← Chapters

အင်္ဂလန်ကို ထိတ်လန့်သွားစေသောအိတ်

Vol. 36 Ch. 531

အင်္ဂလန်ကို ထိတ်လန့်သွားစေသောအိတ်

Vol. 36 Ch. 531

သေနတ်သံများနှင့်အတူ ပတ်ဝန်းကျင်က အလွန်အမင်း ဖရိုဖရဲ ဖြစ်လာသည်။ ကျည်ဆံများက နေရာတိုင်း၌ ပျံသန်းနေ၏။

အဲလစ်အား ဈေးဝယ်စင်တာထဲမှ ခေါ်ထုတ်လာသည်။ လက်ရှိအချိန်၌ လမ်းမထက်တွင် သူတို့၏ အသက်အတွက် ထွက်ပြေးနေကြသော လူများနှင့် ပြည့်နေသည်။ နားကွဲမတတ် အော်သံများကို ကြားနေရပြီး အပြစ်မရှိသော လူတော်တော်များများက မြေကြီးပေါ်၌ လဲနေ၏။

“မင်းသမီး ဒီဘက်မှာ”

သက်တော်စောင့်များသည် အလွန်အမင်း စိုးရိမ်နေကြလေသည်။ သူတို့သည် အဲလစ်အား တင်းကြပ်စွာ စောင့်ရှောက်ထားပြီး လူအုပ်ထဲ၌ သူမက သူတို့နှင့် ကွဲထွက်သွားမည်ကို ကြောက်လန့်နေကြသည်။

“ဒိုင်း”

ထိုသို့သောအချိန်၌ ခပ်ဝေးဝေး အမြင့်တစ်နေရာမှ သေနတ်သံ ထွက်ပေါ်လာသည်။

“အင့်”

အဲလစ်သည် အင့်ခနဲ ညည်းတွားရင်း ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက ပြင်းထန်သော သက်ရောက်မှုကြောင့် တုန်လှုပ်ကာ မြေကြီးပေါ် လဲကျသွားသည်။

အဖြစ်အပျက်က ရုတ်တရက် ဆန်လွန်းလှသည်။ သက်တော်စောင့်များသာမက ထွက်ပြေးနေသော ပြည်သူများ တောင်မှ အံ့ဩသွားကြသည်။

“မ…မ…မင်းသမီး အပြစ်ခံလိုက်ရတာလား”

“သွားပြီ၊ သွားပြီ၊ အင်္ဂလန်တော့ အစိုးရပိုင်းမှာ ပြောင်းလဲမှုနဲ့ ကြုံရဦးမှာပဲ”

“ဒါ အမှန် မဖြစ်နိုင်ဘူး၊ မင်းသမီး အဆင်ပြေရဲ့လား”

“မင်းသမီး”

ရုတ်ရုတ်သဲသဲ ဖြစ်နေသော အခြေအနေက ချက်ချင်း တည်ငြိမ်သွားသည်။ အကြမ်းဖက်သမားများသည် သတင်း ရသွားပုံရပြီး သေနတ်သံများ လျော့ပါးလာသည်။ သူတို့ ဆုတ်ခွာသွားမှန်း သိသာလှသည်။

“မင်းသမီးကို မြန်မြန် ခေါ်ထုတ်သွားကြ”

သက်တော်စောင့်များ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။ သူတို့သည် မင်းသမိးအား ကားဆီသို့ သယ်သွားပြီး အမြန် ထွက်ခွာသွားကြသဖြင့် လူအုပ်ကြီးအား အချင်းချင်း နားဝေတိမ်တောင် အကြည့်ဖြင့် ကြည့်ရင်း ကျန်ခဲ့စေသည်။

ယခုတစ်ခေါက်၌ အဲလစ်က သူတို့၏ ပစ်မှတ်ဖြစ်မှန်း သိသာလှသည်။ ထို့အပြင် တိုက်ခိုက်မှုက ကြိုတင် စီစဉ်ထားခြင်း ဖြစ်ပြီး အားလုံးက သူတို့အစီအစဉ်အတိုင်း ဖြစ်ခဲ့သည်။ ယင်းက အင်္ဂလန်၏ အကြီးဆုံး တစ်ခု ဖြစ်လာမှာ သေချာသည်၊ နိုင်ငံတကာ သတင်းကြီးတစ်ခုပင် ဖြစ်နိုင်လောက်သည်။

