← Chapters

တိုးလာနေသော ရေပန်းစားမှု အမှတ်များ

Vol. 41 Ch. 609

တိုးလာနေသော ရေပန်းစားမှု အမှတ်များ

Vol. 41 Ch. 609

မနက် တစ်နာရီ။

တစ်ရွာလုံး၏ မြေပေါ်တွင် မီးရှူးမီးပန်း အကြွင်းအကျန်များ ပြန့်ကျဲနေကာ လေထုထဲ၌ ဝုန်းခနဲ ဒိုင်းခနဲ အသံများ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ကောင်းကင်ထက်၌ မီးရှူးမီးပန်းများက အလှဆင်နေပြီး အိမ်တိုင်းတွင် အနီရောင် မီးပုံးများ ချိတ်ဆွဲထားကြလေသည်။ သိပ်မကြာသေးခင်က ပတ်ဝန်းကျင်တစ်ခွင်၌ မည်မျှ ဆူညံသက်ဝင်လျက် ရှိခဲ့ကြောင်း တွေ့နိုင်ပေသည်။

သူတို့၏ အိမ်အဝ၌ လူတိုင်းသည် တံခါးဝ၌ ရပ်နေသည့် ရဲ့လင်းချန်အား ငေးကြည့်နေကြသည်။

ဆွေမျိုးများသည် ရဲ့လင်းချန်ကို အလွန် စိုးရိမ်နေခဲ့ကြသဖြင့် လူတိုင်း အိပ်ရာမဝင်ဘဲ အခြေအနေကို ဖြေရှင်းရန် နည်းလမ်းများကို ဆွေးနွေးနေခဲ့ကြလေသည်။

“အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ ကျွန်တော် ပြန်လာပြီလေ”

ရဲ့လင်းချန်၏အသံက လူတိုင်းကို သတိပြန်ဝင်လာစေသည်။

“ရှောင်ရဲ့၊ မင်း ဘာလို့ ပြန်လာတာလဲ”

အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က တအံ့တဩ မေးလာသည်။

“အန်တီ”

ရဲ့လင်းချန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

“ကိုကြီး၊ အင်တာနက်ပေါ်မှာ ကိုကြီးကို ရဲတွေ ဖမ်းသွားတယ်လို့ ပြောနေတဲ့ သတင်းတွေ ရှိနေတယ်၊ သမီးတို့အားလုံး စိုးရိမ်နေကြတာ၊ ကိုကြီးက သမီးတို့ကို လန့်အောင် လုပ်နေတာပဲ”

ရဲ့လင်းချန်၏ ဝမ်းကွဲညီမက တအံ့တဩ ပြောလာသည်။

“တကယ်ကို ရှောင်ရဲ့ပဲကိုး”

သူ၏ အဘိုးအဘွားက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာပြီး သူ့ထံသို့ အပြေးလှမ်းလာကြသည်။ ထို့နောက် သူတို့က သူ့အား အသေးစိတ် စစ်ဆေးကြသည်။

“သူတို့ မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံကြဘူး မဟုတ်လား”

“ကျွန်တော် အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်၊ အားလုံးကို စိတ်ပူရအောင် လုပ်မိလို့ တောင်းပန်ပါတယ်”

ရဲ့လင်းချန် ပြုံးနေသည်။

“ကိုကြီး၊ ကိုကြီး တကယ်ပဲ ကင်ဟျွန်းမင်ကို ရိုက်နှက်ခဲ့တာလား”

ခန္ဓာကိုယ် တောင့်တောင့်နှင့် ကောင်းမွန်စွာ ပျိုးထောင်ခံခဲ့ရပြီး သူ့ထက် ငါးနှစ်သာ ငယ်သော ဝမ်းကွဲညီက သူ့ကို ကြည့်နေသည်။

“ငါ ရိုက်ခဲ့တယ်”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဝိုး … အဲ့ဒါက သိပ်မိုက်တာပဲဗျ”

ဝမ်းကွဲညီက ချက်ချင်း ကျယ်လောင်စွာ အားပေးလေသည်။

“ငါ့အစ်ကိုကြီးက အတော်ဆုံးပဲ၊ ကျွန်တော်တို့ အတန်းထဲက ယောက်ျားလေး အကုန်လုံး ကင်ဟျွန်းမင်ကို မုန်းတယ်”

