← Chapters

ထိတ်လန့်စရာကောင်းသော ကြည့်ရှုသူနှုန်းထားများ

Vol. 48 Ch. 706

ထိတ်လန့်စရာကောင်းသော ကြည့်ရှုသူနှုန်းထားများ

Vol. 48 Ch. 706

အွန်လိုင်းပေါ်၌ လူတိုင်းသည် အဆင့် သက်မှတ်ချက်များကို မြင်သောအခါ ကြက်သေ သေသွားကြသည်။

တစ်: စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၊ ကြည့်ရှုသူအဆင့် 1.66%

နှစ်: နှလုံးသားမဲ့ ဓားသမား၊ ကြည့်ရှုသူအဆင့် 1.46%

သုံး: အကောင်းဆုံး အချိန်၊ ကြည့်ရှုသူအဆင့် 1.44%

လက်ရှိအချိန်၌ အားလုံး၏ မျက်လုံးများက ပြူးကျယ်နေ၏။ သူတို့၏ ပါးစပ်များက အဟောင်းသား ဖြစ်နေကာ ထိတ်လန့်မှုကြောင့် မေးရိုးက အောက်သို့ ပြုတ်ကျလုနီးနီး ဖြစ်နေ၏။ ကြောက်လန့်သော ခံစားချက်က အလိုလို ထွက်ပေါ်လာပြီး ကျောချမ်းမတတ် ထိတ်လန့်စိတ်က နှလုံးသား၏ နက်ရှိုင်းသော တစ်နေရာမှ ထွက်ပေါ် လာလေသည်။

*အရမ်း ထိတ်လန့်ဖို့ကောင်းတယ်*

*အရမ်း ကြောက်ဖို့ကောင်းတယ်*

*မယုံနိုင်စရာ ကောင်းလွန်းတာပဲ*

…

တရုတ် ဗဟိုရုပ်သံဌာန၌။

“မင်း ဘာပြောလိုက်တာလဲ၊ အဆင့်က ဘယ်လောက်”

ဒါရိုက်တာလျှို၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကာ သူ ကြားလိုက်ရသည့် အရာကို မယုံနိုင် ဖြစ်နေ၏။

“လခွမ်း၊ ဒါ … ဒါက…”

“မြတ်စွာဘုရား၊ နံပါတ်တစ်တဲ့လား၊ ငါတို့က တ…တ…တစ် ရတာလား”

“ဒါ တကယ်ကြီးလား၊ ဒါ ငါတို့ရဲ့ တီဗွီ ကြည့်ရှုသူ အဆင့် သက်မှတ်ချက်တဲ့လား”

“စစ်ကားလေ၊ ဒါ စစ်ကားလေ၊ ဘာလို့ ဒီလောက် လူတွေအများကြီးက ကြည့်ကြတာလဲ”

“အဓိပ္ပာယ် မရှိသလိုပဲ”

“ဒါက ဖြစ်နိုင်ချေနဲ့ လွဲနေပြီ၊ ဒါက လုံးဝကို လွဲနေပြီပဲ”

“သရုပ်ဆောင်ဝိုင်က အံ့ဩဖို့ကောင်းတာပဲ၊ သူက နတ်ဘုရားလိုပဲ”

“လူအိုကြီးချင်က အားကိုးရသားပဲ၊ ဒါက ငါ့အတွက် လက်ဆောင်ကြီးပဲ၊ ဟားဟားဟား … ဒါက တရုတ် ဗဟိုရုပ်သံ ဌာနရဲ့ ဂန္ထဝင် လက်ရာတွေထဲက တစ်ခု ဖြစ်လာတော့မှာ”

ဒါရိုက်တာလျှို အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့ အံ့ဩဖွယ်ကောင်းပြီး အတွေးအမြင် မြင့်မားသော ရုပ်သံဇာတ်လမ်းတွဲ တစ်တွဲ ရှိလာရန် ရှားပေသည်။ ၎င်းသည် သဘာဝအတိုင်း မွေးဖွားလာသော ဝါဒဖြန့် ဇာတ်လမ်းပင်။

…

ကျန်းထောင်၏ အသံသွင်း စတူဒီယို၌။

လူတိုင်း ကြောက်လန့်ကာ ဒေါသထွက်နေပြီး မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေကြသည်။

“ီးပဲ”

“တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်၊ ဒါက စာရင်းဇယား အမှားပဲ ဖြစ်ရမယ်”

“ဒီအချက်အလက်က လုံးဝ အဓိပ္ပာယ် မရှိဘူး၊ သေစမ်းကွာ … ငါ ဒါကို လုံးဝ မယုံဘူး”

“သူတို့က ဘာမှ အထင်ကြီးအောင် မလုပ်သလို နာမည်တောင် မကြီးဘူး၊ သူတို့ရဲ့ မြင့်မားတဲ့ ကြည့်ရှုသူနှုန်းက ဘယ်က ရောက်လာတာလဲ”

“သရုပ်ဆောင်ဝိုင်က တကယ်ပဲ အဲ့လောက် အံ့ဩဖို့ကောင်းတာလား၊ ဒါက ရူးချင်စရာပဲ”

ဟွမ်ရှင်း၏ အသံသွင်း စတူဒီယို၌။

“သောက်ကျိုးနည်း၊ ငါတို့က တတိယလား”

“ငါတော့ မျက်လုံးတွေ ကန်းတော့မှာပဲ၊ သူတို့က သောက်ကျိုးနည်း ဘယ်လိုတောင် နံပါတ်တစ် ဖြစ်တာလဲ”

“သေစမ်းကွာ … သရုပ်ဆောင်ဝိုင်က အဲ့လောက် အံ့ဩဖို့ကောင်းတာလား၊ ဒါက ရက်စက်လွန်းပါတယ်”

…

အဓိက မီဒီယာ ပလက်ဖောင်းများအားလုံးသည်လည်း ထပ်တူ ထိတ်လန့်နေကြလေသည်။

“လခွမ်း၊ ငါတို့ ရလဒ်ကို နည်းအမျိုးမျိုးနဲ့ ခန့်မှန်းခဲ့ကြပင်မယ့် ဒီရလဒ်က တကယ်ကို မမျှော်လင့်ထားတာ”

“သေစမ်း … နှလုံးသားမဲ့ ဓားသမားနဲ့ အကောင်းဆုံးအချိန်အတွက် စာအကြမ်း ရေးထားခဲ့တာ၊ အဲ့ဒါမှ ငါ မြန်မြန် တင်နိုင်အောင်လို့လေ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက နံပါတ်တစ် ရသွားတာတဲ့လား၊ အံ့ဩစရာပဲ”

“ရက်စက်လွန်းတယ်၊ ဒါကြီးက သောက်ကျိုးနည်း ရက်စက်လွန်းတာ”

“ငါတို့ သူ့ကို ရန်စလို့မရဘူး၊ သူတို့ကို ရန်ရှာလို့ မရဘူး”

“ငါတို့ အကဲဖြတ်တာက ထပ်မှားသွားပြန်ပြီ၊ သရုပ်ဆောင်ဝိုင်က အချိန်တိုင်း အံ့ဩစရာတွေ ဖန်တီးတာပဲ၊ ဒါပေမဲ့ ငါတို့က ဘယ်တော့မှ သင်ခန်းစာ မရဘူး၊ လခွမ်း”

“ဒီတခေါက် သူ လူတိုင်းကို အသံထွက်အောင်ကို ရိုက်ချလိုက်တာပဲ”

“မျက်နှာဖြတ်ရိုက်သူ ဝိုင်ပဲ”

…

ရလဒ်များကို ကြေညာပြီးသည်မှာ သုံးမိနစ်မျှပင် မရှိသေးသည့် အချိန်မှာပင် Weibo ၏ ရေပန်းစားနေသော ရှာဖွေမှုများတွင် ထိုရလဒ်များ တက်သွားလေသည်။

[သောက်ကျိုးနည်း]

[သရုပ်ဆောင်ဝိုင်ကတော့ သရုပ်ဆောင်ဝိုင်ပါပဲ၊ ဘယ်တော့မှ စိတ်မပျက်စေခဲ့ဘူး]

[ငပျော့ကောင်တွေ ထပ်ပြီး အနိုင်ကျင့်ခံရပြန်ပြီ၊ ဟားဟားဟား ငါ ကြိုက်တယ်ဟေ့]

[အရင်ဆုံး သူတို့ အဆိုတော်ဝိုင် နင်းချေတာကို ခံခဲ့ရတယ်၊ အခု သရုပ်ဆောင်ဝိုင်၊ ဟွမ်ရှင်းနဲ့ ကျန်းထောင်အတွက် ဝမ်းနည်းပူဆွေးပေးရအောင်၊ သူတို့ ပစ်မှတ်ထား ခံနေရတာပဲ]

