင်လေပဲ]

[တာဝန်ရှိတဲ့ ဌာနဆိုင်ရာကလူတွေ မြန်မြန် ဖမ်းကြပါ၊ မရေတွက်နိုင်တဲ့ အသက်တွေက သူ့အပေါ် မူတည်နေပြီ]

…

လူထု၏ အင်အားက ကြီးမားလွန်းလှသည်။ ၎င်းက ကိုရီးယားနိုင်ငံ၏ အင်တာနက်ပေါ်၌ ချက်ချင်း ဆူဆူညံညံ ဖြစ်လာစေ၏။ “လီဆောင်းယွန်း မြန်မြန် တောင်းပန်ပါ” ဟူသည့် စာသားကတောင်မှ ရေပန်းစားနေသော စာရင်းသို့ ရောက်လာသည်။ မရေတွက်နိုင်သော မီဒီယာများကလည်း သတင်းတင်နေပြီး အချို့သောသူများဆိုလျှင် လီဆောင်းယွန်းနှင့် ပတ်သက်သည့် သတင်းရရန်အတွက် တစ်နိုင်ငံလုံးတွင် လိုက်လံ ရှာဖွေနေကြသည်။

ကောင်းကင်ဘုံစံအိမ်အတွင်း၌။

“ဒုန်း”

လီဆောင်းယွန်းရှေ့မှ စားပွဲက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ သူ၏မျက်နှာက နီရဲနေပြီး မျက်လုံးနီများနှင့် အသက်ကို ပြင်းပြင်းရှူနေသည်။ သူ အလွန်အမင်း ဒေါသူပုန် ထနေမှန်း သိသာလှသည်။

“ဒါ အရမ်း များသွားပြီ၊ ငါ အဲ့ကောင်စုတ်ကို သတ်ကိုသတ်ပစ်မယ်”

လူထု ထင်မြင်ချက်၏ အင်အားသည် သည်းခံနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ လီဆောင်းယွန်းက သိုင်းပညာ၌ အလွန်အမင်း အင်အားကြီးသည် ဆိုလျှင်တောင်မှ လူအများအပြား၏ ဝေဖန်ခြင်း ခံရသောအခါ မျိုသိပ်ထားရန် အခက်တွေ့ဆဲ ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်းက တစ်ကဏ္ဍ ဖြစ်သော်လည်း သူ့ကိုယ်သူ အမှား ဝန်ခံပြီး မကောင်းပြောခိုင်းရန် တောင်းဆိုခြင်းက သူ့ကဲ့သို့ သိုင်းပညာ ဆရာသခင်တစ်ယောက်အတွက် အရှက်ရခြင်းထက် ကျော်လွန်နေ၏။

“အသုံးမကျတဲ့လူတွေ၊ အရူးတွေ”

လီဆောင်းယွန်းက အွန်လိုင်းပေါ်မှ မှတ်ချက်များကို လိုက်ဖတ်နေပြီး အထူးသဖြင့် သူ့နိုင်ငံသားများထံမှ ဖြစ်သည်။ သူသည် ဒေါသကြောင့် တုန်ယင်နေပြီး မကျိန်ဆဲပဲ မနေနိုင်တော့ချေ။

လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း မျက်မှောင်ကြုတ်နေ၏။ သူ၏ မျက်လုံးတွင် ခပ်ရေးရေး အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ဒီကောင်လေးက တခြားသူတွေရဲ့ ခံစားချက်တွေကို ကြိုးကိုင်တဲ့နေရာမှာ တော်တော်လေး တော်တာပဲ”

လက်ရှိတွင် ဘယ်သူက မှန်သလဲ ဆိုသည့်အချက်က အရေးမကြီးတော့ပေ။ လူအများသည် လီဆောင်းယွန်းက ဘယ်လို လူစားမျိုးလဲ ဆိုသည်ကို ဂရုမစိုက်ကြချေ။ ကိုရီးယားနိုင်ငံမှ လူအများ၏ စိတ်ထဲတွင် အတွေးက တစ်ခုတည်းသာ ရှိသည်။ လီဆောင်းယွန်း၏ လူသိရှင်ကြား တောင်းပန်မှုက သူတို့ကို ကယ်တင်နိုင်သည်။ ၎င်းနှင့်တင် လုံလောက်ပြီ ဖြစ်သည်။

