← Chapters

အလင်းဖွေရှာသူ၏ တေးရေးဆရာ

Vol. 5 Ch. 75

အလင်းဖွေရှာသူ၏ တေးရေးဆရာ

Vol. 5 Ch. 75

ချန်ရှောင်ယန်သည် အသိစိတ်ပျောက်သည်အထိ မူးနေမှန်း သိသာလှသည်။ သူမသည် ရဲ့လင်းချန်၏ လည်ပင်းအား မလွှတ်တမ်း ဖက်တွယ်သွားပြီး ရဲ့လင်းချန်ကို လွှတ်ပေးရန် ငြင်းဆန်နေသည်။

တစ်ချက် ကြည့်လိုက်ရုံနှင့် ချန်ရှောင်ယန်၏ ပြောဆိုပြုမူပုံက ပိုပို၍ အတင့်ရဲ လာသဖြင့် ရဲ့လင်းချန် အသံတုန်တုန်ဖြင့် ပြောလိုက်မိသည်။

“ဟေ့ မိန်းကလေး၊ မင်း ... မင်း ဝေးဝေးနေပါ၊ သတိထားပါဦး”

“အာ အာ … ရှင်က လူကြီးလူကောင်းယောင် ဆောင်နေတုန်းလား”

ချန်ရှောင်ယန်က မူးမူးရူးရူးနှင့် တီးတိုး ပြောလာသည်။

“ရှင် မလှုပ်ရှားဘူးဆိုရင် ကျွန်မ လှုပ်ရှားမယ်၊ ရှင် ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ရတာပေါ့”

ထိုသိုပြောပြီး သူမက ရဲ့လင်းချန်၏ အဝတ်အစားကို စချွတ်လာသည်။

“မိန်းကလေး ဒါ နားလည်မှုလွဲတာပါ၊ မရည်ရွယ်ဘဲ လုပ်သလို ဖြစ်သွားတာပါ၊ မလုပ် …”

“အစုတ်ပလုတ်ကောင် ပါးစပ်ကသာ ငြင်းနေတာ ရှင့်ခန္ဓာကိုယ်က အတော် ရိုးသားတာ”

ချန်ရှောင်ယန်၏ အရက်မူးနေသော မျက်နှာလေးက နှစ်လိုဖွယ်ကောင်းအောင် ပြုံးနေပြီး လက်များကို ကလိနေသည်။

“အိ”

ရဲ့လင်းချန် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ ဤပြဿနာက အ‌တော်လေး လေးနက်နေသည်။

တစ်ခဏကြာသော် ရဲ့လင်းချန်၏ ဘောင်းဘီက ကြယ်သီးပြုတ်သွားပြီး ချန်ရှောင်ယန်က ရဲ့လင်းချန်အား အလွန် စွဲမက်ဖွယ်ကောင်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အောက်သို့ ငုံ့သွားသည်။

“မိန်းကလေး မလုပ် … မလုပ် … မလုပ်နဲ့”

“ရှင် ဒီနေ့ ကျွန်မကို ကယ်ခဲ့တယ်လေ၊ အဲ့ဒါကြောင့် ကျွန်မခန္ဓာကိုယ်နဲ့ ရှင့်ကို ပြန်ပေးဆပ်ပါရစေ”

ချန်ရှောင်ယန်၏ အသံတွင် ခါးသီးမှုတို့ မသိမသာ ပါနေသည်။

“အနုပညာနယ်ပယ်ထဲကို ကျွန်မ ဝင်လိုက်ကတည်းက ရွံစရာကောင်းတဲ့လူတွေက မတော်တရော်တွေ လုပ်ချင်နေခဲ့တာ၊ ရှင့်ကို ပထမဆုံးအကြိမ် ပေးလိုက်ရတာက ဘာမှမဖြစ်ပါဘူး”

*သောက် … သောက်ကျိုးနည်း*

တစ်စုံတစ်ယောက်ကို ကယ်လိုက်သည့် အကျိုးဆက်က ဤမျှ ကြီးလေးသွားလိမ်းမည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။

*ဒီအမျိုးသမီးက တကယ် အရိုင်းဆန်တာပဲ*

တစ်ခဏအတွင်း ရဲ့လင်းချန် တစ်ကိုယ်လုံး အားနည်းလာပြီး ကိုယ်တွင် အဝတ်အစားများ မကပ်ချင် ဖြစ်လာ၏။

