နည်းနည်း … စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပဲ
Vol. 40 Ch. 593
[လခွမ်း၊ ငါ မျက်စိမှောက်သွားတာလား၊ ဘာလို့ သူက ဒီကို ရောက်နေတာလဲ]
[မြတ်စွာဘုရား၊ ရဲ့နတ်ဘုရားကို စင်ပေါ်မှာ တွေ့ရလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး]
[ညီအစ်ကိုတို့ ငါ အပြိုင်ကမ္ဘာထဲ ရောက်နေတာလားဆိုတာကို ပြောကြပါဦး၊ ငါ မှတ်မိသလောက်ဆို ရဲ့နတ်ဘုရားက ဘတ်စကက်ဘော ကစားသမား ဟုတ်တယ်မလား]
[နာမည်ကြီး အားကစားသမားကို ဟာသ ဇာတ်လမ်းတို ဖျော်ဖြေခိုင်းတယ် ဟုတ်လား၊ ဒီထပ် ရူးတဲ့သူ ရှိဦးမလား]
[သေစမ်း အဲ့ဒီ ခပ်ဝဝ လူကိုလဲ ငါ တစ်ခါမှ မမြင်ဖူးဘူး၊ သူက လုံးဝကို လူသစ်ပဲ]
[လခွမ်း၊ ဒါရိုက်တာက ဒီထပ့်ပိုပြီး ပေါ့ဆဆ ဖြစ်နိုင်ဦးမလား၊ ငါ ဒါကို မကြည့်တော့ဘူး၊ အရမ်း တုံးလွန်းတယ်]
လူတိုင်း ပေါက်ကွဲလာပြီး တော်တော်များများက မယုံနိုင်သဖြင့် မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်၍ ပြန်ကြည့် နေကြသည်။ နောက်တစ်ကြိမ် သေချာအောင် ကြည့်ပြီးနောက် လက်တွေ့ အမှန်တကယ် ဖြစ်ကြောင်း သိလိုက်ကြ လေသည်။
ယင်းက သူတို့၏ အထင်အမြင်ကို အဆုံးစွန်အထိ စိန်ခေါ်နေခြင်းပင်။
ရဲ့လင်းချန်၏ အိမ်တွင်မူ …
သူ၏ တစ်မိသားစုလုံး ကြက်သေ သေနေကြသည်။
ဘယ်သူမှ စကားမပြောနိုင်ဘဲ ဖန်သားပြင်ကို ငေးငိုင်စွာ စိုက်ကြည့်နေ၏။
ရှုကျန်းနှင့် ရဲ့ကျင်းသည် သူတို့ကိုယ်သူတို့ ပြန်ဆွဲဆိတ်ကြည့်နေလေသည်။
*ငါတို့သားက စင်ပေါ် ရောက်နေတာလား၊ သူက Gala နွေဦးပွဲတော်မှာတဲ့လား*
အိမ်မှ ကလေးများအားလုံးသည် ရဲ့လင်းချန်၏ ဝမ်းကွဲ ညီအစ်ကို မောင်နှမများ ဖြစ်သည်။ သူ၏ ညီမသည် ခြေချော်ကာ ခလုပ်တိုက်မိမတတ် ဖြစ်သွားသည်။
“ဒ…ဒ…ဒါ ငါ့အစ်ကိုလား”
“ဒါ အစ်ကိုချန်ပဲ၊ အစ်ကိုချန်က တီဗွီထဲ ပါနေတယ်”
ခုနစ်နှစ်၊ ရှစ်နှစ်သာ ရှိသေးသော လေးယောက်မြောက် ညီမလေးက တီဗွီကို လက်ညှိုးထိုး၍ အော်ဟစ်လေသည်။
“Gala နွေဦးပွဲတော်၊ ငါ့အစ်ကိုက Gala နွေဦးပွဲတော်မှာဟ၊ ငါ တစ်ကျောင်းလုံး ပတ်ကြွားလို့ ရပြီ”
သူ၏ တတိယ ညီလေးမှာမူ အံ့ဩလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်နေသည်။
