← Chapters

ဒေါသထွက်နေသော လင်းရှီ

Vol. 53 Ch. 788

ဒေါသထွက်နေသော လင်းရှီ

Vol. 53 Ch. 788

“ဂျွတ်”

အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ တစ်ချက်တည်း မဟုတ်ပေ။

“ချလွင်”

ကျင့်ရှန်၏ လက်မှာ အနည်းငယ် တုန်ခါသွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် လှည့်ပတ်သွားပြီး မြွေတစ်ကောင်ကဲ့သို့ မြေပြင်တလျှောက် တိုးဝင်သွားသည်။

ထိုစဉ် အလင်းတစ်ချက် လက်သွားသည်။

သူသည် ဓားပါးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ ဓားအတွင်း၌ ဝှက်ထားသော ဓား ဖြစ်လေသည်။

ယခင်ကလည်း ဤကဲ့သို့ တိုက်ကွက်မျိုးကို သူပြသခဲ့ဖူးသဖြင့် ၎င်းမှာ လျှို့ဝှက်ချက် မဟုတ်တော့ဘဲ လူအများက ကြောက်ရွံ့ကြသည်။ သို့သော် သိထားခြင်းနှင့် ခုခံနိုင်ခြင်းမှာ တခြားစီပင်။ ဤလှုပ်ရှားမှုမှာ ကျင့်ရှန်၏ အဆုံးသတ် တိုက်ကွက်ဟု ဆိုနိုင်သည်။ ထို့ပြင် ထိုဓားပါးမှာ အလွန်စူးရှလှသည်။

ဓားပါးသည် သူ၏ လက်ကောက်ဝတ်နှင့်အတူ ရှေ့သို့ ခုတ်ချလိုက်သည်။

“ရွှစ်”

ဓားအလင်းတန်းသည် ရှောင်၏ ဝမ်းဗိုက်ပေါ်ရှိ သတ္တသံချပ်ကာကို အမှန်တကယ် ဖြတ်တောက်သွားပြီး သွေးများ ထွက်လာစေသည်။

“အရှုံးပေးတယ်”

စွန်းဟုန်ထောင်သည် တွန့်ဆုတ်မနေဘဲ တိုက်ရိုက် ကြေညာလိုက်သည်။

ကျင့်ရှန်၏ ဒဏ်ရာမှာ ယခုတစ်ကြိမ်တွင် အလွန်ပြင်းထန်လှသည်။ သူ၏ နံရိုးများနှင့် ကျောရိုးများစွာ ကျိုးသွားခဲ့သည်။ သူ အဓိက သုံးသောလက်မှာလည်း ဒဏ်ရာရသွားပြီး အတွင်းကလီစာများလည်း အမျိုးမျိုး ထိခိုက်သွားသည်။ နောက်ဆုံး ဓားချက်မှာ သူ၏ ခွန်အားအားလုံးကို ကုန်ခမ်းစေခဲ့သည်။ သူသည် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ လဲနေကာ တစ်ယောက်ယောက် လာသယ်သည်ကို စောင့်နေရသည်။

ရှောင်အနေဖြင့်မူ သူ၏ ဝမ်းဗိုက်ကို ဖိထားပြီး မျက်နှာမှာ မှောင်မှိုင်းနေသည်။ ဤဒဏ်ရာမှာ တော်တော်လေး ပြင်းထန်ပြီး နောက်လာမည့် ပွဲစဉ်များတွင် သူ့ကို များစွာ ထိခိုက်စေလိမ့်မည်။ သူနိုင်သွားသော်လည်း တရုတ်အဖွဲ့မှာ အားနည်းချက် ရှိမနေပေ။

ရှောင် နိုင်သွားခြင်းကို မည်သူမျှ အံ့ဩခြင်း မရှိကြပေ။ သူသည် အလွန်အစွမ်းထက်ပြီး ကျင့်ရှန်ကို ထိန်းချုပ်နိုင်သူ ဖြစ်သည်။ သို့သော် ဒဏ်ရာရထားသော ကျင့်ရှန်က ရှောင်၏ ဝမ်းဗိုက်ကို ခုတ်နိုင်ခဲ့ခြင်းမှာ မလွယ်ကူလှပေ။

