ပြိုင်ပွဲစပြီ
Vol. 46 Ch. 687
နောက်တစ်နေ့ Masked Singers ပြိုင်ပွဲနေရာ၌ ဖြစ်သည်။
ပရိသတ်များသည် ခန်းမထဲ၌ နေရာယူထားကြပြီ ဖြစ်သည်။ သူတို့အားလုံးသည် ပွဲအတွက် စိတ်အားထက်သန်စွာ လက်မှတ်များ ဝယ်ထားကြပြီး ဘယ်အနုပညာရှင် ပေါ်လာမလဲဟု သိချင်နေကြသည်။
ထို့နောက် ဒိုင်များနှင့် ဧည့်သည်များက သူတို့နေရာ၌ ထိုင်ကြလေသည်။ တစ်ချိန်တည်းမှာပင် ဒါရိုက်တာက ပင့်သက်ရှိုက်၍ အဖွဲ့သားများကို အချက်ပြလိုက်ပြီး တိုက်ရိုက် ထုတ်လွှင့်မှုကို တရားဝင် စတင်လိုက်သည်။
[ဝိုး … ပွဲ စနေပြီ]
[ကြည့်ဦး၊ အဲ့ဒါ စူပါစတားလျှိုပဲ၊ သူက ဧည့်သည်တွေထဲက တစ်ယောက်ပဲ]
[လခွမ်း၊ တုန်းချိုးတောင်မှ ရောက်နေတယ်၊ သူတို့ အားလုံး ထွက်လာတာပဲ]
[ချန်ရှောင်ယန်က ဒိုင်တွေထဲက တစ်ယောက်ပဲ၊ သူက သိပ်လှတာပဲ]
[ဟားဟားဟား … မိန်းမလှလေးတွေ အများကြီး ရှိတော့ မျက်စိအေးလိုက်တာကွာ၊ ဒီအစီအစဉ်က တကယ် စဉ်းစားတတ်တာပဲ]
[ဟားဟားဟား … အဲ့ဒါ ဖုန့်ရှောင်ရှင်း မဟုတ်လား၊ သူ ထိုင်တဲ့ပုံစံက ရယ်ချင်စရာပဲ]
[ဝိုး … ဒီအစီအစဉ်က စိတ်လှုပ်ရှားစရာကောင်းမှာ သေချာတယ်]
တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များသည် အလွန်အမင်း စိတ်အားထက်သန်နေကြသည်။ တစ်ချိန်တည်းမှာပင် ပွဲအတွင်းမှ ပရိသတ်များကလည်း ဆူညံနေ၏။ Masked Singer ၏ ပထမရာသီတွင် ဤသို့ ခြေလှမ်းကြီးကြီး လှမ်းလိမ့်မည် သူတို့ ထင်မထားမိပေ။
ဧည့်သည်များနှင့် ဒိုင်များက ပရိသတ်များကို ပြုံးပြ၍ လက်ပြနှုတ်ဆက်လာသည်။
[ဟားဟားဟား …. ငါ ထင်ထားတဲ့အတိုင်းပဲ၊ ဒီပွဲအတွက် နာမည်ကြီးတွေ အများကြီးကို ဖိတ်ထားတာကို မင်းတို့ မှတ်မိသေးလား၊ အဲ့တော့ ဧည့်သည်တွေနဲ့ ဒိုင်တွေရဲ့ အဆင့်အတန်းက မနိမ့်နိုင်ဘူး၊ မဟုတ်ရင် သူတို့ ဒီနာမည်ကြီးတွေကို ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ]
[အပေါ်ကလူ၊ မင်း သုံးသပ်တာက အဓိပ္ပာယ် ရှိတယ်၊ ဒီလိုဆိုရင်တော့ ဒီအစီအစဉ်က တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပဲ]
[ဝိုး … ငါ အခု ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာပြီ]
[ကိုယ့်လူတို့၊ စင်ပေါ်မှာ ဆိုမယ့်သူတွေက ဘယ်သူတွေလဲဆိုတာ မင်းတို့ စဉ်းစားမိလား]