“ဒါဆို မင်း ဘယ်လိုလုပ် အိမ်ပြန်လာနိုင်တာလဲ၊ ရှောင်ရဲ့၊ မင်း … ထောင်တော့ မဖောက်ခဲ့ပါဘူးနော်၊ ဟုတ်တယ်မလား”

အဒေါ်ဖြစ်သူက စိုးရိမ်တကြီး မေးလာသည်။

သူမ၏ မေးခွန်းက လူတိုင်းကို ရင်တုန်သွားစေပြီး ရဲ့လင်းချန်အား စိတ်မသက်သာသော အမူအရာတို့နှင့် ကြည့်လာကြသည်။

“လင်းချန်၊ မင်း ဘယ်လို ထွက်လာတာလဲ”

ရဲ့ကျင်း၏ အမူအရာက အလွန်အမင်း လေးနက်လာသည်။

“ထောင်ဖောက်တယ်ဆိုတာက ဘာကို ပြောတာလဲ၊ အန်တီ၊ အန်တီ ဇာတ်လမ်းတွေ ကြည့်တာ များသွားပြီ ထင်တယ်”

ရဲ့လင်းချန်က သူ့ညီ၏ နဖူးကို တောက်လိုက်ပြီးနောက် ရဲ့ကျင်းကို ပြန်ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော့်ကို လွှတ်ပေးလိုက်တာပါ အဖေ၊ ဘာမှမဖြစ်ခဲ့ပါဘူး”

“တကယ်လား”

သူ၏ မိဘနှစ်ပါးက အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။

“ဟုတ်ကဲ့၊ တကယ်ပါ၊ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို လာထုတ်ပေးတာလေ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က မှန်နေတာပဲလေ၊ အဲ့ဒါကြောင့် ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူး”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“ကောင်းတယ်၊ အဲ့ဒါ ကောင်းတယ်”

ရဲ့ကျင်း သက်ပြင်းချလိုက်သော်လည်း စိုးရိမ်နေဆဲ ဖြစ်သည်။

“မင်း နောက်တစ်ခါ အရမ်း စိတ်လိုက်မာန်ပါ မလုပ်နဲ့”

“ဟုတ်တယ်၊ မင်း ငါတို့အားလုံးကို နှစ်သစ်ကူးမှာ စိုးရိမ်ရအောင် လုပ်ခဲ့တယ်”

“ရှောင်ရဲ့က ကံသိပ်ကောင်းတာ၊ ကောင်းကင်ဘုံက ကံကောင်းတဲ့သူတွေအပေါ် ကြင်နာပုံရတယ်”

အမျိုးများက ထင်ကြေးများ ပြောလာကြသည်။

ရဲ့လင်းချန်သည် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ရှုကျန်းအား လှည့်ကြည့်လိုက်သည်။

“အမေ”

ရှုကျန်းက သူ့ကို မသိချင်ယောင်ဆောင်၍ တစ်ဖက်လှည့်ကာ သူမမျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်သည်။

ရဲ့လင်းချန်က မျက်နှာတည်သွားပြီး အနားသို့ ပြေးသွားသည်။

“အမေ၊ ကျွန်တော် တကယ် အဆင်ပြေပါတယ်၊ ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူး၊ ဒါက ငိုရလောက်အထိ ကိစ္စကြီးလဲ မဟုတ်ပါဘူး”

ရှုကျန်းက ရဲ့လင်းချန်၏ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်သည်။

“ကောင်စုတ်လေး၊ မင်းအဖေနဲ့ အမေ့မှာ မင်းတစ်ယောက်ပဲ ရှိတာ၊ မင်း တကယ် ထောင်ကျသွားရင် အမေတို့ ဘယ်လိုလုပ်ရမလဲ၊ အမေ အရမ်း စိတ်ဆိုးတယ်”

“ကိုကြီး၊ ကိုကြီး အမေနဲ့အဖေကို နှစ်သိမ့်ရမယ်၊ သူတို့တွေ သတင်းကြားပြီးတော့ တုန်လှုပ်နေတာ၊ သူတို့မျက်နှာတွေက ဖြူရော်ပြီးတော့ လိပ်ပြာလွင့်မတတ် ကြောက်နေခဲ့တာ၊ ကိုကြီးတော့ နှစ်နဲ့ချီ ထောင်ချပြီလို့ သူတို့ ထင်နေတာ”

