← Chapters

ညီလေးရဲ့၊ နေပါဦး

Vol. 40 Ch. 589

ညီလေးရဲ့၊ နေပါဦး

Vol. 40 Ch. 589

“ဒီစကားက ဘာလို့ ကျွန်မအတွက် နည်းနည်း ခက်ထန်သလို ဖြစ်နေတာလဲ မသိဘူး၊ ဘာလို့ ရှင် ပြောတဲ့စကားက စောင်းပါးရိပ်ခြည် ပြောသလို ပေါက်နေတာလဲ”

ကျန်းယွင်ရှီ၏ အမေက မနေနိုင်ဘဲ မေးလိုက်သည်။

“ဘယ်လောက်ပဲ တော်နေပါစေ၊ မိသားစုနဲ့ အတူ မရှိနိုင်ရင် အလကားပဲလေ”

ဒုတိယအဒေါ်သည် သူမ အမှားလုပ်လိုက်မိမှန်း သိသော်လည်း သူမစကားကို ပြန်မရုတ်သိမ်းချင်သဖြင့် ဆက်ပြောနေသည်။

“လင်းချန်က Gala နွေဦးပွဲတော်ကို သွားတာလေ၊ ရှင်က အဲ့ကိုသွားဖို့တောင် အရည်အချင်း ရှိလို့လား၊ သူက ရဲ့မိသားစုတစ်ခုလုံးကို ဂုဏ်တက်စေတာလေ၊ ဒါပေမဲ့ ရှင်က ဒီမှာ အဲ့လို ခပ်ပြင်းပြင်း စကားတွေ ပြောနေတာပဲ၊ ခါးခါးသီးသီး ပြောနေတာပဲ”

ကျန်းယွင်ရှီ၏ အမေက သရော်လိုက်သည်။

“ငါက ဒီအတိုင်း‌ ပြောရုံလေးပါပဲ၊ ပြီးတော့ ဒီမှာ ကြည့်နေတဲ့ Gala နွေဦးပွဲတော်နဲ့ အတူတူပဲ မဟုတ်ဘူးလား၊ သူက ဘာလို့ အိမ်ရောက်မှ မကြည့်နိုင်ရတာလဲ၊ သူက စင်ပေါ်တက်ပြီး ဖျော်ဖြေမှာလဲ မဟုတ်ပဲနဲ့”

ဒုတိယအဒေါ်က ပြန်ချေပသည်။

“ဒုတိယဒေါ်လေး၊ လင်းချန်က အဲ့ကို ဧည့်သည်အဖြစ် သွားရုံပဲ မဟုတ်ပါဘူး၊ သူက အဲ့ကို အလုပ်ကိစ္စနဲ့ သွားတာပါ”

ကျန်းယွင်ရှီက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

ရဲ့လင်းချန်ကြောင့်သာ မဟုတ်လျင် အစောပိုင်းက ချန်ရှောင်ယန်အစား ကင်ဟျွန်းမင် ဖျော်ဖြေနေလောက်သည်ဟု သူမ ရင်ထဲ၌ ခံစားမိနေ၏။

…

ထိုသို့သောအချိန်၌ ချန်ရှောင်ယန်သည် သီချင်း ဆိုပြီးသွားသဖြင့် စင်နောက်သို့ ပြန်လျှောက်လာနေသည်။

သူမအပေါ် ကြည့်နေသော လူတိုင်း၏ အမူအရာက ပြောင်းလဲသွားလေပြီ။ အစောပိုင်းက သီချင်းက Gala နွေဦးပွဲတော်၏ ဂန္ထဝင်တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။

သီချင်းသည် တစ်နိုင်ငံလုံးနီးပါး၌ နာမည်ကြီးလာလောက်သည်။ ၎င်းသည် အံ့ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်လာပြီး ၎င်း၏ အမွေအနှစ်ကို လက်ဆင့်ကမ်းမည့် ဂန္ထဝင်တစ်ပုဒ် ဖြစ်လာနိုင်ပေသည်။