ထုတ်လွှင့်မှု အပြင်ဘက်ရှိ စင်ပေါ်မှ ဒိုင်များနှင့် ဧည့်သည်များသည်လည်း သူတို့အချင်းချင်း စကားပြော နေကြသည်။ သူတို့ တစ်ဦးချင်းစီမှ ဖိတ်ကြားထားသော အဆိုတော်များမှလွဲလျင် အခြားသူများ ဖိတ်ကြား ထားသည့် အဆိုတော်များက ဘယ်သူလဲဆိုသည်ကို သူတို့ မသိကြချေ။ ၎င်းက သူတို့၏ သိချင်စိတ်ကို တိုးလာစေပြီး သူတို့၏ မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံကြရသကဲ့သို့ ခံစားနေရသည်။
ပြင်ဆင်မှုများအားလုံး ပြီးသွားပြီးနောက် စတင်ရန် အသင့်ဖြစ်သွားလေသည်။
စင်မြင့် ပတ်ပတ်လည်မှ ကင်မရာများက တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူများကို စင်မြင့်အား အပြည့်အဝ မြင်ရစေရန် ဖန်တီးပေးထားသည်။
သူတို့သည် အပေါ်မှနေ၍ ကင်မရာကို ကြိုးဆွဲ၍ ဆင်ထားသဖြင့် မြင်ကွင်းကျယ်ကိုပင် မြင်ရလေသည်။
စင်ပေါ်မှ မီးရောင်များ လင်းလာပြီးနောက် ရုတ်တရက် တစ်နေရာသို့ သွားဆုံလေသည်။ များစွာသော မီးရောင်များက စတိတ်စင်၏ အနောက်ဘက်မှ တံခါးတစ်ခုသို့ ဦးတည်၍ ချိန်ထားသည်။ ထို့နောက် တံခါး ပွင့်လာပြီး အနီရောင် ညနေခင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင် မျက်နှာဖုံးကို တပ်ထားသည့် သွယ်လျသော အမျိုးသမီး တစ်ယောက် ထွက်လာသည်။ သူမ ဒေါက်ဖိနပ်သံများက လမ်းလျှောက်သည်နှင့် ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။ မကြာခင်မှာပင် သူမက စင်၏ အလယ်၌ ကြော့မော့စွာ ရပ်လာ၏။
ထိုအမျိုးသမီးက မိုက်ကိုမြှောက်၍ တင့်တယ်စွာ ကြေညာလာ၏။
“ထျန်းထျန်းလူလျိုက အဓိက ပံ့ပိုးပေးသော ချန်စီ ရုပ်သံရဲ့ ဆန်းကြယ်တဲ့ ဂီတပွဲ - Masked Singers ကနေ ကြိုဆိုပါတယ်”
သူမ၏ ဆွဲဆောင်မှုရှိသော အသံကြောင့် ခန်းမတစ်ခုလုံး ပို၍ ဆူညံလာပြီး အချို့သော ပရိသတ်များက မတ်တပ်ထရပ်၍ လက်ခုပ်တီးကာ အော်ဟစ် အားပေးကြသည်။
အချို့သော ကြော်ငြာအကြောင်းများ ပြောပြီးနောက် ထိုအမျိုးသမီးက လက်ကိုမြှောက်၍ သူမ၏ မျက်နှာဖုံးကို ကိုင်ကာ ဖြည်းဖြည်းချင်း ချွတ်လာသည်။ သူမ၏ ဖြူဝင်းသော အသားအရေ၊ ရွှန်းလဲ့နေသော အနီရောင် နှုတ်ခမ်းနှင့် လှပသော မျက်နှာတို့က ဖြည်းဖြည်းချင်း ပေါ်လာလေသည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မကတော့ ရှင်တို့ရဲ့ အစီအစဉ် တင်ဆက်သူ လော့စီစီပါ”