သူ၏ မိခင်မှာမူ အလန့်တကြားနှင့် မျက်လုံးပြူးနေ၏။
“ဘုရားရေ၊ လင်းချန်က ဘယ်လိုလုပ် အဲ့ကို ရောက်သွားတာလဲ”
သူ၏ အဘိုးအဘွားများကလည်း တီဗွီကို အသည်းအသန် ကြည့်နေသည်။
“ရှောင်ချန်ပဲ၊ ရှောင်ချန်က Gala နွေဦးပွဲတော်မှာလား”
တစ်မိသားစုလုံး သူတို့ အိပ်မက်မက်နေသည်ဟု ထင်မှတ်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် Gala နွေဦးပွဲတော်သည် နတ်သမီး ပုံပြင်များကဲ့သို့ ရောက်ရန် မဖြစ်နိုင်ချေ။ ယင်းက သူတို့အတွက် မတွေးတတ်လောက်အောင် ကြီးမားသော ဂုဏ်ယူစရာပင်။
သို့သော်ငြားလည်း သူတို့၏ မိသားစုထဲမှ တစ်စုံတစ်ယောက်က ယင်းအား လုပ်နိုင်ခဲ့လေပြီ။
*သောက်ကျိုးနည်း၊ ဒါကြီးက မတရား အံ့ဩဖို့ ကောင်းသွားပြီ*
“ခုနက တစ်ယောက်ယောက်က လင်းချန်ကို Gala နွေဦးပွဲတော်မှာ ဖျော်ဖြေမှာလဲ မဟုတ်ဘူးလို့ ပြောလိုက်သလားလို့၊ အခုရော ဘယ်လိုလဲ”
ကျန်းယွင်ရှီ၏ မိခင်က သူမ ကလေးက စင်ပေါ်တက်ရသကဲ့သို့ မာန်တက်နေလေသည်။
တတိယ အဒေါ်သည် ပါးစပ်အဟောင်းသားနှင့် ဆွံ့အနေ၏။
“အစ်မကျန်း၊ အစ်မကျန်း”
“ဒေါက်တာ ရဲ့ကျင်း၊ ဒေါက်တာ ရဲ့ကျင်း”
ထိုစဉ် တစ်ရွာလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။
သူတို့ အိမ်နားမှ အိမ်နီးနားချင်းများသည်လည်း ဆူညံလာပြီး တော်တော်များများက ရဲ့လင်းချန်၏ အိမ်သို့ အော်ဟစ်၍ ပြေးလာကြသည်။
Gala နွေဦးပွဲတော်ကို ကြည့်ရှုခြင်းက သူတို့ဘဝ၏ လုပ်ကို လုပ်ရမည့် လုပ်ငန်းစဉ် ဖြစ်သည်။ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့ရလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ထိုကလေး ရဲ့လင်းချန်သည် သူတို့ မျက်စိရှေ့မှာပင် ကြီးပြင်းလာခဲ့သည့် ကလေးပင်တည်း။
“မင်းရဲ့သားက Gala နွေဦးပွဲတော်မှာ ပါနေပါလား”
“ကောင်းလိုက်တာ၊ မင်းရဲ့သားက မင်းကို အများကြီး ဂုဏ်ယူစေတာပဲ”
“ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါ ကြိုသိနေခဲတယ်၊ အဲ့ရဲ့လင်းချန်လေးက အမြဲတမ်း ထူးခြားနေခဲ့တာ၊ လတ်စသက်တော့ သူက တကယ်ကို တစ်မူထူးခြားနေတာပဲ”
…
Gala နွေဦးပွဲတော်၏ စင်မြင့်ရှေ့၌ …
လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းတို့သည် စကားပြောနေကြဆဲ ဖြစ်သည်။ သို့သော် သူတို့မျက်စိရှေ့မှ မြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားကြလေသည်။
“ဘာလဲဟ … ဘာလို့ ဒီကလေးက စင်ပေါ် ရောက်နေတာလဲ”
လင်းထျန်းရှုံး မှင်တက်သွားသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ဒီကလေး အဲ့လောက်ထိ သိနေတယ်လို့ ငါ မမြင်ဖူးဘူး”
“ချီးပဲ၊ သူတို့ ပြဿနာ ရှာလိုက်ပြီလား”
“ငါ ဘာလို့ သူတို့ တစ်ယောက်ကိုမှ မသိရတာလဲ၊ သူတို့က အနုပညာရှင် အသစ်တွေလား”
“ဘာဖြစ်တာလဲ၊ အစီအစဉ်က လုံးဝ မတူဘူး”
Gala နွေဦးပွဲတော်၏ ဧည့်သည်များ ထိတ်လန့်သွားကြသည်။
…
ဝေ့ပေါ်၊ Toutiao၊ TikTok …
[မင်းတို့ မြင်ပြီးပြီလား၊ ရဲ့နတ်ဘုရားက စင်ပေါ် ရောက်နေတယ်]
[ရဲ့နတ်ဘုရားက ဟာသ ဇာတ်လမ်း ပြောမလို့လား၊ ဘာတွေ ဖြစ်နေတာလဲ]
[အဲ့သတင်းက တကယ် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဆရာ ကောတန့်ရှန်းက ထွက်သွားပြီ၊ ဒီလောက် အချိန်တိုလေးအတွင်းမှာ တစ်ယောက်ယောက်ကို ရှာထားတယ်၊ သူက အစီအစဉ်ကို ကယ်ဖို့ ရောက်နေတာ များလား]
[ဒီဟာသ ဇာတ်လမ်းတိုက ဘယ်လိုလုပ် ထွက်လာတာလဲ၊ အရည်အသွေးက ကောင်းမယ်လို့တော့ ငါ မထင်ဘူး]
[ရဲ့နတ်ဘုရားနဲ့ လူမသိတဲ့ လူသစ်တစ်ယောက်၊ ဒါ အသေခံ စစ်သား ပေါင်းစပ်မှုလား]
[အဓိကက ရဲ့နတ်ဘုရားက ဟာသ ဇာတ်လမ်းတိုကို လုပ်နိုင်လို့လား]
[ငါ ဘယ်လိုလုပ် သိမှာလဲ၊ ကြည့်နေလိုက်လေ]
[ဒီနေ့ အစီအစဉ်က ဘယ်လောက် ဆိုးရွားလာမလဲ ငါ ကြည့်ဦးမယ်]
[အားလုံး ဒါကို လာကြည့်ကြဦး၊ တစ်ကမ္ဘာလုံးကို tag လုပ်လိုက်၊ တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မယ်]
…
သူတို့၏ တီဗွီရှေ့များ၌ ရှောင်ဖေးဖေး၊ ရှုနန်နှင့် ရှုဝမ်ချင်တို့အားလုံး ကြက်သေ သေနေကြသည်။
*ဒီလူ ဘယ်လိုလုပ် အဲ့စင်ပေါ် ရောက်သွားတာလဲ*
ဝမ်ရုံ နည်းပညာ၏ ဌာနချုပ်၌ …
“ဒါရိုက်တာ အိုးရန်၊ ဒါကို လာကြည့်ပါဦး၊ ဒါက … ဒါရိုက်တာရဲ့က Gala နွေဦးပွဲတော်ကို ရောက်နေသလိုပဲ”
ဟူယွီ ထုတ်လွှင့်ရေးဌာနချုပ်၌ စုန့်ချမ်သည် သူ၏ အသင့်စား ခေါက်ဆွဲကို စားနေ၏။ သူ တစ်ချက် မော့ကြည့်လိုက်မိပြီးနောက် ခေါက်ဆွဲများ သီး၍ ပြန်ထွက်ကုန်သည်။
