← Chapters

လောင်းကစား နတ်ဘုရား၏ တေးသွား

Vol. 6 Ch. 82

လောင်းကစား နတ်ဘုရား၏ တေးသွား

Vol. 6 Ch. 82

ကျန်းယွင်ရှီ အလွန် စိတ်လှုပ်ရှားနေသောကြောင့် အသက်ပင် မရှူနိုင် သည်အထိ ဖြစ်နေ၏။ ဤမျှ ပိုက်ဆံများစွာကို သူမဘဝ၌ တစ်ခါမှ မတွေးဖူးသော်လည်း ထိုမျှ ပိုက်ဆံကို သူမရှေ့မှ တင်ထားသည်ကို တွေ့နေရသည်။

“လင်းချန်”

သူမ အကြိမ်ပေါင်းများစွာ ပင့်သက်ရှိုက်နေပြီး သူမကိုယ်သူမ တည်ငြိမ်အောင် မနည်း လုပ်လိုက်ပြီးနောက် ရဲ့လင်းချန်အား စိုးရိမ်သော မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။

အကယ်၍ ဤပွဲ၌ သူမတို့ ရှုံးသွားလျင် သူမ သတိလစ်လောက်သည်။

“မစိုးရိမ်နဲ့ စိတ်အေးအေးထား”

ရဲ့လင်းချန်က ကျန်းယွင်ရှီကို ပြုံး၍ ကြည့်နေသည်။

“ခွေးသားလေး မင်းကတ်ကို ပြမှာလား မပြဘူးလား၊ မင်း ဘယ်လိုပဲ လုပ်လုပ် ဒီပွဲ မင်း ရှုံးတယ်”

လီစစ်က စိတ်မရှည်စွာ ငေါက်ငမ်းလာ၏။

“ခင်ဗျား‌ သေချာလား၊ မဟုတ်မှလွဲရော ကျုပ်ကတ်တွေက ဘာလဲ ခင်ဗျား သိနေတာလား”

ရဲ့လင်းချန်က လီစစ်ကို ကျီစယ်သော အကြည့်ဖြင့် ကြည့်၍ မေးလို က်သည်။ လီစစ်က လှောင်ရယ်လာသည်။

“မင်းကတ်တွေက သူ့ထက် နိမ့်တယ်လို့ပဲ ငါ ထင်တာ၊ ဒါ တရားဝင် ကာစီနိုလေ၊ ငါတို့ လိမ်စရာ အကြောင်း မရှိဘူး”

“ခင်ဗျား ရှုံးတဲ့အခါ အဲ့လို ပြောနိုင်ပါစေလို့ ကျုပ် မျှော်လင့်တယ်”

ရဲ့လင်းချန်က ပြုံးလိုက်ပြီးနောက် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက် သည်။

“လောင်းကစား နတ်ဘုရားခင်ဗျား ကျွန်တော့်ကို အားအင်များ ပေး သနားပါ”

“ဒန် တန့် တန့် … ဒန် ဒန် ဒန် …”

ရင်းနှီးသော တေးသံ တစ်ခု ထွက်လာသည်။ ၎င်းမှာ လောင်းကစား နတ်ဘုရား ရုပ်ရှင်ထဲမှ တေးသံပင်။

“မျိုးမစစ်ကောင် မင်း ဘာတွေလုပ်နေတာလဲ”

လီစစ် မျက်မှောင်ကြုတ်သွားသည်။

“တေးသံက ဘာလုပ်နိုင်မှာမို့လို့လဲ”

“ခင်ဗျား မှားနေပြီ၊ ဒါက လောင်းကစား နတ်ဘုရားရဲ့ တေးသွားပဲ”

ရဲ့လင်းချန်က သူ့ကို အမှန်ကို ပြင်ပြောပေးလိုက်သည်။

“ကျုပ်က သူ့တေးသွားကို ယုံကြည်တဲ့လူပဲ”

