← Chapters

စစ်မြေပြင်၌ သတ်ဖြတ်ခြင်း

Vol. 48 Ch. 715

စစ်မြေပြင်၌ သတ်ဖြတ်ခြင်း

Vol. 48 Ch. 715

*သန်မာတယ်၊ ဒီသတ္တဝါတွေက သန်မာနေတာပဲ*

ရဲ့လင်းချန်သည် သူ့တွင် စနစ်ရှိသဖြင့် လွယ်ကူနေခဲ့ကာ အလွယ်တကူ ကျင့်ကြံနိုင်ပြီး မည်သည့် အမှားမဆို ရှောင်တိမ်းနိုင်ခဲ့သည်။ အဆင့်တူ၏ သိုင်းပညာများကို ရရှိချိန်သောအခါတွင်လည်း သူက နောက်ပိုင်းတွင် အဆင့်မြှင့်တင်နိုင်ခဲ့သည်။

အထူးသဖြင့် စီချွမ်-တိဘက် ဒေသသို့ သူ သွားခဲ့စဉ်က ဖြစ်သည်။ မူလ စိတ်ဝိညာဉ် စဦးအဆင့်၌ ရှိသော မိုသခင်ကြီးနှင့် ရင်ဆိုင်ရပြီးနောက် သူသည် သန်မာသည်ဟု ခံစားမိပြီး သူ့အရည်အချင်းများအပေါ် ယုံကြည်ချက် ရှိလာခဲ့သည်။

မူလ စိတ်ဝိညာဉ်အဆင့်ထက် သာလွန်သော အဆင့်များ ရှိနေလျှင်တောင်မှ သူ့ကိုယ်သူ အဆင့်တူများအတွင်း ပြိုင်ဘက်ကင်းသည်ဟု တွေးမိနေဦးမှာ ဖြစ်သည်။

သို့သော်ငြားလည်း ယခုအခါ၌  သူ မှားယွင်းနေခဲ့ကြောင်း သတိပြုမိသွားသည်

သူ၏ အတွင်းအားနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် အထောက်အကူဖြစ်သော သိုင်းပညာများစွာကို ကျင့်ကြံခဲ့ပါ၏။ သူသည် မိုသခင်ကြီးထက် ပို၍ သန်မာသော်လည်း နှိုင်းယှဉ်ကြည့်သောအခါ အခြေအနေက ကြည့်မကောင်းပေ။

ဤသတ္တဝါများသည် ဟင်းလင်းပြင်နယ်မြေအတွင်း၌ နေထိုင်ခဲ့ပြီး သူတို့၏ ကျင့်ကြံရေး သိုင်းပညာများက ပုံမှန် မဟုတ်သည်မှာ အသေအချာပင်။ ၎င်းတို့အပြင် သူတို့ကိုယ်တွင်း၌ အကြောက်အလန့်ကင်းစိတ် ရှိနေပြီး တိုက်ပွဲပေါင်း ရာချီ၍ အတွေ့အကြုံ ရှိကာ သူတို့၏ ခွန်အားကို အပြည့်အဝ တိုးတက်စေနိုင်ခဲ့သည်။

ထိုသတ္တဝါများ မဆိုထားနှင့် သိုင်းပညာစံအိမ်မှ စစ်သည်တော်များတောင်မှ အတိုက်အခိုက် ကျွမ်းကျင်ကြသည်။ ထို့အပြင် သူတို့သည် သိုင်းပညာစံအိမ်၏ အရင်းအမြစ်များကို သုံးစွဲခွင့်ရှိပြီး သိုင်းကျမ်းများ ပို၍ ကျင့်ကြံနိုင် ကြလေသည်။ သူတို့၏ တိုးတက်မှုသည်လည်း လျင်မြန်ပြီး အင်အားကြီးလာစေသည်။

*မမောက်မာနဲ့*

ရဲ့လင်းချန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။

သူ့တွင် အဆင့်မြင့်အဆင့်၌ အရဟာ လက်သီးစွမ်းအင်၊ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ရေးနှင့် လျင်မြန်စွာ ပြေးခြင်း စွမ်းရည်သာ ရှိပြီး အခြေခံအဆင့်၌ နဂါးဖမ်းလက် သိုင်းပညာသာ ရှိသည်။ ထိုသိုင်းပညာများအား ဟင်းလင်းပြင် နယ်မြေ၌ အဆင့်မြင့် သိုင်းပညာများဟု မသတ်မှတ်နိုင်ပေ။

