← Chapters

မမျှော်လင့်ဘဲ ရေပန်းစားမှုအမှတ်များ တစ်ဟုန်ထိုး တက်လာခြင်း

Vol. 36 Ch. 530

မမျှော်လင့်ဘဲ ရေပန်းစားမှုအမှတ်များ တစ်ဟုန်ထိုး တက်လာခြင်း

Vol. 36 Ch. 530

၄,၈၂၅,၈၈၉။

ရဲ့လင်းချန် နားဝေတိမ်တောင် ဖြစ်သွားလေသည်။ သူ မျက်လုံးကို ပွတ်၍ အကြိမ်ပေါင်းများစွာ ပြန်ကြည့်ပြီးမှ သူ့အမြင် မှန်ကြောင်း သိလိုက်ရသည်။

*ဂလု*

*လေးသန်းကျော်ပါလား*

ရဲ့လင်းချန် ပင့်သက်ရှိုက်သွားရသည်။ သူ မှတ်မိသလောက်ဆိုလျင် နောက်ဆုံးတစ်ခေါက် ကြည့်ခဲ့စဉ်က သူ၏ ရေပန်းစားမှု အမှတ်က ၂.၅ သန်းထက်ပင် နည်းနေသေးသည်။

*ဒါ နှစ်ဆနီးပါးပဲ၊ ဒါ သောက်ကျိုးနည်း ဖြစ်နိုင်ချေ အားလုံးကို ကျော်နေတာကြီးလေ*

သူ၏ ရေပန်းစားမှု အမှတ်များ တိုးလာရန် မည်မျှ ခက်ခဲကြောင်း ရဲ့လင်းချန် သိပါသည်။ ဧရာမ စပါးအုံးမြွေကြီးနှင့် လိပ်အိုကြီးတို့ ပေါ်လာသည့် အချိန်အတွင်းတွင်သာ သူ၏ ရေပန်းစားမှုအမှတ်က သန်းချီ၍ တိုးလာခဲ့ဖူးသည်။ သီချင်းတစ်ပုဒ် သို့မဟုတ် ဝတ္ထုတစ်ပုဒ်က ရေပန်းစားမှု အမှတ် တစ်သိန်းကျော် တိုးလာအောင် လုပ်နိုင်လျင်ပင် အတော်လေး ကံကောင်းသည်ဟု သတ်မှတ်ရပေမည်။

ဤသည်က နှစ်သန်းကျော် တန်းတိုးလာခြင်းပင်။ ထိုမျှ များပြားသော ပမာဏက ကောင်းကင်မှ ကျလာသလို ပင်တည်း။

ထိုမျှ များပြားသော ပမာဏက ကောင်းကင်မှ ပြုတ်ကျလာသည်ကို ရဲ့လင်းချန်ကိုယ်တိုင် ယုံကြည်ရ ခက်နေသည်။

သူသည် စိတ်လှုပ်ရှားနေပြီးနောက် သူသည် ပင့်သက်ရှိုက်၍ သူ၏ ရေပန်းစားမှု အမှတ်ကို အလွန် များပြားစွာ တိုးလာအောင် လုပ်နိုင်သည့် လတ်တလော အဖြစ်အပျက်များကို စတင်၍ သုံးသပ်လေတော့သည်။

သူ စဉ်းစားမိသည့် တစ်ခုတည်းသော အရာမှာ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ထုတ်လွှင့်မှုပင်။ မနေ့ညက ကြည့်ရှုသူနှုန်းများ တစ်ဟုန်ထိုး တိုးလာပြီးနောက် ရေပန်းစားမှု အမှတ်ကလည်း တိုးလာမည် ဖြစ်သည်။ သို့သော် ယင်းက ဤမျှ ပမာဏ မများနိုင်ပါ။ ရဲ့လင်းချန် ခန့်မှန်းမိသလောက်ဆိုလျင် အနည်းဆုံး တစ်သိန်းခွဲ ရလျင်ပင် မဆိုးလှဟု သတ်မှတ်ရပေမည်။