အမေရိကန်သည် ပထမအချီတွင် အနိုင်ရရှိသွားသည်။

သို့သော် အမေရိကန်အဖွဲ့၏ အခြေအနေမှာ တရုတ်အဖွဲ့ထက် ပိုမကောင်းပေ။ ဆန့်ကျင်ဘက်အနေဖြင့် စိတ်ဓာတ်ကျစရာ ဖြစ်နေသည်။ ရှောင် ဤမျှအထိ ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။ မူလက သူတို့သည် ရှောင်ကို ပြိုင်ဘက် အနည်းငယ် ထပ်မံ အနိုင်ယူစေပြီး ရဲ့လင်းချန်ကို ဖိအားပေးရန် မျှော်လင့်ထားခဲ့ကြသည်။

“တရုတ်အသင်း၊ လင်းရှီ၊ စင်ပေါ်တက်ပါ”

ဒိုင်လူကြီး၏ ကြေညာချက်နှင့်အတူ လင်းရှီသည် စင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားသည်။

“သတိထားပါ”

လူတိုင်းက လင်းရှီးကို စိုးရိမ်တကြီး ကြည့်ကာ မှာကြားကြသည်။

“ဟွန်း ... ကျွန်မတို့ အမျိုးသမီး သိုင်းပညာရှင်တွေကို အထင်သေးလို့ မရဘူးဆိုတာ သူတို့ကို ပြလိုက်မယ်”

လင်းရှီက နှာခေါင်းရှုံ့ကာ ခပ်ဖွဖွ ပြောလိုက်သည်။

စတုတ္ထမြောက် တိုက်ပွဲ- လင်းရှီ vs ရှောင်။

စင်ပေါ်သို့ ရောက်သည်နှင့် ရှောင်သည် လျင်မြန်စွာ ပြေးဝင်လာသည်။ သူ၏ လက်ထဲမှ ဓားရှည်သည် လေထုကို ဖြတ်တောက်ကာ ဓားအလင်းတန်းတစ်ခုကို လွှတ်ထုတ်လိုက်သည်။

သူ ဒေါသထွက်နေသလား သို့မဟုတ် သူ၏ ဝမ်းဗိုက်ဒဏ်ရာကြောင့် အချိန်မဆွဲရဲ၍လား မသိသော်လည်း သူ အလွန်အမင်း အလျင်စလို ဖြစ်နေပုံရသည်။

ရှောင်၏ တိုက်စစ်မှာ အလွန်အမင်း ကြမ်းတမ်းလှသည်။

သူ၏ ဝမ်းဗိုက်တွင် ဒဏ်ရာရထားသဖြင့် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း လုပ်လိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထား ခဲ့သော်လည်း သူကမူ လုံးဝ ဂရုမစိုက်ပေ။ သွေးများ ဆုံးရှုံးနေခြင်းကိုပင် သတိမထားမိ တော့သကဲ့သို့ပင်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ရူးသွပ်စွာ ဆူပွက်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း တုန်ခါနေသည်။

…

“ကြမ်းလွန်းတယ်”

ဝူထျန်းပေါင် သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒါက တိုက်ခိုက်ရေးသမားစစ်စစ်ရဲ့ စိတ်ဓာတ်ပဲ”

ထိုဓားချက်သည် ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံးကို အသုံးပြုထားခြင်းဖြစ်သည်။ သူ၏ ဒဏ်ရာမှာ မူလကပင် နက်ရှိုင်းပြီးသားဖြစ်ရာ ယခုကဲ့သို့ အားကုန်သုံးလိုက်သည့်အတွက် သွေးများ အရှိန်အဟုန်ဖြင့် ပန်းထွက် လာတော့သည်။ တိုက်ပွဲတစ်လျှောက်လုံး ဒဏ်ရာကို ဖွင့်ထားမည်ဆိုပါက သွေးလွန်ကာ သေဆုံးနိုင်ခြေရှိသလို၊ အသက်ဘေးမှ လွတ်မြောက်ခဲ့လျှင်ပင် ပြန်လည်ကျန်းမာလာရန် ၃ လမှ ၄ လအထိ အချိန်ယူရမည်ဖြစ်သည်။

အစောပိုင်းတွင် လင်းရှီသည် ရှောင်တစ်ယောက် မိမိဒဏ်ရာကို ဂရုမစိုက်ဘဲ တိုက်ခိုက်နေသည်ကို မြင်ခဲ့ သော်လည်း၊ ဤမျှအထိ အသေခံ တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမ၏ အာရုံစိုက်မှု အနည်းငယ် လျော့နည်းသွားသည့် ခဏအတွင်းမှာပင် ရှောင်သည် သူမအနားသို့ ရောက်ရှိလာခဲ့သည်။ ရက်စက်လှသော ဓားချက်ကြီး ကျဆင်းလာသည်ကို မြင်သောအခါ လင်းရှီသည် သူမ၏ ကြာပွတ်ရှည်ကို အလျင်စလို မြှောက်ကာ ခုခံလိုက်ရသည်။

