← Chapters

ရောက်လာပြီ

Vol. 6 Ch. 79

ရောက်လာပြီ

Vol. 6 Ch. 79

လေယာဉ်ပေါ်မှ ခရီးသည်များ ငေးငိုင်နေရာမှ အသိဝင်လာရန် အချိန် အနည်းငယ်မျှ ကြာသွားခဲ့သည်။ နောင်တရစွာ ငိုယိုနေသည့် ကြိုးတုပ်ခံ ထားရသော လူငါးယောက်ကို ကြည့်ပြီး သူတို့၏ အမူအရာ က ယခုအထိ အိပ်မက်မက်နေသကဲ့သို့ ရီဝေဝေ ဖြစ်နေသည်။

“ရှင် …. ရှင်က အံ့ဩဖို့ကောင်းလိုက်တာ”

လေယာဉ်မယ်လေးက ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လာပြီး ငရဲမှနေ၍ ကောင်းကင်ဘုံသို့ တက်လှမ်း နိုင်သလို ခံစားနေရသည်။

ရဲ့လင်းချန်က နှာခေါင်းပွတ်၍ ပြန်ပြောလိုက်သည်။

“ကျေးဇူးဗျ”

လေယာဉ်မယ်လေးက ရဲ့လင်းချန်ကို မျက်စိတစ်ဖက် မှိတ်ပြပြီး သူ့အား စာရွက်တစ်ရွက် ပေးပြီးမှ အလျင်အမြန် ထွက်သွားသည်။

“တ … တဆိတ်လောက်၊ ငါ နင့်ကို အထင်လွဲခဲ့မိတယ်”

အစောပိုင်းက အမျိုးသမီးက ပြန်တောင်းပန်လာပြီး သူမ၏ လုပ်ရပ် အတွက် အရှက်ရနေသည်။ သူမသည်လည်း မသွားခင် ရဲ့လင်းချန်အား စာရွက်တစ်ရွက် ပေးခဲ့သည်။ ထိုသို့ပေးခဲ့စဉ် တွင်လည်း သူ့လက်ဝါးကို သူမလက်ချောင်းတို့ဖြင့် ပွတ်သပ် နေသေးသည်။

*သောက်ကျိုးနည်း၊ ဒါက ဘာလုပ်တာလဲဟ*

ထို့နောက် ရဲ့လင်းချန်၏ ခုံတွင် လူတွေ ဝိုင်းဝိုင်းလည်လာတော့သည်။ အများစုက အမျိုးသမီးများ ဖြစ်သည်။ သူမတို့က သူ့အား ကျေးဇူးတင်စကား ပြောသလိုနှင့် ရေလာမြောင်းပေး လုပ်လာ ကြသည်။

သူ လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် စာရွက်တိုပေါင်း နှစ်ဆယ် ကျော်မျှ ရရှိခဲ့သည်။ ၎င်းတို့ တစ်ခုပြီးတစ်ခုကို ဖွင့်ကြည့်လိုက်လျင် အားလုံးက ဖုန်းနံပါတ်များသာ ဖြစ်သည်။ အချို့ဆိုလျင် ပို၍ ရဲတင်းပြီး သူတို့၏ ခန္ဓာကိုယ် အချိုးအစား တိုင်းတာမှုကိုပင် ထည့်ရေး ထားသည်။

*ငါက အဲ့လိုလူမျိုး မဟုတ်တာ ဆိုးတာပဲ …*

ရဲ့လင်းချန် သက်ပြင်းချလိုက်ပြီး ရင်နာနာဖြင့် စာရွက်များကို စုတ်ဖြဲ ကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

အပြစ်သား ငါးယောက်မှာမူ ရဲများနှင့် လိုလိုလားလား ပူးပေါင်းပြီး သူတို့၏ မှားယွင်းသော လုပ်ရပ်များကို ဝန်ခံလေသည်။ ဤဖြစ်စဉ် တစ်လျှောက်၌ သူတို့သည် ရဲ့လင်းချန်အား အလွန်အမင်း ကျေးဇူးတင် နေကြသည်။

