← Chapters

ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း

Vol. 18 Ch. 262

ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း

Vol. 18 Ch. 262

လူအုပ်ကြီးက ချက်ချင်း ဒေါသထွက်လာလေသည်။

ဒါရိုက်တာချန်၏ ဂုဏ်သတင်းက အစကတည်းက ဆိုးရွားနေပြီ ဖြစ်သည်။ သို့သော် သူက ဆေးရုံ၏ ခေါင်းဆောင်ငယ်များထဲမှ တစ်ယောက် ဖြစ်သောကြောင့် မည်သူကမှ သူ့ကို ဆန့်ကျင်၍ မပြောရဲချေ။ လက်ရှိတွင် သူတို့သည် တိုင်တန်းခွင့် ရနေလေသည်။ သူတို့၏ မတရားမှုများကို ထုတ်ပြောခွင့် ရနေသဖြင့် ဘယ်သူကမှ သူတို့အကြောင်းကို တိုင်တန်းရန် တွေဝေခြင်း မရှိကြချေ။

ထိတ်လန့်စရာကောင်းသော ပြစ်မှုများကြောင့် ပါမောက္ခယု၏ မျက်နှာ အမူအရာက ပိုပို၍ ဆိုးရွားလာသည်။ သူ၏ အသက်ရှူသံတောင်မှ မြန်ဆန်လာ၏။

“ပါမောက္ခယု၊ သူတို့ရဲ့ မဟုတ်တမ်းတရားတွေကို နားထောင်လို့ မဖြစ်ပါဘူးၑ

ဒါရိုက်တာချန်က သွေးပျက်စွာ ပြောလာသည်။

“မင်းသောက်ပါးစပ်ကို ပိတ်ထားစမ်း”

ပါမောက္ခယုက ဒါရိုက်တာချန်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ဒေါသထွက်လွန်းသဖြင့် သူ့လည်ပင်းပင် နာလာသည်ဟု ခံစားနေရသည်။

“မင်းကို ဒါရိုက်တာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ၊ မင်း ဒီမှာ ဆက်နေဖို့ ဘာအကြောင်းမှ မရှိတော့ဘူး၊ ငါ မင်းရဲ့လုပ်ရပ်တွေကို မင်းဖိုင်ထဲမှ မှတ်တမ်းတင်ထားမယ်”

“ပါမောက္ခယု မလုပ်ပါနဲ့”

ဒါရိုက်တာချန် ကြောက်လန့်တကြား‌ ပြောသည်။

သူ့ဖိုင်ထဲမှ မှတ်တမ်းသည် သူ့ဘဝတစ်လျှောက်လုံး တည်ရှိနေမည် ဖြစ်ပြီး သူ့အတွက် ဆေးရုံတစ်ခု၌ အလုပ်ရှာရန် ခက်ခဲသွားစေပေမည်။

ပါမောက္ခယုက သူ့အား လုံးဝ မသိချင်ယောင်ဆောင်ထားသည်။ အစောပိုင်းက လူအုပ်ထဲမှ ပြောလာသော ကိစ္စများကို ကြားခဲ့ဖူးသည်။ တစ်ချို့ကိစ္စများက ကြီးသော်လည်း သူသည် အားလုံးကို ရှင်းပြီးပြီဟုသာ ကြားခဲ့ရသည်။

အားလုံး ဖြေရှင်းပြီးပြီဆိုသည်ကို သူ ယုံခဲ့သည်က မည်မျှ ယုတ္တိမတန်လိုက်သနည်း။ တကယ်တမ်း၌ လူနာများက မတတ်သာဘဲ ငြိမ်ခံနေရခြင်း ဖြစ်သည်။

သူသည် လူအများ၏ ခံစားချက်အား မသိသည်မှာ အချိန် အတော်ကြာနေပြီ ဖြစ်ပြီး ဆေးရုံက ထိုအတိုင်းအတာ အထိ ပျက်စီးနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ ဒါတောင်မှ ဤသည်က သူ့မျက်လုံးနှင့် တပ်အပ် တွေ့ရသလောက်သာ ဖြစ်သည်။ မကောင်းသောသူများကြောင့် ဆင်တူရိုးမှား အဖြစ်များ မည်မျှ ရှိနေလိမ့်မလဲ။

