← Chapters

ငါ တောင်းပန်ပါတယ်

Vol. 41 Ch. 603

ငါ တောင်းပန်ပါတယ်

Vol. 41 Ch. 603

အဖွဲ့ကို ဦးဆောင်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သုန်မှုန်သော မျက်နှာထားနှင့် ဖြစ်နေသည်။ အုတ်အော်သောင်းနင်း ဖြစ်နေသော အခြေအနေနှင့် မြေကြီးပေါ် လဲကျနေသော သက်တော်စောင့်များကို ကြည့်ပြီး အခြေအနေ၏ လေးနက်မှုကို သူ ချက်ချင်း သတိပြုမိသွားသည်။

သူသည် အဖြစ်အပျက် တစ်ခုလုံးကို မြင်တွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချက်ချင်း ခေါ်လိုက်သည်။

ထိုလုပ်ဖော်ကိုင်ဖက်က အရာအားလုံးကို လိုရင်းတိုရှင်း ရှင်းပြသည်။ ထိုသို့ ရှင်းပြချိန်၌ သူ၏ အကြည့်က မကြာခဏ ရဲ့လင်းချန်နှင့် ကင်ဟျွန်းမင်ထံသို့ ကျရောက်လာသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် နားထောင်ပြီးနောက် မှင်တက်သွားသည်။ အခြေအနေက ထိုမျှ ပြင်းထန်သွားလိမ့်မည်ဟု သူ ထင်မထားမိချေ။

လူတစ်ယောက်က သတိလစ်နေသော သက်တော်စောင့်များထဲမှ တစ်ယောက်ထံသို့ အပြေးသွားပြီး ထိုလူ၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် သူသည် စိတ်အေးကာ သက်ပြင်းချသွားပြီး ထိုလူ အသက်ရှင်နေသေးသည့်အတွက် ကျေးဇူးတင်မိသွားသည်။

တာဝန်ရှိသူ ရောက်လာသည်ကို မြင်ပြီးနောက်ပိုင်းတွင် ကင်ဟျွန်းမင်၏ အကြောက်တရားများ ပျောက်ကွယ်သွားသည်။ သူ၏ ဒေါသက ပြန်ထွက်လာပြီး ခေါင်းကိုမော်၍ ထိုလူက မောက်မာသော လေသံဖြင့် မေးခွန်း ထုတ်လိုက်သည်။

‘$$$$@@@@”

ဘာသာပြန်သူက ပြန်ပြောပြသည်။

“ဒါ မင်းတို့လူတွေ အလုပ်လုပ်တဲ့ပုံစံလား၊ ဒီလူက ကင်ဟျွန်းမင်ကို ဘာအကြောင်းပြချက်မှမရှိဘဲ ရန်ရှာခွင့် ရှိသလား၊ တရားဥပဒေက ဘယ်မှာလဲ”

ရဲ့လင်းချန်သည် လူပြက်တစ်ယောက် ခုန်ဆွခုန်ဆွ လုပ်နေသည်ကို ကြည့်နေသကဲ့သို့ ငြိမ်နေ၏။

သို့သော် တစ်ဖက်မှ လူအုပ်ကြီးက ထပ်၍ သည်းမခံနိုင်တော့ချေ။

“သောက်ချေးတဲ့မှ၊ အရှုံးသမား”

“အရှက်ကိုမရှိဘူး၊ ကိုရီးယားနိုင်ငံက လုံးဝကို အရှက်မရှိဘူး”

“ကလေးမလေးကို လဲကျအောင် သူတို့က အရင်တွန်းတာလေ”

“ငါ ရဲ့နတ်ဘုရားကို သက်သေ လိုက်ပေးမယ်၊ ငါ ရဲ့နတ်ဘုရားကို ထောက်ခံတယ်”

“တရုတ်နိုင်ငံက ထွက်သွားစမ်း၊ ကိုရီးယားနိုင်ငံက ခွေးတွေ”

“မင်းက ကလေးမလေးကို မြေကြီးပေါ် တွန်းထုတ်ရုံနဲ့ မလုံလောက်တဲ့အပြင် တောင်းပန်ချင်စိတ်တောင် မရှိဘူး၊ အခု မင်းက အခြေအနေကို ပြောင်းပြန်လှန်နေတယ်ပေါ့လေ၊ ကိုရီးယားကောင်တွေက သတ္တိကို မရှိဘူး”