ဟင်းလင်းပြင်နယ်မြေ၌တွင်း၌ စိတ်ဝိညာဉ်ကျောက်တုံးများ၊ စိတ်ဝိညာဉ်အသီးများ ရှိပြီး သူတို့၏ များစွာသော လက်နက်များကလည်း တမူထူးခြားသည်။ သိုင်းပညာ ကျွမ်းကျင်သူများကလည်း ကြီးထွားလာသည်။ သူ့တွင် စနစ်ရှိသော်လည်း သူက ပြိုင်ဘက်ကင်း မဟုတ်ပေ။ သူ နှိမ့်ချ၍ နေထိုင်ရန် လိုအပ်နေသေးသည်။

သူ့အရှေ့မှ သတ္တဝါ၏ လည်ပင်းကို အသာချိုး၍ အမသတ္တဝါထံ သူ ဆက်၍ ပြေးဝင်သွားသည်။

စစ်မြေပြင်၌ ဒူးလေးပစ်သူ ဆယ်ဦးထက်မနည်း ရှိနေသည်။ ထိုဒူးလေးသမားများ၏ တည်ရှိမှုက မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်များ၏ နှလုံးသားထဲသို့ပင် ကြောက်စိတ် ဝင်ရောက်စေနိုင်၏။ ၎င်းဖြင့် ချိန်ရွယ်ခြင်း ခံရသည့် မည်သူမဆိုအတွက် တိကျသေချာသော သေခြင်းတရားက ရှိလုနီးပါးပင်။

အကယ်၍ အေအဆင့် သတ္တဝါများက ရဲ့လင်းချန်ထံ ပြေးတက်လာပြီး ထိုအမသတ္တဝါက သူ့ကို ဘေးမှ ပစ်နေပါက ရဲ့လင်းချန်၏ အခြေအနေက သေရေးရှင်ရေးတမျှ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ထိုအမသတ္တဝါကို သတ်ခြင်းက ရဲ့လင်းချန်အတွက် မဖြစ်မနေ လုပ်ရမည့် အရာ ဖြစ်နေ၏။

သူသည် ရှေ့သို့ ပေပေါင်းများစွာ တက်လာသော်လည်း ထိုအမသတ္တဝါကလည်း တစ်ချိန်တည်းလိုလို၌ နောက်ဆုတ် နေသည်။ ထိုအခိုက်တွင် အေအဆင့် သတ္တဝါများက ပြေးတက်လာသဖြင့် ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

“သူတို့ကို ထိန်းထား”

လူသားဘက်မှ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင် တစ်ယောက်က အော်ပြောလာပြီး ရဲ့လင်းချန်ကို ကြည့်နေသည်။ သူ၏ ကြီးရင့်နေသော မျက်နှာက တောက်ပလာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဖြန့်ကာ သူ့ဘက်မှ အေအဆင့် သတ္တဝါနှစ်ကောင်ကို ရင်ဆိုင်လေသည်။

အခြားသော မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်များကလည်း ထိုနည်းတူ ပြုမူနေ၏။ သူတို့က မသိလျှင် ဆေးသုံးထားသည်ဟု ထင်မှတ်ရပြီး သတ္တဝါများကို ထိန်းထားနိုင်ရန် အရာအားလုံးကို စွန့်စားနေကြသည်။

သူတို့သည် ရဲ့လင်းချန်ကို မသိသော်လည်း သူက လူသားတစ်ယောက် ဖြစ်သည်။ ထိုအချက်နှင့်တင် လုံလောက် နေလေပြီ။

ထိုအမည်မသိ သတ္တဝါများနှင့် ယှဉ်လိုက်လျှင် လူသားများသည် ပို၍ အားနည်းပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသတ္တဝါများသည် စိတ်ဝိညာဉ်စွမ်းအင် ပေါများသော ဟင်းလင်းပြင်နယ်မြေ၌ မွေးဖွားခဲ့ကြသော်ကြောင့်ပင်။ ယင်းကြောင့်ပင် သူတို့တွင် သိုင်းပညာရှင် အကျော်အမော်များစွာ ရှိနေခဲ့ကြသည်။ ၎င်းတို့ထဲက တစ်ယောက်ချင်း စီတိုင်းသည် စစ်သားများ ဖြစ်ပြီး လူသားတို့၏ အတိုက်အခိုက် စွမ်းအင်ထက် အဆပေါင်းများစွာ ပိုသာလေသည်။