အင်္ဂလန်နိုင်ငံ တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေး၍ မုန်းတီးမှုတို့နှင့် ဖုံးလွှမ်းလာသည်။

သို့သော် အဲလစ် ကွယ်လွန်သွားပြီဟု လူတိုင်း ထင်နေကြစဉ်၌ တော်ဝင်မိသားစုက အဲလစ် ထိခိုက်ခြင်းမရှိဟု ကြေညာလာ၏။

“မသေဘူးလား၊ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ပေါက်ကြားလာတဲ့ ဗွီဒီယိုက သူ အပစ်ခံလိုက်ရတာကို ပြနေတာလေ”

“ဒါ တကယ်လား၊ အင်္ဂလန်က လူထုကို ငြိမ်သက်စေဖို့ လုပ်နေတာလား”

“သူ့ကို ကယ်လို့ရသွားတာများလား၊ အဲ့လို ကျည်ဆံမျိုးနဲ့ဆို အသက်ရှင်ဖို့ အရမ်း ခက်တယ် မဟုတ်ဘူးလား”

…

ပြောရမည်ဆိုလျင် ထိုအဖြစ်အပျက်က ရဲ့လင်းချန်နှင့် ဘာမှမဆိုင်ပါ။ သို့သော် ယင်းက သူနှင့် တကယ် ပတ်သက်နေ၏။

အကြောင်းမှာ … ရဲ့လင်းချန်က လုပ်ကြံမှု၌ အဲလစ် အသက်ရှင်နေရသည့် အကြောင်းရင်း ဖြစ်သည်။ အတိအကျ ပြောရလျင် ထိုတန်ဖိုးကြီး အိတ်ကြောင့်ပင်။

သူတို့၏ တစ်နိုင်ငံလုံး သံသယ ဝင်နေချိန်တွင် အဲလစ်က အင်တာနက်ပေါ်မှနေ၍ ကြေညာချက်တစ်စောင် ရေးလာသည်။

“ငါ အပစ်ခံရတုန်းက ငါလဲ သေတော့မယ်လို့ ထင်ခဲ့တာ၊ အဲ့အချိန်တုန်းက ငါ့တစ်ကိုယ်လုံးက ကျည်ဆံရဲ့ သက်ရောက်မှုကို ခံစားလိုက်ရသလိုပဲ၊ ငါ တကယ်ကို ကူကယ်ရာမဲ့သလို ခံစားခဲ့ရတာ၊ ငါ့ဘဝတစ်လျှောက်လုံးမှာ အဲ့အချိန်က ငါ့ရဲ့ အမှောင်မိုက်ဆုံး အချိန်ပဲ၊ ဒါပေမဲ့ ငါ အဆင်ပြေနေခဲ့တယ်၊ ခေါင်းထိခိုက်မိလို့ မေ့သွားတာကလွဲရင် ငါ လုံးတ ဒဏ်ရာမရဘူး”

“ငါ ဘာလို့ မထိခိုက်လဲသိလား၊ ငါ ပြောပြရင်တောင် ယုံကြမှာ မဟုတ်ဘူး၊ အဲ့ဒါက အိတ်တစ်လုံးကြောင့်ပဲ”

သူမ၏ ယုံနိုင်ဖွယ်မရှိသော ကြေညာချက်က တစ်နိုင်ငံလုံးကို တွေဝေသွားစေသည်။

*အိတ်တစ်လုံးကြောင့်တဲ့လား၊ အဲ့အိတ်က မိစ္ဆာဖြစ်နေတာများလား၊ အဲ့အိတ်က ဘယ်လို အံ့ဩဖို့ကောင်းတဲ့ အိတ်မျိုးလဲ*

*ငါ ပညာမတတ်ကောင်း မတတ်လိမ့်မယ်၊ ဒါပေမဲ့ မင်းရဲ့ အဆင့်နိမ့်လွန်းတဲ့ လှည့်စားမှုက ငါ့အတွက် အလုပ်မဖြစ်ဘူး*