ထိုအဖွင့်စကားနှင့်တင် ပရိသတ်များ ချက်ချင်း ဆူညံသွားသည်။
Masked Singers ၏ အပြင်အဆင်က အမှန်တကယ်ပင် မျက်နှာဖုံး တပ်ထားသည့် ပါဝင်သူများက အမှန်ကို ဖော်ထုတ်ပြသည့် အစီအစဉ်ပင်ပါတကား။ ထိုအကွက်က အားပေးသံများနှင့် လေချွန်သံများ ထွက်ပေါ် လာစေသည်။
“ဝိုး … ဒါ နတ်သမီးလေး စီစီပဲ၊ သူက သိပ်လှတာပဲ”
“သိမ်မွေ့လိုက်တာ၊ အား … သူက အလှဆုံး အစီအစဉ် တင်ဆက်သူပဲ”
“ဒီအစီအစဉ်က ပျော်စရာကောင်းပြီး စိတ်ဝင်စားဖို့လဲ ကောင်းတယ်”
“စလိုက်ကြတာပေါ့ကွာ၊ ငါ အနုပညာရှင်တွေကို ခန့်မှန်းချင်နေပြီ”
စင်အနောက်ဘက်၌ …
ရဲ့လင်းချန်သည် စိုးရိမ်ပူပန်နေသော ဆုမိုကိုကြည့်ပြီး ရယ်လိုက်မိသည်။
“ဟေ့ … စင်ပေါ်တက်ရမယ့်သူက ငါပါ၊ ဘာလို့ မင်းက စိုးရိမ်နေတာလဲ”
ဆုမိုက စိတ်ပျက်ဟန်နှင့် အကြည့်လွှဲလေသည်။
“ကျွန်မ ရှင့်ကိုယ်စား စိတ်ပူပေးနေတာလေ၊ ဒါ ရှင် စင်ပေါ်ကို တက်တဲ့ ပထမဆုံးအကြိမ်လေ၊ ရှင် တကယ် ပြင်ဆင်ထားရဲ့လား”
“အင်း ပြင်ထားတယ်လေ”
ရဲ့လင်းချန်က ရယ်နေပြီးမှ ဆုမိုကို စာရွက်တစ်ရွက် ပေးလိုက်သည်။
“စင်နောက်ကနေ ပံ့ပိုးပေးမယ့် ဂီတ ပညာရှင်တွေကို မင်း ဒီသီချင်းစာရွက်လေး ပေးပေးလို့ ရမလား”
“သီချင်းသစ်လား”
ဆုမိုက ရဲ့လင်းချန်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လာသည်။
ယင်းက သီချင်းသစ်စာရွက် ဖြစ်သဖြင့် ယင်းကို ယခင်က ထုတ်ဝေခြင်း မရှိဟု ဆိုလိုနေလေသည်။ သို့မဟုတ်ပါက သီချင်းစာရွက်ကို စင်နောက်သို့ ပေးရန် လိုမည် မဟုတ်ပေ။
“သီချင်းသစ် မဟုတ်ပါဘူး၊ ရှိပြီးသားသီချင်းရဲ့ သံစဉ်တွေကို ငါ နည်းနည်း ပြောင်းထားရုံလေးပါ”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
သူသည် သီချင်းသစ် ရေးသားရန် အလွန် ပျင်းရိနေခဲ့သည်။ ထို့အပြင် သူသာ သီချင်းသစ်တစ်ပုဒ်ဖြင့် အစကို ဖွင့်လိုက်ပါက အလွန်အကြူး ဖြစ်သွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ယင်းက အခြားသူများကို သူ့နောက်ခံအား အလွန် လွယ်ကူစွာ ခန့်မှန်းနိုင်ရန် ပံ့ပိုးပေးမိသွားပေမည်။ သို့သော် သူသည် အခြားသီချင်းများတွင် ဟာကွက်များ ရှိသဖြင့် ၎င်းတို့အား ပြန်လည်သီဆိုရသည်ကို မပျော်မရွှင် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် သီချင်းတစ်ပုဒ်အား သူ့အတွက် သီဆိုရာ၌ သက်တောင့်သက်သာ ရှိစေရန် မွမ်းမံခဲ့လိုက်သည်။