[ငါ့ဘဝကို ငါ စပြီး သံသယဝင်လာပြီ၊ ဘာတွေဖြစ်နေတာလဲ]

[ကြောက်ဖို့ကောင်းတာပဲ၊ ငါတို့ ပြောနေတာက နာမည်ကြီး ငပျော့ကောင်တွေလေ၊ နှစ်ယောက်တောင်၊ ဒါတောင် သူတို့က စစ်ကား ဇာတ်လမ်းတွဲကို မကျော်နိုင်သေးဘူးတဲ့လား]

[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တကယ် အဲ့လောက် ကြည့်လို့ကောင်းလို့လား၊ ဒါကို ဘယ်သူ တကယ် ကြည့်နေတာလဲ]

[အပေါ်ကလူတွေ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက အံ့ဩဖို့ကောင်းတယ်လို့ ငါ ပြောခဲ့တာကို လုံးဝ တာဝန်ယူနိုင်တယ်၊ အွန်လိုင်းပေါ်မှာ ပြောကြတာ သိပ်မရှိရတဲ့ အကြောင်းရင်းက ဘာလို့လဲဆိုတော့ ဒါကို ကြည့်တဲ့သူတွေက နည်းနည်း အသက်ကြီးတဲ့သူတွေ ဖြစ်နေလို့ပဲ၊ ဒုတိယအချက်က လူသိများအောင် လူငှားပြီး မသုံးခဲ့ဘူး]

[လူတိုင်း စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ကြည့်ကြည့်ဖို့ ငါ လုံးဝ အကြံပေးတယ်၊ အဲ့ဒါက အသက်အရွယ်တိုင်းနဲ့ သင့်တော်ပြီး လုံးဝ စိတ်မပျက်စေရဘူး]

[အမှန်အတိုင်း ပြောရရင် ငါ့မိဘတွေက ငါ့ကို အတူတူ ကြည့်ကြဖို့ ဆွဲခေါ်တာ၊ ဒါပေမဲ့ နောက်တော့ … အဲ့ဒါက တကယ် စိတ်ဝင်စားဖို့ကောင်းတာ]

…

ဆန်းကြယ်ကျွန်း၌ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ အဖွဲ့သားများသည် အချင်းချင်း ပြန်ကြည့်နေကြပြီး နောက်ဆုံး၌ ထိတ်လန့်နေရာမှ သတိဝင်လာကြသည်။ သူတို့ ခေါင်းပေါ်အထိ သွေးများ ပွက်ပွက်ဆူလာသည်ကို သူတို့ ခံစားမိနေသည်။

ရှောင်ဖေးဖေးက ပါးစပ်ကို လက်ဖြင့် အုပ်ထားမိပြီး ဟောင်ယွင်က ရဲ့လင်းချန်ကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ အဆင့် သက်မှတ်ချက်များကို ထပ်ကြည့်လေသည်။ တုန်းမြောင်မြောင်သည်လည်း မှင်တက်နေပြီး မယုံနိုင်ဟန်ဖြင့် ကျောက်ရုပ်သဖွယ် ရပ်နေသည်။

“လခွမ်း၊ သခင်လေးရဲ့၊ ခင်ဗျားက အကောင်းဆုံးပဲ”

“နံပါတ်တစ်၊ ငါတို့က နံပါတ်တစ်ပဲ”

“ငါ ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင်ဘူး၊ ဒါက အိပ်မက်လိုပဲ”

“ငါတို့ နာမည်ကြီးတော့မယ်ကွ၊ ငါတို့အိပ်မက်က အခုမှ စတာ”

“ဒါက သခင်လေးရဲ့ကြောင့်ပဲ၊ သူက ဘယ်တော့မှ လူတိုင်းကို စိတ်မပျက်စေခဲ့ဘူး”

“ဟားဟားဟား အရင်က ငါတို့ကို အထင်သေးခဲ့တဲ့သူတွေ အခုလောက်ဆို ကြက်သေ သေနေလောက်ပြီ”

ရဲ့လင်းချန်က ခပ်အေးအေး ပြုံးသည်။

“ရလဒ်တွေက သာမန်ပါပဲ၊ ငါ မှန်းထားတာထက်တောင် နည်းသေးတယ်”

လူတိုင်း: “???”

