← Chapters

မင်းစည်းစိမ်ကို ငါ့အမေဆီမှာ လာကြွားနေတာလား

Vol. 6 Ch. 84

မင်းစည်းစိမ်ကို ငါ့အမေဆီမှာ လာကြွားနေတာလား

Vol. 6 Ch. 84

“ဘာဖြစ်တာလဲ မင်း ငါ့ကို မမှတ်မိတော့ဘူးလား”

ရဲ့လင်းချန် ရယ်လိုက်သည်။

“နည်းနည်းပေါ့”

ကျန်းယွင်ရှီ မျက်မှောင်ကြုတ်နေသည်။

“နင် အတော်လေး ပြောင်းလဲသွားတာကို ငါ သတိထားမိတယ်၊ နင်က ငယ်ငယ်တုန်းကနဲ့ မတူတော့ဘူး”

ရဲ့လင်းချန် ပြုံးလိုက်သည်။

“မင်းရောပဲ၊ အခု မင်းက အများကြီး ပိုလှလာတယ်”

ကျန်းယွင်ရှီ ရှက်သွေးဖြာသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဪ ကတ်တွေက ဘယ်လိုဖြစ်သွားတာလဲ၊ နင် ဘယ်လို နိုင်သွားတာလဲ”

“လောင်းကစားက လှည်စားခြင်းနဲ့ ပြည့်နေတဲ့အရာလေ”

ရဲ့လင်းချန်က ကျန်းယွင်ရှီကို ကြည့်လိုက်သည်။

“တကယ်တော့ ငါနဲ့အတူ ကစားတဲ့ ငါးယောက်လုံးက လီစစ်ရဲ့ လူတွေပဲ၊ ဒိုင်အပါအဝင်ပေါ့”

“ဒိုင်က မျက်လှည့်ပညာ နည်းနည်းတတ်တော့ ကတ်တွေကို တစ်ခုခု လုပ်ထားတယ်၊ အဲ့ဒါကြောင့် သူတို့ ငါ့ကတ်တွေကို ထိန်းလို့ရနေတာ၊ ဒါပေမဲ့ ငါ ကတ်တွေကို စကိုင်ကြည့်လိုက်တဲ့အချိန်တွေကတည်းက ace တစ်ကတ်ကို ယူပြီး ဝှက်ထားတာလေ”

တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ရဲ့လင်းချန်က ဆက်ပြောသည်။

“ပြီးတော့ သူ ကတ်တွေကို မှတ်ထားတဲ့အချိန်မှာ ငါကလည်း ကတ်တွေရဲ့ အစဉ်လိုက်ကို လိုက်မှတ်ထားတာ၊ သူတို့ ဘာကတ်တွေ ရထားတာလဲဆိုတာကိုလည်း ငါ သိတယ်”

“ဒါဆို နင် ဆယ်ပွဲဆက်တိုက် ရှုံးတာက တမင်လုပ်တာလား၊ အခွင့်ကောင်းကို စောင့်နေတာပေါ့ ဟုတ်လား”

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို အံ့ဩမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။

“နင်က ဒီလောက် အံ့ဩစရာ ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“လောင်းကစား ပညာတွေက ကိုယ့်ကျင့်တရားနဲ့ သွေဖီတဲ့ ပညာတွေပဲ၊ ပြောဖို့ မထိုက်တန်ဘူး”

ရဲ့လင်းချန်က လက်ကာ၍ ပြန်ပြောလိုက်သည်။

“ဒါနဲ့ နင် ဘယ်လိုလုပ် အဲ့သခင်လေးလုနဲ့ သိနေတာလဲ”

“ငါက မြို့တော်က ပီကင်း တက္ကသိုလ်မှာ တက်တာလေ၊ ပြီးတော့ သူက မြို့တော်ကပဲကို၊ ငါတို့ အချင်းချင်း မတော်တဆ ဆုံသွားကြတာ”

ကျန်းယွင်ရှီက ရဲ့လင်းချန်၏ အဖြေကို သံသယ ရှိသော်လည်း ဘာမေးခွန်းမှ ထပ်မမေးတော့ပါ။ တက္ကသိုလ် အကြောင်း ပြောလာသည့်အခါ သူမ၏ အမူအရာက ရုတ်တရက် မှိုင်တွေသွားသည်။