ထို့နောက် အဲလစ် ထပ်တင်လာသော ပို့စ်က အင်တာနက်ပေါ်၌ ဆူဆူညံညံ ဖြစ်သွားလေသည်။

၎င်းမှာ စာသားများ မဟုတ်ဘဲ ဗွီဒီယိုတစ်ခု ဖြစ်သည်။

ဖန်သားပြင်၌ ပန်းရောင်သန်းနေသော မျက်နှာနှင့် အဲလစ် ပေါ်လာသည်။ သူမသည် ကောင်းကောင်း အနားယူ ထားပုံရပြီး ဒဏ်ရာရထားသည့်သူနှင့် လုံးဝ မတူချေ။ ထို့အပြင် သူမက လက်ထဲ၌ အနက်ရောင် အိတ်တစ်လုံး ကိုင်ထားလေသည်။

အိတ်၏ ပုံစံက အတော်လေး ပြောင်းလဲနေမှန်း သိသာလှသည်။ အထူးသဖြင့် အလယ်တွင်ပင်၊ ထိုနေရာ၌ ချိုင့်ရာကြီးတစ်ခု ရှိနေသည်။ အိတ်၏ ကိုယ်ထည်တစ်ခုလုံးတွင် အက်ရာများနှင့် ပြည့်နေပြီး အလယ်တွင် ချိုင့်ရာ ရှိနေကာ ထိုအထဲ၌ ကျည်ဆံတစ်ခုက နစ်ဝင်နေ၏။

“ငါ တကယ် ကံကောင်းတယ်၊ သိပ်ကို ကံကောင်းတာ”

အဲလစ်၏ မျက်လုံးတွင် မျက်ရည်များနှင့် ပြည့်နေပြီး ကြောက်စိတ်တို့ ရှိနေသေးပုံ ရသည်။

“ငါ ဒီနေ့ Vatti အမှတ်တံဆိပ်အောက်က ဝိုင် တန်ဖိုးကြီးထုတ်ကုန်ဖြစ်တဲ့ ဒီအိတ်ကို ရခဲ့တယ်၊ ငါ ဒါကို မြင်မြင်ချင်း သဘောကျသွားတာ၊ ငါ မြင်ဖူးသမျှ အိတ်တွေထဲမှာ ဒါက တန်ဖိုးကြီး ပစ္စည်းဆိုတဲ့ နာမည်နဲ့ အထိုက်တန်ဆုံးပဲ၊ ဒါကြောင့် ငါ ဒါကို ကိုယ်နဲ့မကွာ သယ်တာ၊ ဒါက ငါ့ရဲ့ စောင့်ရှောက်သူ နတ်သားလေးပဲ”

“ကျေးဇူးတင်ပါတယ် Vatti၊ ကျေးဇူးတင်ပါတယ် … ဝိုင်”

နောက်ဆုံးတွင် သူမက စိတ်ရင်းနှင့် ကင်မရာကို အလေးအနက် ဦးညွှတ်လေသည်။

ဗွီဒီယိုက တိုတောင်းသော်လည်း ကြည့်ရှုသူများ၏ နှလုံးသားကို အဆက်မပြတ် ခုန်လာစေသည်။ သူတို့ စိတ်ထဲ၌ မုန်တိုင်း ထန်သကဲ့သို့ ဖြစ်နေပြီး အချိန်အတော်ကြာအောင် သတိပြန်မဝင်သေးပေ။

တစ်ခဏကြာသော် တစ်နိုင်ငံလုံး စိတ်လှုပ်ရှားမှုကြောင့် ဆူညံလာ၏။

“ဘာလဲဟ၊ မိုက်တယ်၊ အံ့ဩစရာပဲ၊ ထူးဆန်းလိုက်တာ”

“လခွမ်း၊ မင်းသမီးကြောင့်သာ မဟုတ်ရင် ငါ ဒါကို ကြော်ငြာတစ်ခုလို့ ထင်နေမိမှာ”