သူ ဖုန်းကိုထုတ်၍ ဝေ့ပေါ်ထဲသို့ ဝင်လိုက်သည်။ ထိပ်တန်း ရေပန်းစားနေသော ရှာဖွေမှုများကို မြင်သောအခါ သူ အတော်လေး အံ့ဩသွားရသည်။

မမျှော်လင့်ဘဲ စူပါမန်းဝိုင် ပေါ်လာခြင်းက အတော်လေး ဂယက် ရိုက်သွားစေခဲ့သည်။ ၎င်းက တကယ်ကို အံ့ဩစရာပင်။ သူသာ စောစော သိခဲ့ပါက သူ၏ သူရသတ္တိကို ပြသမိမည် ဖြစ်သည်။

သို့သော် ၎င်းကိုပါ ပေါင်းလျင်တောင်မှ … မလုံလောက်သေးပေ။

သူ၏ ရေပန်းစားမှုက လူပေါင်း ၂.၃သန်းကြောင့် တိုးလာခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်နှစ်ခု ပေါင်းပြီး ရေပန်းစားမှု တစ်သန်းရလျင်တောင်မှ အလွန် ဟုတ်နေလေပြီ။

*တခြား ဘာများ ဖြစ်ခဲ့လို့လဲ*

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်နေသည်။ သူ အခြားသော အကြောင်းပြချက်များကို စဉ်းစား၍ မရသလို အင်တာနက်ပေါ်၌လည်း အခြားသော သဲလွန်စများကို ရှာမတွေ့ချေ။ ယင်းက မကောင်းသော ကိစ္စ မဟုတ်သဖြင့် သူ အတွေးမလွန်ရန် ဆုံးဖြတ်လိုက်သည်။ တကယ်တမ်း၌ သူသည် ဤသို့သော အံ့ဩစရာများ ပိုရှိနေပါစေဟု မျှော်လင့်နေ၏။

သမုဒ္ဒရာ၏ အခြားတစ်ဖက်၊ တရုတ်နိုင်ငံနှင့် အလွန် ဝေးကွာသော နိုင်ငံတစ်နိုင်ငံ၌ ကိစ္စကြီးတစ်ခုက တစ်ချိန်တည်း လိုလို ဖြစ်ခဲ့သည်ကို သူ မသိလိုက်ပေ။

ဗြိတိသျှနိုင်ငံ။

၎င်းသည် အခြားသော နိုင်ငံများနှင့် လုံးဝ ကွဲပြားသော စနစ်ရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ဘုရင်စနစ်က ထောက်ခံနေဆဲ ဖြစ်ကာ။ အလွန် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပျက်နေသည်။ ယင်းမှာ မိဖုရားများစွာ ရှိနေသဖြင့် ထိုနိုင်ငံ၌ တော်ဝင် မင်းသားနှင့် မင်းသမီးများစွာ ရှိလာလေသည်။

လွန်ခဲ့သော နှစ်ရက်။

ရဲ့လင်းချန် ဒီဇိုင်းဆွဲထား‌သော အိတ်က ပြည်ပနိုင်ငံများ၌ စတင်၍ ပွဲဦးထွက်လာသည်။ တရုတ်နိုင်ငံအပြင် နိုင်ငံအားလုံး၌ ယင်းကို အတိုက်အခံ ပြုလုပ်ခဲ့ပြီး ဗြိတိသျှနိုင်ငံသည်လည်း ခြွင်းချက် မဟုတ်ချေ။

ယင်းက တရုတ်နိုင်ငံမှ ပထမဆုံး တန်ဖိုးကြီးပစ္စည်း မဟုတ်ပါလော။ ၎င်းနှင့်တင် လူတိုင်းကို မသက်မသာ ခံစားရစေသည်။ ရဲ့လင်းချန်၏ ထုတ်လုပ်မှု ကန့်သတ်ထားသော ဗျူဟာကိုပါ ပေါင်းလိုက်သောအခါ ပြည်ပ နိုင်ငံတစ်နိုင်ငံတိုင်း ရရှိသည့် အိတ်အရေအတွက်က အလွန် နည်းပါးပြီး လူတိုင်း၏ စိတ်ထဲ၌ မကျေနပ်သော ခံစားချက်များ ဖြစ်ပေါ်လာစေ၏။