နောက်ဆုံးတွင် ရဲ့လင်းချန်၏ နောက်လက်တစ်ဖက်က ချန်ရှောင်ယန်အား တင်းကြပ်စွာ ပွေ့ဖက်လာပြီး လက်ချောင်းချင်း ယှက်နွယ်လာသည်။

ရဲ့လင်းချန်သည် သူ့ကံတရားကို လက်ခံရုံသာ တတ်နိုင်ပြီး ချန်ရှောင်ယန်အား သူ့လက်ကို ကိုင်ခွင့်ပေးလိုက်ပြီး မတားဆီးတော့ချေ။

ငါးမိနစ်ကြာပြီးနောက် ရဲ့လင်းချန် အသက်ကို အငမ်းမရ ရှူပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်ကာ ခုတင်မှ ထလိုက်သည်။

*ငါက ဘာအတွေ့အကြုံမှ မရှိဘဲ၊ မြန်လွန်းသွားတာ နားလည်ပါတယ်*

ရဲ့လင်းချန် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။ ချန်ရှောင်ယန်ကို လှည့်ကြည့်လိုက်သောအခါ သူမက အရက် အမူးလွန်ပြီး အိပ်ပျော်နေသည်။

သူမ အိပ်နေရင်း ဗလုံးဗထွေး ပြောနေသည်။ ရဲ့လင်းချန် သူမကို တစ်ဖက်လှည့်ပေးလိုက်သည်။ သူမ၏ ပါးစပ်ထောင်မှ့ တံတွေးနှင့်တူသော အရည်တစ်ချို့ ကပ်ညိနေပြီး သူမ၏ အလှတရားအား ပို၍ ပြီးပြည့်စုံ သွားစေသလိုပင်။

ရဲ့လင်းချန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချန်ရှောင်ယန်အား ကြည့်ပြီး ညှိုးငယ်သလို ခံစားလိုက်ရသည်။

သူ ဝမ်းနည်းစွာ ခေါင်းခါလိုက်မိသည်။ သူ၏ ပထမဦးဆုံး အတွေ့အကြုံအား ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။

အချိန်ကို ကြည့်လိုက်သောအခါ နောက်ကျနေလေပြီ။ သူ့အဆောင်ကို သူ ပြန်သွားလို့ရမတော့ချေ။ သူ ဤနေရာမှာပဲ ညတာကို ကုန်ဆုံးလိုက်သင့်သလော။

သူ အိပ်ယာပေါ်၌ လှဲနေလိုက်သည်။ အလွန် လှပသော မိန်းကလေးတစ်ယောက်က သူ့ဘေး၌ အိပ်နေသော်လည်း ရဲ့လင်းချန် အိပ်မပျော်နိုင်ပါ။ ဘေးနားမှ ချန်ရှောင်ယန် အိပ်ရင်း ယောင်နေသော စကားများကိုသာ သူ ကြားနေရသည်။ သူမက အိပ်ရင်း ယောင်နေသောကြောင့် စကားများက လုံးထွေးနေပြီး ဘာပြောနေသလဲ ဆိုတာကို ရဲ့လင်းချန် မနည်း နားလည်ယူရသည်။

သူမကို ကယ်ခဲ့ချိန်က လူသုံးယောက် ပြောခဲ့သော စကားကို သတိရပြီး ရဲ့လင်းချန် Tik Tok ကို ဖွင့်၍ ချန်ရှောင်ယန်ကို ရှာကြည့်မိသည်။

ပရိုဖိုင်က အဖြူရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦး ဖြစ်ပြီး ထိုမိန်းကလေးနှင့် ခုတင်ပေါ်မှ မိန်းကလေးနှင့် တစ်ထေရာတည်းပင်။ ထို့အပြင် Tik Tok ဗွီဒီယိုများ များစွာ ရှိနေသည်။

သူမသည် အမြဲ ဖက်ရှင်ကျသော အဝတ်အစားမျိုးစုံကို ဝတ်စားပြီး ကသော ဗွီဒီယို သို့မဟုတ် သီချင်းဆိုနေသော ဗွီဒီယိုများ ထင်ထားပြီး အမြဲ ပြုံးနေ၏။ ၎င်းက ကြည့်ရှုသူများအား ငယ်ရွယ်နုပျိုမှုနှင့် အလှအပတို့အား သဘောကျ လာစေသည်။