“ဒီအိတ်က အဲ့လောက် အံ့ဩဖို့ ကောင်းတာလား၊ ကျည်ကာတယ်ပေါ့၊ ငါ့ကို နောက်နေတာလား”

“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ငါ မြင်ဖူးသမျှထဲမှာ အံ့ဩစရာ အကောင်းဆုံးအိတ်ပဲ”

“တရုတ်နိုင်ငံရဲ့ ထုတ်ကုန်တွေက အံ့ဩဖို့ကောင်းတယ်လို့ ငါ ကြားဖူးတယ်၊ အစက ငါ မယုံပင်မယ့် ဒီကျည်ကာ အိတ်ကို မြင်ပြီးတော့ ငါ့အမြင်တွေ ပြောင်းသွားပြီ”

“ဘုရားသခင်၊ တရုတ်တွေက အဲ့လောက် အံ့ဩဖို့ကောင်းတာလား၊ မယုံနိုင်စရာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တဲ့ အရှေ့တိုင်းနိုင်ငံ”

“လခွမ်း ဝယ်မယ်၊ ဝယ်မယ်၊ ဝယ်မယ်၊ ဖယ်ကြစမ်း၊ ငါ အိတ်တွေ အကုန် ဝယ်ချင်တယ်”

“အပေါ်ကလူ မင်းက တုံးလွန်းတယ်၊ ငါ ဆိုင်ကို သွားတဲ့လမ်းတောင် ရောက်နေပြီ”

…

ချက်ချင်းဆိုသလိုပင် Vatti ၏ တန်ဖိုးကြီး ပစ္စည်းက နာမည်ကြီးလာလေသည်။

၎င်း၏ သက်ရောက်မှုက တရုတ်နိုင်ငံထက် သာလွန်ပြီး တစ်လောကလုံးကို ထိတ်လန့်စေပြီး အများပြည်သူအား လိုချင်စေသည့် အရာတစ်ခုပင်။

ဆယ်မိနစ်အတွင်း သီးသန့်ဆိုင်တိုင်း၌ လူပြည့်နှက်သွားသည်။ ထို့အပြင် လူအရေအတွက်ကလည်း တိုးလာပြီး တစ်ဆိုင်လုံး ပြည့်ကျပ်သွားသည်။

“ဘုရားသခင်၊ အဲ့ဒါ ဗိုင်းကောင့် အမတ်ပဲ၊ သူလဲ တန်းစီနေတာပါလား”

“သူက ဗိုင်းကောင့်အမတ်လေးပဲလေ၊ သူ ဘာလို့ တန်းစီနေလဲ သိလား၊ သူ့အရှေ့မှာ ဘယ်ရွန် အမတ်နဲ့ မြို့စားကြီး ရှိနေလို့ပဲ”

“သေစမ်း၊ မင်းသားတောင်မှ ဒီကို ရောက်နေတယ်လို့ ငါ ကြားထားတယ်၊ သူက လိုအပ်တာ အကုန်ရဖို့ သူ့ရဲ့ တော်ဝင် လုပ်ပိုင်ခွင့်ကိုတောင် သုံးတယ်တဲ့”

“ပြဿနာ ရှာတာက မင်းသမီးလို့ ငါ ကြားတယ်၊ မင်းသားက မင်းသမီးအတွက် အဲ့အိတ်တစ်လုံး မဝယ်ပေးနိုင်ရင် သူ အဝတ်ဖွပ် သစ်သားခုံပေါ်မှာ ဒူးထောက်ရလောက်တယ်”

“အီးဟီးဟီး … မင်းသား ဒူးထောက် ရ၊ မရတော့ ငါ မသိဘူး၊ ဒါပေမဲ့ ငါတော့ လုံးဝ ဒူးထောက်မှာ၊ ဒီလောက် အကောင်ကြီးတွေ ရှိနေမှတော့ ငါ ဘယ်လိုလုပ် တစ်လုံး ဝယ်လို့ ရတော့မှာလဲ”

“ဟုတ်တယ်မလား၊ ငါတို့ တစ်နိုင်ငံလုံးအဝွက် အိတ်ဘယ်နှစ်လုံးပဲ ရှိတာလဲ၊ ငါတို့ တစ်လုံးအတွက်နဲ့ ဘယ်လို ရန်ဖြစ်ရမလဲ”