“ဒ…ဒ…ဒါရိုက်တာရဲ့က Gala နွေဦးပွဲတော် ရောက်နေတာလား”
ပီကင်းတက္ကသိုလ်၌ ပို၍တောင်မှ ဆူညံနေ၏။ တက္ကသိုလ်တစ်ခုလုံး၏ အင်တာနက်၌ ဆူညံ ပွက်လောရိုက် နေသည်။
[လခွမ်း၊ ဒါရဲ့နတ်ဘုရား၊ သူက Gala နွေဦးပွဲတော်မှာပါလား]
[သူက ငါတို့ ပီကင်း တက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသားလေ၊ အံ့ဩစရာပဲဟေ့]
“ဟေ့ အာလူးလေး၊ မင်း Gala နွေဦးပွဲတော်ကို ကြည့်နေလား၊ ရှောင်ရဲ့က အဲ့မှာကွ”
“ငါ မြင်တယ်၊ ချီးပဲ … ငါ သောက်ရမ်း စိတ်လှုပ်ရှားနေပြီ၊ ဒါ ငါ့အဆောင်ဖော်လို့ ငါ့မိသားစုကို ပြောနေတာ”
“ငါ အရင်တုန်းက ရှောင်ရဲ့နဲ့ တစ်ခုတင်တည်း အိပ်ခဲ့တာ”
ထိုသို့သောအချိန်၌ လူတိုင်း အံ့အားသင့်နေကြသည်။
Gala နွေဦးပွဲတော်၏ စင်နောက်ဘက် ဝန်ထမ်းများသည် စင်မြင့်အား စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။
ထိုအစီအစဉ်သည် အလွန် အရေးကြီးသော အရာ ဖြစ်သည်။ ၎င်းသည် နောက်ဆုံး စက္ကန့်အထိ အလျင်စလို လုပ်ခဲ့ကြရသည်။ ဘယ်လို ရလဒ်မျိုး ထွက်လာမလဲ ဆိုသည်ကို ဘယ်သူမှ မသိပါ။
“ရဲ့နတ်ဘုရားက ဒါကို လုပ်နိုင်ပါ့မလား”
“သူ … အဆင်ပြေမှာပါနော်”
“အခု သူ့အပေါ် မူတည်သွားပြီ”
ဖုန့်ရှောင်ဖုန်း၏ လက်များသည် စိတ်လှုပ်ရှားမှုကြောင့် တုန်နေပြီး အသက်ရှူသံက ပြင်းထန်ကာ နေရာ၌ အေးစက် တောင့်တင်းစွာ ရပ်နေသည်။ သူ့မျက်လုံးများက စင်မြင့်ပေါ်မှ မခွာပေ။ စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှု၊ ဂနာမငြိမ်ခြင်း၊ စသည့် ခံစားချက်များစွာက သူ့စိတ်ထဲ ဖြစ်ပေါ်နေ၏။
ဘာတွေ ဖြစ်လာမလဲ ဆိုသည်က ကံတရားပေါ် မူတည်သွားလေပြီ။
…
စင်မြင့်ပေါ်၌ ဟာသ ဇာတ်လမ်းတို စတင်နေသည်။
ပရိသတ်သည် အစပိုင်း၌ ထိတ်လန့်နေပြီးနောက် သတိပြန်ဝင်လာသည်။ သူတို့၏ အကြည့်များက စင်မြင့်ပေါ် ကပ်ညိနေသော်လည်း အလိုလို လက်ခုပ်တီး၍ အစီအစဉ်အား အားပေးကြသည်။
*လက်ဖွာတဲ့ သူဌေးသားတဲ့လား*
*ဒါက ဘယ်လို ဟာသ ဇာတ်လမ်းတိုမျိုး ဖြစ်မလဲ*
စင်မြင့်အလယ်၌ စားပွဲတစ်လုံးနှင့် မိုက်နှစ်လုံး ရှိနေသည်။
