← Chapters

တိတ်တိတ်လေးနေတဲ့ ခပ်ချောချော ယောက်ျားလေး

Vol. 27 Ch. 403

တိတ်တိတ်လေးနေတဲ့ ခပ်ချောချော ယောက်ျားလေး

Vol. 27 Ch. 403

ထိုအချိန်တွင် ရှောင်ဖေးဖေးသည် တီဗွီရှေ့၌ ထိုင်နေသည်။ သူမသည် မျက်နှာ နီမြန်းနေပြီးနောက် ရဲ့လင်းချန်ကို ကြည့်၍ ဆူပူလေသည်။

*ဒီလူက ဘယ်လိုလုပ် အဲ့လောက် ရက်စက်ရတာလဲ*

သူမ စိတ်ထဲမှ တွေးနေသော်လည်း သူမမျက်လုံးများက ဖန်သားပြင်ပေါ်ရှိ ရဲ့လင်းချန်၏ မျက်နှာမှ လုံးဝ မရွေ့သွားဘဲ တစ်စက္ကန့် ကုန်သွားတိုင်း ချစ်စိတ် ပိုတိုးလာသည်။

ဖုန်းချလိုက်ပြီးနောက် ရဲ့လင်းချန်က ကားထဲ၌ ဆက်ထိုင်နေသည်။ သူ့မျက်နှာက တည်နေပြီး မသိလျင် ဘာမှမလုပ်ခဲ့သလိုပင်။

“ရဲ့နတ်ဘုရား၊ ရှင် အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ”

ရိုက်ကူးရေး ဝန်ထမ်းက တစ်ခဏမျှ ရယ်နေပြီးမှ ရဲ့လင်းချန်ကို မေးလေသည်။

“ဒါ မွေးရာပါ အရည်အချင်းပါ၊ အားကျနေလည်း မထူးပါဘူး”

ရဲ့လင်းချန်က အသာပြုံး၍ ကျောချမ်းစရာကောင်းသော အငွေ့အသက်မျိုး ပေးစွမ်းနေလေသည်။

“ဟုတ်သားပဲ၊ ရှင် ခုနက ပုံပြင်ကို ပြီးအောင် ပြောဖို့ ကျန်သေးတယ်နော်”

ရိုက်ကူးရေး ဝန်ထမ်းက သတိပေးလာသည်။ ထို့အတူ သူမက သူ့အား စိတ်အားထက်သန်စွာ ကြည့်လာ၏။

“ကျွန်တော် မပြောချင်ပါဘူး၊ ကျွန်တော်က ဒီအတိုင်း တိတ်တိတ်လေးနေတဲ့ ခပ်ချောချော ယောက်ျားလေး တစ်ယောက်ပဲ ဖြစ်ချင်တာ”

ထိုသို့ပြောပြီး ရဲ့လင်းချန်က လက်တစ်ဖက်နှင့် မေးထောက်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ဆွေးဆွေး မြည့်မြည့် ကြည့်လိုက်သည်။

[တိတ်တိတ်လေးနေတဲ့ ခပ်ချောချော ယောက်ျားလေး တစ်ယောက်ပဲ ဖြစ်ချင်တာ ဟုတ်လား၊ ရဲ့နတ်ဘုရား မင်းက အားကစား စူပါစတားလေ၊ မင်း ဘယ်လိုလုပ် ဒီလို ပြုမူရတာလဲ]

[မင်း ဘာလို့ ပုံပြင်ကို ဆက်မပြောတာလဲ၊ ငါတို့ကို ထပ်ပြောပြပါဦး၊ မင်းက တွင်းတူးပြီး ဒီအတိုင်း ထားလိုက်မလို့ လား၊ ငါတို့အားလုံး စောင့်နေတယ်လေ]

[ငါ အရမ်း စိတ်ပျက်တာပဲ၊ ငါ ဆက်နားထောင်ချင်တယ်လေ၊ ကျေးဇူးပြုပြီး ပုံပြင်ကို ဆက်ပြောပါဦး၊ ငါ နောက်ဆို မင်းရဲ့ ပရိသတ် ဖြစ်ပေးပါ့မယ်]