ထို့ကြောင့်ပင် ဤနှစ်များအတွင်း တိုက်ပွဲများသည် အမြဲတမ်း တစ်ယောက်နှင့် အများ ဖြစ်နေပြီး လူသားတို့အား သူတို့၏ နေရာမှ ခုခံနေစေသဖြင့် အဆိုးဘက် ရောက်နေခဲ့သည်။

ရဲ့လင်းချန်၏ ရုတ်တရက် ဝင်ရောက်လာမှုက လူသား စစ်သည်တော်ဘက်၌ ဖိအား နည်းသွားစေခဲ့သည်။ ဘီအဆင့်နှင့် စီအဆင့် သတ္တဝါများက သူ့ထံ စတင် ပြေးဝင်လာ၏။ သို့သော် လူသား စစ်သည်တော်များကလည်း ငြိမ်မနေပေ။ သူတို့တွင် သွေးဆာမှုတို့နှင့် ပြည့်နေပြီး ရဲ့လင်းချန်အတွက် လမ်းဖွင့်ပေးရန် ကြိုးစားနေကြသည်။

ရဲ့လင်းချန်က အမသတ္တဝါနှင့် နီးကပ်လာနေလေပြီ။ သူမ၏ အကြည့်က ပို၍ ခက်ထန်လာပြီး မြားဖြင့် ထပ်ပစ်လာသည်။ သို့သော် ၎င်းက ရဲ့လင်းချန်ကို ချိန်ထားခြင်း မဟုတ်ဘဲ အနီးအနားမှ အထွတ်အထိပ်အဆင့် အတွင်းအားသုံး သိုင်းပညာရှင်ကို ချိန်ထားခြင်း ဖြစ်သည်။ ထိုသူ တစ်ချက်တည်းဖြင့် သေဆုံးသွားလေသည်။

“သတ်လိုက်”

ထိုစဉ် မြေကြီးပေါ် လဲနေသော စစ်သည်တော်က ရုတ်တရက် အော်ပြောလာသည်။ သူ၏ နောက်ဆုံးသော ခွန်အားကို သုံး၍ ထိုအမသတ္တဝါ၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။

‘ရွှစ်”

လျှပ်တစ်ပြက်အတွင်း ထိုစစ်သည်တော်၏ လက်ကောက်ဝတ် အဖြတ်ခံလိုက်ရသည်။ သို့သော် ထိုအမသတ္တဝါ အနည်းငယ်မျှ အချိန်ကြာသွားခဲ့လေသည်။

“ညီအစ်ကိုတို့၊ တက်ကြ”

စစ်သည်တော်များစွာက ရှေ့သို့ တက်လာပြီး အချို့က ဘေးနှစ်ဘက်မှ တက်လာကြသည်။ ယင်းက အမသတ္တဝါ၏ ပြေးလမ်းကို ကျဉ်းမြောင်းသွားစေသည်။

အခြားသော စစ်သည်တော်များကပါ တူညီသော နည်းလမ်းကို ကျင့်သုံးလာသည်။ သေဆုံးချိန်မှာတောင်မှ သူတို့က သူမကို နှောင့်နှေးစေရန် ကြိုးစားကြသည်။

ရဲ့လင်းချန်သည်လည်း ထိုအပြုအမူကြောင့် ခံစားသွားရသည်။ သူ၏ မျက်လုံးများက နီရဲလာပြီး ခပ်တိုးတိုး မာန်ဖီ၍ ရှေ့သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ အားပြင်းသော လက်သီးစွမ်းအင်က အရှေ့သို့ အမြောက်ဆန်အလား ပစ်ခွင်းသွားပြီး သူ့အရှေ့မှ ဘီအဆင့် သတ္တဝါ၏ ရင်ဘက်ကို ထိုးဖောက်သွားသည်။ ထို့နောက် လက်သီး စွမ်းအင်သည် အားလျော့သွားမည့် အရိပ်အယောင် မပြဘဲ ဒါဇင်ချီသော စီအဆင့် သတ္တဝါများကိုပါ ဆက်၍ သတ်ဖြတ်လေသည်။