“ဒါကိုက တော်တော်လေး အံ့ဩဖို့ကောင်းနေပါပြီ”
လောင်စီစီက တလေးတစား ပြော၍ သီချင်းစာရွက်အား အသံပညာရှင်ထံသို့ ပေးလိုက်သည်။ Masked Singers ၏ အသံပညာရှင်အတွက်မူ သီချင်းစာရွက်သစ်တစ်ခုက ဘာမှမဟုတ်ချေ။
Masked Singers အတွက် ပြိုင်ပွဲကို အပိုင်း နှစ်ပိုင်း ခွဲထားသည်။ ပထမပိုင်းမှာ မဲနှိုက်ရခြင်း ဖြစ်သည်။ ယင်းက နှစ်ယောက်ချင်း ပြိုင်ပွဲ လေးပွဲအဖြစ် ပြန်ခွဲထားသည်။ အနိုင်ရသူ လေးယောက်က နောက်တစ်ပိုင်းသို့ တက်နိုင်ပေမည်။ ဒုတိယပိုင်းအား ရှုံးထွက်ပွဲစဉ်အဖြစ် ပြောင်းလဲထားပြီး ပြိုင်ပွဲဝင် လေးယောက်က တလှည့်စီ ပြိုင်ရမည် ဖြစ်ပြီး နောက်ဆုံးရောက်သည့် တစ်ယောက်က ပြိုင်ပွဲမှ ထွက်ခွာရပေမည်။ ရှုံးထွက် ပွဲစဉ် သုံးပွဲ ပြီးမှ အနိုင်ရသူအား ဆုံးဖြတ်နိုင်ပေလိမ့်မည်။
ရဲ့လင်းချန်သည် နံပါတ်နှစ် ကျပြီး နံပါတ်တစ်နှင့် ပြိုင်ရမည် ဖြစ်ကာ စင်ပေါ်သို့ ဒုတိယမြောက် တက်ရမည့်သူ ဖြစ်သွားလေသည်။
Masked Singers စင်မြင့်ပေါ်၌ လောင်စီစီက ဖြည်းဖြည်းချင်း ကြေညာနေ၏။
“ကျွန်မတို့ရဲ့ ပထမဆုံး ပြိုင်ပွဲဝင်အား အသံအား ကောင်းပြီးတော့ အမြင့်သံ ကောင်းပါတယ်၊ အဘိုးအို အချောလေးကို ကြိုဆိုလိုက်ရအောင်”
*အဘိုးအို အချောလေးတဲ့လား*
*တစ်ယောက်ယောက်က အဲ့လိုနာမည်မျိုး သုံးရဲတဲ့အထိ အရေထူတယ်ပေါ့လေ*
*မျက်နှာဖုံးကြောင့် သူ့ကိုယ်သူ မာန်တက်နေတာလား*
ပရိသတ်များက တံခါးကို သိချင်စွာ ကြည့်နေကြသည်။ တစ်ချို့ဆိုလျင် ရယ်ပင် ရယ်နေကြသည်။ ထိုအခိုက်တွင် အထူး ဧည့်သည်တော်များကလည်း စဉ်းစားခန်း ဝင်နေကြလေသည်။
ထိုနာမည်ပြောင်က သူတို့ကို အနည်းဆုံး သတင်းနှစ်ခု ပေးလာခဲ့သည်။ အဆိုတော်မှာ ယောက်ျားလေး ဖြစ်ပြီး အသက် မငယ်ပေ။ ထိုသတင်းအချက်အလက်သည်လည်း အသုံးမဝင်နိုင်ပေ။ သူ သီချင်းစဆိုသည့် အခါမှသာ သူတို့ သိနိုင်ပေလိမ့်မည်။
“အရှက်မရှိလိုက်တာ၊ ဒါ ဘယ်သူလဲဆိုတာ ငါ သိပြီ ထင်တာပဲ”
စူပါစတားလျှိုက ဟက်ဟက်ပက်ပက် ရယ်လေသည်။
“ဝါး … သူ ထွက်လာပြီ”