သူတို့ဆေးရုံက ရှင်းလင်းမှုလုပ်ရန် လိုအပ်နေသည့်ပုံပင်။

ပါမောက္ခယု၏ အမိန့်ကြောင့် အခြေအနေကို ထိထိရောက်ရောက် ကိုင်တွယ်သွားနိုင်ခဲ့သည်။ ထိုဆရာဝန်နှင့် ဒါရိုက်တာချန် ဖမ်းခေါ်ခံသွားရရန် သိပ်မကြာလိုက်ချေ။

သို့သော် ပါမောက္ခယုက မသွားသေးချေ။ သူက ရဲ့လင်းချန်ကို လေးစားစွာ ကြည့်နေပြီးနောက် ရဲ့ကျင်းအား ကြိုဆိုဟန်ဖြင့် ပြောလိုက်သည်။

“ကျုပ်က ဒီဆေးရုံရဲ့ ဆရာဝန်ဖြစ်သလို အချိန်ပိုင်း ပါမောက္ခဆိုလည်း ဟုတ်ပါတယ်၊ ဒီတစ်ခေါက် ကျုပ်တို့ ဆေးရုံက အမှားကြီးတစ်ခု လုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ခင်ဗျားကျေးဇူးကြောင့် ဒီအရာကို ကျုပ်တို့ စနစ်ထဲက ဖြတ်ထုတ်နိုင်ခဲ့ပါပြီ၊ မင်း ဘယ်မှာ ဆေးကုသလဲ မေးလို့ရမလား”

“ပါမောက္ခယု တွေ့ရတာ ဝမ်းသာပါတယ်”

ပါမောက္ခယုက ဩဇာညောင်းလိမ့်မည်ဟု ရဲ့ကျင်း ခန့်မှန်းမိသော်လည်း ပါမောက္ခယုက ဆေးရုံ၏ အထူး ပါမောက္ခ ဖြစ်နေသည်ကို ကြားလိုက်ရသောအခါ အတော်လေး အံ့ဩသွားရသေးသည်။ သူ ချက်ချင်း ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“ကျွန်တော်က ရူကောင်းမြို့က တရုတ် တိုင်းရင်းဆေးပညာ ဆေးရုံကပါ၊ ကျွန်တော့နာမည်က ရဲ့ကျင်းပါ”

“ဒေါက်တာရဲ့ ကျုပ် ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာမိပါတယ်”

ပါမောက္ခယုက ပြုံး၍ ပြောလိုက်သည်။

“ဒေါက်တာရဲ့က ပြဿနာကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်စွမ်း ရှိတာပဲ၊ ပြီးတော့ ရှေ့ထွက်ပြီးတော့ ဆန့်ကျင်ခဲ့ သေးတယ်၊ ခင်ဗျားရဲ့ ကျင့်ဝတ်နဲ့ ဆေးပညာ အရည်အချန်းက ထူးချွန်လှပါတယ်၊ ခင်ဗျား ကျုပ်တို့ ဆေးရုံမှာ လာလုပ်ချင်စိတ် ရှိပါသလား”

သူက ရုတ်တရက် ငြိမ်းချမ်းရေးအား ကမ်းလှမ်းလေသည်။

ရဲ့ကျင်းနှင့် ရှုကျန်းတို့ နှစ်ယောက်လုံး တွေဝေကာ ထိတ်လန့်သွားကြသည်။

ပေကျင်း၏ မြို့တော်ဆေးရုံသည် မရေတွက်နိုင်သော ဆရာဝန်များ ဝင်ခွင့်ရရန် ကြိုးစားနေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ သို့သော် ပါမောက္ခယုက သူ့အား တိုက်ရိုက် ကမ်းလှမ်းလာ၏။ အခြားသူများသာ ထိုသို့ ကြုံရလျင် နေ့တိုင်း အပြုံးနှင့်အတူ နိုးထလာလောက်သည်။

ဤနေရာတွင် လူတစ်ယောက်၏ ကောင်းကျိုးချမ်းသာနှင့် နာမည်ကြီးခြင်းတို့က ရူကောင်းမြို့ထက် အပုံကြီး သာနေပြီး အောင်မြင်စေမည့် ဖြတ်လမ်းဟုပင် ဆိုနိုင်ပေသည်။