ထိုသီချင်းတစ်ပုဒ်က ချန်ရှောင်ယန်၏ နေရာကို ခိုင်မြဲသွားစေသည်။ ယခုအချိန်မှစ၍ ချန်ရှောင်ယန်သည် စူပါစတားများ၏ အဆင့်ထဲသို့ ဝင်သွားပြီး သာမန် စူပါစတား ခုနစ်ယောက်ထပ် သာလွန်သွားပေမည်။

“ဘယ်လိုလဲ၊ ကျွန်မ သီချင်းဆိုတာ ကောင်းရဲ့လား”

ချန်ရှောင်ယန်က ရဲ့လင်းချန်ထံသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။

“မဆိုးပါဘူး”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ချန်ရှောင်ယန်သည် စင်ပေါ်တက်စဉ်က ဝတ်ထားသည့် အနီရောင်ဝတ်စုံနှင့်ပင် သူရှေ့၌ တစ်ပတ် လှည့်ပြသည်။

“ဒါလေး ကြည့်ကောင်းရဲ့လား”

အနီရောင်ဝတ်စုံက တော်ဝင်ဆန်၍ ခမ်းနားကာ ချန်ရှောင်ယန်အား ဘုရင်မတစ်ပါးအလား လှပစေသည်။

“အင်း”

“ဒါဆို ကျွန်မ ဒီဝတ်စုံကို ဝယ်ပြီး ရှင့်အတွက် နေ့တိုင်း ဝတ်ပြမယ်”

ချန်ရှောင်ယန်က ပြုံး၍ ပြောလေသည်။

ရဲ့လင်းချန် ဘာမှမပြောရသေးခင်မှာပင် ကျောက်လျန့်ရင်က သူ့အနောက်မှနေ၍ သူ့အသားကို ဆွဲဆိတ်လေသည်။ သူမသည် ချန်ရှောင်ယန်ထံ ပြေးသွားပြီး နပန်းမလုံးမိအောင် သူမကိုယ်သူမ မနည်း ထိန်းနေရသည်။

အခြေအနေ တစ်ခုလုံးက သူမခင်ပွန်းက မယားငယ်နှင့် ရှိနေသည်ကို မိသွားသည့် ဇနီးသည်တစ်ယောက်နှင့် တူနေ၏။ ယင်းက ရဲ့လင်းချန်အား အကြီးအကျယ် ခေါင်းကိုက်သွားစေသည်။

ထို့နောက်တွင်မူ ကျောက်လျန့်ရင်က သူ့နားနားသို့ တီးတိုး ကပ်ပြောသည်ကို ကြားလိုက်ရသည်။

“ကျွန်မ ဇာတ်လမ်းတွဲတွေထဲက ဘယ်ဇာတ်ကောင်ကို ရှင် သဘောကျလဲ၊ ကျွန်မ မတူတဲ့ ဝတ်စုံတွေ လဲဝတ်ပြီး ရှင့်ကို နေ့တိုင်း အဖော်ပြုပေးတာကို လိုချင်လား”

ရဲ့လင်းချန် ပင့်သက်ရှိုက်မိသွားပြီး နှလုံးခုန်နှုန်း မြန်လာသည်။

*အဲ့အကြံက … လုံးဝ စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ*

“အဟမ်း ငါ အိမ်ပြန်ဖို့ ပြင်လိုက်ဦးမယ်”

ရဲ့လင်းချန်က ချောင်းဟန့်၍ အာရုံထွေပြားစေသော အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။

သီချင်းက လူပေါင်းများစွာကို စိတ်ထိခိုက် လှုပ်ရှားစေသော်လည်း ရဲ့လင်းချန်အတွက် ပို၍ ပြင်းထန်လေသည်။ ထိုသီချင်းကို ရေးသားခဲ့သူက သူ မဟုတ်ပါတကား။

သူ၏ မူလ အစီအစဉ်မှာ နှစ်သစ်ကူးအတွက် အိမ်ပြန်ရန် ဖြစ်သည်။ သို့သော် မမျှော်လင့်ထားသော အဖြစ်အပျက်များကြောင့် သီချင်းကို နားထောင်ပြီးနောက် သူသည် ပို၍ အိမ်ပြန်ချင်လာပြီး လေယာဉ် အမီသွားရန် မစောင့်နိုင်တော့ချေ။