ဤသို့သော ဖြစ်ရပ်များ၏ ကြီးမားသော တုံ့ပြန်မှုကြောင့် အများ ပြည်သူ သိအောင် ထုတ်ဖော် ပြောကြားခြင်း မရှိသောကြောင့် သတင်း များ၌ ဖော်ပြခြင်း မရှိခဲ့ချေ။

ရဲ့လင်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ ကျန်းဟိုင်မြို့မှ ရူကောင်းမြို့ သို့ ချက်ချင်း ခရီးနှင်လေသည်။

မိနစ်လေးဆယ် ကြာပြီးနောက် ရဲ့လင်းချန် ကားပေါ်မှ ဆင်းပြီး ကျန်းယွင်ရှီ၏ အိမ်သို့ အပြေးသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းယွင်ရှီ၏ အိမ်၌ လူမိုက်သုံးယောက်က တံခါးဝ၌ ပိတ်ရပ်နေ၏။ သူတို့၏ အမူအရာက ရက်စက်ခက်ထန်လှသည်။

“အဘိုးကြီး ပိုက်ဆံ ဘယ်မှာလဲ”

“ဦးလေးတို့ကို နည်းနည်းလောက် ရက်ပိုပေးလို့ ရမလား၊ ဦးလေးမှာ တကယ် ပိုက်ဆံမရှိလို့ပါ”

ကျန်းယွင်ရှီ၏ အဖေက ရှင်းပြလိုက်သည်။

“ဖြောင်း”

လူမိုက်တစ်ယောက်က ကျန်းယွင်ရှီ၏ ဖခင်အား ရိုက်လိုက်သဖြင့် ကျန်းယွင်ရှီ၏ ဖခင် ကြမ်းပြင်ပေါ် လဲကျကာ တုန်ယင်နေ၏။

“စောက်အဘိုးကြီး အကြွေးကို ယူပြီးရင် ပြန်ဆပ်ရမှာ ထုံးစံပဲလေ၊ ဒီလောကမှာ လီစစ်ဆိုတဲ့ ငါ့ကို ဘယ်သူ့မှ အကြွေးမတင်ရဲဘူး”

လီစစ်က ကျန်းယွင်ရှီ၏ ဖခင်အား အေးစက်စွာ ကြည့်နေပြီးနောက် အကြည့်ပြောင်းသွားသည်။

“ခင်ဗျားမှာ ပိုက်ဆံမရှိမှတော့ ခင်ဗျားမိန်းမနဲ့ သမီးနဲ့ပဲ အကြွေးကို ချေလိုက်တာပေါ့”

သူသည် ကျန်းယွင်ရှီနှင့် သူမမိခင်အား တဏှာရာဂပါသော အကြည့် တို့ဖြင့် ကြည့်နေသည်။

ကျန်းယွင်ရှီ၏ အလှက ဆိုဖွယ်ရာမရှိပေ။ သူမမိခင်၏ အသွင်အပြင် သည်လည်း ရင့်ကျက်ခြင်းနှင့်အတူ ကြည့်ကောင်းလှသည်။ သူမတို့ကို ဖမ်းပြီးလျင် သူတို့ ပျော်ပါး၍ ရနိုင်ပေသည်။

“မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါတို့ကို ရက်နည်းနည်းလောက် အချိန် ပေးပါ”

ကျန်းယွင်ရှီ၏ ဖခင်က လီစစ်၏ခြေထောက်ကို ဖက်၍ တောင်းပန် လေသည်။

“ဖယ်စမ်း ကျုပ် ခင်ဗျားကို သတ်လာအောင် လုပ်ချင်တာလား”

လီစစ်က ကျန်းယွင်ရှီ၏ ဖခင်ကို ကန်ထုတ်လာသည်။ ကျန်းယွင်ရှီ၏ မိခင်က ကျန်းယွင်ရှီအား ဖက်ထားပြီး နှစ်ယောက်သား အခန်းထောင့်၌ ငိုနေကြသည်။

“ဒီမိန်းမလှလေး နှစ်ယောက်ကို ခေါ်လာခဲ့”

လီစစ်က ပြုံး၍ အမိန့်ပေးလိုက်သည်။

“နေဦး”

ကျန်းယွင်ရှီက နှုတ်ခမ်းကိုကိုက်ပြီး ထရပ်လိုက်သည်။

“ကျွန်မမှာ ပိုက်ဆံ ရှိတယ်”