တစ်နိုင်ငံလုံးကို ကယ်တင်ရန် လူတစ်ယောက်ကို စတေးခြင်း။ ယင်းက နိုင်ငံမှ လူအများ မျှော်လင့်နေသော အရာတစ်ခုပင်။

ဤကဲ့သို့ လက်စားချေမှုက အလွန်ကို ရက်စက်ပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က လီဆောင်းယွန်းသည် ရဲ့လင်းချန်ကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ ယခုအကြိမ်၌ ရဲ့လင်းချန်က သူ့ကို လုံးဝဥဿုံ ပျက်စီးစေချင်နေသည်။

စိတ်ဓာတ်ကို ရိုက်ချိုးခြင်း။

မာနကြီးသော သိုင်းပညာရှင်တစ်ယောက်အတွက် ဤကိစ္စက သေခြင်းထက်ပင် ပိုဆိုးလေသည်။ ထို့အပြင် အတွင်းမိစ္ဆာများ ပေါ်လာနိုင်ပြီး သိုင်းပညာ တိုးတက်မှု အနာဂတ်လမ်းကြောင်းတွင် အဟန့်အတား ဖြစ်လာနိုင်သည်။’

ချက်ချင်းဆိုသလိုပင် ဆေးစံအိမ်က နောက်ထပ် ကြေညာချက်တစ်ခု ထပ်မံ ထုတ်ပြန်ခဲ့သည်။

[အချိန် သုံးရက်ပဲ ပေးပါမယ်၊ သုံးရက်အတွင်း လီဆောင်းယွန်း ပေါ်မလာဘူးဆိုရင် ငါတို့ ကိုရီးယားနိုင်ငံကို တစ်သက်လုံး ဆေးဝါးအားလုံး ပံ့ပိုးမှု ဖျက်သိမ်းပါမယ်]

ထိုအချိန်မှာပင် လုထုထင်မြင်ချက်၏ အင်အားက အမြင့်ဆုံးအထိ ရောက်ရှိသွားသည်။

[ချီးပဲ၊ လီဆောင်းယွန်းက ဘယ်မှာလဲ၊ မြန်မြန် ထွက်လာစမ်းပါ]

[မင်း ငါတို့အားလုံးကို သတ်ဖို့ ကြိုးစားနေတာလား၊ မင်း ဘယ်မှာလဲ]

[မြန်မြန် စုံစမ်းကြပါ၊ ငါတို့မှာ အချိန်အများကြီး မရှိဘူး]

[ကြေညာချက်တစ်ခု ထုတ်ပြန်ရတာ အဲ့လောက် ခက်နေလား လုပ်စမ်းပါ]

[ဆေးစံအိမ်က ရန်ငြိုးထားရတယ်ဆိုတာ ဒီလူက တကယ်ကို သုံးစားမရတဲ့သူ ဖြစ်ရမယ်]

[ဆေးစံအိမ်က ဒီအခွင့်အရေး ပေးတယ်ဆိုတာ ရှားတယ်၊ ကိုရီးယားနိုင်ငံရဲ့ ဌာနဆိုင်ရာက လူတွေ မြန်မြန် လုပ်သင့်တယ်]

…

ကိုရီးယား တစ်နိုင်ငံလုံး ဆူပူအုံကြွလာပြီး သူတို့၏ ဒေါသအားလုံးက လီဆောင်းယွန်းထံ ကျရောက်သွားသည်။

စစ်သည်တော်ဌာန၌ …

ရှန်းကောချန်နှင့် ချန်ချီတို့က ဤကိစ္စကို စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများတွင် အပြုံးများ ပေါ်လွင်နေ၏။

ရှန်းကော်ချန်က မှတ်ချက်ပြုသည်။

“ဟဲဟဲ … ဒီကောင်လေးက တကယ်ကို အရှုံးပေးရတာကို မုန်းတာပဲ၊ သူ ခဏလေးနဲ့ သူတို့အပေါ် ပြဿနာ နောက်တစ်ခု ထပ်ပေးလိုက်ပြီ”

“ဟုတ်တယ်၊ သူက လီဆောင်းယွန်းကိုတောင် သူရဲ့ လက်စားချေမယ့် စာရင်းထဲ ထည့်လိုက်နိုင်တယ်၊ သူက သူ့ပြိုင်ဘက်ကို တကယ် သတ်ဖို့ ကြိုးစားနေတဲ့ပုံပဲ”