ထို့နောက် သူသည် ကျန်းယွင်ရှီအရှေ့၌ ကတ်များကို ပို့လိုက်သည်။

“ယွင်ရှီ ငါ အနိုင်ရအောင် ကတ်တွေကို မှုတ်ပြီး ဆုတောင်းပေးပါဦး”

ကျန်းယွင်ရှီ၏ လှပသော မျက်ဝန်းများက ရဲ့လင်းချန်ကို ငေးကြည့် နေပြီးနောက် ကတ်များကို သေချာ မှုတ်လိုက်သည်။ ဘေးပတ်လည်မှ လူအုပ်ကြီးက ခေါင်းခါပြီး စိတ်ပျက်သလို သက်ပြင်းချနေသည်။

*ဒီကောင် ပိုက်ဆံ အများကြီး ရှုံးသွားလို့ လန့်ရာကနေ ရူးသွားပြီ ထင်တယ်”

“အခု ငါ့ကတ်ကို ပြတော့မယ်”

ထိုစကားတစ်ခွန်းတည်းနှင့် သူသည် လူတိုင်း၏ အာရုံကို အဆုံးထိ တွန်းပို့လိုက်နိုင်သည်။ နောက်ခံ တေးဂီတ နှင့်အတူ သူသည် ကတ်များကို လေထဲသို့ မြှောက်လိုက်ပြီးမှ ဟန်အပြည့်နှင့် ပြန်ချလို က်သည်။

*Ace သုံးခုပါလား*

ထိုအခိုက်တွင် ကတ်သုံးကတ်သည် လူအများအမြင်၌ ရောင်စဉ်ဖြာ နေသည်ဟု ထင်မှတ်မှားရသည်။

လီစစ်၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေပြီး တစ်ခဏအတွင်း ကောင်းကင်ဘုံမှ ငရဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

“အား … ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီ”

ကျန်းယွင်ရှီက မယုံနိုင်စွာ ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး မျက်ရည်များ စီးကျလာသည်။

စားပွဲပေါ်၌ ရဲ့လင်းချန် ပေါင်းထည့်ထားသော ယွမ်သန်းနှစ်ဆယ်အပြင် နောက်ထက် ယွမ်သန်းသုံးဆယ်လည်း ရှိနေသည်။

ပြောရမည်ဆိုလျင် ဤပွဲ၌ ရဲ့လင်းချန် ယွမ်သန်းသုံးဆယ် ရသွား သည်ဟု ပြောရမည်။

အိပ်မက်ဆန်လှသော အခြေအနေကြောင့် ကျန်းယွင်ရှီ၏ စိတ်က ဗလာ ဖြစ်နေ၏။ ဘေးပတ်လည်မှ လူအုပ်ကြီးသည်လည်း ဆူညံ ပွက်လောရိုက် သွားသည်။

“ဒါ တကယ်ကြီးလား၊ ဒီကောင်လေး နိုင်သွားတာလားဟ”

“စုစုပေါင်း ယွမ်သန်းငါးဆယ်၊ သောက်ချီး ငါ့မျက်လုံးတွေ …”

“အခု လီစစ် ဒုက္ခရောက်ပြီ၊ ဒီတစ်ခေါက် သူ ပရိုနဲ့ သွားတွေ့တာပဲ၊ သူ အစကတည်းက ဟန်လုပ်နေတာ ဖြစ်မယ်”

“သူဌေး မိတ်ဆွေဖြစ်ရအောင်”

…

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

လီစစ်က သူ့ဆံပင် သူဆွဲဆောင့်နေပြီး မျက်နှာ နီရဲနေသည်။ သူ ရဲ့လင်းချန်ကို စူးစူးရဲရဲ ကြည့်လာ၏။

“မင်း ဘယ်လိုလုပ် ace သုံးခု ရှိနေသွားတာလဲ၊ နှစ်ခုပဲ ဖြစ်သင့်တာကွ”

သူ့မျက်လုံးများ ပြူးကျယ်နေပြီး ရဲ့လင်းချန်အား လက်ညှိုး ငေါက်ငေါက် ထိုးလေသည်။

“မင်း လိမ်နေတာ”