“ဒါဆို ဦးလေးနဲ့ အဒေါ့်ကို ကျွန်မက နှုတ်ဆက်ပါတယ်လို့ ပြောပေးနိုင်မလား”

ချန်ရှောင်ယန် အနည်းငယ် စိတ်ပျက်သွားသည်။ သူမစိတ်ထဲ၌ ရဲ့လင်းချန်နှင့်အတူ ပြန်လိုက်သွားချင်သော်လည်း သူမ ထိန်းချုပ်ထားရသည်။

သို့သော် ထိုသို့သောအချိန်၌ စင်နောက်၌ ထပ်မံ၍ ဖရိုဖရဲ ဖြစ်လာပြန်သည်။ သူတို့သည် ယခင်ထက် ပို၍ သွေးပျက်လာပြီး ဝန်ထမ်းတိုင်း အိုးပူပေါ် ရောက်နေသော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြသည်။

“ဘာဖြစ်တာလဲ”

ရဲ့လင်းချန်က မိန်းကလေးတစ်ယောက်ကို လှမ်းတား၍ မေးလိုက်သည်။

ထိုမိန်းကလေးက သံကွင်းတစ်စုံကို ကိုင်ထားပြီး အေရိုးဗစ် သို့မဟုတ် ဆင်တူသော အစီအစဉ်များကို သရုပ်ဖော် ပြမည့်သူ ဖြစ်ပုံရသည်။ လက်ရှိတွင် သူမ၏ ပါးများက နီရဲနေပြီး အခြားသူများနှင့်အတူတူ ပြေးလွှားနေ၏။

“ဆရာ ကောတန့်ရှန်း မရှိတော့ဘူး၊ ကျွန်မတို့ သူ့ကို စင်နောက်မှာ လုံးဝ ရှာလို့မတွေ့ဘူး”

မိန်းကလေးက မောဟိုက်နေ၏။

“ဒါရိုက်တာက အရမ်း စိုးရိမ်နေပြီ၊ သူက လူတိုင်းကို ဆရာ‌ ကောတန့်ရှန်းကို လိုက်ရှာဖို့ ပြောထားတယ်”

အံ့ဩစရာတော့ မဟုတ်ချေ။

ကင်ဟျွန်းမင်၏ ဖျော်ဖြေမှုက အတော်လေး ကြာမြင့်ပြီး ယင်းအား အစီအစဉ်မှ ဖယ်ရှားခဲ့ရသည်။ ချန်ရှောင်ယန်၏ သီချင်းတစ်ခုတည်းနှင့် အချိန်ကို မဆွဲထားနိုင်သဖြင့် ကောတန့်ရှန်း၏ ဟာသပြဇာတ်တိုအား လိုအပ်ပေသည်။ ကောတန့်ရှန်းအား ရှာမတွေ့သဖြင့် ယင်းက ပို၍ နာကျင်ရလေသည်။ ဒါရိုက်တာအနေဖြင့် ဘယ်လိုနည်းနဲ့မှ မတည်ငြိမ်နိုင်တော့ချေ။

“အခြေအနေ ဘယ်လိုရှိလဲ၊ မင်းတို့ ဆရာ ကောတန့်ရှန်းနဲ့ အဆက်အသွယ် ရပြီလား”

ဖုန့်ရှောင်ဖုန်း၏ သွေးပေါင်က ယနေ့တွင် မြင့်တက်နေပြီး စိတ်အခြေအနေက ရိုလာကိုစတာကဲ့သို့ ဖြစ်နေသည်။ လက်ရှိတွင် သူ၏ မျက်နှာက အလွန် နီရဲနေကာ စိုးရိမ်တကြီး မေးလာသည်။

“ဒါရိုက်တာဖုန့်၊ ကျွန်တော်တို့ သူနဲ့ အဆက်အသွယ် ရပါတယ်”