“ယွင်ရှီ ငါ တောင်းပန်ပါတယ်၊ ငါသာ စောစော သိခဲ့ရင် နင် တက္ကသိုလ်ကို လက်လျှော့လိုက်ရမှာ မဟုတ်ဘူး”

ရဲ့လင်းချန် မနေနိုင်ဘဲ တောင်းပန်လိုက်သည်။ ကျန်းယွင်ရှီက ခေါင်းခါလေသည်။

“ဒါ နင့်အမှား မဟုတ်ပါဘူး၊ ငါ နင့်ကို ကျေးဇူးတင်သင့်တာပါ၊ နင်က ငါ့အကြွေးရှင်ဆိုတာကိုလည်း မမေ့နဲ့ဦးလေ”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရဲ့လင်းချန် မေးလိုက်သည်။

“နင် နောက်ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ”

“ငါ့မိသားစု ဖိအား ပြေလျော့ဖို့အတွက် ငါ အလုပ်ရှာဖို့ စဉ်းစား ထားတယ်”

“ဒါဆို …”

“လင်းချန် နင် ငါ့ကို ကူညီထားတာတွေက လုံလောက်နေပါပြီ၊ ငါ နင့်ကို ထပ်ဒုက္ခမပေးချင်တော့ဘူး”

ကျန်းယွင်ရှီက ရဲ့လင်းချန် စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ဖြတ်ပြော၍ စိုက်ကြည့်လာ၏။ ရဲ့လင်းချန် သက်ပြင်းချကာ ငြိမ်ကျ သွားသည်။

သူတို့ မသိလိုက် မသိခင်မှာပင် ကျန်းယွင်ရှီ၏ အိမ်သို့ ရောက် လာသည်။ မစ္စတာကျန်းနှင့် မစ္စကျန်းတို့က သူတို့ကို စိုးရိမ်တကြီး စောင့်နေကြသည်။ သူတို့နှစ်ယောက်ကို တွေ့သောအခါတွင်မှ စိတ်အေး ကာ သက်ပြင်းချသွားသည်။

အချိန်တစ်ခုအထိ စကားစမြည် ပြောနေပြီးနောက် ရဲ့လင်းချန် သူတို့ထံမှ ထွက်လာလိုက်သည်။ သူသည် အိမ်သို့ မပြန်ဘဲ အနီးအနားမှ မြို့သို့ သွားလိုက်သည်။ လက်ရှိအချိန်တွင် သူ့မိဘများ အလုပ်လုပ်နေဆဲ ဖြစ်ကြောင်း သူ သိပါ၏။

ခိုင်ယွမ် ကျောက်စိမ်းပစ္စည်းဆိုင်။ ထိုနေရာသည် အမျိုးစုံလင်သော ကျောက်စိမ်းများ ရောင်းချသော ဆိုင်ဖြစ်ပြီး ရှုကျန်း၏ အလုပ် နေရာလည်း ဖြစ်သည်။

ဆိုင်ကြီးများနှင့် မယှဉ်နိုင်သော်လည်း ဈေးသက်သာသည်။ ထို့အပြင် သူတို့ ရောင်းချသော ကျောက်စိမ်း ပစ္စည်းများက အရောင်အသွေး ကောင်းမွန်ပြီး မြို့ထဲ၌ လုပ်ငန်းလည်း မဆိုးပေ။

ရှုကျန်းသည် ခိုင်ယွမ် ကျောက်စိမ်းပစ္စည်းဆိုင်၏ ငွေကိုင်အဖြစ် လုပ်ကိုင်သည်။ အလုပ်မှာ ရိုးရှင်းပါသည်။ မပင်ပန်းသော်လည်း သက်သာသည်လည်း မဟုတ်ချေ။ သူမ ဧည့်သည်များကို အပြုံးဖြင့် နေ့တိုင်း ကြိုဆိုရသည်။