“အစောကတည်းက ဝယ်ထားတဲ့ သူတွေကို ငါ မနာလိုဖြစ်တယ်၊ တစ်ယောက်က အဲ့ဒါကို တစ်သန်းနဲ့ ရောင်းနေပြီးတော့ တစ်စက္ကန့်အတွင်း ရောင်းထွက်သွားတယ်လို့ ငါ ကြားတယ်၊ အခု သူတို့က ငါးသန်းနဲ့တောင် ရောင်းနေပြီ”

“ရူးချင်စရာပဲ၊ တရုတ်က ပိုပြီးတော့ ပိုတော်လာပြီးတော့ ပိုထိတ်လန့်လာအောင် လုပ်တာပဲ”

“ဟုတ်တယ်၊ ဟုတ်သား … ငါတို့ တရုတ်မှာ ဝယ်လို့ ရတာပဲ”

“လခွမ်း ငါ ဘာလို့ မစဉ်းစားမိတာလဲ၊ ငါ့မှာ တရုတ်ပြည်က သူငယ်ချင်း ရှိတယ်၊ သူ့ကို ဘာပဲကုန်ကုန် တစ်လုံး ဝယ်ခိုင်းပြီး ဒီကို ပို့ခိုင်းရမယ်”

“ငါ့ကိုလဲ တစ်လုံးလောက် ရအောင် ကူပေးပါဦး၊ ငါ တောင်းပန်ပါတယ်”

Vatti မှ အင်္ဂလန်ကို ပို့သော တန်ဖိုးကြီး ပစ္စည်းက ပို၍ ပြြင်းထန်လာသည်။

လူတော်တော်များများက အဲလစ်၏ လွှမ်းမိုးနိုင်စွမ်းကြောင့် ဝယ်ခြင်း ဖြစ်သော်လည်း တစ်ခု ဝယ်သည့်အခါမှ အိတ်၏ ထူးခြားမှုများကို သတိပြုမိလာရသည်။

အသား၊ ပစ္စည်းများနှင့် ဒီဇိုင်းများက လုံးဝ ပြည့်စုံ၏၊ သူတို့သည် ဤအိတ်၏ အရည်အသွေးကို သတိမထားမိပေ။ သို့သော် သူတို့ ကြည့်မိသောအခါ ကောင်းကျိုးများကို မြင်နေရသည်။

အိတ်ပုံကို သူတို့၏ ဆိုရှယ် မီဒီယာများ၌ ပုံတင်လိုက်ပါက နှစ်သက်သူများစွာက လိုက်ခ်လုပ်ကြပြီး သူတို့ မိတ်ဆွေများထံမှ အားကျခြင်းများ ရပေမည်။ ဤအိတ်က ချက်ချင်း အင်္ဂလန်၌ နာမည်ကြီးလာ၏။

အခြေအနေအရ လူအချို့သည် အိတ်အား လျှို့ဝှက်စွာ စမ်းသပ်ကြပြီးနောက် ကျည်ကာရုံတင် မဟုတ်ဟု ပြောလာကြသည်။ ၎င်းက မီးဒဏ်နှင့် ရေဘေးကိုပင် ခံနိုင်လေသည်။

အိတ်သည် တောက်လောင်နေသော မီးကို အချိန်တိုတစ်ခုအထိ ခံနိုင်ရည် ရှိပြီး ရေစိမ်လည်း ခံ၏။

၎င်းကို တစ်နေ့လုံး ရေစိမ်ထားလျင်တောင်မှ ဘာမှမဖြစ်ချေ။ ယင်းက ဤအိတ်ကို သားစဉ်မြေးဆက် လက်ဆင့် ကမ်းနိုင်သည်ဟု ဆိုလိုနေ၏။ ၎င်းက ပျက်စီးယိုယွင်းမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်လေသည်။

အင်္ဂလန်တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်နေ၏။ အိတ်က … ထူးဆန်းလွန်းပေသည်။

All Chapters