ဝန်ထမ်းတစ်ယောက်က ပြေးလာသည်။

“ဒါဆို ဆရာ ကောတန့်ရှန်းကို မြန်မြန် လာခိုင်းလိုက်လေ၊ စင်ပေါ်မှာ သူ့ကို လိုနေပြီ၊ ငါတို့ သူ့ကို လိုအပ်တယ်”

ဖုန့်ရှောင်ဖုန်းသည် မျက်လုံးများ ပြူးကျယ်နေပြီး အသံက ပြာအက်နေ၏။

“မရဘူး ဒါရိုက်တာဖုန့်”

ထိုဝန်ထမ်းက တောင့်ခနဲ ဖြစ်သွားပြီး ဒါရိုက်တာဖုန့်အား ကြည့်ရန် ကြောက်ရွံ့သလို ဖြစ်သွားလေသည်။ သူ အင်တင်တင်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါက … သူက ဒီည ဖျော်ဖြေစရာ မရှိဘူးဆိုတော့ ဆရာ တန့်ရှန်းက အားလပ်ရက်အတွက် သူ့မိသားစုနဲ့အတူ မြို့တော်က ထွက်သွားပါတယ်”

“သူ့ကို ပြန်လာဖို့ သွားတောင်း … ဘာ … သူ မြို့တော်ကနေ ထွက်သွားတယ် ဟုတ်လား”

ဖုန့်ရှောင်ဖုန်း၏ အသံက အလွန်အမင်း စူးရှလာပြီး လေသံက တုန်ရီလာသည်။

“သူက ဘယ်ကို သွားတာလဲ”

“တုန်းဟိုင်”

“ဘုန်း”

ဖုန့်ရှောင်ဖုန်းသည် မတ်မတ်မရပ်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားလေသည်။ လက်ရှိတွင် သူ့အသက် မထွက်သွားသည်ကပင် ကံကောင်းနေလှပြီ ဖြစ်သည်။

တုန်းဟိုင်မှ နာရီဝက် လေယာဉ် စီးရမည်ဖြစ်ပြီး လေယာဉ် လက်မှတ်က ချက်ချင်း မရချေ။ ကောတန့်ရှန်း ပြန်ရောက်ချိန်တွင် အလွန်အမင်း နောက်ကျနေလောက်လေပြီ။

“သွားပြီ၊ သွားပြီ …”

ဖုန့်ရှောင်ဖုန်း၏ ဝိညာဉ် ထွက်သွားသလို ဖြစ်နေလေပြီ။ Gala နွေဦးပွဲတော်အတွက် အစီအစဉ် လုံလောက်မှု မရှိပါက သူသည် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။ အဖြစ်အပျက်များကို ကမောက်ကမ ဖြစ်အောင် ပြုလုပ်သူက သူ ဖြစ်ပြီး သူ့ဘဝက တစ်သက်လုံး ကျဆင်းသွားပေတော့မည်။

“အစီအစဉ် မလုံလောက်ဘူးလား”

လင်းအောင် မျက်မှောင်ကြုတ်သွားသည်။

“အခြား အစီအစဉ်တွေကရော”

နှစ်စဉ် Gala နွေဦးပွဲတော်တိုင်း၌ ပွဲချိန်အတွင်း ပျက်ကွက်မှုများ ဖြစ်လာပါက အစားထိုးနိုင်ရန် အခြားသော အစီအစဉ်များ များသောအားဖြင့် ရှိတတ်ကြသည်။

ပုံမှန်အားဖြင့် အစားထိုး အစီအစဉ်များသည် လုံးဝ အသုံးပြုဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မတော်တဆ ဖြစ်နိုင်ချေက အလွန် နည်းပါး၍ပင်။ ထို့အပြင် ဖုန့်ရှောင်ဖုန်းသည် အလွန် ဘဝမြင့်ပြီး မည်သည့် အစားထိုး အစီအစဉ်မှ မစီစဉ်ထားချေ။

“ဒါရိုက်တာ ဖြစ်ပြီးတော့ ခင်ဗျားခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေတာပဲ”