သူမ၏ လှပသော အသွင်အပြင်ကြောင့် သူမ၏ Tik Tok အကောင့်သည် ပရိသတ် ငါးသန်းကျော် ရှိလေသည်။

သို့သော် အင်တာနက်ပေါ်မှ နာမည်ကြီးသူသည် အင်တာနက်ပေါ်မှ နာမည်ကြီးသူမျှသာ ဖြစ်ပြီး သူမ၏ ပရိသတ် အရေအတွက်က အနုပညာရှင်နှင့် ယှဉ်လိုက်လျင် အနည်းငယ် ကွာနေသေ‌ေသည်။

ချန်ရှောင် အလွန် ကြိုးစားထားမှန်း သိသာသည်။ သူမက နေ့တိုင်း Tik Tokတွင် အသစ်တင်လေ့ရှိပြီး သူမ၏ ပြီးပြည့်စုံသော ကောက်ကြောင်းကို ဖော်ပြလေ့ ရှိသည်။ သူမ၏ အကက စွဲမက်ဖွယ်ကောင်းပြီး အသံက သာယာဖွယ် ကောင်းလှသည်။

သူမ၏ တစ်ခုတည်းသော အိပ်မက်က အင်တာနက်ပေါ်မှ နာမည်ကြီးသူ အဖြစ်ကနေ အနုပညာရှင်အဖြစ် ကူးပြောင်းနိုင်ရန် ဖြစ်သည်။ သို့သော် အလှည့်အပြောင်းတိုင်း၌ အတားအဆီးရှိနေသည်က စိတ်မကောင်းစရာပင်။

သူမ နာမည်ရပြီးသော သီချင်းရေးဆရာကို ရှာဖွေ၍ သီချင်းရေးပေးရန် တောင်းဆိုသောအခါ သူနှင့်အိပ်ရမည်ဟု ပြောလာသည်။ သူမ တီးလုံးဖန်တီးသူကို ရှာဖွေ၍ သီချင်းအား တည်းဖြတ်ရန် ပြောသောအခါ သူမအား အတူနေရမည်ဟု ပြောလာ၏။ သူမ သတင်းထောက်ကို ရှာသောအခါတွင်လည်း အတူနေရန်သာ တောင်းဆို လာ၏။ တစ်နည်းအားဖြင့် ဆိုရလျင် သူမ အနုပညာနယ်ပယ်ထဲ ဝင်ချင်လျင် သူမခန္ဓာကိုယ်ကို ရောင်းစားမှ ရပေမည်။

ဤသည်က ဆိုးရွားသော အမှန်တရား ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ကံဆိုးမှုနှင့် တရားမမျှတမှုတို့ ပါဝင်နေ၏။ ရဲ့လင်းချန် ကြားပြီးသည်နှင့် ဆွံ့အသွားရသည်။

အိပ်နေချိန်တွင်တောင်မှ မျက်မှောင်ကြုတ်နေသေးသော ချန်ရှောင်ယန်ကို ကြည့်ပြီး ရဲ့လင်းချန် တစ်ခဏမျှ အတွေးထဲ နစ်မျောနေမိသည်။ သူ သက်ပြင်းချလိုက်ပြီးနောက် ခုတင်ပေါ်မှ ထလိုက်သည်။

သူ မီးအိမ်ကိုဖွင့်၍ Baidu ထဲဝင်၍ သီချင်းဘယ်လို ရေးရမလဲ စတင်လေ့လာလေသည်။

“သီချင်းရေးခြင်းပညာအား ကိုယ်တိုင် လေ့လာခြင်း၊ စာပေစွမ်းရည် တစ်မှတ်”

“သီချင်းရေးခြင်းပညာအား ကိုယ်တိုင် လေ့လာခြင်း၊ စာပေစွမ်းရည် တစ်မှတ်”

“သီချင်းရေးခြင်းပညာအား ကိုယ်တိုင် လေ့လာခြင်း၊ စာပေစွမ်းရည် တစ်မှတ်”

…

ထိုအခိုက်တွင် ရဲ့လင်းချန် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။ ဗဟုသုတများက တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေနေ၏။ သီချင်းရေးခြင်းကလည်း စာပေ၏ အခန်းကဏ္ဍတစ်ခုပင်။