“ဒါက …”

ရဲ့ကျင်းနှင့် ရှုကျန်းက အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။

“ခင်ဗျားရဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင်ပါတယ် ပါမောက္ခယု၊ ဒါပေမဲ့ ကျွန်တော့်မှာ ရူကောင်းမြို့က ထွက်လာဖို့ စိတ်ကူး မရှိသေးပါဘူး”

“ဘာလို့လဲဆိုတာကို သိခွင့်ရမလား”

ပါမောက္ခယု သိချင်လာသည်။

“ကျွန်တော့် တစ်သက်လုံးနီးပါး ရူကောင်းမြို့မှာ နေခဲ့တာပါ၊ အဲ့ကနေ ထွက်လာရင် အသားကျဖို့ ခက်ပါလိမ့်မယ်၊ ပြီးတော့ ဆရာဝန်တွေက နေရာတိုင်းမှာ အရေးကြီးပါတယ်”

ရဲ့ကျင်းက ရှင်းပြသည်။

ရူကောင်းမြို့၌ ဆရာဝန်များနှင့် အသုံးအဆောင်ကိရိယာများ ပြတ်လမ်နေသည်။ ထိုနေရာ၌ ဆရာဝန် နည်းနည်းသာ ရှိလျင် လူနာများ ဒုက္ခရောက်ပေလိမ့်မည်။

“ဟုတ်ပါတယ်၊ ဆရာဝန်တွေက နေရာဒေသမရွေး လိုအပ်နေတာပါ”

ပါမောက္ခယု၏ မျက်လုံးများက တောက်ပလာပြီး လေးစားစွာ ပြောလာသည်။

သူသည် အစက ရဲ့လင်းချန်ကို လေးစားသောအားဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ရဲ့ကျင်းအပေါ် သူ အမှန်တကယ် လေးစားလာမိသည်။ နတ်ဆေးဆရာဝိုင်ကဲ့သို့ မြင့်မြတ်သော ဆရာဝန်ကျင့်ဝတ်ရှိသော သားကို ရဲ့ကျင်း မွေးထုတ်နိုင်ခဲ့သည်က အံ့ဩစရာ မဟုတ်တော့ချေ။

“မင်းက မြို့ငယ်ဆေးရုံလေးက ဆရာဝန်တစ်ယောက် ဖြစ်ပင်မယ့် မင်းက ငါ့ထက် ပိုပြီး အမြော်အမြင် ရှိတာပဲ”

ပါမောက္ခယုက ညည်းညူသည်။

“အခု လူတွေက မြို့ကြီးတွေကို ဝင်လာနိုင်ဖို့ အသည်းအသန် လုပ်နေကြတာ၊ ဝေးလံတဲ့နေရာတွေနဲ့ မြို့ကြီးတွေကြားက အသိအမြင် ခြားနားချက်က ကြီးလာပြီ၊ အခြား အရာတွေနဲ့ ပတ်သက်ပြီး ငါ အများကြီး မပြောနိုင်ပင်မယ့် ဆေးပညာလောကမှာတော့ အဲ့လို မဖြစ်သင့်ဘူး၊ လူနာတိုင်းမှာ ဆေးကုသမှုအတွက် မျှတတဲ့ အခွင့်အရေး ရှိသင့်တယ်”

“ဆရာဝန်တွေဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် တူညီတဲ့ တာဝန်ကို ထမ်းဆောင်နေရပြီးတော့ အဆင့်အတန်းလည်း တူသင့်တယ်”

ပါမောက္ခယုက ခပ်ကျယ်ကျယ် ပြောလိုက်ပြီးနောက် တစ်ခဏမျှ စဉ်းစားနေပြီးမှ ဆက်ပြောလေသည်။

“ဒီလိုဆိုမှတော့ ငါ မင်းကို ငါတို့ဆေးရုံနာမည်အောက်ကနေ ရူကောင်းမြို့ကို တာဝန်ကျနေတဲ့ ဆရာဝန်အဖြစ် ထားပေးမယ်၊ မင်းကိုယ်မင်း မြို့ငယ်ဘက်မှာ တာဝန်ကျနေတာလို့ တွေးလို့ရတာပေါ့၊ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ”