လင်းအောင်သည်လည်း ဘေးနား၌ စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

Gala နွေဦးပွဲတော်သည် တရုတ်နိုင်ငံ၏‌ ဂုဏ်သိက္ခာအား ကိုယ်စားပြုသည်။ ၎င်းသည် တစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပသည့် ခမ်းနားသော အစီအစဉ် ဖြစ်သည်။ နှစ်သစ်ကူး၏ ပထမဆုံးနေ့၌ ဘယ်လိုလုပ် ထိုသို့သော အမှားကြီးမျိုး ရှိလာရသနည်း။ သတင်းသာ ပျံ့သွားပါက တရုတ်နိုင်ငံသည် ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးရ ပေလိမ့်မည်။

“တစ်ယောက်ယောက်ကို ရှာ၊ ဘယ်အစီအစဉ်မျိုးကိုမဆို ရှာကြ၊ သူတို့တွေ အများကြီး ရှိတာပဲ၊ နေရာလွတ်ကို ဖြည့်ဖို့ တစ်ယောက်ပဲ ရွေးလိုက်”

လင်းအောင်က ဘေးနားမှနေ၍ အကြံပေးသည်။

အခြေအနေက ထင်သလောက် မရိုးရှင်းပါ။ လက်ရှိတွင် လူတော်တော်များများသည် နှစ်သစ်ကူး ကျင်းပရန် အိမ်သို့ ပြန်သွားကြပြီ ဖြစ်သည်။ အကယ်၍ သူတို့သာ အသင့်အတင့် အရည်အချင်း ရှိပါက သူတို့ကို အခြားသော တီဗွီ ရိုက်ကူးရေးများက ဖိတ်ခေါ်လောက်သည်။ ဘယ်သူက ဤနေရာ၌ ဆက်နေနေမည်နည်း။

“ကောတန့်ရှန်းရဲ့ တပည့်တွေထဲက တစ်ယောက်တော့ ဒီမှာ ရှိနေပါသေးတယ် …”

ဖုန့်ရှောင်ဖုန်းသည် ကြံရာမရ၍ ငိုနေကာ မျက်ရည်များ အသည်းအသန် စီးကျနေ၏။

“မပြန်သေးတဲ့ အဆိုတော်တွေ မရှိဘူးလား”

လင်းအောင်က ဆက်မေးလိုက်သည်။

စင်ပေါ်သို့ တက်ပြီးသည့် သူများသည် နောက်ထပ် ဖျော်ဖြေမှု ပြုလုပ်၍ မရပေ။ အခြေအနေက မတတ်သာချေ။ တစ်ခုတည်းသော နည်းလမ်းမှာ သာမန်များထဲမှ အတော်ဆုံးသူကို ရွေးရန်သာ ရှိတော့သည်။ သို့သော် အဆိုတော် ရှိလျင်တောင်မှ သီချင်းက မရှိချေ။

*ယီးပဲ၊ ဒီဒါရိုက်တာက သောက်ကျိုးနည်း အရူးပဲ*

လင်းအောင်သည် အလွန် ဒေါသထွက်နေသဖြင့် တစ်ယောက်ယောက်ကို ရိုက်နှက်ချင်နေ၏။

ရဲ့လင်းချန်က တည်ငြိမ်ပုံ ပေါ်နေသည်။ သူသည် အုတ်အော်သောင်းနင်း ဖြစ်နေသော ပတ်ဝန်းကျင်ကို လျစ်လျူရှုကာ အရာအားလုံးကို တည်ငြိမ်စွာ သိမ်းဆည်း၍ ပြန်ရန် ပြင်နေသည်။

ဤနေရာမှ အဖြစ်အပျက်များက သူနှင့် ဘာမှမသက်ဆိုင်သလို သူကလည်း ဂရုစိုက်နေမည် မဟုတ်ပါ။

လင်းအောင်သည် ကြံရာမရ ဖြစ်နေရာမှ ရဲ့လင်းချန်ကို မြင်သောအခါ ရုတ်တရက် မျက်လုံးများ လင်းလက် သွားသည်။ သူ၏ စိုးရိမ်မှုများကလည်း ချက်ချင်း လွင့်ပြယ်သွားလေသည်။

“ညီလေးရဲ့၊ နေပါဦး …”

All Chapters