“ချီးပဲ၊ သောက်မျိုးမစစ်ကောင်တွေ၊ လုံးဝ ကျင့်ဝတ်မရှိဘူး”

တာဝန်ရှိသူသည် အလွန် တင်းမာသော အခြေအနေကို ရင်ဆိုင်ရသောအခါ မပူးပေါင်းဘဲ မတတ်နိုင်တော့ချေ။

“မင်းတို့နှစ်ယောက်လုံးက နာမည်ကြီး စတားတွေပဲ၊ အခုက တရုတ် နှစ်သစ်ကူးချိန်၊ အဲ့ဒါကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းပေးပါ၊ ငါ့အထင်တော့ ဒီကိစ္စကို ကျော်သွားလိုက်တာ ပိုကောင်းတယ်၊ သဘောထား ကွဲလွဲမှုတွေက မိတ်ဆွေ ဆက်ဆံရေးမှာ မီးပွားတွေ ဖြစ်လာစေနိုင်တယ်၊ မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေ ဖြစ်နိုင်တယ်”

သူသည် တစ်ဖက်ဖက်အား ဆန့်ကျင်မိမည်ကို စိုးထိတ်နေ၏။ အကယ်၍ သူသာ ကင်ဟျွန်းမင်ဘက် ရပ်တည်ပါက လူအုပ်ကြီး၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံခြားသားကို လေးစားမှု ပြလွန်းသလို ဖြစ်သွားပေမည်။ အကယ်၍ သူသာ ရဲ့လင်းချန်ဘက် ရပ်တည်လျင် ကင်ဟျွန်းမင်သည် ရဲ့လင်းချန်ထံမှ ဆိုးရွားသော သင်ခန်းစာရပြီးနောက် အရှက်ကွဲသွားပေမည်။

ရဲ့လင်းချန် ဘာမှမပြောခင်မှာပင် ကင်ဟျွန်းမင်က ထိန်းချုပ်မရတော့ဘဲ စတင် ဆဲဆိုလေတော့သည်။

“$$$$@@@@၊ $$$$@@@@၊$$$$@@@@၊ $$$$@@@@၊ $$$$@@@@”

ဘာသာပြန်: “ဒီကိစ္စ ဒီမှာတင် မပြီးဘူး၊ ငါ ဒီနေ့ တရားမျှတမှု ရကိုရမှဖြစ်မယ်၊ ငါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ ဆေးဖိုးဝါးခအတွက် နစ်နာကြေး ပေးမယ်၊ ပြီးတော့ သူ ငါ့ကို တောင်းပန်ရမယ်၊ ငါ သူ့ကို တရားစွဲမယ်၊ မင်းတို့ တရုတ်နိုင်ငံက လူမိုက်နယ်မြေပဲ၊ ခေတ်နောက်ကျနေတဲ့ နိုင်ငံ”

ကင်ဟျွန်းမင် ဒေါသူပုန်ထနေ၏။ တာဝန်ရှိသူ ရောက်လာပြီးနောက် ရဲ့လင်းချန် ဘာမှမလုပ်ရဲတော့ဟု သူ ယုံကြည်နေပြီး လူတိုင်းကို ခနဲ့ကာ သူ၏ မောက်မာမှုက ပြန်လည် ထွက်ပေါ်လာ၏။

သူသည် တရုတ်လူမျိုးများ သူ့ကို ဒူးထောက်သည်ကို မြင်ရရန် အလွန် လိုချင်နေပြီး သူ့ကိုယ်သူ သာလွန်သည်ဟု ထင်မြင်နေသည်။

ထိုစကားက တာဝန်ရှိသူကိုလည်း မျက်နှာ တင်းမာသွားစေသည်။ စိတ်မှန်သော လူတစ်ယောက်ဆိုလျင် ကိုရီးယားနိုင်ငံမှ အနုပညာရှင်တစ်ယောက်အပေါ် ဘာကိုမှ ခံစားမိမည် မဟုတ်သလို ရွံပင် ရွံရှာမိလောက်သည်။

“မင်းက ငါ့ကို တရားစွဲချင်တာလား”

ရဲ့လင်းချန်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားသည်။ သူ၏ အမူအရာက ပြောင်းလဲမသွားဘဲ ကင်ဟျွန်းမင်ထံသို့ လျှောက်သွားသည်။

“လုပ်စမ်းပါ၊ မင်း ငါ့ကို ဘယ်လို တရားစွဲဖို့ ပြင်ထားလဲ ငါ့ကို ပြပါဦး”