[အားလုံး တိတ်တိတ်လေး နေပေးပါ၊ ရဲ့နတ်ဘုရားက သိပ်ချောတာပဲ၊ ငါတော့ သူ့ကို ဒီလိုလေး တိတ်တိတ်ဆိတ်ဆိတ် ကြည့်ချင်တယ်]

[ဘာပဲဖြစ်ဖြစ်ပါလေ၊ ရဲ့နတ်ဘုရား၊ ကျွန်မကို ရှင့်ကလေးလေး လွယ်ခွင့်ပေးပါ …]

…

မှတ်ချက်များက ယခင်ကထက် ပိုအသက်ဝင်လာ၏။ ကြည့်ရှုသူ တော်တော်များများက ရဲ့လင်းချန်၏ ဆွဲဆောင်ခြင်း ခံလိုက်ရပြီး ယင်းက စိတ်ဝင်စားစရာ ကောင်းလှပေသည်။

တောင်ခြေသို့ ကား ရောက်သည်နှင့် ရဲ့လင်းချန်က တစ်ခွန်းမှ မပြောတော့ချေ။ သို့သော် သူ့ထုတ်လွှင့်မှုတွင်း၌ ကြည့်ရှုသူ အရေအတွက်က တစ်သိန်းခွဲ ကျော်နေပြီး ဝေ့တရွှင်းထက် သာသွားလေသည်။ ယင်းက အက်ပဲလ်တီဗွီမှ ဝန်ထမ်းများကို လန့်ဖြန့်သွားစေသည်။

ထိုအခိုက်တွင် အက်ပဲလ် တီဗွီ၌ လီလီဟွာသည်လည်း ရဲ့လင်းချန်၏ ထုတ်လွှင့်ရေးကို ကြည့်နေပြီး နှုတ်ခမ်းများက ပြုံးယောင်သမ်းနေသည်။ သူမ ရဲ့လင်းချန်ကို ကမ်းလှမ်းခဲ့ခြင်းသည် လတ်တလော အားကစား၌ သူ နာမည်ကြီးနေသောကြောင့် ဖြစ်သည်။ မထင်မှတ်ဘဲ ရဲ့လင်းချန်၏ ဟာသဉာဏ်က သူမ မျှော်လင့်ထားသည်ထက် သာလွန်နေ၏။ ယခုတစ်ခေါက် သူမ တကယ် ကံကောင်းသွားခဲ့သည်။

“ရဲ့နတ်ဘုရား၊ ကားက ဒီအထိပဲ လိုက်ပို့နိုင်ပါတယ်၊ ကျန်ခရီးကို ရှင့်ဘာသာရှင် လမ်းလျှောက်သွားရမှာပါ”

ရိုက်ကူးရေး ဝန်ထမ်းက ပြောလာသည်။

“ကောင်းပြီလေ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ခရီးဆောင်အိတ်နှင့်အတူ တောင်တက်လမ်းအတိုင်း လျှောက်သွားသည်။ သူက အားပျော့သောသူတစ်ယောက် မဟုတ်ပါ။

မိနစ်နှစ်ဆယ်နီးပါးမျှ ကြာသောအခါ လယ်ယာအိမ်နှင့်တူသော တည်ဆောက်ပုံတစ်ခုက သူ့မြင်ကွင်းထဲသို့ ပေါ်လာသည်။ အိမ်ရှေ့သို့ ရောက်သောအခါ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ရပ်နေပြီး တစ်စုံတစ်ခုကို လှမ်းမျှော်နေသည်။

ရဲ့လင်းချန်ကို သတိထားမိသွားသောအခါ ထိုပုံရိပ်က အနားသို့ လျှောက်လာသည်။

“ဟင် … နင်က ဘာလို့ ဒီကို ရောက်နေတာလဲ”

ရဲ့လင်းချန်ကို ကြည့်ပြီး ကျောက်လျန့်ရင် ပို၍ မျက်မှောင်ကြုတ်လာပြီးနောက် ခြေဖျားထောက်၍ တောင်အောက်ကို လှမ်းကြည့်လေသည်။

“အစ်မဖေးဖေး ဘယ်မှာလဲ၊ နင် ဒီကို သူနဲ့ အတူတူ လာတာလား”

