ယောက်ျားလေးတွေ အပြင်ထွက်ရင် ကိုယ့်လုံခြုံရေးအတွက် သောာက်ကျိုးနည်း သတိထားသင့်တယ်
Vol. 13 Ch. 183
သီချင်းက တဖြည်းဖြည်း အဆုံးသတ်နားသို့ ရောက်လာပြီး အသံက နိမ့်ဆင်းကာ နူးညံ့လာသည်။
ခါးသီးမှုနှင့် ရက်စက်မှုတို့က သူတို့အား ဖြည်းဖြည်းချင်း ကျော်လွှားလာသဖြင့် ရှောင်ချန်နှင့် ကျန်လူများ ကျောရိုးစိမ့်မတတ် ချမ်းအေးသွားကြသည်။
“လူတစ်ချို့က နေ့တာတွေမှာ အခြားသူတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ကြပြီးတော့
မူးဝေနေတဲ့ ညတာတွေမှာ သူတို့အိပ်မက်တွေကို ရေစုန်မျှောလိုက်ကြတယ်
နေ့တိုင်း နိုးထလာပြီး နေ့ဒဓူဝကိစ္စတွေကို လုပ်မြဲလုပ်ကြတယ်၊ ဒါပေမဲ့ သူတို့ မသိကြတာက
အိုမင်းလာတဲ့အခါ အားလုံးကို ဘယ်လို ပြန်လှည့်ကြည့်ကြမလဲ
လူတစ်ချို့က နောင်တရကြတယ်၊ တစ်ချို့တွေကတော့ ကံကောင်းစွာနဲ့ မေ့ပျောက်သွားကြတယ်
လူတစ်ချို့က ခံစားချက်တွေနဲ့ ပြည့်နှက်နေကြတယ်၊ တကယ်တော့ မင်းတို့ငါတို့တွေက ဖုန်မှုန့်သာသာလေးပါပဲ”
သီချင်းဆုံးသွားသော အခန်းထဲမှ လူများအားလုံး ငြိမ်သက်သွားသည်။ သူတို့သည် အသံထဲ၌ နစ်မျောနေဆဲဖြစ်ကာ ရုန်းမထွက်နိုင် ဖြစ်နေလေသည်။
“ဒါက ရင်သက်ရှုမောစရာပဲ”
ရှောင်ချန်အတွက် အသိဝင်လာစေရန် အတော်လေး ကြာလေသည်။ သူ့မျက်လုံးတွင် မျက်ရည်များနှင့် ပြည့်နေပြီး အနည်းငယ် လမ်းပျောက်သလို ဖြစ်နေသည်။
ထိုအသံက … အံ့ဩစရာ ကောင်းလွန်းလှသည်။
သီချင်းအား ဘယ်ရှုထောင့်မှကြည့်ကြည့် စင်းလုံးချောသော ဖန်တီးမှုတစ်ခုလိုပင်။ အယ်ဒီတာများ ဖြစ်ကြသောကြောင့် သီချင်းနှင့် ပတ်သက်လာလျင် သူတို့ အလွန် သတိပြုမိတတ်သည်။ လူတစ်ချို့၏ အဆိုရှင်သည် သီချင်းဆိုစွမ်းရည်နှင့် စည်းချက်ကို အခိုင်အမာ နားလည်သဘောပေါက်ကာ လက်ရှိ နာမည်ကျော် အဆိုတော်များထက်ပင် ပိုသေးသည်။ စံချိန်စံနှုန်းက ဩချလောက်စရာပင်။
စာသားများက နက်နဲ၍ တကယ့်ကို လက်ရာမြောက်လှသည်။
“ဒါ နတ်ဘုရား လက်ရာပဲ၊ တကယ့်ကို နတ်ဘုရား လက်ရာပဲ”
“အီးဟီးဟီးဟီး … ဒီသီချင်းက ကောင်းလွန်းနေတယ်”
အယ်ဒီတာအချို့ဆိုလျင် မျက်ရည်များ ကျလာပြီး ထိန်းမရအောင် ငိုနေကြသည်။
“ဒီသီချင်းကို တကယ်ပဲ ဝိုင်က ရေးထားတာလား”