ချန်ချီက ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒီကောင်လေးက ငယ်သေးလွန်းတယ်၊ သူ ရန်ငြှိုးကို သူ့ဘာသာသူ ဖုံးထားသင့်တယ်၊ သူ့လို မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်က ဘုရင်အဆင့် သိုင်းပညာရှင်ကို လူသတ်ချင်စိတ် ထုတ်ပြတာက ရဲတင်းလွန်းတယ်၊ ကိုရီးယားနိုင်ငံက ဒီအတိုင်း လက်ခံမယ် မထင်ဘူး၊ မင်း ဆန်းကြယ်ကျွန်းကို ကောင်းကောင်း ဂရုစိုက်သင့်တယ်၊ ငါ အဲ့ကောင်လေးဆီက အမှတ် နှစ်ဆယ်ပဲ ယူခဲ့တာတောင် သူ ငါ့ကို ဒီလောက် ပြဿနာ ရှာတာ၊ ဆိုးလိုက်တဲ့ အလဲအလှယ်ပဲ”

ချန်ချီက မေးလိုက်သည်။

“လီဆောင်းယွန်းက လူသိရှင်ကြား တောင်းပန်မယ်လို့ မင်း ထင်လား”

ရှန်းကော်ချန်က အနည်းငယ် မျက်မှောင်ကြုတ်နေပြီး တစ်ခဏမျှ တိတ်သွားပြီးမှ ပြောလိုက်သည်။

“ကျုပ်သာ ဆိုရင်တော့ အဲ့လို လုပ်ဖို့များတယ်၊ ကျုပ် မလုပ်ချင်ဘူးဆိုရင်တောင်မှ နိုင်ငံက ကျုပ်ကို ဖိအားပေးပြီး လုပ်ခိုင်းမှာပဲ”

“ဟုတ်တယ်၊ ကောင်လေးရဲ့က ဒီတခါတော့ လီဆောင်းယွန်းကို ချောင်ပိတ်ဖမ်းလိုက်ပြီ”

“ဟားဟားဟား … ကောင်းတယ်ကွာ၊ ကိုရီးယားနိုင်ငံကလူတွေ ဟင်းလင်းပြင်နယ်မြေကို သူတို့အပိုင်လို့ ပြောချင်နေပြီးတော့ ငါတို့လူတွေကိုတောင် တိုက်ခိုက်ခဲ့သေးတယ်၊ သူတို့ကို သင်ခန်းစာ ပေးသင့်တယ်”

“ပြောရရင် ငါ ဒါကို တကယ် မြင်ချင်နေပြီ၊ ဘုရင်အဆင့် ပညာရှင်တစ်ယောက်က လူသိရှင်ကြား တောင်းပန်မှုလုပ်ဖို့ တကယ် ဖိအားပေးခံနေရတာပဲ”

…

ပြည်ပ သိုင်းပညာရှင်များအားလုံး ၎င်းကို မျှော်လင့်နေကြသည်။ လီဆောင်းယွန်း၏ ဂုဏ်သတင်းသည် သိုင်းပညာ အသိုင်းအဝိုင်း၌ စိမ်းမနေပေ။ သူသည် ဘုရင်အဆင့် သိုင်းပညာရှင် ဖြစ်ပြီး သူ ဘယ်နေရာသွားသွား ဩဇာရှိသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း လူငယ်တစ်ယောက်မှ ဤမျှ အတိုင်းအတာအထိ ဖိအားပေးခြင်းကို ခံနေရသည်။ ယင်းက မယုံနိုင်စရာ ကောင်းလှပေသည်။

“အား … အဲ့ငနာလေး၊ တော်ပြီ ငါ သူ့ကို သေချာပေါက် သတ်ပစ်မယ်”

လီဆောင်းယွန်း ဘေးပတ်လည်မှ အရှိန်အဝါသည် အထိန်းအကွပ်မဲ့လာသည်။ သူ လက်သီးဖြင့် ထိုးလိုက်သဖြင့် တစ်ခန်းလုံး အပြင်းအထန် တုန်ခါသွားပြီး နံရံ၌ လက်သီးအရွယ်အစားရှိ အပေါက်တစ်ပေါက် ပေါ်လာလေသည်။