“မင်း ငါ့ကို ရှာနေတာလား”

ရဲ့လင်းချန်က ပြုံး၍ မေးလိုက်သည်။ အသံကို ကြားလိုက်ရသောအခါ ကျောက်လျန့်ရင် နေရာမှာတင် အေးခဲသွား လေသည်။ သူမက ရဲ့လင်းချန်ကို မယုံနိုင်သော အမူအရာဖြင့် ကြည့်နေမိသည်။ သူမက ရဲ့လင်းချန်ကို မျက်လုံးအပြူးသားနှင့် လက်ညှိုးထိုးကာ အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်နေ၏။

“နင် … နင် …”

သူမ ဒေါသထွက်သလို စိုးလည်း စိုးရိမ်မိသည်။ နောက်ဆုံးတွင် သူမ စိတ်ထဲ၌ ပြောချင်နေသည့် စကားများက လက်သီးဆုပ်လေးအဖြစ် ပြောင်းလဲသွားပြီး ရဲ့လင်းချန်အပေါ် ကျဆင်းလာလေသည်။

သို့သော် သူမ၏ ခွန်အားလေးက ရဲ့လင်းချန်ကို ယားအောင်ပင် မလုပ်နိုင်ပါ။ ထိုအစား သူမပုံစံလေးက ချစ်စရာ ကောင်းနေ၏။

ထိုစဉ် မှိုအိမ်လေးထဲနေ၍ အခြားအသံ နှစ်သံ ထွက်လာသည်ကို ကြားလိုက်ရသည်။

“မင်းသမီးလေးရှောင် ဒီရောက်ပြီလား”

“မရောက်ဘူး”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို စူးစိုက်ကြည့်သည်။

“ကျွန်မတို့ သူ လှည့်စားတာကို ခံလိုက်ရတာ၊ ကျွန်မခံစားချက်ကို ကစားတာ အရမ်း လွန်တာပဲ”

“ဘာ”

“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟယ်ကျားနှင့် ဝေ့တရွှင်းတို့က ရဲ့လင်းချန်ကို ကြည့်နေသည်။ သူတို့၏ မျက်နှာ အမူအရာတွင် အံ့ဩစိတ်တို့နှင့် ပြည့်နှက်နေ၏။

“မဖြစ်နိုင်ဘူး၊ ငါ သေချာပေါက် မိန်းကလေးအသံကို ကြားလိုက်တာပါ၊ မမှားနိုင်ပါဘူး”

ဝေ့တရွှင်းက သူ့ကိုယ်သူ မယုံသင်္ကာ ဖြစ်နေသည်။

“ဒါက ကျွန်တော့်အသံနဲ့ လှည့်စားလိုက်ရုံလေးပါ၊ ကျွန်တော်က အသံမျိုးစုံကို အတုလုပ်နိုင်တယ်”

ရဲ့လင်းချန်က ဖြေလိုက်သည်။ သို့သော် ယခုတစ်ခေါက်၌ သူ့အသံက ဝေ့တရွှင်းနှင့် တထပ်တည်းပင်။

“သောက်ကျိုးနည်း”

ဝေ့တရွှင်း အံ့ဩကာ ထခုန်မိလိုက်ကာ ရဲ့လင်းချန်အား ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

[ဒါကြီးက အံ့ဩဖို့ ကောင်းလွန်းတယ်၊ ဒါ နတ်ဘုရားတွေရဲ့ စွမ်းရည်တစ်ခုပဲ]

[ရဲ့လင်းချန်က တကယ်ကို ဘက်စုံ တော်တာပဲ၊ ဘတ်စကက်ဘောက သူ့ရဲ့ အားအနည်းဆုံး စွမ်းရည်လို့ သူ ပြောခဲ့တာကို မှတ်မိကြလား၊ ငါ အခု သူ့ကို ယုံချင်လာပြီ]

[ဟုတ်တယ်၊ သူက အသံတုလုပ်တတ်တယ် ပြီးတော့ ပုံပြင်ပြောတာလည်း တော်တယ်၊ သူ့မှာ ငါတို့ မသိသေးတဲ့ အခြားဘာစွမ်းရည်တွေ ရှိဦးမလဲ ငါ သိချင်လိုက်တာ]