ရှောင်ချန်က ရုတ်တရက် မေးလာသည်။ ထိုမေးခွန်းက အခြေအနေကို လုံးဝ တည်ငြိမ်လေးနက်လာစေ၏။
အရည်အချင်းအားဖြင့်ဆိုလျင် ဝိုင်ကို ယှဉ်နိုင်သူ မရှိပေ။ ယင်းက အံ့ဩစရာ ကောင်းလှသည်။ ကမ္ဘာတုန်လောက်စရာပင်။
“သောက်ကျိုးနည်း၊ လုံးဝ ဖြစ်နိုင်တာပေါ့ဟ”
“ဒါ သေချာပေါက် ဟုန်နာကို တုံ့ပြန်တာပဲ၊ လက်တုံ့ပြန်တာ၊ သူ လက်တုံ့ပြန်တာကွ”
“ဝိုင်က တအား အံ့ဩဖို့ကောင်းတယ်၊ ငါ့စံပြပုဂ္ဂိုလ် ဖြစ်ထိုက်တယ်ကွာ၊ သူရဲ့ လုပ်ရပ်တစ်ခုချင်းစီတိုင်းက ကိုယ်တွေ့တွေချည်းပဲ”
“ဆိုတော့ မင်းတို့ ဘာကို စောင့်နေတာလဲ၊ မြန်မြန် ထုတ်လွှင့်လိုက်တော့လေ”
ရှောင်ချန်နှင့် အခြားသူများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီမြန်းနေသည်။ သူတို့ ချက်ချင်း သီချင်းကို တင်လိုက်ပြီး လူတစ်ချို့ကို နားဆင်သင့်ကြောင်း ထောက်ခံသည့် အသိပေးစာပင် တင်လိုက်သေးသည်။
[လူတစ်ချို့ဆိုတဲ့ သီချင်းသစ်တစ်ပုဒ် ပေါ်လာတယ်၊ ဒါကို ဝိုင်က ရေးပြီး သူကိုယ်တိုင် ဆိုထားတာလား]
ဤကြေငြာချက်က ရိုးရှင်းပြီ မထူးခြားချေ။
သို့သော် ယင်းက ဖြစ်သင့်ပေသည်။ မည်သည့် ပလက်ဖောင်းမဆို၌ ထောက်ခံကြော်ငြသည့် နေရာက အလွန် နည်းပြီး အရာအားလုံးက တစ်ဆင့်ချင်းစီ သွားရသည်။ ယခုမှ စတင်သော်လည်း လူတစ်ချို့ သီချင်းက တန်း၍ ကြော်ငြာခံရသည်က ကောင်းလွန်းလှပြီဟု ဆိုရပေမည်။
သို့သော်ငြားလည်း ရှောင်ကမ်း လုံးဝ စိတ်ပူခြင်း မရှိပါ။ ကြော်ငြာက သေးငယ်လောက်သော်လည်း ဝိုင်၏ ဂုဏ်သတင်းတစ်ခုတည်းဖြင့် မည်သည့် ပလက်ဖောင်းပုံစံမဆို၌ နေရာရပေလိမ့်မည်။
ချန်ရှောင်ယန်၏ သီချင်းသုံးပုဒ် အပေါ်၌ ကြီးမားသော ကြော်ငြာစာတန်း ရှိလေသည်။
“ချန်ရှောင်ယန်ရဲ့ သိမ်မွေ့နူးညံ့လှတဲ့ အသံနဲ့ ဝိုင်ရဲ့ ဂန္ထဝင်လက်ရာ၊ လက်လွှတ်မခံနဲ့နော်”
သီချင်းလေးပုဒ်ကို တင်ပြီးသည်နှင့် QQ Music ၌ လှုပ်လှုပ်ရှားရှား ဖြစ်လာလိမ့်ဦးမည်ဟု သူတို့ ခန့်မှန်းမိနေ၏။
…
တနင်္လာနေ့တွင် ရဲ့လင်းချန် ပုံမှန်အတိုင်း အတန်းတက်လေသည်။
သူ အခန်းထဲ ခြေချလိုက်သည့် အခိုက်မှာပင် အားလုံး၏ အကြည့်က သူ့အပေါ် ကျရောက်လာ၏။