“ကျွန်တော်က ဘာလို့ နှစ်နဲ့ချီ ထောင်ကျရမှာလဲ၊ ကျွန်တော်က ရဲ့လင်းချန်လေ၊ ဘယ်သူမှ ကျွန်တော့်ကို ထောင်မချနိုင်ဘူး”

ရဲ့လင်းချန် ခါးသက်စွာ ပြုံးလိုက်မိသည်။

“ဟာသလုပ်နေသေးတယ်ပေါ့လေ ဟုတ်လား၊ မင်း ကလေးတုန်းက တစ်ယောက်ယောက်ကို ရိုက်နှက်တာမျိုး အမေ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး၊ အခု မင်းက လူကြီးဖြစ်လာတော့ ဘာမဆို လုပ်နိုင်ပြီလို့ ထင်နေတာလား၊ မင်း ဘာလို့ အဲ့လောက် မဆင်မခြင်နိုင်လွန်းရတာလဲ”

ရှုကျန်းက အလွန် စိတ်တိုလာ၍ ရဲ့လင်းချန်အား ထပ်ရိုက်လိုက်သည်။

ရဲ့လင်းချန်သည် တွန့်ဆုတ်သွားရမည့်အစား ထိုရိုက်ချက်များအား ပျော်ရွှင်စွာ ခံယူနေသည်။

“အမေ ကျွန်တော် မှားသွားပါတယ်၊ ထပ်ပြီးတော့ စိတ်မဆိုးပါနဲ့တော့၊ ကျွန်တော် နောက်ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်”

“တော်ပါပြီ၊ ငါတို့သားက Gala နွေဦးပွဲတော်ကို သွားရပြီးတော့ ရဲစခန်းကိုလဲ သွားခဲ့ရတာ၊ သူ့ကို နားခိုင်းလိုက်ပါဦး၊ ဒီဒုက္ခသုက္ခတွေကြောင့် သူ ပင်ပန်းနေလောက်ပြီ”

ရဲ့ကျင်းက ပြောလိုက်သည်။

“မင်း စားပြီးပြီလား”

ရှုကျန်းက မေးလိုက်သည်။

“မစားရသေးဘူး၊ ဒါပေမဲ့ ကျွန်တော် တကယ် ဗိုက်ဆာနေပြီ”

ရဲ့လင်းချန် ခေါင်းကုတ်နေသည်။ သူသည် သူ၏ နှစ်သစ်ကူးပွဲတော် ညစာကို မစားရသေးချေ။

“ကျွန်မ လင်းချန်အတွက် ခေါက်ဆွဲတစ်ပွဲ ပြုတ်လိုက်မယ်”

ကျန်းယွင်ရှီက ချက်ချင်း ပြောပြီး မီးဖိုချောင်ဘက်သို့ ထွက်သွားသည်။

“ယွင်ရှီ၊ ဒီမှာနေပြီး လင်းချန်ကို အဖော်လုပ်ပေးလိုက်ပါ၊ သူက ခေါက်ဆွဲကို သားငါးအသီးအရွက်ပြုတ်လေးနဲ့ စားရတာကို ကြိုက်တယ်၊ ငါ သူ့အတွက် ပြင်ပေးလိုက်မယ်”

ရှုကျန်းက မျက်ရည်များကို သုတ်၍ ကျန်းယွင်ရှီကို ပြောလိုက်သည်။

“ကျေးဇူးပါ အမေ”

ရဲ့လင်းချန်က ချက်ချင်း ပြုံးသွားသည်။ ရှုကျန်းက သူ့အား စိုက်ကြည့်လာသည်။

ထိုသို့သောအချိန်၌ အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရပြီး ခြေသံများက ရဲ့လင်းချန်၏အိမ်ဘက်သို့ ဦးတည်လာနေသည်။

ကျေးရွာမှ အိမ်နီးချင်းများသည် တစ်ဦးနှင့်တစ်ဦး အလွန် ရင်းနှီးကြပြီး လူတော်တော်များများက သူတို့အိမ်သို့ လာနေကြသည်။