…

အဆင့် သက်မှတ်ချက် ဇယား ထွက်လာပြီးနောက် ဒါရိုက်တာအချို့ကြား၌ တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ မည်သူမှ စကားမပြောကြချေ။ ထို့နောက် …

“ဒါက မယုံနိုင်စရာပဲ”

“ဒါက ရူးချင်စရာကောင်းတဲ့ တန်ပြန်တိုက်ခိုက်မှုပဲ၊ ဖျက်မြင်းတွေကြားထဲက ဖျက်မြင်း”

“သရုပ်ဆောင်ဝိုင်က ကျော်ကြားမှုနဲ့ ထိုက်တန်တာပဲ”

“ထိတ်လန့်ဖို့ကောင်းတယ်၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးနဲ့ ပတ်သက်ပြီး ဘာက အဲ့လောက် ကောင်းနေတာလဲ ဆိုတာကို မြန်မြန်ရှာကြ”

…

ရုပ်သံဌာနကြီးများအားလုံး အံ့ဩနေကြလေသည်။ အနုပညာ မီဒီယာ သည်လည်း အံ့ဩနေ၏။ အနုပညာလောက အသိုင်းအဝိုင်း တစ်ခုလုံးလဲ အံ့အားသင့်နေသည်။ ပရိသတ်များလည်း မှင်တက်နေကြသည်။

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ကြည့်ရှုသူအဆင့်က 1.66% ရှိသည်။ ၎င်းအား မည်သည့်အခြေအနေ၌မဆို အံ့ဩဖွယ်ကောင်းသော အောင်မြင်မှုကြီးဟု သတ်မှတ်နိုင်ပေသည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ကနဦး ထုတ်လွှင့်မှုက 2.03 သို့ ရောက်ခဲ့ပြီး 2 ကို ကျော်ခဲ့သည်။

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလောက် မကောင်းတာများလား။ မဟုတ်ပေ။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် ထုတ်လွှင့်ချိန်က ပြိုင်ဘက်ကြီးကြီးမားမား မရှိခဲ့ချေ။ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးမှာမူ ရုပ်သံဇာတ်လမ်းတွဲ သုံးတွဲ၏ ထိပ်တိုက်တွေ့ခြင်း ဖြစ်ကာ ပရိသတ်များကို ခွဲဝေခံရသည်။ အားလုံးနှင့် ဆန့်ကျင်၍ 1.66 ရခဲ့သည်ကပင် ကြောက်စရာကောင်းနေလေပြီ။ သူတို့၏ ရုပ်သံဇာတ်လမ်းတွဲ ကနဦး ထုတ်လွှင့်ချိန်၌ 1.66 ရသည့် မည်သည့် ဒါရိုက်တာမဆို ဂုဏ်ယူသင့်ပေသည်။

ထို့အပြင် ၎င်းသည် ပထမပိုင်းသာ ရှိသေးသည်။ အခြေအနေကို လေ့လာရသလောက်ဆိုလျင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးတွင် ကြီးမား‌သော အလားအလာ ရှိသည်။ ၎င်းသည် ငပျော့ကောင်များကို နင်းချေပြီးနောက် ယခုနှစ်၏ အကြီးမားဆုံး ဖျက်မြင်း ဖြစ်လာခဲ့ကာ ၎င်း၏ အမြင့်ဆုံးအဆင့်က ဘယ်လောက် ဖြစ်လာမလဲ မှန်းရခက်ပေသည်။

*ကြောက်စရာကောင်းလိုက်တာ*

*ရှင်းပြရခက်တယ်*

ထိုနေ့တွင် သတင်းများ ဒလဟော တက်လာ၏။

[ကြီးမားသော ကပြောင်းကပြန် ဖြစ်ပွားမှု]

[ထိတ်လန့်စရာကောင်းခြင်း]

[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တန်ပြန်တိုက်ခိုက်ချက် တစ်ချက်တည်းနဲ့ ပထမနေရာ ရသွားပြီ]

[ငပျော့ကောင်တွေ ထပ်ပြီး နင်းချေခံရပြန်ပြီ]

[ချီးကျူးစရာကောင်းတဲ့ ကျော်ကြားမှုနဲ့ မြင့်မားတဲ့ အဆင့် သက်မှတ်ချက်]