ထိုအကြည့်များတွင်းမှ ခံစားချက်များက အလွန် ရှုပ်ထွေးနေသည်။ ရဲ့လင်းချန်အား လွှမ်းမိုးနိုင်သော လူတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။
ယခင်က ရဲ့လင်းချန်သည် သန်မာ၍ ထူးချွန်သော်လည်း အလွန် အာရုံစိုက်ခံရခြင်း မရှိပေ။ သူ၏ ဂုဏ်သတင်းက ဘတ်စကတ်ဘောနှင့် လတ်တလော ခရီးစဉ်အပြီးတွင်မှ မြင့်တက်လာခဲ့သည်။
ထိုအချိန်မှစ၍ သူသည် သာမန် ကျောင်းသားတစ်ယောက် မဟုတ်တော့ချေ။
သူသည် အရာအားလုံး၌ ကျွမ်းကျင်ပြီး အလွန်တရာမှကို မိမိုက်သော ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့သည်။
အတန်းဖော် ကျောင်းသားတိုင်း၏ စံပြပုဂ္ဂိုလ် ဖြစ်လာသည့်အပြင် မိန်းကလေးတော်တော်များများက သူတို့၏ မင်းသားချောလေးအဖြစ် သူ့ကို မြင်လာသောကြောင့် ကျန်ယောက်ျားလေးတိုင်း၏ အားကျခြင်းကို ခံနေရသည်။
သူ့နေရာသို့ သွားသောအခါ ရှောင်ကမ်းနှင့် ကျန်နှစ်ယောက်က ရဲ့လင်းချန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လာကြသည်။ သူတို့၏ အကြည့်တွင် မကျေနပ်မှုတို့နှင့် ပြည့်နေသည်။
“ဘာဖြစ်လို့လဲ၊ ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား”
ရဲ့လင်းချန် ပြုံးလိုက်သည်။
“ရှောင်ရဲ့ အခု မင်းက တော်တော် နာမည်ကြီးနေပြီ၊ ငါ မင်းကို နည်းနည်း မနာလို ဖြစ်လာပြီ”
ရှောင်ကမ်းက ပွင့်ပွင့်လင်းလင်း မှတ်ချက်ပြုသည်။
“ရှောင်ရဲ့ မင်းရဲ့ ကျွမ်းကျင်မှုတွေကို နည်းနည်းလောက် ထိန်းထားလို့ ရမလား၊ မဟုတ်ရင် မင်း ငါတို့လို သာမန်လူတွေကို ဘယ်လို အသက်ဆက်ရှင်စေချင်တာလဲ”
“ရှောင်ရဲ့၊ မင်းက ငါတို့ တက္ကသိုလ်ရဲ့ အလှဘုရင်မ လီမူရွှယ်ကို ရထားပြီးပြီပဲ၊ တစ်ခြားလူတွေကိုတော့ ငါတို့ဆီက မလုပါနဲ့ကွာ၊ ငါတို့ ဒီလောက် အကြာကြီး တစ်ကိုယ်တည်း ဖြစ်နေခဲ့တာ၊ ငါတို့အတွက် တော်တော် ခက်ခဲတယ်ကွ”
သုံးယောက်သား ဆိုးဆိုးရွားရွား ဒုက္ခခံနေရသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ပြောလာကြသည်။
ရဲ့လင်းချန်က သူ့နှာခေါင်းသူ ပြန်ပွတ်လိုက်သည်။
“ဘာတွေ ဖြစ်နေလို့လဲ၊ လူလို့ ပြောစမ်းပါဟ”
ရှောင်ကမ်းက ပင့်သက်ရှိုက်ကာ အံကြိတ်လေသည်။ ထို့နောက် သူ့အံဆွဲထဲ လက်လှမ်း၍ ဘူးတစ်ဘူးကို ထုတ်လိုက်သည်။