“အစ်မကျန်း၊ ဒေါက်တာ ရဲ့ကျင်း၊ မင်းတို့ သတင်းကို တွေ့ပြီးပြီလား”

လူတစ်ယောက်က အဝေးမှနေ၍ လှမ်းအော်ပြောလာသည်။

အမှောင်ထဲ၌ ခပ်သေးသေး ပုံရိပ်အချို့က ခုန်ဆွခုန်ဆွ ပြေးလာနေကြပြီး သူတို့အားလုံးက ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ် ကလေးများ ဖြစ်ကြလေသည်။

သူတို့သည် ပြေးလွှားပြီးနောက် မောဟိုက်ကာ မျက်နှာများ နီနေကြသည်။

“ဘာဖြစ်လို့လဲ၊ အေးအေးဆေးဆေးလုပ်ပါ”

ရဲ့လင်းချန်က ပြောလိုက်သည်။

“အခြေအနေ မကောင်းတော့ဘူး၊ သတင်းထဲမှာ ကိုကြီး ရဲ့လင်းချန်က ရဲတွေ ဖမ်းတာ ခံလိုက်ရတယ်လို့ ပြောတယ်”

ဆယ်ကျော်သက်လေးများ အမောတကောနှင့် ထက်သန်စွာ ပြောလာသည်။

*ဟမ်*

သူတို့အားလုံးသည် ရဲ့လင်းချန်ကို မြင်ပြီး တစ်ခဏမျှ မှင်တက်သွားကာ သူတို့ အမြင်မှားနေသည်ဟု ထင်သွားကြလေသည်။

“ကိုကြီးလင်းချန်လား”

“ရှောင်ရဲ့လား”

“တကယ်ပဲ ရှောင်ရဲ့ကိုး၊ ဘာလို့ ရှောင်ရဲ့က အိမ်ရောက်နေတာလဲ”

“ရှောင်ရဲ့ ပြန်လာပြီလား”

နောက်မှ လိုက်လာသော အိမ်နီးချင်းများသည် ရဲ့လင်းချန်ကို မြင်ပြီး အလွန် အံ့အားသင့်သွားကြသည်။

“အသေးအဖွဲ ကိစ္စလေးပါပဲ၊ အဘိုးရှု၊ ကျွန်တော် လွတ်လာပါပြီ”

လူအုပ်ထဲမှ တုတ်ကောက်နှင့် အဘိုးအိုတစ်ယောက်ကို ရဲ့လင်းချန်က ပြန်ဖြေလိုက်သည်။

သူသည် အလွန် အသက်ရနေပြီဖြစ်သောလည်း လူအုပ်နှင့်အတူ လိုက်လာခဲ့သည်။

“ဘာမှမဖြစ်တာ ကောင်းတယ်၊ မင်းက ငါတို့ရွာရဲ့ ဂုဏ်ယူစရာပဲ၊ ပြီးတော့ စူပါစတား တစ်ယောက်လေ၊ နောင်ပိုင်း မင်းရဲ့ပုံရိပ်ကို မင်း ဂရုစိုက်ဖို့လိုတယ်”

အဘိုးရှုက လေးလေးနက်နက် ပြောလာသည်။

“ရွာက ကလေးတွေကိုတောင် မင်းခြေရာ နင်းဖို့ ငါ ပြောနေခဲ့တာ”

လူတိုင်း၏ ချစ်ခင်လေးစားခြင်း ခံရသော အဘိုးအိုသည် အနားယူပြီးကတ်ညးက ရွာမှာ နေထိုင်ခဲ့သည့် ရွာသူကြီးဟောင်း ဖြစ်လေသည်။

“အဘိုးရှု၊ ကိုကြီး လင်းချန်က လူဆိုးကို ရိုက်ပြီးတော့ နိုင်ငံခြားသားတွေကို ပညာပေးခဲ့တာ”

ကလေးတစ်ယောက်က ရှေ့ထွက်လာပြီး ရဲ့လင်းချန်ကိုယ်စား ပြောပေးလာသဖြင့် လူတိုင်း ရယ်မောသွားကြသည်။

“ဦးလေးတို့၊ အဒေါ်တို့ကို စိတ်ပူရအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”