“မင်းမှာ ပိုက်ဆံရှိတယ်လား”

အားလုံး၏ အာရုံက သူမထံ ရောက်လာသည်။

“ကျွန်မမှာ ပိုက်ဆံ ရှိတယ်”

ကျန်းယွင်ရှီက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူမ၏ ဘဏ်အကောင့် အက်ပ်ကို ဖွင့်လိုက်သည်။

“တွေ့လား ယွမ်ငါးသိန်း”

“ယွင်ရှီ သမီး အဲ့ပိုက်ဆံကို ဘယ်ကရတာလဲ”

ကျန်းယွင်ရှီ၏ မိခင်က တအံ့တဩ မေးလာသည်။

“ဒါ ရဲ့လင်းချန်ရဲ့ ပိုက်ဆံတွေ၊ သူ့ဘာသာ မြို့တော်ကြီးမှာ ရှာထားတဲ့ ပိုက်ဆံပါ”

ကျန်းယွင်ရှီ၏ မိခင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“သူ အဲ့လောက် ချမ်းသာသွားပြီလား”

ထိုအခိုက်တွင် အကြွေးသိမ်းသူ လူရမ်းကား သုံးယောက်၏ မျက်နှာက မည်းမှောင်နေသည်။

“ဒါဆို ပိုက်ဆံကို အခုလွှဲလိုက်”

လီစစ်က ကျန်းယွင်ရှီကို စိုက်ကြည့်၍ သရော်နေသည်။ ယွမ် ငါးသိန်းက လီစစ်၏ ဘဏ်အကောင့်ထဲသို့ ရောက်လာ၏။

“အခု ကျွန်မအိမ်ထဲက ထွက်သွားတော့”

ကျန်းယွင်ရှီ အမိန့်ပေးလိုက်သည်။

“ဟီးဟီး ထွက်သွားရမယ် ဟုတ်လား”

လီစစ်က သားကောင်နှင့် ကစားနေသကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်လာသည်။

“အကြွေး ယွမ်တစ်သိန်း ကျန်သေးတယ်၊ အဲ့ဒါကို မင်းကို ငါတို့နဲ့ ခေါ်သွားပြီး ချေလိုက်မယ်”

“ကျွန်မ အကြွေး ယွမ်ငါးသိန်း ဆပ်ပြီးပြီလေ၊ ရှင်တို့ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကျွန်မ ရဲခေါ်လိုက်မယ်”

ကျန်းယွင်ရှီက မည်းမှောင်နေသော မျက်နှာထားနှင့် အံကြိတ်၍ ပြောလိုက်သည်။

လီစစ်က အေးစက်စက် လေသံဖြင့် ပြန်ဖြေလေသည်။

“ဟုတ်တယ် မနေ့က ယွမ်ငါးသိန်းပဲ၊ ဒါပေမဲ့ ဒီနေ့ ယွမ်ခြောက်သိန်းကို ရောက်သွားပြီ၊ ဒီနေ့ ဘာဖြစ်ဖြစ် အဲ့အကြွေးကို ဆပ်ကိုဆပ်ရမယ်”

“အဲ့ကောင်မလေးကို ခေါ်လာခဲ့၊ ဒီည ငါ ဘယ်လောက်စွမ်းလဲ သူ့ကို ပြရမယ်”

လီစစ်၏ အနောက်မှ လူမိုက်နှစ်ယောက်က ကျန်းယွင်ရှီကို ဖမ်းရန် ရှေ့တိုးလာသည်။

ဒေါသစိတ်၊ မကျေနပ်ခြင်း၊ ကြံရာမရခြင်းနှင့် အရှက်ရခြင်း စသော ခံစားချက်တို့က ကျန်းယွင်ရှီ၏ မျက်ဝန်းတွင်း ဖြတ်ပြေးနေသည်။ သူမ၏မျက်လုံးတွင် မျက်ရည်များ ပြည့်လျှံလာပြီး မျက်နှာ ဖြူရော် လာသည်။ ထိုသို့သောအချိန်၌ ထိုလူငယ်လေးကိုသာ စိတ်ထဲ၌ တွေးနေ မိသည်။