ရဲ့လင်းချန်၏ သတ်ဖြတ်နှုန်းက မြန်သထက် မြန်လာသည်။ စီအဆင့် သတ္တဝါများစွာ ရှိသော်လည်း ၎င်းတို့က ရဲ့လင်းချန်၏ လမ်းကို ပိတ်ဆို့ရန် မဖြစ်နိုင်ပေ။ တစ်ခဏအကြာတွင် ရဲ့လင်းချန်သည် အမသတ္တဝါနှင့် တစ်မီတာပင် မဝေးတော့ချေ။

“ကကူ (သေပေတော့)”

ထိုစဉ် အမသတ္တဝါက ဒူးလေးကိုဝင့်၍ သူ့အား အနီးကပ် ပစ်လာသည်။

“အရူး”

ရဲ့လင်းချန်က ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။ သူ၏ အရဟာ လက်သီးစွမ်းအင်က အတိုင်းအတာ တစ်ခုအထိ စုစည်းကျစ်လျစ်လာပြီး မိုးကြိုးသဖွယ် ပစ်ခွင်းလာသည်။ လက်သီးစွမ်းအင်က နဂါးတစ်ကောင်သဖွယ် ရှေ့သို့ တက်သွားပြီး ကြီးမားသော အရှိန်အဟုန်တို့ ပါဝင်နေသည်။

ရဲ့လင်းချန်၏ လက်သီးစွမ်းအင်က ကျောက်ဆောင်ကိုပင် ကြေမွစေနိုင်၏။ လက်ရှိအခြေအနေတွင် သူ၏ ခွန်အားက အရူးအမူး တိုးလာနေသည်။ သူ၏ လက်သီးစွမ်းအင်နှင့်ဆိုလျင် စကျင်ကျောက်ပင် ဖုန်မှုန့် ဖြစ်သွားလောက်သည်။

ဒူးလေးသည် အားကောင်းသော်လည်း ရဲ့လင်းချန်၏ လက်သီးစွမ်းအင်ကို မယှဉ်နိုင်ပါ။

“ဝုန်း”

လက်သီးစွမ်းအင်သည် မြားကို ဖျက်စီးသွားသော်လည်း အရှိန်မလျှော့သွားဘဲ အမသတ္တဝါ၏ ရင်ဘတ်အား အထဲသို့ ချိုင့်ဝင်သွားစေခဲ့ပြီး အနောက်သို့ လွင့်ထွက်သွားလေသည်။

ရဲ့လင်းချန်သည် ထိုမျှနှင့် မရပ်ဘဲ အမသတ္တဝါအား နောက်ထပ် လက်သီးတစ်လုံးဖြင့် ထိုးနက်ကာ မုန့်မုန့်ညက်ညက် ကြေသွားအောင် သတ်စ်လိုက်သည်။

ထို့နောက် သူက အမသတ္တဝါ၏ ဒူးလေးနှင့် မြားကို အမြန် ဖမ်းယူ၍ သူ့ခါးနား၌ ချိတ်ထားလိုက်သည်။

“ကကူ”

ထိုအခါ အေအဆင့် သတ္တဝါများက ဒေါသတကြီး အော်ဟစ်လာသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် တိုက်ခိုက်နေရမှာ ဖယ်ခွာ၍ ရဲ့လင်းချန်ထံ ဒေါသူပုန်ထ၍ ပြေးလာလေသည်။

ရဲ့လင်းချန်သည် နောက်မဆုတ်ဘဲ ထိုအေအဆင့် သတ္တဝါထံသို့ ပြေးတက်သွားလိုက်သည်။ လမ်းတစ်လျှောက်၌ သူသည် အခြားသော သတ္တဝါများ၏ အသက်ကိုလည်း နုတ်ယူခဲ့သည်။

ထိုအေအဆင့် သတ္တဝါသည် လှံတစ်လက်ကို ကိုင်ဆောင်ထားပြီး ယင်းတွင် သွေးမြူခိုးတို့ ရစ်ပတ်နေကာ ရဲ့လင်းချန်အား အားပြင်းသို့ အရှိန်ဖြင့် ပစ်လွှတ် တိုက်ခိုက်လာသည်။