သူ စဉ်းစားရင်း ၎င်းက မှန်ကန်ကြောင်း သိလာရသည်။ စာပေသည် ကဗျာရေးခြင်းကဲ့သို့ သီချင်းရေးခြင်း၏ အခြေခံပင်။ ၎င်းတို့က ဆက်စပ်နေ၏။ သီးခြားဖြစ်တည်နေသော ဗဟုသုတရှိမည်ဆိုလျင် ၎င်းက ပုံတူကူးသော အရာသာ ဖြစ်ပေလိမ့်မည်။

ဤသည်က အရာအားလုံးက ဆက်စပ်နေပြီး တစ်ဦးတည်းကိုသာ ဦးတည်နေကြောင်း ပြသနေသည်။ သို့သော် လူတို့သည် တူညီသော အရာများအား ခွဲခြားရသည်ကို နှစ်သက်ကြလေသည်။

သူ့၌ စာပေ အခြေခံ ရှိထားပြီးသား ဖြစ်သောကြောင့် ရဲ့လင်းချန်သည် စိတ်ထဲမှ အကြံကို အလျင်အမြန် အကောင်အထည် ဖော်လိုက်ပြီး တီးလုံး ဘယ်လို ဖန်တီးရမလဲ စတင်လေ့လာလိုက်သည်။

“တီးလုံး ဖန်တီးခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ တီးလုံးဖန်တီးခြင်း စွမ်းရည် တစ်မှတ်”

“တီးလုံး ဖန်တီးခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ တီးလုံးဖန်တီးခြင်း စွမ်းရည် တစ်မှတ်”

“တီးလုံး ဖန်တီးခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ တီးလုံးဖန်တီးခြင်း စွမ်းရည် တစ်မှတ်”

…

ညသန်းခေါင်ကျော်သွားချိန်မှသာ ရဲ့လင်းချန် ဖုန်းကိုချလိုက်ပြီး အိပ်ပျော်နေသော ချန်ရှောင်ယန်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဘောပင်ကို ကိုင်၍ စတင် ရေးသားလေသည်။

ခေါင်းစဉ် အလင်းအား ဖွေရှာသူ

စာသား : မင်းက ကမ်းခြေ မီးပွားလေးဆိုရင် ကိုယ်က လှိုင်းလုံးထဲက ရေမြှုပ်လေးပါ

မင်းရဲ့အလင်းကသာ ကိုယ့်ကို ရုတ်တရက် ထွန်းလင်းပေးလာတာပါ

…

ကိုယ် မင်းနောက်ကို လိုက်လို့ရမလား

အရိပ်က အလင်းနောက် လိုက်သလို ကိုယ်တို့ အတူတူ ခရီးထွက်ကြမယ်လေ

ကိုယ် ဒီလမ်းကနေ စောင့်နေနိုင်ပါတယ်

မင်း ကိုယ့်ကို ဖြတ်ကျော်သွားလည်း ကိုယ် ဂရုမစိုက်ဘူး

မင်း ခေါင်းကိုမော့လိုက်တဲ့ အကြိမ်တိုင်း

မျက်ရည်တွေကို လွတ်လွတ်လပ်လပ် စီးကျခွင့်ပေးလိုက်ပါ

ချစ်ခြင်းထဲ ပျော်ဝင်နေတာက နေရောင်ခြည် ခံစားနေရသလိုပါပဲ

မင်း ရယူနိုင်သလို ဆုံးလည်း ဆုံးရှုံးနိုင်တယ်

…

စာသားဘေး၌ တီးလုံးများကို ချရေးလိုက်သည်။ သူ သီချင်း ရေးပြီးသွားချိန်တွင် အရုဏ်တက်ချိန်သို့ပင် ရောက်နေ၏။

ရဲ့လင်းချန် ထလိုက်ပြီး ထွက်သွားရန် ပြင်လေသည်။ သို့သော် သူ တစ်ခဏမျှ တွေဝေနေပြီးမှ ဘောပင်ကို ပြန်ကောက်ကိုင်၍ စာရွက်အောက်ခြေ၌ ချရေးလိုက်သည်။

*စိတ်ဓာတ်မကျပါနဲ့၊ ဘဝက နှလုံးခုန်နှုန်းကို တိုင်းတဲ့စက်လိုပဲ၊ ချောမွေ့နေတဲ့အချိန်ဆိုလို့ … သေတဲ့အချိန် တစ်ချိန်ပဲ ရှိတယ်*