ကင်ဟျွန်းမင်၏ မျက်နှာတွင် သွေးပျက်ဟန် ပေါ်လာသည်။ သူက အနောက်သို့ ဆုတ်သွားပြီး အသည်းအသန် ပြောသည်။

“$$$$@@@@ (သူ့ကို တားကြစမ်း)”

သို့သော် ရဲ့လင်းချန်သည် တားဆီးမရနိုင်သော အင်အားတစ်ခု ဖြစ်နေပြီး မည်သူမျှ ရှေ့တိုးပြီး သူ့အား မဟန့်တားရဲချေ။

“သူ့ကို ရိုက်နှက်တာတွေ ရပ်လိုက်တော့ ရဲ့နတ်ဘုရား၊ အခြေအနေက အရမ်း လွန်သွားရင် ကောင်းမှာ မဟုတ်ဘူး၊ Gala နွေဦးပွဲတော်က ပြီးခါနီးတော့မယ်၊ ပြီးတော့ ဘာပြဿနာမှ ထပ်မရှိသင့်တော့ဘူး၊ စိတ်ကို ထိန်းပါ၊ စိတ်ကို ထိန်းထားလိုက်ပါ”

တာဝန်ရှိသူက အလျင်စလို ပြောလာသည်။

ရဲ့လင်းချန်က လက်ကာပြလိုက်သည်။

“ကျုပ် အရင်ကတည်းက ပြောခဲ့ပြီးပြီ၊ ဒီနေ့ ဒီလူကို ဘယ်သူမှ မကယ်နိုင်ဘူး”

“လင်းချန်၊ ဒီနေ့ကိစ္စကို ရှင် မေ့လိုက်ပါလားဟင်”

ချန်ရှောင်ယန်ကလည်း ပြောလာသည်။ သူမသည် ယနေ့အတွက် သူ မေ့ထားလိုက်ပြီး နောက်ပိုင်း အခွင့်အရေး ရှိလာချိန်၌ ထိုသူကို သင်ခန်းစာပေးရန် ပြောချင်နေခြင်း ဖြစ်သည်။

“ဟုတ်တယ်၊ ဒီနေ့ အခြေအနေက မတူဘူး၊ တစ်ယောက်ယောက်က ရဲကို ခေါ်ထားပြီးတဲ့ပုံပဲ”

ကျောက်လျန့်ရင်ကလည်း ပြောသည်။

ရဲကို ခေါ်လိုက်သည့်သူက ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များ ဖြစ်လေသည်။

ရဲ့လင်းချန်သည် ပုံမှန်နှုန်းဖြင့် လမ်းလျှောက်နေသော်လည်း မကြာခင်မှာပင် ကင်ဟျွန်းမင်နှင့် အကာအဝေး မီတာဝက်မျှသာ ရှိတော့လေသည်။ ကင်ဟျွန်းမင်၏ မျက်နှာသည် ကျားတစ်ကောင်နှင့် ရင်ဆိုင်နေရသည့် သိုးတစ်ကောင်ကဲ့သို့ ဖြူရော်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သစ်ရွက်သဖွယ် တုန်ယင်နေကာ ကြောက်လန့်လွန်း၍ စကားတစ်လုံးပင် မပြောနိုင်တော့ချေ။

မကြာခင်မှာပင် ရဲ့လင်းချန်က လက်တစ်ဖက်ကို ဆန့်၍ ကင်ဟျွန်းမင်အား ကြက်တစ်ကောင်သဖွယ် ကိုင်မြှောက်လိုက်သည်။

“မင်းက ငါ့စကားကို ပေါ့ပေါ့တန်တန် သဘောထားနေတဲ့ပုံပဲ၊ ဟုတ်တယ်မလား၊ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို ဒီနေ့ မင်းမှတ်ဉာဏ် တိုးတက်လာအောင် ကူညီပေးမယ်”

ရဲ့လင်းချန်က ခပ်အေးအေး ပြောလိုက်သည်။

“ရဲ့နတ်ဘုရား၊ မင်း တကယ်ကို ဘာပြဿနာမှ ထပ်မရှာသင့်တော့ဘူး၊ Gala နွေဦးပွဲတော်က မကြာခင် ပြီးတော့မယ်၊ ပြီးတော့ အရေးပါတဲ့လူတွေအားလုံး ထွက်လာတော့မှာ၊ သတင်းထောက်တွေလည်း မကြာခင် ရောက်လာလိမ့်မယ်”