ပြစ်တင်ဝေဖန် ရှုတ်ချခြင်း များစွာ ရှိခဲ့ပေသည်။

*တရုတ်နိုင်ငံက တန်ဖိုးကြီး ပစ္စည်းတွေ ထုတ်နိုင်တဲ့ အစွမ်းအစ ရှိလို့လား၊ မင်းကိုယ်မင်း မိုက်လှပြီလို့ ထင်နေတယ် မဟုတ်လား၊ တန်ဖိုးကြီး ပစ္စည်း၊ ဒါပဲလား၊ ငါ လုံးဝ မဝယ်ဘူး၊ မင်း ဘာလုပ်နိုင်လဲ ငါ ကြည့်ရ သေးတာပေါ့*

အစက အသေးအဖွဲ ကိစ္စလေးသာ ဖြစ်သော်လည်း မကြာခင်မှာပင် တစ်နိုင်ငံလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည့် ကိစ္စကြီးတစ်ခု ဖြစ်လာပေသည်။

ဗြိတိသျှနိုင်ငံ၏ လက်ရှိ ဘုရင်မ၏ သမီးအငယ်ဆုံး အဲလစ်သည် ဘုရင်မ၏ ပြီးပြည့်စုံသော အသွင်အပြင် အလုံးစုံနီးပါးကို အမွေရထားသည်။ သူမ၌ ရွှေအိုရောင် လှိုင်းတွန့်ပုံစံဆံနွယ်၊ မျက်လုံးပြာများ၊ နူးညံ့လှသော ပုံစံရှိသည်။ သူမ၏ အဆင့်အတန်းကိုပါ ပေါင်းလိုက်သောအခါ သူမသည် ပြည့်စုံသော နတ်ဘုရားမလေး ဖြစ်နေလေသည်။ သူမသည် မိန်းကလေးတစ်ယောက် အလှဆုံးအချိန်ဖြစ်သည့် အသက် ဆယ့်ခုနစ်နှစ်သို့ ရောက်ရှိ နေလေပြီ။

ဥရောပ၏ အလှအပ တိုင်းတာခြင်း၌ အဲလစ်သည် နတ်သမီးတစ်ပါးနှင့် အတူဆုံး မိန်းကလေးဟု သတ်မှတ် နိုင်ပေသည်။ သူမ ဓာတ်ပုံများ ပါဝင်သော မဂ္ဂဇင်းတစ်အုပ်ဆိုလျင် ဈေးကွက်ထဲ ရောက်သည်နှင့် ချက်ချင်း ရောင်းကုန်သည်အထိပင်။

“ဒီအိတ်က တကယ် အံ့ဩဖို့ ကောင်းတာပဲ၊ ဒါက ကိုင်လို့ကောင်းပြီးတော့ ဒီဇိုင်းကလဲ လုံးဝ မိုက်တယ်”

အဲလစ်သည် အဖြူရောင် ပန်းပွင့်ပုံစံ ပါသော အပြာဖျော့ဖျော့ စကပ်ကို ဝတ်ကာ ခုတင်ပေါ်၌ လှဲနေသည်။ သူမ ဦးခေါင်းတွင် ပန်းရောင် လိပ်ပြာပုံစံ ကလစ်ကိုပါ ထိုးထားသဖြင့် ဖြူစင်တက်ကြွမှုတို့နှင့် ပြည့်နေလေသည်။

လက်ရှိတွင် သူမသည် သွယ်လျသော ခြေထောက်နှစ်ဖက်ကို ထောင်၍ ခုတင်ပေါ်၌ မှောက်လျက်လှဲကာ သူမရှေ့မှ အနက်ရောင်အိတ်ကို ကြည့်နေသည်။ သူမ၏ ညာလက်ကို အိတ်အား နှစ်ခြိုက်စွာ ပွတ်သပ်နေ၏။

“အေးသလို ခံစားရပင်မယ့် အတော်လေး ချောမွေ့တယ်၊ ထူးဆန်းတဲ့ ပစ္စည်းပဲ”