[လူချော ရတနာလေးပဲ၊ ငါ အခုကစပြီး ပရိသတ် ဖြစ်သွားပြီ]

…

“ဟဲလို ငါက ဟယ်ကျား၊ ဒါက ဝေ့တရွှင်း”

ဟယ်ကျားက ထိတ်လန့်နေသော်လည်း ခပ်မြန်မြန် သတိဝင်လာပြီး မြန်မြန်ဆန်ဆန် မိတ်ဆက်သည်။

“နှစ်ယောက်လုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က ရဲ့လင်းချန်ပါ”

ရဲ့လင်းချန် ပြန်နှုတ်ဆက်လိုက်သည်။

“ဝိုး … ဘတ်စကက်ဘော စူပါစတား ရဲ့လင်းချန်လား”

ဟယ်ကျား၏ မျက်လုံးများ ဝင်းလက်သွားသည်။

“ရဲ့နတ်ဘုရား၊ မင်းက ရဲ့နတ်ဘုရားပဲ”

ဝေ့တရွှင်းက ရဲ့လင်းချန်၏ ပခုံးကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လေသည်။

“ရဲ့နတ်ဘုရား၊ ငါက မင်းရဲ့ ပရိသတ်တွေထဲက တစ်ယောက်ပါ၊ မင်းရဲ့ ဘတ်စကက်ဘော စွမ်းရည်က အံ့ဩစရာပဲ၊ အထူးသဖြင့် မင်း ကိုရီးယားနိုင်ငံကို သင်ခန်းစာ ပေးလိုက်တဲ့အချိန်တုန်းကပေါ့၊ ငါ သွေးပွက်ပွက်ဆူခဲ့ရတာ၊ မင်း ငါ့ကို လက်မှတ် ထိုးပေးနိုင်မလား၊ ပြီးတော့ ငါ့ကို ဘတ်စကက်ဘော ဘယ်လို ကစားရမလဲ သင်ပေးနိုင်မလား”

ကျောက်လျန့်ရင်က ဝေ့တရွှင်းကို စူးစိုက်ကြည့်ပြီး သူမစိတ်ထဲ၌ ဒေါသထွက်လာသည်။

*ဒီလူက ကျွန်မတို့ကို လိမ်ညာခဲ့တာလေ၊ ရုတ်တရက်ကြီး ရှင်တို့က အမာခံ ပရိသတ်အဖြစ် ဖြစ်သွားပြီလား*

သူမ တွေးနေမိသည်။

ရဲ့လင်းချန်က ဝေ့တရွှင်း သူ့ပခုံးကို ဆုပ်ကိုင်ထားရာမှ လွတ်အောင်ရုန်း၍ သူနှင့် ခပ်ကွာကွာ နေလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ယောက်ျားလေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံရတာကို အသားမကျလို့ပါ”

ဝေ့တရွှင်း ဆွံ့အသွားလေသည်။

နောက်ပိုင်းတွင် တည်းဖြတ်အဖွဲ့က သူ့ခေါင်းပေါ်၌ ကျီးကန်းတစ်ကောင် ပျံသွားသည့် အထူး ပြုလုပ်ချက် တစ်ခုကိုပါ ထပ်ထည့်လိုက်သည်။

[ခွီး … ဟားဟားဟား … ငါ သူ့အတွက် တစ်စက္ကန့်လောက် စိတ်မကောင်း ဖြစ်မိသွားတယ်]

[သူ့အမူအရာက အေးခဲသွားတာ၊ ရဲ့နတ်ဘုရားရဲ့ စကားက သူ့ကို ရက်ရက်စက်စက် ထိုးခွင်းသွားတာပဲ၊ သနားစရာ ကောင်းလိုက်တာကွာ]

[ရဲ့နတ်ဘုရား ပြောတာ မှန်တယ်၊ ဝေ့တရွှင်းက ငါတို့ ရဲ့နတ်ဘုရားနဲ့ ဝေးဝေးနေသင့်တယ်၊ ရဲ့နတ်ဘုရားက ငါ့အပိုင်ပဲ]