“ဟားဟား ကျုပ်ကတ်တွေက ဘာလဲဆိုတာကို ခင်ဗျား သိနေပြီး သားဆိုရင် ကျုပ် လိမ်တယ်လို့ ခင်ဗျား ဘယ်လိုလုပ် ပြောနိုင်ရတာလဲ”

ရဲ့လင်းချန် ရယ်လိုက်သည်။

“လောင်းကြေးက လောင်းကြေးပဲ၊ ဒါ တရားဝင် ကာစီနိုလို့ ခင်ဗျား ပြောခဲ့တာ မဟုတ်ဘူးလား”

“ဒါ တရားဝင် ကာစီနို ဟုတ်တယ်၊ ဒါပေမဲ့ မင်း လိမ်တယ်၊ ငါ မင်းကို ဒီနေရာက လုံးဝ ထွက်သွားခွင့် မပေးနိုင်ဘူး”

လီစစ်၏ မျက်နှာက မည်းမှောင်နေသည်။

“ငါ့ကောင်တွေ ကစားသမားကို ပို့လိုက်စမ်း”

ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်ပုံ ပေါ်သည့် လူမိုက်များက လက်နက်များကိုကိုင်၍ အနားသို့ လျှောက်လာသည်။ လူအုပ်ကြီးသည် စောဒက မတက်ရဲဘဲ အလျင်အမြန် ဘေးဖယ်ကြသည်။

“ခွေးသား မင်းကများ ငါ့ကို လှည့်စားရဲတယ်ပေါ့လေ”

လီစစ်၏ မျက်နှာထားက ခက်ထန်နေပြီး သတ်ဖြတ်ချင်စိတ် ပြင်းထန် နေ၏။

“ဒီနေ့ ငါ မင်းပိုက်ဆံ သန်းနှစ်ဆယ်နဲ့ မင်းကောင်မကိုတင် မကဘူး မင်းအသက်ကိုပါ ယူမယ်”

စားပွဲပေါ်မှ ပိုက်ဆံသည် သူ ကာစီနိုဖွင့်ကတည်းက ရှိရှိသမျှ သူ့အ ကုန်ပင်။ ရဲ့လင်းချန်ကသာ ယူသွားလျင် သူ့အနာဂတ်က မျှော်လင့်ချက် မဲ့ပေတော့မည်။

“တကယ်လား”

ရဲ့လင်းချန်က တည်ငြိမ်သော အမူအရာနှင့်‌ မေးလိုက်သည်။

“ကျုပ် ခင်ဗျားကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်၊ ခင်ဗျား ဒူးထောက် တောင်းပန်ပြီး ကျုပ်ကို ပိုက်ဆံနဲ့အတူ ထွက်သွားခွင့်ပေးရင် ကျုပ် ဒါကို မရှိခဲ့သလို သဘောထားလိုက်မယ်”

“ဟားဟားဟား … ဝါးဟားဟားဟား …”

လီစစ်က အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ အော်ရယ် နေသည်။ ရယ်နေချိန်တွင်လည်း နောက်ပြန်လန်မတတ် ဖြစ်နေပြီး မျက်ရည်ပင် ထွက်လာ၏။

“နောက်ဆုံးအချိန်အထိ ခေါင်းမာတာပဲ၊ မျိုးမစစ်ကောင် မင်း နေရာမှားပြီး ကြမ်းချင်ယောင်ဆောင်နေတာပဲ”

“ငါ မင်းကို နောက်မှ ခွင့်လွှတ်ဖို့ တောင်းပန်မယ်၊ အခုတော့ သေလိုက်တော့”

ဗလကောင်းကောင်းနှင့် လူမိုက်နှစ်ဆယ်ကျော်က ဘေ့စ်ဘော တုတ်များကို ကိုင်၍ ရဲ့လင်းချန်ကို ဝိုင်းလာသည်။

သူတို့၏ ခန္ဓာကိုယ်က ကြီးမားပြီး အရွယ်ရောက်ပြီးသား လူနှစ် ယောက်စာ အရွယ်အစားနီးနီး ရှိပြီး အပြုံးများက သွေးဆာပုံ ပေါက် နေသည်။