မြို့ငယ်လေး၌ တာဝန်ကျခြင်းဆိုသည်မှာ သူသည် ရူကောင်းမြို့၌ ဆက်နေနိုင်ပြီး မြို့တော်မှ ဆရာဝန်များနှင့် တူညီသော ခံစားခွင့်ကို ရရှိမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် ထိုအဆင့်အတန်းက နောင်တွင် ရဲ့ကျင်း အမြင့်သို့ တက်လှမ်းချင်ပါက အရာအားလုံး အဆင်ပြေ ချောမွေ့ပေလိမ့်မည်။

“ဒါက …”

ရဲ့ကျင်း အံ့ဩသွားပြီးမှ ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်တော် ပါမောက္ခယုကို ကျေးဇူးတင်ပါတယ်”

“ဟားဟားဟား ကျေးဇူးတင်ရမှာက ကျုပ်ပါ၊ မင်းက ကျုပ်တို့ဆေးရုံကိုလည်း အများကြီး အထောက်အကူ ပြုခဲ့တာပဲ”

ပါမောက္ခယုက ရယ်နေပြီးနောက် သူတို့ သုံးယောက်ကို ဝင်ပေါက်သို့ လိုက်ပို့လေသည်။

မြို့တော်ဆေးရုံမှ ထွက်လာပြီးနောက် ရဲ့ကျင်းနှင့် ရှုကျန်းတို့၏ မျက်နှာက မှင်တက်နေဟန် ပေါ်နေသေးသည်။

“ငါက မြို့တော်ဆေးရုံက ဆရာဝန်တစ်ယောက် ဖြစ်လာပြီးတော့ ရူကောင်းမြို့မှာပဲ ဆက်တာဝန်ကျမှာတဲ့လား”

ရဲ့ကျင်းတောင်မှ မယုံနိုင် ဖြစ်နေပြီး တစ်ကိုယ်တည်း ရေရွတ်နေ၏။

“အဖေ၊ အဖေ့ဘာသာ ထက်ပြီး အတည်ပြုနေစရာ မလိုပါဘူး၊ ဒါ တကယ် ဖြစ်သွားတာပါ”

ရဲ့လင်းချန်က ပြုံး၍ ခေါင်းညိတ်ပြသည်။

“ငါ လုပ်ခဲ့တာဆိုလို့ ဆေးရုံကို သွားခဲ့တာပဲ ရှိတာပါ၊ ငါ ဘာမှမလုပ်ခဲ့ဘူးလေ”

ရဲ့ကျင်း မှင်တက်နေ၏။ သူ စိတ်ကြည်နူးမိသော်လည်း နေရခက်နေသည်။

“ပါမောက္ခယုက အဖေ့ရဲ့ ထူးခြားတဲ့ အရည်အချင်းကို သတိထားမိလို့ ဖြစ်မှာပေါ့”

ရဲ့လင်းချန်က အေးအေးလူလူ‌ ပြောလိုက်သည်။

“ဒါ ကောင်းတဲ့ကိစ္စ တစ်ခုပါ၊ ဟုတ်ပြီလား၊ ဒါကို အများကြီး တွေးမနေပါနဲ့တော့၊ နောက်ဆို အဖေက မြို့ငယ်လေးက ဆရာဝန်တစ်ယောက်ပဲ မဟုတ်တော့ဘူးလေ၊ အဖေက မြို့တော်ဆေးရုံက ဆရာဝန်တစ်ယောက် ဖြစ်လာပြီ”

ရဲ့ကျင်း သတိပြန်ဝင်လာပြီး ရဲ့လင်းချန်အား မယုံသင်္ကာ ကြည့်လေသည်။

“ပါမောက္ခယုရဲ့ မင်းအပေါ် ဆက်ဆံတဲ့ အပြုအမူက ဘာလို့ ပုံမှန်မဟုတ်ဘူးလို့ ငါ ခံစားမိနေတာလဲ၊ သူ ငါတို့နဲ့ စကားပြောနေတဲ့ အချိန်တုန်းက တအား လေးစားနေသလို ဖြစ်နေသလိုပဲ”