သို့သော် စူးရှလှသော သတ္တုဒြပ်စင် အရှိန်အဝါသည် သူမ၏ ခုခံမှုကို တိုက်ရိုက် ထိုးဖောက်သွားပြီး လင်းရှီ၏ ဘယ်ဘက်လက်မောင်းတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးလည်း နောက်သို့ ပြင်းထန်စွာ လွင့်စဉ်သွားခဲ့ရသည်။

…

စင်နောက်၌ ထျဲကျွင့်က သက်ပြင်း အသာချသည်။

“သူမ အရမ်း ပေါ့ဆသွားတာပဲ။ တွန့်ဆုတ်မနေဘဲ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အသက်ကို နှုတ်ယူသင့်တာ၊ စင်ပေါ်တက်ကတည်းက သူမက ဦးဆောင်ပြီး တိုက်ခိုက်သင့်တာကို အခုတော့ ပြိုင်ဘက်ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပြီ”

ရှောင်က ဒဏ်ရာရထားပြီးသားဖြစ်ပြီး လင်းရှီကတော့ အခုမှ စင်ပေါ်တက်ဖူးခြင်း ဖြစ်သည်။ သူမသည် အကောင်းဆုံး အခြေအနေနှင့် စင်ပေါ်တက်လာခဲ့သော်လည်း ပွဲစသည်နှင့် ဒဏ်ရာရသွားခြင်းမှာ အမှန်တကယ်ပင် မဖြစ်သင့်သော ကိစ္စဖြစ်သည်။

လင်းရှီကိုယ်တိုင်လည်း ဤအခြေအနေကို လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူမ၏ မျက်လုံးများမှာ အနည်းငယ် နီမြန်းလာပြီး ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူမသည်လည်း စစ်မြေပြင်တွင် ကျင်လည်ခဲ့ဖူးသူပင်။ မူလက သူမသည် စင်ပေါ်တက်ပြီး စကားအနည်းငယ် ပြောကာ အချိန်ဆွဲရင်း ရှောင်၏ ဒဏ်ရာကို ပိုဆိုးလာစေရန် ကြံရွယ်ခဲ့သော်လည်း၊ သူက ဤမျှအထိ ရူးသွပ် လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။

“ကိုယ့်ကိုယ်ကိုယ် အထိနာခံပြီး ရန်သူကို တိုက်ခိုက်တာလား၊ ငါ့ကို အနိုင်ကျင့်လို့ရတဲ့သူလို့ တကယ် ထင်နေ တာလား၊ ငါ နင့်ကို ရိုက်သတ်ပစ်မယ်”

ရှောင် သွေးများ အော့အန်နေသည်ကို ကြည့်ရင်း လင်းရှီက မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းလိုက်ပြီး ချက်ချင်းပင် အားကုန်သုံး၍ တိုက်ခိုက်တော့သည်။

သူမသည် ပထမဆုံးအကြိမ် စင်ပေါ်တက်သည့်ပွဲကို အေးအေးဆေးဆေးနှင့် လှလှပပ အနိုင်ရချင်ခဲ့သော်လည်း၊ ယခုကဲ့သို့ အခြေအနေနှင့် တိုးသည့်အခါ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားရသည်။

“ဝှစ်”

သူမ၏ လက်ထဲတွင် ကြာပွတ်သည် ငွေရောင်မြွေတစ်ကောင်ကဲ့သို့ ကခုန်နေသည်။ ပြင်းထန်သော ရိုက်ချက်တစ်ခု နှင့်အတူ ရှောင်၏ ဓားရှည်သည် ဘေးသို့ လွင့်စင်သွားခဲ့သည်။ ထို့နောက် သူမသည် လေထဲသို့ ခုန်တက် လိုက်သည်။ လေထုထဲတွင် သူမ၏ ကြာပွတ်ရိုက်ချက် ပုံရိပ်ယောင်ပေါင်းများစွာ ပြည့်နှက်သွားပြီး ရှောင်ထံသို့ တရစပ် ရိုက်ချလိုက်တော့သည်!