ရဲ့လင်းချန် တောင်းပန်လိုက်သည်။

“မင်း ပြန်လာတာထက် ဘာက ပိုအရေးကြီးလို့လဲ၊ အနားယူလိုက်ဦး၊ ငါတို့ မနက်ဖြန်မှ ထပ်တွေ့ကြတာပေါ့”

“ဟုတ်တယ်၊ ငါ့ကလေးက မင်းလက်မှတ်ကို လိုချင်နေတုန်းပဲ”

“မင်း Gala နွေဦးပွဲတော်ကို တက်ခဲ့လို့ ငါတို့ရွာက မင်းအတွက် ဂုဏ်ယူနေတာ”

အလွန် ညဉ့်နက်နေပြီ ဖြစ်သဖြင့် လူတိုင်း စကားအနည်းငယ် ပြောပြီးနောက် ပြန်သွားကြလေသည်။

ကျေးရွာမှ သူ၏ အိပ်ရာသည် မြို့ကလောက် မကောင်‌ေသော်လည်း ရင်းနှီးသော ခုတင်ပေါ် လှဲလိုက်ရသဖြင့် သူ ပြောမပြတတ်လောက်အောင် သက်တောင့်သက်သာ ဖြစ်မိသည်။

Gala နွေဦးပွဲတော်သည် အံ့ဩစရာ အပြည့် ဖြစ်ခဲ့ပြီး အလွန် အလုပ်များနေခဲ့သဖြင့် သူ၏ ရေပန်းစားမှုအမှတ်ကို စစ်ဆေးချိန် မရှိခဲ့ချေ။ ယခင်က သူသည် စနစ်ထဲမှ သူ၏ ကံကောင်းမှုကို စမ်းသပ်ရန်အတွက် ရေပန်းစားမှုအမှတ် သုံးသန်းကျော်ကို သုံးခဲ့သည်။ ယခု မည်မျှများများ ရောက်နေပြီလဲဟု သူ သိချင်နေမိသည်။

သူ ပင့်သက်ရှိုက်လိုက်ပြီးနောက် စနစ်ထဲ ဝင်ကြည့်လိုက်သည်။

ရဲ့လင်းချန်သည် ရေပန်းစားမှုအမှတ်နေရာသို့သာ အာရုံရောက်သွားသည်။ ၁၂,၆၈၉,၆၆၈။

အမှတ်က ဆယ်သန်းနီးပါး ထိုးတက်သွားခဲ့သည်။

Gala နွေဦးပွဲတော်က အဓိက အကြောင်းရင်းပင်။ ယင်းက နတ်ဆေးဆရာဝိုင်၏ အဆင့်သို့ အလျင်အမြန် အမီလိုက်နေ၏။

ပြောရမည်ဆိုလျင် တရုတ်နိုင်ငံ တစ်ခုလုံးက Gala နွေဦးပွဲတော်ကို ကြည့်ခဲ့ကြပြီး ယင်းက သူ၏ ရေပန်းစားမှုအမှတ်အား ထိုမျှ ကြီးမားစွာ ထိုးတက်လာခြင်းအတွက် တစ်ခုတည်းသော အကြောင်းရင်းပင်။ သူ၏ တစ်ခုတည်းသော ဖျော်ဖြေမှုက ဟာသ ဇာတ်လမ်းတိုသာ ဖြစ်သော်လည်း ရေပန်းစားမှု တိုးလာခြင်းအတွက် အထင်ကြီးစရာ ကောင်းပေသေးသည်။

ထို့အပြင် အဆိုတော်ဝိုင်၏ အိမ်ကို မကြာကြာ ပြန်လာပါ သီချင်းနှင့် ချီးကျူးခံရသော ဟာသ ဇာတ်လမ်းတိုအပြင် ကင်ဟျွန်းမင်ကို ရက်ရက်စက်စက် ရိုက်နှက်ခြင်းကပါ နာမည်ကြီးသွားခဲ့သည်။ ထိုအကြောင်းရင်း သုံးခု ပေါင်းလိုက်ပါက သူ၏ ရေပန်းစားမှုအမှတ်များ တစ်ဟုန်ထိုး တက်လာခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။

All Chapters