“ဝှီး”

လှံက လေကိုခွင်း၍ ဖြတ်သန်းလာ၏။ သွေးမြူခိုးအတွင်း ထူးခြားသော စွမ်းအင်တစ်မျိုးမျိုး ပါဝင်နေကာ တဖျပ်ဖျပ် အသံ ထွက်နေသည်။

ထိုသွေးမြူခိုးသည် ထိုသတ္တဝါ ကျင့်ကြံသည့် သိုင်းပညာနှင့် ပတ်သက်နေလောက်သည်။ ၎င်း၏ အခြေခံက စိတ်ဝိညာဉ် စွမ်းအင်နှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုသတ္တဝါ ကျင့်ကြံသော သိုင်းကျမ်းက တိုက်ပွဲအတွက် သက်သက် ရည်ရွယ်ထားလေသည်။ ၎င်းတွင် မလိုအပ်သော အကွက်များ ပါဝင်ခြင်း မရှိပေ။ မသည် ရိုးရှင်း၍ ဖြောင့်တန်းကာ ၎င်း၏ တိုက်ခိုက်မှုစွမ်းအားအား အမြင့်ဆုံး ရောက်စေသည်။

ရဲ့လင်းချန်က လက်ဗလာ ဖြစ်နေသော်လည်း ကြောက်လန့်ဟန် တစ်စက်ကလေးမျှ မပြဘဲ လှံအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ဝုန်း”

ရဲ့လင်းချန်၏ လက်ကောက်ဝတ် လှုပ်ယမ်းသွားပြီး အနည်းငယ် ထုံကျင်သွားသည်။ ဟင်းလင်းပြင်နယ်မြေမှ လက်နက်သည် အတော်လေး တစ်မူထူးခြားပေ၏။

အေအဆင့် သတ္တဝါ၏ လက်သည် လှိုင်းကြောင့် လုံးဝ ပုံပျက်သွားသည်. သို့သော် ၎င်းက လျင်မြန်စွာ ပြန်၍ ထိန်းချုပ်လိုက်သည်။ ၎င်း၏လှံကို တင်းကျပ်စွာ ကိုင်၍ ရဲ့လင်းချန်ကို ထိုးနှက်ပြန်သည်။

ရဲ့လင်းချန်၏ ဘယ်ဘက်လက်က လက်သည်းအသွင် ပြောင်းလဲသွားသည်။ နဂါးဖမ်းလက်က အခြေခံအဆင့်၌သာ ရှိသေးသော်လည်း ချောချောမွေ့မွေ့ အသုံးပြုနိုင်သည်။ သူ၏ လက်ချောင်းများက လှံတံကို သိမ်းငှက် လက်သည်းသဖွယ် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ထို့နောက် သူ၏ ညာဘက်အား လက်သီးအဖြစ် ဆုပ်ကာ သူနှင့် လှံတစ်လက်စာသာ ဝေးကွာသည့် အေအဆင့် သတ္တဝါကို ထိုးနှက်လိုက်သည်။

သူ၏ လက်သီးစွမ်းအင်က အေအဆင့် သတ္တဝါ၏ ရင်ဘတ်ကို ပြုတ်တူသဖွယ် ထိုးနှက်သွားပြီး အထဲသို့ ချိုင့်ဝင်ကာ သွေးများ အန်လာ၏။ ရဲ့လင်းချန်က ထိုအခွင့်အရေးကို အရယူ၍ လှံကို လုယူလိုက်သည်။ ထို့နောက် သူ၏ လှံက နဂါးတစ်ကောင်သဖွယ် ရှေ့သို့ တိုးဝင်သွားသည်။ လှံ၏ ထိပ်ဖျားက အေအဆင့် သတ္တဝါ၏ လည်မျိုကို ထုတ်ချင်းဖောက် ဝင်ရောက်သွားလေသည်။

ထိုသတ္တဝါ၏ မျက်လုံးများက ပြူးကျယ်နေပြီး လည်ပင်းကို လက်ဖြင့်အုပ်ထားသည်။ ဘာဖြစ်သွားသလဲ ဆိုသည်ကို သေချာပင် သတိမပြုလိုက်နိုင်ဘဲ မြေကြီးပေါ်သို့ ပစ်လဲကျသွားလေ၏။

All Chapters