“အံ့ဩစရာကောင်းတဲ့ ပေါ့ပါးမှုပဲ”

ဝူထျန်းပေါင်က အံ့ဩတကြီး ချီးကျူးလိုက်သည်။

“တရုတ်သိုင်းပညာက တကယ်ကို ထူးခြားပါတယ်။ ဒီမိန်းကလေးရဲ့ လှုပ်ရှားမှု နည်းပညာဟာ လေထဲမှာ တကယ်ကို လှုပ်ရှားနိုင်နေပြီ။ ဒီလိုစွမ်းရည်မျိုးဟာ ဘုရင်အဆင့် ရောက်တဲ့သူတွေမှသာ ကျွမ်းကျင်နိုင်တဲ့ စွမ်းရည်မျိုးဆိုတာ အားလုံး အသိပါပဲ”

“ဝုန်း”

ကြာပွတ်သည် လေထုကို ဖြတ်တောက်သွားပြီး ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အမျက် ထွက်နေသော မိစ္ဆာသားရဲတစ်ကောင်၏ ဟိန်းဟောက်သံနှင့်ပင် တူနေသည်။

လင်းရှီ၏ လှပသော မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ သူမသည် ပြိုင်ပွဲတစ်လျှောက်လုံး စင်ပေါ်မတက်ရသေးဘဲ ဒေါသများကို အောင့်အည်းထားခဲ့ရသူဖြစ်သည်။ ပွဲဦးထွက်မှာတင် မျက်နှာပျက်ရမည့် အခြေအနေကို သူမ လုံးဝ အဖြစ်မခံနိုင်ပေ။

တရုတ်နိုင်ငံ၏ အမျိုးသမီး သိုင်းပညာရှင်များသည်လည်း အလွန်အစွမ်းထက်ကြောင်း သူမ သက်သေပြနေသည်။

“သန်မာတယ်”

ရဲ့လင်းချန်ပင်လျှင် အံ့ဩသွားရသည်။ လင်းရှီ၏ အဓိက လေ့ကျင့်မှုမှာ ပေါ့ပါးမှုနှင့် ကြာပွတ်သိုင်း ဖြစ်ပုံရပြီး သူမသည် ၎င်းတို့ကို အဆင့်မြင့်မားစွာ ကျွမ်းကျင်ထားသည်။

ထိုအခိုက်အတန့်တွင် အစောပိုင်းက ဦးဆောင်တိုက်ခိုက်ခဲ့သော ရှောင်သည် ကြာပွတ်ချက် အနည်းငယ် မိပြီးနောက် နောက်သို့ အနည်းငယ် ဆုတ်ခွာလာရသည်။

သူ၏ ဓားပညာသည် စူးရှချွန်ထက်မှုကိုသာ အဓိကထားပြီး လှည့်ကွက်များစွာ မရှိပေ။ အရပ်မျက်နှာ အနှံ့အပြားမှ တိုးဝင်လာသော ကြာပွတ်ချက်များကို ရင်ဆိုင်ရသည့်အခါ ခုခံရန် အလွန်ခက်ခဲသွားသည်။ ထို့ကြောင့် သူသည် အကွာအဝေးကို ချဲ့ပြီး အခွင့်အရေး ပြန်ရှာရန် ကြိုးစားလိုက်သည်။

သို့သော် သူ နောက်သို့ မဆုတ်နိုင်မီမှာပင် ကြာပွတ်ရှည်သည် စူးရှသော လေတိုးသံတစ်ခုနှင့်အတူ ရှောင်၏ မျက်နှာဆီသို့ အဆိပ်ရှိသော မြွေတစ်ကောင်၏ အသက်ရှူသံကဲ့သို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

ရှောင်သည် စဉ်းစားရန် အချိန်မရတော့ဘဲ သူ၏ ဓားရှည်ကို အလျင်အမြန် မြှောက်၍ ခုတ်ချလိုက်ရသည်။

“ချလွင်”

ရှောင်နှင့် လင်းရှီ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။ ရှောင်မှာ သူ၏ ဒဏ်ရာကြောင့် ဖြစ်ပြီး၊ လင်းရှီမှာမူ သူမ၏ ခွန်အား လုံလောက်မှု မရှိခြင်းကြောင့် ဖြစ်သည်။

*သူ့ခွန်အားက ငါ့လောက်မကောင်းဘူး။ ငါ အချိန်ဆွဲလို့ မဖြစ်တော့ဘူး*

ရှောင် ဆုံးဖြတ်ချက်ချလိုက်သည်။ ဝှေ့ယမ်းလာသော ကြာပွတ်ကို ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် ဓားရှည်ပေါ်တွင် ဖုံးလွှမ်းသွားပြီး ထပ်မံခုတ်ချလိုက်ပြန်သည်။