သူမက တစ်ကိုယ်တည်း ရေရွတ်နေသည်။

“ဒါက တရုတ်နိုင်ငံသုံး ယွမ်လေးသောင်းပဲ ရှိတယ်၊ ဈေးသိပ်မကြီးဘူး၊ ငါ့ရဲ့ အခြား တန်ဖိုးကြီး ပစ္စည်းတွေထက် ပိုပြီးတော့ အဆင့်မြင့်သလို ခံစားရတယ်”

မင်းသမီးတစ်ပါး ဖြစ်သောကြောင့် သူမ၌ တန်ဖိုးကြီး ပစ္စည်းများ ပြတ်လပ်မနေပါ။ မည်သည့် အမှတ်တံဆိပ်ပင် ဖြစ်နေပါစေ ဗြိတိသျှနိုင်ငံတွင်းသို့ ရောက်သည်နှင့် သူမ ဝယ်ပြီးသားပင်။ ဤအိတ်ကလည်း ခြွင်းချက် မဟုတ်ပါ။

“မင်းသမီးလေး၊ ကား အဆင်သင့် ဖြစ်ပါပြီ”

“လာပြီ”

အဲလစ်သည် ခုတင်ပေါ်မှ ထ၍ အိတ်ကိုလွယ်လိုက်သည်။

ရှေးခေတ်များနှင့် မတူဘဲ မင်းသမီးများသည် ဈေးဝယ်ထွက်နိုင်ပြီး မကြာခဏ အထူးခရီးများ သွားတတ် ကြသည်။

အစောပိုင်းက အစောင့်များကြောင့် ရှင်းလင်းနေသော လမ်းမများထက်၌ အစောင့်အရှောက်ပါသော ယာဉ်တန်းက ဖြည်းဖြည်းချင်း သွားနေသည်။ လူများစွာက အစောင့်များ၌ ဝိုင်းနေပြီး အဝေးမှ လှမ်းကြည့် နေကြသည်။

“ဒီလို ဈေးဝယ်ထွက်ရတာ ပျင်းဖို့ ကောင်းလိုက်တာ”

အဲလစ် မနေနိုင်ဘဲ ညည်းတွားမိသည်။ ဈေးဝယ်ထွက်ခြင်းဟု ပြောသော်လည်း အနောက်ဘက် ဥယျာဉ်ထဲ၌ လမ်းလျှောက် ထွက်နေရသလိုပင်။

အကြောင်းမှာ လမ်းများနှင့် ဈေးဝယ်စင်တာများကို ကြိုရှင်းထား၍ ဖြစ်လေသည်။ ဈေးဝယ်စင်တာထဲမှ ရောင်းသူများမှ လွဲလျင် ဝယ်သူက အဲလစ် တစ်ယောက်တည်းသာ ရှိလေသည်။ ထိုရောင်းသူများတောင်မှ ရောင်းသူ နေရာကို တာဝန်ယူထားရသည့် သက်တော်စောင့်များ ဖြစ်ပေသည်။

ထို့အပြင် အဲလစ်သည် လုံးဝ ပိုက်ဆံဖြုန်းစရာ မလိုပေ။ သူမ လိုချင်သည့် ဘယ်အရာကိုမဆို ယူလိုက်ရုံပင်။

မင်းသမီးတစ်ပါးအတွက် ဈေးဝယ်ထွက်ခြင်းက အဓိပ္ပာယ်မဲ့ပြီး ပျင်းစရာ ကောင်းလှသည်။

အဲလစ်သည် မသိမသာ မျက်မှောင်ကြုတ်နေပြီး ဦးတည်ရာမဲ့စွာ လမ်းလျှောက်နေသည်။ သူမသည် လမ်းတစ်လျှောက်၌ လျှောက်ကြည့်၍ ရွေးချယ်ကာ သူမကိုယ်သူမ ပျော်အောင် လုပ်နေလေသည်။

“ဒိုင်း”

ထိုသို့သောအချိန်၌ သေနတ်သံတစ်သံ ထွက်ပေါ်လာပြီး အဲလစ်အား အံ့ဩသွားစေသည်။

“အား … လူသတ်နေပြီ”

“အကြမ်းဖက်သမားတွေ ရောက်နေပြီ၊ အားလုံး‌ ပြေးကြ”