[သောက်ရေးမပါလိုက်တာ၊ ရဲ့နတ်ဘုရားကို အားလုံး ပိုင်တာ]

…

သူတို့ သုံးယောက်လုံး မှိုအိမ်လေးထဲသို့ ဝင်သွားကြပြီး ခပ်ပြည်ပြည့် လူတစ်ယောက်က မီးဖိုချောင်ထဲ၌ မျှော်လင့်တကြီး ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူက ရဲ့လင်းချန်ကို မြင်သောအခါ မသိမသာ အံ့ဩသွားသည်။

“မင်းသမီးလေးရှောင် ဖြစ်ရမှာ မဟုတ်ဘူးလား၊ သူက ဘယ်လိုလုပ် ယော်ကျားကြီး ဖြစ်သွားတာလဲ”

“ငဟွမ်ကြီး၊ ရဲ့နတ်ဘုရားက သူ့အသံနဲ့ လှည့်စားနေတာ၊ သူက မင်းသမီးလေးရှောင်ရဲ့ အသံကို အတု လုပ်တာလေ၊ အံ့ဩဖို့ ကောင်းတယ်ကွ”

ဟယ်ကျားက ရှင်းပြပြီး မိတ်ဆက်ပေးလေသည်။

“ဒီကလူက ဆရာ ဟွမ်လေ့လေ”

“တွေ့ရတာ ဝမ်းသာပါတယ်”

ရဲ့လင်းချန်က သူ့ကို ခေါင်းညိတ်ပြသည်။

ဟွမ်လေ့က လက်ခုပ်တီး၍ မီးဖိုချောင်ထဲမှ ပြုံး၍ ထွက်လာသည်။

“ဟားဟားဟား … မင်းသမီးလေးရှောင် မှာတဲ့ ဟင်းပွဲဆယ်ပွဲကို ဘယ်လိုလုပ်ရမလဲလို့ ငါ စိုးရိမ်နေတာ၊ အဲ့ဒါတွေက ခက်လွန်းတယ်လေ၊ အခု ငါ အဲ့ဒါတွေကို လုပ်စရာ မလိုတော့ဘူး၊ ငါ အေးအေးဆေးဆေး နားလို့ရပြီ”

“ဆရာ ဟွမ်လေ့၊ ဒါ ခွဲခြားတာပဲ”

ရဲ့လင်းချန် ရယ်နေလိုက်သည်။

“ဒါပေမဲ့ မင်း အစားအသောက်နဲ့ ပတ်သက်ပြီး တော်တော် သိတာပဲ၊ ဟင်းပွဲ ဆယ်ပွဲလုံးက အံ့ဩဖို့ ကောင်းတယ်၊ မင်းမှာ ချက်နည်း ရှိလား၊ ငါတို့ကို မျှပါဦး”

မှိုအိမ်လေး၏ ထိပ်တန်း စားဖိုမှုးတစ်ယောက် အနေနှင့် ဟွမ်လေ့သည် မတူညီသော ဟင်းပွဲများပေါ်၌ စိတ်ဝင်စားမှု ရှိလေသည်။

“ဆရာ ဟွမ်လေ့၊ ရဲ့နတ်ဘုရားရဲ့ အချက်အပြုတ်က တကယ် အံ့ဩဖို့ကောင်းတယ်၊ အရင်တစ်ခေါက်က ကျွန်မ သူ့ယာဂုကို သောက်ကြည့်ဖူးတယ်၊ အဲ့အရသာကို ကျွန်မ တစ်သက်လုံး လုံးဝ မမေ့နိုင်ဘူး”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို စိုက်ကြည့်လျက် ကြားဖြတ် ဝင်ပြောသည်။

ရဲ့လင်းချန် လှည့်စားသည်ကို သူ မမေ့နိုင်သေးသော်လည်း အစားအသောက်အကြောင်း စဉ်းစားမိလိုက်သောအခါ သူမ အရာအားလုံးကို ဘေးဖယ်ထားလိုက်နိုင်သည်။ ယခု ရဲ့လင်းချန်ကို အနည်းငယ် မျက်နှာလုပ်ရန် အချိန်တန် လေပြီ။

All Chapters