အချိန်ကား ညနေ လေးနာရီဖြစ်ပြီး ဝင်လာသော ဧည့်သည်များ ကလည်း တိုးတိုးလာသည်။ ရှုကျန်းက ဆိုင်ထဲသို့ ဝင်လာသော ဧည့်သည် များကို အဆက်မပြတ် နှုတ်ဆက်၍ သူတို့အား သင့်လျော် သော ကျောက်စိမ်းများကို ပြသနေသည်။

လက်ဘက်ရည်နှင့် ရေတို့သည် ဧည့်သည်များကိုသာ ဧည့်ခံသော အရာ ဖြစ်သည်။ သူမသည် တစ်နေကုန် ဧည့်သည်များကို နှုတ်ဆက် စကား ပြောနေရင်းနှင့် ရေဆာခြင်းကို သည်းခံနေရသည်။

“ရှုကျန်း မတွေ့ရတာ ကြာပြီ”

ထိုအိုက်တွင် ဖက်ရှင်ကျကျ ဝတ်ဆင်ထားသော လူချမ်းသာ အမျိုး သမီး တစ်ယောက် ရှုကျိုးထံ လျှောက်လာပြီး အပြုံးနှင့် နှုတ်ဆက် လေသည်။

လူချမ်းသာ အမျိုးသမီးသည် ဆံပင်ကောက်ပြီး မျက်နှာတွင် မိတ်ကပ် ပါးပါး လိမ်းထားသည်။ သူမက လှိုင်းတွန့်သဏ္ဌာန် အနီရင့်ရင့် ကိုယ်ကျပ် ဂါဝန်ရှည်အား ဝတ်ဆင်ထားပြီး သလင်းကျောက်အရောင် ဒေါက်မြင့်ဖိနပ်ကို စီးထားသည်။ သူမ၏ အသွင်အပြင်က လှပပြီး လှုပ်ရှားမှုက ကြော့မော့၍ အထက်တန်း ဆန်သည်။

သူမဘေး၌ အဖြူရောင်ဝတ်စုံနှင့် မျက်မှန်အဝိုင်းတတ်ထားသော လူငယ် တစ်ယောက် ရပ်နေ၏။ ထိုကောင်လေး၏ အသက်က ရဲ့လင်းချန်နှင့် ရွယ်တူလောက်ပင် ရှိပြီး အနည်းငယ် ရင့်ကျက်ပုံ ပေါ်နေသည်။ ထိုအသွင်အပြင်က လူ့အဖွဲ့အစည်းအတွင်း အတွေ့ အကြုံ တစ်ချို့ ရှိပုံပေါ်လေသည်။

ရှုကျန်း အံ့ဩသွားပြီးမှ ပြုံးလိုက်သည်။

“ဆုယာလား၊ မတွေ့ရတာ ကြာပြီနော်”

“မိတ်ဆွေဟောင်းကြီး ငါတို့ လွန်ခဲ့တဲ့ နှစ်နှစ်က နောက်ဆုံး တွေ့ဖြစ်တာပဲ”

ဆုယာက မှတ်မှတ်ရရ ပြန်ပြောသည်။ ထို့နောက် သူမက ရှုကျန်းကို ကြည့်လာသည်။

“ငါ ဒီနားက ဖြတ်သွားရင်းနဲ့ နင် ဒီမှာ အရောင်းသမအဖြစ် လုပ်နေတာ ကို သတိရသွားလို့ ဝင်လာတာ”

ရှုကျန်းက ဝမ်းသာသွားသည်။

“နင် ကျောက်စိမ်းဝယ်ဖို့ လာတာလား”

ဆုယာက ခေါင်းညိတ်လိုက်ပြီး စိုးရိမ်နေပုံ ပေါ်သည်။

“အင်း အစက ငါ ပိုက်ဆံသုံးဖို့ မစဉ်းစားထားဘူး၊ နင်လည်း သိပါတယ်၊ ငါတို့အရွယ်တွေက ခြိုးခြံ ချွေတာ ရတယ်လေ၊ ဒါပေမဲ့ ငါ့သားက သဘောမတူဘူး၊ သူက ငါ့အတွက် တစ်ခုဝယ်ပေးမယ်လို့ အတင်း ပြောနေတာ၊ စိတ်တိုစရာ ကောင်းတယ်လို့ နင် မထင်ဘူးလား”