“ဒီအဝတ်အစားက တကယ် ဖက်ရှင်ကျတာပဲ”
“ဟားဟားဟား အဘိုးအို အချောလေးဆိုတဲ့ သူ့နာမည်နဲ့ လိုက်ပါတယ်”
လောင်စီစီက နေရာမှဖယ်၍ စင်၏ ဘေးသို့ တိတ်တဆိတ် ရွှေ့သွားလေသည်။
ပထမဆုံး မျက်နှာဖုံးရှင် ပြိုင်ပွဲဝင်က စင်ပေါ် တက်လာလေပြီ။ သူ၏ မျက်နှာဖုံးက အနည်းငယ် ထူးခြားသည်။ ၎င်းက သံမျက်နှာဖုံး ဖြစ်ပြီး သူ၏ တစ်ကိုယ်လုံးအား စစ်ပွဲသွားတော့မည့်ဟန်ဖြင့် သံချပ်ကာများ ဝတ်ဆင် ထားသည်။ သူတို့ မည်သို့ပင် ကြည့်ပါစေ သူက သံချပ်ကာ စစ်သည်တော်နှင့် တူနေ၏။ ထို့နောက် သူက စင်မြင့်အလယ်သို့ လျှောက်လှမ်းလာသည်။
“လခွမ်း … ဒါက ဘာကြီးလဲ၊ အဲ့လောက် ကြပ်ထုတ်နေအောင် ဖုံးဖို့ လိုလို့လား”
“လခွမ်း ဒါကြီးက ရက်စက်လွန်းပါတယ်”
“ငါတို့ ဘယ်လိုလုပ် ခန့်မှန်းတော့မလဲ၊ ဒီရှိုးပွဲက ငါတို့ကို သဲလွန်စ ဘယ်လိုပေးရမလဲ ဆိုတာကို မသိဘူးလား”
ဧည့်သည်များက မကျေမနပ် ပြောဆိုနေပြီး ပရိသတ်များက တစ်ကိုယ်တည်း စဉ်းစားနေကြသည်။
တုန်းချိုးက မေးစိကို ပွတ်၍ သုံးသပ်နေသည်။
“သူက အရပ် သိပ်မရှည်ဘူး”
ထိုအခိုက်မှာပင် မီးရောင်များ မှိန်ကျလာသည်။ ခန်းမထဲမှ ဆွေးနွေးသံများ လျင်မြန်စွာ ရပ်တန့်သွားပြီး ပရိသတ်များက စင်မြင့်ပေါ်သို့ ကြည့်လာကြသည်။
သီချင်းသံ စတင်ထွက်ပေါ်လာသည်။ ၎င်းက အလွန် ရင်းနှီးနေသည့် တက်ကြွ၊ ပျော်ရွှင်ဖွယ်ကောင်းသည့် တေးသွား တစ်ခုပင်။
အဖွင့်တေးသံကပင် သူတို့၏ မျက်လုံးများကို တောက်ပသွားစေ၏။
*ဒါ အဲ့သီချင်းပဲ*
ထိုစဉ် အဘိုးအို အချောလေးက မျက်လုံးကို မှိတ်၍ ခန္ဓာကိုယ်ကို တေးသွားအတိုင်း လိုက်ယိမ်းနေသဖြင့် အလွန် ရယ်ချင်စရာ ကောင်းလှသည်။ သူသည် ကနေသည်နှင့် တူသော်လည်း ကကွက်များက သာမန်ပင်။
ထို့နောက် သူက မိုက်ခ်ကို မြှောက်၍ သီချင်း စဆိုလေသည်။
“ငါနဲ့အတူ လိုက်ခဲ့ပြီး အရုဏ်တက်မှ ထွက်ခွာပါ
“အိပ်မက်က ပြီးသွားပြီမို့ ကြောက်စရာ မလိုပါဘူး
“ပျော်ရွှင်စရာ အိမ်အိုလေးလို့ ခေါ်တဲ့ နေရာလေး တစ်ခု ရှိပါတယ်
“အဲ့ဒါက နှလုံးသားနဲ့ နီးပင်မယ့် ကမ္ဘာကြီးနဲ့ ဝေးတယ်”
“ငါ လုပ်သမျှ အရာအားလုံးက အဲ့ဒါကို ရှာဖွေဖို့ပါ
“ငါ ဝမ်းနည်းမှုကို ကျော်ဖြတ်ရရင်တောင်မှ
“ပြဿနာမြစ်ကြီးကို ကျော်ဖြတ်ပြီးရင်တော့
“ငါ မနက်ဖြန်ဆို ရောက်လောက်ပါတယ် …