*မင်းရဲ့ဝိုင်*

ထို့နောက် သူ တိတ်တဆိတ် ထွက်သွားလိုက်သည်။

အပေါ်ယံ ကြည့်မည်ဆိုလျင် အလင်းအား ဖွေရှာသူ၏ အကြောင်းအရာက အချစ်အကြောင်း ပြောနေသည်နှင့် တူသည်။ သို့သော် ရည်ညွှန်းထားသော အလင်းက အချစ်ကို ပြောနေရုံသက်သက် မဟုတ်ချေ။

မနက် ကိုးနာရီ၌ ချန်ရှောင်ယန် ရီဝေဝေဖြင့် နိုးလာသည်။

သူမ လက်မြောက်၍ အရက်ကြောင့် မကြည်မလင် ဖြစ်နေသောခေါင်းကို အသာခေါက်မိသည်။ သူ့မျက်လုံးများက အိပ်ချင်မူးတူးဖြင့် လေးလံနေသေးသည်။

သူမနှုတ်ခမ်းက ခြောက်နေသဖြင့် လျှာဖြင့်သပ်လိုက်သည်။ နှုတ်ခမ်းတွင် တစ်ခုခု ကပ်နေပုံရပြီး သူမပါးစပ်ထဲ၌ ထူးခြားသော အရသာကိုပါ ခံစားလိုက်ရသဖြင့် မသိမသာ အံ့ဩသွားရသည်။

မနေ့ညက မှတ်ဉာဏ်အပိုင်းအစများက သူမစိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာ၏။ သူမ ရုတ်တရက် မျက်လုံးပြူးသွားပြီး မျက်နှာတွင် ကြောက်လန့်ဟန် ပေါ်လာသည်။

သူမ အဝတ်အစားကို အလျင်အမြန် စစ်ဆေးလိုက်ပြီး သေချာ တွေးကြည့်သောအခါတွင်မှ သူမ  စော်ကားခံခြင်း မဟုတ်မှန်း သိကာ စိတ်အေးစွာ သက်ပြင်းချမိသည်။

သို့သော် မနေ့ညက သူမ သူ့ကို ကူညီမိသည်ဟု ထင်နေမိသည်။ ချန်ရှောင်ယန်၏ မျက်နှာတစ်ခုလုံး နီရဲကာ လောင်ကျွမ်းမတတ် ဖြစ်နေ၏။

*မြတ်စွာဘုရား မနေ့ညက ငါ ဘာလို့ အဲ့လောက် အတင့်ရဲခဲ့တာလဲ*

အရေးအကြီးဆုံးအရာမှာ မနေ့ညက သူမ မူးနေသဖြင့် ထိုလူ၏ မျက်နှာကိုပင် သေချာမကြည့်မိပါ။ ဤသည်က အမှားကြီးပင်။

သို့သော် သူက သူမကို အကြမ်းမဖက်ခဲ့သဖြင့် သူ့အား လူကြီးလူကောင်းဟု သတ်မှတ်နိုင်ပေသည်။

ချန်ရှောင်ယန်သည် သူမရုပ်ရည်အား အလွန် ယုံကြည်မှုရှိသည်။ မနေ့ညက သူ့ဆန္ဒကို ထိန်းသိမ်းနိုင်သည့် ယောကျ်ားမျိုးက ရှားလှသည်။

ထို့အပြင် သူက သူမကို ကယ်ခဲ့သည့်ပုံပင်။ ထိုအကြောင်း သူမ တွေးမိသောအခါ သူမစိတ်ထဲမှ ရွံရှာစိတ်က ပျောက်သွားလေသည်။

သို့သော် ဘာတွေပဲ ဖြစ်နေပါစေ သူမ ခုတင်ပေါ်မှ ခုန်၍ သန့်စင်ခန်းထဲပြေးသွားကာ သွားတိုက်လေတော့သည်။

တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် ချန်ရှောင်ယန် ရေချိုးခန်းထဲမှ ထွက်လာသည်။ သူမ အခန်းကို ဝေ့ကြည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် သူမအကြည့်က အခန်းထဲမှ စားပွဲပေါ် ရောက်သောအခါ တန့်ခနဲ ဖြစ်သွားသည်။

စားပွဲပေါ်တွင် မီးအိမ်တစ်လုံး ရှိနေကာ စာရွက်တစ်ရွက်နှင့် ဘောပင်လည်း ရှိနေသည်။ စာရွက်ပေါ်၌ တစ်ခုခု ရေးထားပုံရသည်။

All Chapters