သူသာ ဤနေရာ၌ ရှိနေခဲ့လျင် သိပ်ကောင်းမည်။

ထိုအခိုက်တွင် အရှေ့မှ ကျယ်လောင်သော အသံတစ်သံ ထွက် လာသည်။

“အဲ့မှာရပ်စမ်း၊ ကောင်မလေးကို လွှတ်လိုက်”

ဤစကားများက သူ၏ ဆောင်ပုဒ်ပင် ဖြစ်လာသည်ဟု ရဲ့လင်းချန် ခံစားလာရသည်။ တူညီသော စကားလုံးတို့ဖြင့် မရေတွက်နိုင်သော မိန်းကလေးများကို သူ ကြမ္မာဆိုး ခံတွင်းဝမှ ကယ်ခဲ့ရသည်။

*ပြောရမယ်ဆိုရင် အခုလောက်ဆို ငါက “မိန်းမပျိုလေးရဲ့ အချစ်ဆုံး သူငယ်ချင်း” ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ရသင့်တယ်*

“လင်းချန် …”

ကျန်းယွင်ရှီ ခပ်တိုးတိုး ခေါ်လိုက်မိပြီး အတော်လေး အံ့ဩသွားသည်။ ရဲ့လင်းချန်က သူတို့ထံ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး မျက်နှာက သုန်မှုန်နေကာ မျက်လုံးများက အေးစက်နေ၏။

“ရို့ ဟေ့ကောင်လေး၊ မင်းက ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ မင်းသမီးလေးကို ကယ်မဲ့ သူရဲကောင်း ဖြစ်ချင်နေ တာလား”

လီစစ်က ရဲ့လင်းချန်ကို စိတ်ပျက်သလို ကြည့်လာသည်။

“ဒါ မင်းနဲ့ဘာမှမဆိုင်ဘူး၊ ဝင်ပါလို့ကတော့ မင်း နောက်နေ့ နေ့ အလင်းရောင် တောင် မမြင်ရဘူး ဖြစ်သွားမယ်”

ရဲ့လင်းချန်က သူ့ခြိမ်းခြောက်မှုကို လျစ်လျူရှု၍ ကျန်းယွီရှီအနားသို့ ဆက်လျှောက်သွားသည်။ သူ ဂရုစိုက်သော လေသံဖြင့် မေးလိုက် သည်။

“မင်း ထိခိုက်သွားသေးလား”

ကျန်းယွင်ရှီက ခေါင်းခါပြပီး ရဲ့လင်းချန်အား နီရဲ၍ မျက်ရည်ဝေ့သော မျက်လုံးများဖြင့် ကြည့်နေသည်။ ထို့နောက် သူမက ရဲ့လင်းချန်၏ ရင်ဘတ်ပေါ် မျက်နှာအပ်၍ ငိုလေတော့သည်။

“ဝါး … ငါ အရမ်းကြောက်တယ် …”

“စိတ်အေးအေးထား၊ အခု ငါ ရောက်လာပြီလေ၊ အဆင်ပြေသွားမှာပါ”

ရဲ့လင်းချန်က သူမမျက်ရည်များကို သုတ်ပေးပြီး နှစ်သိမ့်ပေးနေသည်။

“နင် ဆက်ငိုနေရင် ရုပ်ဆိုးသွားလိမ့်မယ်”

“ခစ်ခစ်”

ကျန်းယွင်ရှီ ရယ်လိုက်မိသည်။

“နင်ကသာ ရုပ်ဆိုးတာ”

အခြားသူများ မှင်တက်သွားသည်။ အထူးသဖြင့် လီစစ်ပင်။ သူ ဒေါသကြောင့် တုန်ပင်တုန်နေ၏။ သူ့မျက်လုံးများက မီးပွင့်မတတ် ဖြစ်နေ၏။

လျစ်လျူရှုခံထားရသည်။ သူ လုံးဝ လျစ်လျူရှုခံထားရသည်။ သူ ဒေါသတကြီး အော်ငေါက်လိုက်သည်။

“ဒီကိုကြည့်စမ်း၊ ငါ အခု တော်တော် စိတ်ပျက်နေပြီ”