စူးရှလှသော ရွှေရောင်အလင်းတန်းသည် လူတိုင်း၏မျက်စိကို ကျိန်းစပ်သွားစေပြီး ကြာပွတ် တိုက်ကွက် ပေါင်းများစွာကို တိုက်ရိုက် ရိုက်ခွဲလိုက်သည်။ ထို့နောက် ချက်ချင်းပင် ရှောင်သည် သူ၏ဓားကို ထပ်မံမြှောက် လိုက်ရာ ဓားအလင်းတန်းများ အရှိန်ဖြင့် တိုးထွက်လာတော့သည်။

“ဝှစ်”

ရွှေရောင်ဓားအလင်းတန်းသည် ပျံ့နှံ့သွားပြီး ၎င်းဖုံးလွှမ်းသည့် ဧရိယာမှာ ပို၍ကြီးမားလာကာ အရာအားလုံးကို ဖြတ်တောက် တော့မည့်အတိုင်းပင်။

“ဒါက ... နိုးထသူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ပဲ”

ဝူထျန်းပေါင်က ရှင်းပြသည်။

“ဒါ ရှောင် တိုက်ခိုက်ရေးစွမ်းရည်ကို ပထမဆုံးအကြိမ် ထုတ်သုံးတာပါ။ တိုက်ခိုက်ရေးစွမ်းရည်ဆိုတာ သိုင်းပညာရှင်တွေရဲ့ လျှို့ဝှက် သိုင်းပညာနဲ့ ဆင်တူပါတယ်။ ပုံမှန်ထက် အဆပေါင်းများစွာ သာလွန်တဲ့ ခွန်အားကို ပေါက်ကွဲထွက်စေပေမဲ့ စွမ်းအင်သုံးစွဲမှုကတော့ အရမ်းများပါတယ်”

“ဒါက သုံးခါမြောက် ဖြစ်နေပြီ၊ ဓားချက်က တစ်ချက်ထက်တစ်ချက် ပိုပြင်းလာတယ်။ ရှောင်က လင်းရှီကို ထိပ်တိုက်ရင်ဆိုင်ဖို့ အတင်းအကျပ် ဖိအားပေးနေတာပဲ။ သူမကို တတ်နိုင်သမျှ အင်အားကုန်ခမ်းအောင် လုပ်ဖို့ ကြိုးစားနေတာ”

“လင်းရှီရဲ့ လှုပ်ရှားမှုက ရှောင်ထက် သာတယ်၊ ကြာပွတ်ကလည်း ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိတယ်။ ရှောင်က ဒဏ်ရာရထားတော့ အချိန်ဆွဲလို့မရဘူး။ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပဲ၊ ဒါပေမဲ့...”

လူတိုင်း ရှောင်၏ ဝမ်းဗိုက်ကို ကြည့်လိုက်ကြသည်။ သူ ဤကဲ့သို့ အားကုန်သုံး၍ တိုက်ခိုက်လိုက်သည့်အတွက် ဝမ်းဗိုက်မှဒဏ်ရာမှာ ၃၀ ရာခိုင်နှုန်းခန့် ပိုမိုပွင့်ထွက်သွားသည်။ သွေးထွက်များလွန်းလှသဖြင့် ရှောင်၏ မျက်နှာမှာ အလွန်ပင် ဖြူဖျော့နေပြီဖြစ်သည်။

ရွှေရောင်အလင်းတန်းအောက်တွင် လင်းရှီ၏ မျက်နှာမှာလည်း လေးနက်နေသည်။ သူမ၏ တစ်ကိုယ်လုံးမှ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်လာသည်။ ကြာပွတ်သည် သူမ၏ ခန္ဓာကိုယ်ကို ပတ်ပတ်လည် ဝန်းရံထားသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ရွှေရောင်ဓားအလင်းအောက်တွင် နှစ်ဦးစလုံးမှာ အကြိတ်အနယ် ရှိနေပြီး အားပြိုင်မှုမှာ တစ်ဖက်နှင့်တစ်ဖက် မလျှော့တမ်း ဖြစ်နေသည်။

“ဝုန်း”

နောက်တစ်ခဏတွင် နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လွင့်စဉ်သွားကြသည်။ ရှောင်သည် မြေပြင်ပေါ်တွင် လဲကျသွားပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။ လင်းရှီ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူမ မတ်တပ်ရပ်နိုင်သေးသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာပေါင်း ၁၀ ခုထက်မနည်း ရှိနေပြီဖြစ်သည်။

All Chapters