ကောင်းကင်ဘုံစံအိမ်မှ အခြားသူများ ထိတ်လန့်သွားကြသည်။ လီဆောင်းယွန်း၏ ဒေါသကို လူတိုင်း ခံစားမိပြီး သူ့အား ဘယ်သူမှ မနှောင့်ယှက်ရဲကြချေ။

“သူက ဘာမို့လို့လဲ၊ ငါ့ကို တောင်းပန်စေချင်တယ်ပေါ့လေ၊ မရဘူး”

“ဆောင်းယွန်း မင်း တောင်းပန်သင့်တယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားက တည်ငြိမ်စွာ ပြောလာသည်။

“ဆ…ဆ…ဆရာ”

လီဆောင်းယွန်းက လူလတ်ပိုင်းအရွယ် အမျိုးသားကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေပြီး သူ့အသံက တုန်ယင်နေသည်။

“တောင်းပန်လိုက်”

လီဆောင်းယွန်း၏ သွေးကဲ့သို့ နီရဲနေသော မျက်လုံးများတွင် ဒေါသများနှင့် ပြည့်နေပြီး ဒေါသူပုန်ထနေသော နွားထီးတစ်ကောင်နှင့် တူနေလေသည်။

“အဲ့ဒီ ဆေးလေး နှစ်မျိုးတည်းအတွက်နဲ့လား၊ အဲ့ဒီ ငတုံးကောင်တွေအတွက်လား၊ ကျွန်…ကျွန်တော်က တောင်းပန်ဖို့ လိုတာလား”

“တောင်းပန်လိုက်စမ်းပါ၊ မင်း အကြောင်းရင်းကို နားလည်မယ်လို့ ငါ ယုံတယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားက တည်ငြိမ်စွာ ပြောလာသည်။

လီဆောင်းယွန်း၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေပြီး အလွန်အမင်း အရှက်ရသကဲ့သို့ ခံစားနေရသည်။

သူ အကြောင်းရင်းကို နားလည်ပါသည်။ သူ လုပ်ဆောင်ရန် ငြင်းဆိုပါက ကိုရီးယားနိုင်ငံမှ လူများက နိုင်ငံစွန့်ခွာ ကြပေလိမ့်မည်။ ကျန်နေခဲ့သောလူများသည်လည်း အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ ထိုသို့ဆိုလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အသုံးမဝင်တော့ချေ။ သူတို့ မည်မျှ အင်အားကြီးနေပါစေ၊ သူတို့သည် တစ်ကိုယ်တည်း ခေါင်းဆောင်သာ ဖြစ်နေပေလိမ့်မည်။ တခြားနိုင်ငံများနှင့် ကွာခြားချက်က ပိုပို၍သာ ကြီးမားလာပေမည်။

သို့သော် … နားလည်ခြင်းက တစ်ကဏ္ဍ ဖြစ်ပြီး သူ၏ နှလုံးသားက တကယ်ကို မကျေမချမ်း ဖြစ်နေ၏။

ပုရွက်ဆိတ်သာသာသာ ရှိသော လူတစ်ယောက်ထံမှ ဤအခြေအနေသို့ တွန်းပို့ခြင်းကို ခံနေရသည်။ သူ၏ မာနက ဦးညွှတ်ခွင့် မပြုချေ။ အနာဂတ်တွင် သိုင်းပညာရှင်များ၏ လောက၌ သူ့ကိုယ်သူ ဖော်ပြရန် အလွန်အမင်း ရှက်ရွံ့ဖွယ် ဖြစ်နေပေလိမ့်မည်။ ရဲ့လင်းချန်၏ အကွက်က ရက်စက်လွန်းပေသည်။

“ဟူး …”

လီဆောင်းယွန်း သက်ပြင်းချလိုက်သည်။ သူ၏ အမူအရာက အလွန်အမင်း မည်းမှောင်သွားပြီး ခပ်မာမာ အသံနှင့် ပြောလိုက်သည်။

“ကောင်းပြီလေ၊ ကျွန်တော် တောင်းပန်မယ်”

ထိုစကားလုံးများက တောင်တစ်လုံး၏ အလေးချိန်ကို သယ်ဆောင်ထားရသကဲ့သို့ ခံစားထားရသည်။ သူ ထိုစကား ပြောလိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်နေ၏။

စာစဉ် ၅၀ ပြီးပါပြီ။

All Chapters