ဘူးက သိပ်မကြီးသော်လည်း ပစ္စည်းအပြည့်ပင်။ ၎င်းတွင် စာများ၊ ကဒ်များနှင့် အခြားသော လက်ဆောင်များစွာ ပါရှိနေသည်။
“ဘာတွေဖြစ်ကုန်တာလဲ”
ရဲ့လင်းချန် တွေဝေသွားသည်။
“ဒါတွေအားလုံးက မင်းအတွက် ရည်းစားစာတွေလေ”
အာလူးလေးက ခါးသီးစွာ ပြောသည်။
“အခု ကျောင်းဝန်းတစ်ခုလုံးက မင်းရဲ့ အရည်အချင်းတွေကို သိနေပြီ၊ မင်းက ဘတ်စကတ်ဘောနဲ့ သိုင်းပညာကို ကျွမ်းသလို မင်းရဲ့ ဟင်းချက်လက်ရာကလည်း အရသာ ရှိလွန်းတယ်၊ မိန်းကလေးတွေ မင်းကို စိတ်ဝင်စားတာ သဘာဝပဲလေ”
ရှန်းက ပြောလေသည်။
“မင်းက အဆောင်မှာ မနေတော့ ဒီဟာတွေအားလုံးကို မင်းကို ပေးဖို့ ငါတို့ဆီ လာပေးသွားတာပေါ့ကွာ”
ရဲ့လင်းချန် ခေါင်းခါ၍ မချိပြုံး ပြုံးလိုက်သည်။ သူက ကျောင်း၌ လူကြိုက်များသော လူတစ်ယောက် ဖြစ်လာလေသလား။
“မင်းက သူဌေးသားဆိုတာကို သူတို့ မသိလို့ ကံကောင်းတယ်၊ မဟုတ်လို့ကတော့ တစ်ကျောင်းလုံး အုတ်အုတ် ကျက်ကျက် ဖြစ်ပြီ”
ရှောင်ကမ်းက ကံကောင်းဟန်ဖြင့် ပြောလေသည်။
“ရှောင်ရဲ့ ငါတို့ ဒီစာတွေကို မဖတ်ထားဘူး၊ ငါတို့နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောလိမ့်မယ်လို့ ထင်ရတာပဲ”
သူတို့ စကားပြောနေချိန်တွင် အတန်းထဲမှ မိန်းကလေး တော်တော်များများက ထရပ်လာပြီး ကဒ်လေးများ ကိုင်၍ လျှောက်လာလေသည်။
“ရဲ့လင်းချန် ဒါ နင့်အတွက်”
ကောင်မလေး၏ မျက်နှာက ရှက်စိတ်ကြောင့် နီမြန်းနေသည်။ သူမက ရဲ့လင်းချန်၏ လက်ထဲ ပေးရန် တန်းစီထားပြီးနောက် ခပ်သွက်သွက် ပြန်ထွက်သွားသည်။
“ဂျွတ်”
ရဲ့လင်းချန်သည် မရေတွက်နိုင်သော ရင်ကွဲသံများနှင့် အံကြိတ်သံများကို ကြားလိုက်ရသည်ဟု ထင်မှတ်မှား မိသွားသည်။
သူ့အား လူကြိုက်များနေပါတကား။
မိန်းကလေးတိုင်းက အတော်လေး ထူးခြားပေသည်။ ယဉ်ကျေးကျိုးနွံသော မိသားစုများမှ သမီးချောလေးများ ပါသလို လှပ၍ ကူကယ်ရာမဲ့နေသော အသွင်အပြင် ရှိသူများလည်း ပါသည်။ အားလုံးက ယောက်ျားလေး အများစု၏ တစ်ဖက်သတ် ကြိုက်နေရသူများပင်။ လက်ရှိတွင် သူတို့က ရဲ့လင်းချန်ကို ရည်းစားစာ ပေးရန် တန်းစီနေ၏။ ဤသည်က တကယ့်ကို မကျေနပ်ချင်စရာပင်။