တာဝန်ရှိသူသည် ငိုချင်စိတ်ပေါက်နေလေသည်။

ထို့နောက် သူသည် ရဲ့လင်းချန်အနားသို့ လျှောက်သွားပြီး တီးတိုး ပြောလိုက်သည်။

“ရဲ့နတ်ဘုရား၊ ကျုပ်တို့လဲ ကင်ဟျွန်းမင်ကို သည်းမခံနိုင်ပါဘူး၊ ဒီမှာ သူက မှားတဲ့သူ ဆိုပင်မယ့် အခြေအနေက ဒီ့ထက်ပိုပြီး ဆိုးရွားလာရင် ငါတို့လည်း သူ့ထက် ပိုသာမှာမဟုတ်တော့ဘူး၊ မင်း နောက်ဆုတ်လိုက်ရုံနဲ့ တည်ငြိမ် အေးချမ်းမှုကို တွေ့နိုင်ပါတယ်”

“ကျုပ်မှာ နောက်ဆုတ်တတ်တဲ့ အကျင့် မရှိဘူး၊ ကျုပ်ကို မပျော်ရွှင်အောင် လုပ်တဲ့လူတိုင်းနဲ့ အမြဲတမ်း စာရင်းရှင်း တတ်တယ်”

ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။

တာဝန်ရှိသူ တိတ်ဆိတ်သွားလေသည်။

“…”

အားလုံးက ရဲ့လင်းချန်ကို ကြည့်နေကြသည်။

“ဖြောင်း”

ရုတ်တရက် ကျယ်လောင်သော ရိုက်နှက်သံကို အားလုံး ကြားလိုက်ရပြီး လူတိုင်း ရင်တုန်သွားကြလေသည်။

*ဒါ … မဟုတ်မှလွဲရော*

သူတို့ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိကြပြီး ကင်ဟျွန်းမင်၏ ပါး၌ ထင်ရှားသော လက်ဝါးရာတစ်ခုကို တွေ့မြင်လိုက်ရသည်။

ကင်ဟျွန်းမင်သည်လည်း ကြက်သေ သေနေ၏။ သူ၏ မျက်လုံးများက ငေးငိုင်နေပြီး ပါးရိုက်ခံလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေပုံရသည်။

“ငါ ပါးရိုက်ခံလိုက်ရတာလား၊ တစ်ယောက်ယောက်က ငါ့ကို တကယ် ပါးရိုက်လိုက်တာလား”

သူ့စိတ်ထဲ၌ အော်ဟစ်နေလေသည်။ နာကျင်မှုက သူ့အား သတိပြန်ဝင်လာစေခဲ့သော်လည်း သူ့မျက်နှာက ကြည့်ရဆိုးနေသည်။

“မင်းကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ၊ မင်းက ငါ့ကို ရိုက်ရဲတာလား၊ မင်းတော့ သွားပြီ၊ ငါ မင်းကို ကိုရီးယားနိုင်ငံ ကိုယ်စား တရားစွဲပစ်မယ်”

သူသည် ဆွဲဆောင်မှုရှိသော အနုပညာရှင်တစ်ဦး ဖြစ်ပြီး သူ၏ ကြည့်ကောင်းသော အသွင်အပြင်နှင့် အသက်မွေးဝမ်းကြောင်း ပြုနေခြင်း ဖြစ်သည်။ သူ၏ မျက်နှာက သူ့ဘဝထက် ပို၍ အရေးပါသဖြင့် သူ ရူးမတတ် ဖြစ်နေလေသည်။

“ဖြောင်း”

နောက်ထပ် ညှာတာမှုမရှိသော ရိုက်ချက်က သူ့အား ဆီးကြိုနေပြီး မှင်တက်သွားစေခဲ့သည်။

ကင်ဟျွန်းမင်၏ ချောမောသော မျက်နှာက မည်မျှ ဆိုးဆိုးရွားရွား ရောင်ကိုင်းလာသလဲ ဆိုသည်ကို လူတိုင်း ထင်ထင်ရှားရှား မြင်နေရသည်။

ပထမဦးဆုံး ရိုက်ချက် နှစ်ချက်သည် လူတိုင်း၏ စိတ်ကို ပြင်ဆင်ထားနိုင်အောင် ပြုလုပ်ခဲ့သည့် ရှေ့ပြေးနိမိတ်ပင်။

ထို့နောက်တွင်မူ …

“ဖြောင်း၊ ဖြောင်း၊ ဖြောင်း”