သို့သော် ရဲ့လင်းချန်က သူ့စကားကို မကြားချင်ယောင် ဆောင် ထားသည်။ ရဲ့လင်းချန်က ကျန်းယွင်ရှီကို ကြည့်၍ ပြောနေသည်။

“မင်း ပိန်သွားတယ်၊ မင်း အစာမစားတာ သေချာတယ်၊ သွားစားဦး”

“ယီးပဲ”

လီစစ်၏ နဖူးကြောများ ထောင်လာသည်။ သူ့မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် စူးရဲလာ၏။ သူ ရှေ့တိုးလိုက်ပြီး ရဲ့လင်းချန်ရဲ့ ရှေ့၌ ပိတ်ရပ်ကာ အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။

“ဟေ့ကောင် မင်းက တော်တော် လူပါးဝတာပဲ”

ရဲ့လင်းချန် မျက်နှာရှစ်ခေါက်ချိုးဖြင့် ပြန်ကြည့်လိုက်သည်။

“ငါ့ရှေ့က ထွက်သွားဖို့ မင်းကို သုံးစက္ကန့် အချိန်ပေးမယ်”

“စောက်ကျိုးနည်း မင်း အတင့်ရဲပါလား၊ ငါ့ရှေ့မှာ မာကြောချင်ယောင် ဆောင်တာက မင်း ငိုယိုရတာနဲ့ပဲ အဆုံးသတ် သွားမယ်ကွ”

လီစစ်က လက်မြှောက်၍ ရဲ့လင်းချန်အား ရိုက်နှက်ရန် ပြင်လေသည်။ ရဲ့လင်းချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး လက်မြှောက်ကာ လီစစ်၏လက်အား လက်ကောက်ဝတ်မှ အသာတကြည် ဖမ်း၍ လိမ်ချိုး လိုက်သည်။

“အိ … အ … အ … အား …”

လီစစ် နှုတ်ခမ်းပင် တုန်လာပြီး စကားကို သေချာ မပြောနိုင်တော့ချေ။

“သူရဲကောင်းကြီး၊ လူကြီးမင်း ခွင့်လွှတ်ပေးပါ၊ ကျုပ် မှားမှန်း သိပါပြီ”

အချိန်တိုအတွင်း သူ့မျက်နှာက နာကျင်မှုကြောင့် နီရဲနေပြီး တစ်စက်ကလေးမျှ မလှုပ်ရဲချေ။

“ဒူးထောက်စမ်း”

လီစစ်သည် နာကျင်စွာ ဖမ်းချုပ်ခံထားရသောကြောင့် နာခံရုံသာ တတ်နိုင်သည်။

“ကျုပ် တောင်းပန်ပါတယ်၊ လွှတ်ပေးပါ”

“ထွက်သွား”

ရဲ့လင်းချန်က သူ့ကို လွှတ်ပေးသည်နှင့် လီစစ်က မာမာထန်ထန် အော်ဟစ် လေသည်။

“ယီးပဲ သူ့ကိုသတ်စမ်း”

အခြားလူမိုက်နှစ်ယောက်က ရဲ့လင်းချန်အား ပြိုင်တူတိုက်ခိုက် လာသည်။ ရဲ့လင်းချန်က ကျန်းယွင်ရှီကို ရင်ခွင်ထဲ ဖက်ထားလျက်နှင့် လှမ်းပင် မကြည့်ဘဲ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်သည်။

“ဘုန်း ဘုန်း”

အသံနှစ်သံနှင့်အတူ လူမိုက်နှစ်ယောက်လုံး ဘောလုံးသဖွယ် လွင့်ထွက် သွားလေသည်။

“ထွက်သွားစမ်း”

ရဲ့လင်းချန် လီစစ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ငါ ထွက်သွားပါ့မယ်၊ ငါ ချက်ချင်း ထွက်သွားပါ့မယ် …”

လီစစ်က စိုးရိမ်တကြီး ပြောဆိုသည်။ အလွန်ကြောက်နေသောကြောင့် သူ အခြားဘာမှမပြောနိုင်ဘဲ ကြမ်းပြင် ပေါ်မှ ခွေးနာလို လဲနေရာမှ ကုန်းထ၍ အသည်းအသန် ထွက်ပြေးတော့သည်။

All Chapters