သူက အတိုက်အခိုက်ကျွမ်းမှန်း တစ်ကျောင်းလုံး သိနေ၍ တော်သေးသည်။ သို့မဟုတ်ပါက တစ်ယောက်ယောက်က သူ့ကို ညဘက်တွင် ကျောင်းခေါင်းမိုးထပ်သို့ ဆွဲခေါ်သွားနိုင်လောက်သည်။
သူ သိချင်စိတ်ဖြင့် စာတစ်စောင်ကို ဖွင့်ဖတ်လိုက်သည်။
“ရဲ့လင်းချန် ငါ နင့်ကို သဘောကျတယ်၊ တွဲရအောင်”
ထို့နောက် နောက်တစ်စောင် …
“ရဲ့လင်းချန်၊ ငါ ငါ့အခန်းဖော်တွေနဲ့ အမှန်ပြောမလား၊ လုပ်ရဲလား ဆော့တာ ရှုံးသွားလို့ပါ၊ နင် ငါ့ကို WeChat မှာ အပ်ပေးနိုင်မလားဟင်၊ ငါ့WeChat ID က ******”
သူ နောက်တစ်စောင်ကို ယူဖတ်လိုက်သည်။
“ရဲ့လင်းချန် ငါက နင့်စီနီယာပါ ပြီးတော့ မကြာခင် ဘွဲ့ရတော့မှာ၊ ငါ လီမူရွှယ်လောက် မလှပင်မယ့် ငါက တကယ် လန်းပါတယ်၊ နင် ငါ့ကို မေ့မရတဲ့ ညလေးတစ်ည ဖန်တီးပေးခဲ့ဖို့ ကြိုးစားချင်စိတ် ရှိလား၊ ငါ့ဖုန်းနံပါတ်က ၁၃၉၈*****”
စာများအပြင် လက်ဆောင်လေးများလည်း ရှိသည်။ အမွေးပွ ဝက်ဝံရုပ်လေးများ၊ တေးဂီတ ဘူးလေးများနှင့် နှင်းဆီပန်းများပင် ပါလိုက်သေးသည်။
အားလုံးက လီမူရွှယ်က ရဲ့လင်းချန်၏ ချစ်သူဟု ယူဆကာ ရေးထားကြသည်။ ရဲ့လင်းချန်က တစ်ကိုယ်တည်း သမား ဆိုသည်ကိုသာ သူတို့ သိကြပါက ကိစ္စများက ပို၍ ပြင်းထန်လာလောက်သည်။
အလွန် ထူးချွန်လွန်းသည်ကလည်း ပြဿနာပင်။
ရဲ့လင်းချန်၏ နှလုံးသားက ဗလာဖြစ်လာသလို ခံစားလာရသည်။ မရေတွက်နိုင်သော မိန်းကလေးများက သူ့အား ခိုး၍ အာရုံစိုက်ခြင်း၊ သို့မဟုတ် သူ့နောက်ကွယ်၌ သူ့အကြောင်းပြောခြင်း၊ သူ့အား တစ်ဖက်သတ် သဘောကျခြင်းနှင့် သူ့အား သူတို့အပိုင် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ အမြဲ တွေးနေကြသည်ဟူသည့် ခံစားချက်မျိုး သူ အမြဲ ရခဲ့သည်။
ရဲ့လင်းချန်သည် ထိုမိန်းကလေးများ၏ ငမ်းငမ်းတက် လိုချင်နေသော အကြည့်များဖြင့် ကြည့်ခြင်း ခံနေရကာ မသိလျင် မိစ္ဆာမက ဘုန်းတော်ကြီးကို ကြည့်နေသည်ဟုပင် ထင်ရလေသည်။ သူ့အဝတ်အစားကို ဆွဲဖြဲ၍ သူ့အား အရူးလုပ်ချင်စိတ် ပြင်းပြနေသည့်ပုံပင်။
သူ အလိုလို ကျောချမ်းလာရသည်။
*ကြောက်ဖို့ကောင်းလွန်းတယ်၊ မိန်းကလေးတွေက ကြောက်ဖို့ ကောင်းလိုက်တာ*
*ယောက်ျားလေးတွေ အပြင်ထွက်ရင် ကိုယ့်လုံခြုံရေးအတွက် သောာက်ကျိုးနည်း သတိထားသင့်တယ်*