“သေပေတော့”

တစ်ယောက်က ဦးဆောင်၍ ရိုက်နှက်လာသည်။ သူ၏ ဘေ့စ်ဘော တုတ်ကို ခပ်မြင့်မြင့် မြှောက်၍ ရဲ့လင်းချန်၏ ဦးခေါင်းကို ရိုက်ချ လာ၏။

ရဲ့လင်းချန်က ခေါင်းကိုငုံ့လိုက်ပြီး လျှပ်စီးသဖွယ် လျင်မြန်စွာ ကန်ထုတ် လိုက်သည်။

လူတိုင်း ခပ်ရေးရေးသာ မြင်လိုက်ရပြီးနောက် ထိုလူမိုက်က ကန်ထုတ် လိုက်သော ဘောလုံးသဖွယ် လွင့်ထွက်သွားသည်ကို တွေ့လိုက် ရသည်။ သူသည် ကြမ်းပြင်ပေါ်၌ ဆန့်ငင်ဆန့်ငင် ဖြစ်နေပြီးနောက် ငြိမ်ကျ သွားသည်။

*သောက်ကျိုးနည်း ဒါ တကယ်ကြီးလား*

ထိုလူမိုက်သည် အနည်းဆုံး ပေါင်ချိန် သုံးရာ ရှိသည်။ ကန်ချက်လေး တစ်ခုတည်းနှင့် … သူက အနောက်သို့ လွင့်သွားသည်တဲ့လား။

ကျန်လူများလည်း မျက်ခုံးလှုပ်လာပြီး စိတ်ထဲ၌ စိုးရိမ်စိတ် ပေါ်လာကာ လှည့်ကွက်သုံးတတ်သော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟု သူတို့ ခံစားမိလာရသည်။

သို့သော် သူတို့သည် လေးပေါ်မှ မြားသဖွယ် ဖြစ်နေပြီး နောက်မဆုတ် နိုင်ကြချေ။ သူတို့ စိတ်အား တက်ကြွလာအောင် ညာသန်ပေး၍ ရဲ့လင်းချန်ထံ ပြေးတက်လာသည်။

“ဒုန်း ဒုန်း ဒုန်း ဒုန်း”

စည်းချက်ညီသော အသံတစ်သံ ထွက်ပေါ်လာသည်။

ရဲ့လင်းချန်က ဘောလုံးတစ်လုံးကို ကန်နေသလား အောက်မေ့ ရသည်။ သူ၏ ကန်ချက်က ရပ်နားခြင်း မရှိဘဲ တစ်ယောက်ချင်းစီအား အစဉ် လိုက် ကန်ထုတ်နေသည်။

စက္ကန့်နှစ်ဆယ် အကြာ၌ လူမိုက်နှစ်ဆယ်ကျော်သည် ကြမ်းပြင်၌ လဲနေကာ နာကျင်စွာ ညည်းညူနေကြသည်။ တစ်ယောက်မှ မထနိုင် တော့ချေ။

လီစစ် ကြက်သေ သေသွားသည်။ သူ့နဖူး၌ ချွေးများ စို့လာပြီး ခြေထောက်များ ပျော့ခွေလာကာ နေရာ၌ အမြစ်တွယ်နေသကဲ့သို့ ငိုင်၍ ရပ်နေ၏။

သူ တစ်ယောက်တည်း ရေရွတ်နေပြီး စိတ်လွတ်မတတ် ဖြစ်နေသည်။

“ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက လူမဟုတ်ဘူး”

“ကျန်းယွင်ရှီသည်လည်း ထိတ်လန့်လွန်း၍ ပါးစပ် အဟောင်းသား ဖြစ်နေသည်။ သူမသည် တောက်ပသော မျက်လုံးများဖြင့် ရဲ့လင်းချန် ၏ ကျောပြင်ကို ငေးကြည့်နေလေသည်။

သူမ အတွေးနွံထဲ နစ်မြောနေ၏။ ရဲ့လင်းချန်က တိုက်ခိုက်ရေး သမား ကောင်းတစ်ယောက်ဟု မည်သူက သိထားမည်နည်း။