ရှုကျန်း ရယ်လိုက်သည်။

“သူက နင့်သားလား၊ သားချောလေးပဲ”

“အိုး ငါ နင့်ကို မိတ်ဆက်ပေးဖို့ မေ့နေတာ၊ ဒါ ငါ့သား ချူးယွမ်တဲ့၊ သူက ကျောင်းစာမှာ မတော်ဘူးလေ၊ ကံကောင်းလို့ သူ့ကိုယ်ပိုင် လုပ်ငန်း လေး ထောင်လိုက်တာ အောင်မြင်သွားတယ်လေ၊ အခု သူက စက်ရုံ အသေးလေး တစ်ခုရဲ့ ပိုင်ရှင်ပေါ့”

ဆုယာက ဆက်ပြောလိုက်သည်။

“အန်တီရှုကို မြန်မြန် နှုတ်ဆက်လိုက်လေ”

“ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သူဌေးဖြစ်နေပြီပဲ၊ နင့်သားက တကယ် တော်လိုက်တာ”

ရှုကျန်းက ပြောရင်းနှင့် သူမဆံပင်ကို သပ်ရပ်အောင် ပြုပြင် လိုက်သည်။

“သူ့ဘာသာသူ လုပ်ကြည့်ရင်းနဲ့ ဖြစ်သွားတာပါဟယ်”

ဆုယာက ရယ်ပြီး ဆက်ပြောလေသည်။

“ရှုကျန်း နင့်သားရဲ့ အဆင့်တွေက သိပ်မကောင်းဘူးလို့ ငါ ကြားတယ်၊ သူ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရလဒ်ကရော ဘယ်လိုလဲ”

“သူ အတော်လေး ကံကောင်းပါတယ်၊ သူ မြို့တော်က ပီကင်း တက္ကသိုလ်မှာ တက်ခွင့်ရတယ်လေ”

“ပီကင်း တက္ကသိုလ်လား”

ဆုယာ အံ့ဩသွားပြီး ဆက်ပြောလိုက်သည်။

“တကယ်တော့ တက္ကသိုလ်တက်တယ်ဆိုတာ ဒီဘက်ခေတ်မှာ အကောင်းဆုံး မဟုတ်တော့ဘူး၊ အရင်တစ်ခါတုန်းက ဟွာချင် တက္ကသိုလ်က ပါရဂူဘွဲ့တက်နေတဲ့ ကျောင်းသားက ဝက်သား ရောင်းတဲ့သူ ဖြစ်နေတဲ့ သတင်းကို နင် မှတ်မိသေးလား၊ အဲ့ဒါ ရယ်ရ တယ်လို့ မထင်ဘူးလား”

“ကျွန်တော်လည်း အဲ့သတင်းကို မြင်ပါတယ်၊ စာသင်တဲ့ ရည်ရွယ်ချက်က ပိုက်ဆံ ပိုရချင်တာလို့ ကျွန်တော် ထင်တယ်၊ တက္ကသိုလ် လေးနှစ်တက်ပြီး အချိန်ဖြုန်းနေမယ့်အစား အလုပ်ခွင်ကို စောစောဝင်ပြီး ပိုက်ဆံရှာတာက ပိုကောင်းတယ်”

ချူးယွမ်က မျက်မှန်ကို ပင့်တင်၍ ပြောလိုက်သည်။

“ဥပမာ ကျွန်တော့်ကိုပဲ ကြည့်လေ၊ ကျွန်တော် တက္ကသိုလ် မတက်ပင်မယ့် ကျွန်တော့် စက်ရုံမှ ဘွဲ့ရတစ်ချို့ ရှိတယ်လေ၊ နောက်ဆုံးကျတော့ သူတို့ ကျွန်တော့်အတွက် အလုပ်လုပ်ပေးရတာပဲ မဟုတ်လား”