ရဲ့လင်းချန်က ပါမောက္ခယုကို ဘာမှမပြောခဲ့သော်လည်း ထိုလူ၏ အပြုအမူနှင့် လေသံက တစ်ခုခု ထူးခြားနေကြောင်း ရဲ့ကျင်း သတိပြုမိသည်။

“အဖေ စိတ်ထင်နေတာပါ၊ အဖေ စိတ်ထင်နေတာပဲ”

ရဲ့လင်းချန်က အလွန် ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ကျောင်းသားတစ်ယောက်ပဲလေ၊ ကျွန်တော် ပါမောက္ခယုကို တစ်ခါမှ မမြင်ဖူးပါဘူး”

ရဲ့ကျင်းနှင့် ရှုကျန်းတို့က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ သံသယကို ဘေးချိတ်ထားလိုက်တော့သည်။ ရဲ့လင်းချန်က ထိုလူနှင့် ယခင်က တွေ့ဖူးရန် မဖြစ်နိုင်ပါ။

ထို့နောက် ရဲ့လင်းချန်က သူ့မိဘများကို မြို့တော်မှ လူအစည်ဆုံးလမ်းကို ခေါ်သွားသည်။ ၎င်းသည် ရှေးခေတ် ပုံစံကို ထိန်းသိမ်းထားသည့် စင်္ကြံလမ်း ဖြစ်ပြီး ရှေးခေတ် အဆောက်အဦးများကို ထိန်းသိမ်းပြုပြင် ထားသည်။

၎င်းလမ်းသည် မြို့တော်၏ အရှေ့ဘက်လမ်းဖြစ်ပြီး အရာအားလုံးနီးပါးကို ရောင်းချပြီး အားလုံးက တတ်နိုင်သော ဈေးများပင် ဖြစ်သည်။

ရဲ့ကျင်းနှင့် ရှုကျန်းတို့သည်လည်း မြို့တော်က မည်မျှ လူထူသည်ကို သိလိုက်ရသလို တိုးတက်နေသော စီးပွားရေး ကိုလည်း သိမြင်လိုက်ရသည်။ သူတို့သည် လမ်းတစ်လျှောက် လူအုပ်ကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကာ ရူကောင်းမြို့၌ နေသည်က ပိုကောင်းသည်ဟု သိလိုက်ရသည်။

သူတို့သည် နေ့လယ်စာ အတူမစားခင် ရဲ့လင်းချန်အား အဝတ်အစားအသစ်များ ရွေးစေသည်။ ရဲ့လင်းချန်က သူ့မိဘများကို မြို့လယ်မှ ခမ်းနားသော အဆောက်အဦးသို့ ခေါ်သွားလေသည်။

ထိုနေရာတွင် လူများစွာ ရှိသော်လည်း အများစုက ပစ္စည်းဝယ်မည့်အစား ဈေးများကိုသာ ကြည့်ကြသည်။

ခမ်းနားသော အဆောက်အဦး၏ မျှော်စင်၏ တည်နေရာအရ ၎င်းတွင် ရောင်းချသော အရာအားလုံးက ဈေးချိုခြင်း မရှိပေ။ ထို့အပြင် နာမည်ကြီးသော ကုန်ပစ္စည်း အမှတ်တံဆိပ်များကို ရောင်းချရာ နေရာဖြစ်သဖြင့် အားလုံးက နိုင်ငံတကာမှ နာမည်ကြီး အမှတ်တံဆိပ်များကို တင်သွင်းရောင်းချလေသည်။

ကြုံရာ ရွေးလိုက်သည့် ဘယ်အိတ်မဆိုက ယွမ်တစ်သောင်းမှ စလေသည်။ တန်ဖိုးကြီး ပစ္စည်းအများစုက သာမန် ချမ်းသာသော လူတစ်ယောက်ပင် မကပ်နိုင်ပေ။ ထို့ကြောင့်ပင် ယင်းက အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်နေ၏။

ဈေးနှုန်းများကြောင့် ရှုကျန်းနှင့် ရဲ့ကျင်းတို့ ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားသလို ဖြစ်သွားလေသည်။ သူတို့၏ ဦးနှောက်များက အတော်ကြာအောင် လည်ပတ်ရခက်နေပြီး မြင်လိုက်ရသည့် အရာအားလုံးကြောင့် ရယ်မိသွား ကြသည်။

All Chapters