“ဒုန်း”

ရဲ့လင်းချန်က သူ့ထံ တစ်လှမ်းချင်း လှမ်းလာနေသည်ကိုမြင်ပြီး လီစစ်က ချက်ချင်း ဒူးထောက်ကျသွားသည်။ သူ့မျက်နှာတွင် ကြောက် စိတ်များ ပြည့်နေပြီး တောင်းပန်လေတော့သည်။

“လူကြီးမင်း ကျုပ် မှားသွားပါတယ်၊ ခင်ဗျား ပိုက်ဆံကို ယူသွားလို့ ရပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ”

ရဲ့လင်းချန်က လီစစ်ကို အေးစက်စွာ ကြည့်နေ၏။

“ဟဲဟဲ ခင်ဗျား ကျုပ်အသက်ကို လိုချင်နေခဲ့တာလေ၊ ကျုပ်က ခင်ဗျားကို လွှတ်ပေးသင့်တယ်လို့ ထင်နေတာလား”

“လူသတ်တာက ဥပဒေနဲ့ မညီဘူး၊ မင်း ငါ့ကို မသတ်နိုင်ဘူး”

လီစစ် ထအော်လိုက်သည်။

“အခုတော့ ခင်ဗျား ဥပ‌ဒေ ရှိတာကို သိပြီပေါ့ ဟုတ်လား”

ရဲ့လင်းချန် ရယ်လိုက်သည်။

“ကျုပ် ခင်ဗျားကို မသတ်ဘူး၊ ဒါပေမဲ့ ငါ မင်းလက်ကို ချိုးမယ်၊ ဒါမှ မင်း နောက်ဆို ဘယ်သူ့ကိုမှ ပြဿနာ မရှာရဲမှာ”

“မဟုတ်ဘူး မလုပ် …”

လီစစ်၏ မျက်လုံးတွင် ဆောက်တည်ရာမရစိတ်တို့ ပြည့်နှက်နေ၏။

“ကလင် …”

ထိုအခိုက်တွင် လီစစ်၏ ဖုန်းက ထမြည်လာသည်။ ခပ်သွက်သွက် တစ်ချက် ကြည့်လိုက်ပြီးနောက် လီစစ်၏ အမူအရာက ကြံရာမရ ဖြစ်နေရာမှ ပျော်ရွှင်သွားဟန်သို့ ပြောင်းလဲသွားသည်။ မသိလျင် ရေနစ်နေသောသူက အသက်ကယ် ကောက်ရိုးမျှင်အား ရလိုက် သလိုပင်။ သူ ဖုန်းကို ခပ်မြန်မြန် ကိုင်လိုက်သည်။

“ဟဲလို သခင်လေးလုလား၊ ကျွန်တော်ပါ ရှောင်လီ”

“ဗျာ … ခင်ဗျား လာမလို့လား၊ ရတာပေါ့၊ ကျွန်တော် ခင်ဗျားကို စောင့် နေပါ့မယ်၊ ကျွန်တော် နည်းနည်း ပြဿနာလေး တက်နေရုံပါ”

“ခင်ဗျား လာမယ်ဆို ကျွန်တော် စိတ်အေးပါပြီ၊ ကျွန်တော် စောင့်နေ ပါ့မယ်”

ဖုန်းချလိုက်ပြီးနောက် သူ့မျက်နှာက နီလာသည်။ ထို့နောက် အရူးတစ်ယောက်ကဲ့သို့သော အကြည့်များဖြင့် ရဲ့လင်းချန်အား စိုက်ကြည့်၍ စိတ္တဇသဖွယ် ရယ်လိုက်သည်။

“ဟားဟားဟား မင်းတော့ သေပြီပဲ၊ သခင်လေးလု လာနေပြီ၊ မင်း ဆိုးရွားတဲ့ သေခြင်းနဲ့ သေရမယ်လို့ ငါ အာမခံတယ်၊ ဝါးဟားဟားဟား …”

All Chapters