ရှုကျန်းက ရယ်ရုံသာရယ်နေပြီး ဘာမှမပြောချေ။ သို့သော် ဆုယာက မရပ်သေးပေ။

“အိုး ရှုကျန်း နင့်သား ကျောင်းတက်ဖို့ ဒုက္ခခံရတာက နင်ပဲ၊ နင့်သားက ပီကင်းတက္ကသိုလ်မှာ တက်ခွင့်ရပင်မယ့် နင်က နောက်ထပ် လေးနှစ် တောင် ဒုက္ခခံရဦးမယ်၊ နင့်ကို ကြည့်ဦး၊ ဒီလောက် နှစ်တွေကြာအောင် ကျောက်စိမ်း ‌ရောင်းနေတာတောင် တစ်ခုလေးတောင် မဝတ်နိုင်ဘူး၊ နင့်အတွက် ငါ စိတ်မကောင်းလိုက်တာ”

ရှုကျန်း နှုတ်ခမ်းကို တင်းနေအောင် စေ့လိုက်ပြီး‌နောက် စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဆုယာ နင် ဘယ်လို ကျောက်စိမ်းပုံစံမျိုးကို ရှာနေတာလဲ၊ ငါ ဒီကျောက်စိမ်းဆွဲကြိုးကို အကြံပေးချင်တယ်၊ ဈေးက ယွမ်နှစ်ထောင်ပဲ ရှိတယ်ဆိုပင်မယ့် အရောင်လေးက လှတယ်၊ ပြီးတော့ ဒီနေ့ ဆယ်ရာခိုင်နှုန်း လျှော့ဈေးလည်း ရှိသေးတယ်၊ ဒါ ဈေးအတန်ဆုံးပဲ”

“ယွမ်နှစ်ထောင်ပဲလား”

ချူးယွမ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ချက်ချင်း ခေါင်းခါ လေသည်။

“ယွမ်နှစ်ထောင်က ဈေးပေါလွန်းတယ်၊ အဲ့လို အဆင့်နိမ့်တဲ့ ပစ္စည်းတွေက ကျွန်တော့်အမေရဲ့ အဆင့်အတန်းနဲ့ မသင့်လျော်ဘူး”

ဆုယာက ရှုကျန်းကို တောင်းပန်သလို ပြုံးပြလိုက်သည်။

“ဒီကလေးက တော်တော် ဖြုန်းနေတာပဲ၊ ပိုက်ဆံလေး နည်းနည်း ရတာနဲ့ ခေါင်းကိုမော်နေတာပဲ၊ သူ့ရဲ့ သုံးဖြုန်းချင်တဲ့ အကျင့်က ငါတို့နဲ အတော်လေး မတူဘူးလေ၊ ဟူး … ခေါင်းကိုက်စရာပါဟယ်”

“အ‌မေ ကျွန်တော့်အတွက် ခြိုးခြံမနေပါနဲ့၊ ကျွန်တော် ငွေပြတ် မနေပါဘူး”

ချူးယွမ်က ရက်ရောသော လေသံဖြင့် ပြောလိုက်သည်။

“ကြည့် ဒီကလေးကတော့လေ ပိုက်ဆံလေး ရတာနဲ့ သုံးချင်နေ တော့တာပဲ၊ ငါတောင် သူ့ကို နားမချနိုင်ဘူး”

ဆုယာ၏ အပြုံးက ပန်းပွင့်သကဲ့သို့ ပွင့်လန်းနေသည်။

“ဒါဆို ဒီဆွဲကြိုးရော၊ ဒါက ယွမ်ငါးထောင်”

ရှုကျန်းက ဆက်၍ အကြံပေးနေသည်။

“ယွမ်ငါးထောင်ကလည်း ဈေးပေါလွန်းတယ်၊ ယွမ်တစ်သောင်း အောက် ပစ္စည်းတွေ မပြနဲ့”

ချူးယွမ်က လက်ခါ၍ ပြောလိုက်သည်။ သူတို့အနားမှ လူတစ်ချို့က ဆုယာကို တိတ်တိတ်လေး ခိုးကြည့် လာသည်။ ထိုအကြည့်တွင် အားကျမှုတို့ ပြည့်နေ၏။

*သူ့ကလေးကို ကြည့်ပါဦး၊ အားကျဖို့ ကောင်းလိုက်တာ*

All Chapters