“ဘုရားသခင်၊ သူတို့က လက်နက်ပါတယ်၊ သူတို့က အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်သမားတွေ၊ သူတို့က မင်းသမီးကို သတ်ဖို့လာတာ”

“အား … အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ အကြမ်းဖက်သမားတွေ ရောက်နေပြီဟ”

…

အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာပြီး လူများစွာ၏ အသက်လု၍ ထွက်ပြေးနေသော ခြေသံများကို ကြားနေရသည်။ အစက အေးချမ်းနေသော ပတ်ဝန်းကျင်သည် ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွား လေသည်။

“ဝုန်း”

ထိုစဉ် ဈေးဝယ်စင်တာ တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး မီးခိုးငွေ့များ ထွက်လာ၏။

“သောက်ကျိုးနည်း၊ ဗုံးတွေတောင် ရှိနေတယ်၊ သူတို့ အစောကြီးကတည်းက စီစဉ်ထားတာ ဖြစ်မယ်၊ မင်းသမီးလေး ဒုက္ခရောက်နေလောက်ပြီ”

လူအုပ်ကြီးသည် ထိုသို့ တွေးမိသည်နှင့် တိုက်ခိုက်ခံရသော ဈေးဝယ်စင်တာကို လှမ်းကြည့်ကြသည်။

“မင်းသမီး ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ”

သက်တော်စောင့်များက အဲလစ်ကို ဝိုင်းထားကြပြီး အမူအရာက တည်ငြိမ်နေသည်။ သူတို့သည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ လေ့လာ၍ မမြင်ရသော မည်သည့် အန္တရာယ်အတွက်မဆို သတိဖြစ်နေကြသည်။

“ဒိုင်း ဒိုင်း”

ရုတ်တရက် မီးထလောင်ပြီး သေနတ်ပစ်သံများက တဖြည်းဖြည်း နီးလာသည်။

“မင်းသမီးလေးကို ကာကွယ်ကြ”

သက်တော်စောင့်များက ခြိမ်းခြောက်မှုကြီးနှင့်တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ပြုမူနေပြီး ဈေးဝယ်စင်တာက ချက်ချင်း တိုက်ပွဲမြေ ဖြစ်သွားလေသည်။

အကြမ်းဖက်သမားများက ဈေးဝယ်စင်တာထဲသို့ အသည်းအသန် ပြေးတင်လာသည်။ တစ်ချိန်တည်းမှာပင် ဗြိတိသျှနိုင်ငံ၏ သက်တော်စောင့်များကလည်း ပြေးလာ၏။ နှစ်ဖက်လုံး အဆက်မပြတ် သေနတ်ဖြင့် ပစ်နေကြသည်။ သွေးများက နေရာတိုင်းသို့ လွင့်စဉ်လာပြီး ဘယ်သူမဆို အချိန်မရွေး သေသွားနိုင်လောက်သည်။

“မင်းသမီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”

သက်တော်စောင့်များသည် အန္တရာယ် အခြေအနေ၌ တည်ငြိမ်နေပြီး ဈေးဝယ်စင်တာထဲမှ ထွက်ရန် ပြင်ကြသည်။

သူတို့အဖွဲ့ ဈေးဝယ်စင်တာထဲမှ ထွက်လာချိန်တွင် သက်တော်စောင့်တစ်ယောက်က ခေါင်းသို့ အပစ်ခံလိုက် ရသည်။

သွေးများ ပန်းထွက်လာပြီး မလှုပ်မယှက် သေဆုံးသွားလေသည်။

“အား…”

အဲလစ်သည် ကြောက်စိတ်ကြောင့် ဖြူရော်လာပြီး အတွေးထဲ ဗလာ ဖြစ်သွားလေသည်။ ရုတ်တရက် သူမ ကြောက်ရွံ့ကာ အော်ဟစ်လေတော့သည်။ သူမမျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်ကာ မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။

“မင်းသမီးက ဒီမှာဟေ့၊ သူ့ကို သတ်ကြ”

“အားလုံး မင်းသမီးကို ကာကွယ်ကြ၊ ဘုရင်မနဲ့ နိုင်ငံအတွက် ကာကွယ်ကြ”

…

All Chapters