[မယုံနိုင်စရာကောင်းတဲ့ စူပါ ဖျက်မြင်း]

[စစ်ကားတွေရဲ့ အမြင့်ဆုံးနေရာ၊ အကန့်အသတ်ကို တွန်းလှန်နိုင်ပြီ]

[ထိတ်လန့်စရာပဲ၊ ဂန္ထဝင် စစ်ကားတစ်ကား ပေါ်လာပြီ]

ရဲ့လင်းချန်၏ ဖုန်းတွင် ဖုန်းခေါ်ဆိုမှုများနှင့် ပြည့်နေကာ လူများစွာက သူ့ကို ချီးကျူးဂုဏ်ပြုကြသည်။

ချန်ရှောင်ယန်က ပထမဆုံး ဖုန်းခေါ်လာသူ ဖြစ်သည်။

“လင်းချန်၊ ရှင်က အံ့ဩဖို့ကို ကောင်းနေတာပဲ၊ ဂုဏ်ပြုပါတယ်နော်”

“ကျေးဇူးပါပဲ”

“ဟို … ရှင်က တောင်ကျစမ်းရေ အိမ်ရာရဲ့ ခြံနံပါတ်တစ်မှာ နေတာ မဟုတ်လား၊ ကျွန်မ ရှင့်ဆီ Masked Singer အတွက် ဝတ်စုံ ပို့ပေးတုန်းက အဲ့လိပ်စာကို အတိအကျ မှတ်မိနေတာ၊ ဒါပေမဲ့ ကျွန်မ အဲ့ကို သွားတော့ ရှင်က အိမ်မှာ မရှိဘူး”

“အာ … တကယ်တော့ ငါက ကျွန်းပေါ်မှာ နေနေတာ”

“ကျွန်းပေါ်မှာ ဟုတ်လား”

“အင်း၊ နောက်တခါကျရင် ပျော်လို့ရအောင်လို့ မင်းကိုပါ ခေါ်မယ်”

“အင်း ရပါတယ်၊ အချိန်မရွေးပါပဲ”

ထို့နောက် တရုတ် ဗဟိုရုပ်သံဌာန၏ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့မှ ဒါရိုက်တာလျှိုကလည်း သူ့ကို ဖုန်းခေါ်လာ၏။

“ဟားဟားဟား၊ အရင်တစ်ခေါက် လူအိုကြီးချင် မင်းကို အာမခံပေးတုန်းက ငါ နည်းနည်းလေး စိုးရိမ်နေ ခဲ့သေးတယ်၊ မင်းက ငါ့ကို တော်တော်လေး အံ့ဩအောင် လုပ်တာပဲ၊ မင်းက တကယ့်ကို လူငယ် သူရဲကောင်းပဲ”

“ချီးကျူးလွန်းနေပါပြီ၊ ဒါရိုက်တာလျှို”

“နှိမ့်ချနေစရာ မလိုပါဘူး၊ မင်းက တကယ် တော်တာပါ၊ ဒီတခေါက် မင်းက တရုတ် ဗဟိုရုပ်သံဌာနကို တော်တော်လေး ဂုဏ်တက်စေခဲ့တာ၊ မင်းက ငါတို့နိုင်ငံအတွက်လည်း တာဝန်ထမ်းဆောင်ပေးခဲ့တာ၊ ဒုက္ခခံခဲ့ပေးလို့ ကျေးဇူးပဲကွာ”

“ဒါ မခက်ခဲပါဘူး၊ နည်းပြချုပ်ချင်ကို ကျွန်တော် ကတိပေးခဲ့တာပါ၊ အဲ့ုါကြောင့် ကတိအတိုင်း ကောင်းကောင်း လုပ်တာက မှန်တဲ့အရာပါပဲ”

ထို့နောက် ကျောက်လျန့်ရင်နှင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းမှ အခြား မိတ်ဆွေများကလည်း သူ့ထံ ဖုန်းဆက်၍ ဂုဏ်ပြုစကား ဆိုလာကြသည်။

ညနေတွင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၊ နှလုံးသားမဲ့ ဓားသမားနှင့် အကောင်းဆုံးအချိန်တို့က ပြိုင်တူ လွှင့်ကြပြန်သည်။ ဇာတ်လမ်းတွဲ သုံးတွဲလုံး ဒုတိယအကြိမ် ထိပ်တိုက် တွေ့ကြပြန်၏။

…

All Chapters