ရဲ့လင်းချန်သည် သူ့လက်အား စည်းဝါးကျကျ လှုပ်ရှားနေပြိး နှစ်ဘက်လုံးမှ ရိုက်နှက်နေကာ မသိလျင် မီးတောက်ကို ယပ်ခတ်ပေးနေသလိုပင်။

ပတ်ဝန်းကျင်၌ လူပေါင်း ထောင်ချီရှိနေပြီး အားလုံးက တိတ်ဆိတ်နေ၏။ သူတို့ထဲက ဘယ်သူမှ လက်ရှိ၌ အဘယ်သို့သော စိတ်အခြေအနေ ဖြစ်နေသလဲ မတွေးနိုင်ကြချေ။ လျင်မြန်သော ရိုက်ချက်များကိုသာ သူတို့ ကြားနေရသည်။

တာဝန်ရှိသူ၏ မေးရိုးက အောက်သို့ ပြုတ်ကျမတတ် ဖြစ်နေလေသည်။

*သွားပါပြီ၊ အခြေအနေက တကယ်ကြီး ဆိုးရွားသွားပြီ*

လူအများသည်လည်း မျက်လုံးအပြူးသားနှင့် ကြည့်နေကြပြီး မှင်တက်နေကြသည်။

စူပါစတားများသည်လည်း ကြက်သေ သေကာ ကျောက်ရုပ်တုအလား တောင့်တင်းနေကြသည်။

*ဒါကြီးက ကြောက်ဖို့ ကောင်းတယ်၊ အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်*

*လူမဆန်လောက်အောင် ရက်စက်လွန်းတယ်*

*ဒါ လူမဆန်လွန်းတဲ့ ရက်စက်မှုပဲ*

“မင်း သူ့ကို ထပ်ရိုက်လို့မရဘူး၊ မင်း သူ့ကို ဆက်ရိုက်နေလို့ မရဘူး၊ နောက်တစ်ချက် ထပ်ရိုက်ရင် သူ သေသွားလိမ့်မယ်”

တာဝန်ရှိသူက တုန်ယင်နေသော အသံဖြင့် ပြောလာသည်။

ရဲ့လင်းချန် ရပ်လိုက်သည်။

ကင်ဟျွန်းမင်၏ မျက်နှာက ရောင်ကိုင်းလွန်း၍ ဝက်တစ်ကောင်နှင့်တောင် တူနေလေသည်။ သူ့မိခင်ရှေ့ ရောက်သွားလျင်တောင်မှ သူ့ကို မှတ်မိနိုင်မည် မဟုတ်ပါ။

ယင်းကား ကြောက်စရာ ကောင်းလှပေသည်။

“တောင်းပန်စမ်း”

ရဲ့လင်းချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

သက်တော်စောင့်က ကင်ဟျွန်းမင်အား အလျင်အမြန် ဘာသာပြန်ပေးလိုက်သည်။

ကင်ဟျွန်းမင်က ကြောက်လန့်သော မျက်နှာနှင့် ရဲ့လင်းချန်ကို ကြည့်လာသည်။ သူ၏ ရောင်ကိုင်းနေသော ပါးစပ်က လှုပ်ကာ စကားပြောလာသည်။

“$$$@@@”

“တရုတ်လိုပြော”

“ငါ … ငါ တောင်းပန်ပါတယ်”

ထိုအခါတွင်မှ ရဲ့လင်းချန်က ကင်ဟျွန်းမင်ကို အောက်ပြန်ချ၍ အားဖြင့်ဖိထားသဖြင့် သူ့အား ဒူးထောက်သွားစေခဲ့သည်။ သူသည် လူအုပ်ကြီးနှင့် လူအုပ်ကြီး၏ အနောက်မှ နိုင်ငံအလံရှေ့၌ ဒူးထောက် နေရသည်။

Gala နွေဦးပွဲတော် ကျင်းပရာ ခန်းမပတ်ဝန်းကျင်၌ နိုင်ငံအလံများ လွှင့်ထူထားသဖြင့် အလံက လေထဲ၌ တလူလူ လွင့်နေလေသည်။

“ငါတို့နိုင်ငံအလံနဲ့ မင်းရဲ့ ပရိသတ်တွေကို မျက်နှာချင်းဆိုင်ပြီး နောက်တစ်ခေါက် ခပ်ကျယ်ကျယ် ထပ်ပြော”

“ငါ တောင်းပန်ပါတယ်”

…

All Chapters