ရဲ့လင်းချန်က နေရာ၌ တည်ငြိမ်စွာ ရပ်နေပြီး ရှောင်ယွဲ့ယွဲ့မှာမူ သူ၏ ခံစားချက်ကို ထိန်းချုပ်နိုင်ရန် သူ၏ အသက်ရှူနှုန်းအား ခိုးခိုး၍ ထိန်းနေသည်။
“အားလုံးပဲ မင်္ဂလာပါ”
ရဲ့လင်းချန်သည် မတ်မတ်ရပ်၍ ပြုံးကာ မိုက်ခရိုဖုန်းနှင့် ပြောလိုက်သည်။
“လူတိုင်း ပျော်ရွှင်စရာ တရုတ် နှစ်သစ်ကူးနေ့ ဖြစ်ပါစေလို့ ဒီစင်မြင့်ပေါ်ကနေပဲ ဆုတောင်းလိုက်ပါတယ်”
ရှောင်ယွဲ့ယွဲ့သည်လည်း လက်နှစ်ဖက်ကိုဆုပ်၍ နှုတ်ဆက်လိုက်သည်။
“ပျော်ရွှင်စရာ တရုတ် နှစ်သစ်ကူးနေ့ ဖြစ်ပါစေ”
ရဲ့လင်းချန်က ထပ်ပြောလိုက်သည်။
“မင်းတို့ရဲ့ ဆန္ဒတွေ အမှန် တကယ်ဖြစ်လာပါစေ”
ပရိသတ်များက သူတို့အား တက်တက်ကြွကြွနှင့် ကျယ်လောင်စွာ လက်ခုပ်တီးပေးလေသည်။ အများပြည်သူကဲ့သို့ပင် သူတို့သည် ရဲ့လင်းချန်နှင့် သူ၏ အပေါင်းအပါက သူတို့အတွက် ဘယ်လို ဟာသ ဇာတ်လမ်းမျိုး တင်ဆက်မလဲ ဆိုသည်ကို မသိကြချေ။
ရဲ့လင်းချန်က စ၍ ပြောလာသည်။
“ဒီစင်မြင့်ပေါ်မှာ ဟာသ ဇာတ်လမ်းကို တင်ဆက်ရတာက စိတ်မလှုပ်ရှားဘဲ နေဖို့ ခက်တာပဲ”
ရှောင်ယွဲ့ယွဲ့က မေးသည်။
“မင်းက ဘာကို စိုးရိမ်တာလဲ”
ရဲ့လင်းချန်, “ငါတို့ရဲ့ ပုံစံက သိပ်ရိုးရှင်းတယ်၊ လူနှစ်ယောက်တည်းက ဒီမှာ ရပ်နေတာလေ”
ရှောင်ယွဲ့ယွဲ့က ခေါင်းညိတ်သည်။
“ဟုတ်တယ်”
ရဲ့လင်းချန်, “ငါတို့က ဒီမှာ စကားတွေ ပြောကြမှာ၊ ငါတို့မှာ တော်တဲ့ လူပြက်တစ်ယောက် ရှိရင် ပိုကောင်းတာပေါ့၊ အခု ငါ အရမ်း စိုးရိမ်ပြီး နေရခက်နေတယ်”
ရှောင်ယွဲ့ယွဲ့က ချက်ချင်း ဖြတ်ပြေးသည်။
“နေပါဦး၊ ငါက မတော်ဘူးလို့ မင်းက ပြောချင်တာလား”
ရဲ့လင်းချန်က သူ့ဘာသာသူ ချက်ချင်း ဘရိတ်အုပ်လိုက်သည်။
“ဟဲဟဲ … ဟီးဟီး … အဲ့ဒါက … တကယ်တော့ …”
ရှောင်ယွဲ့ယွဲ့ ဆွံ့အသွားသည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းများက ပြူးကျယ်လာသည်။
“ပြီးခဲ့တာက ပြီးသွားပြီလေ၊ သူ မရှိတော့တာနဲ့ သွားပြီလို့ မှတ်နေတာလား”
ချက်ချင်းဆိုသလိုပင် ပရိသတ်က ထရယ်လေသည်။
“ခွီး”
“ဟားဟား”
“ငါ အူတောင် နာတယ်၊ ဒီလေသံက တော်တော် ရယ်ရတယ်”
“တော်တော် ရယ်ရတယ်၊ သူတို့အမူအရာကလည်း ရွှင်တယ်”
“ရဲ့နတ်ဘုရားက တော်တော် ဆိုးတာပဲ၊ သူက ရှောင်ယွဲ့ယွဲ့ကို စိတ်ရှုပ်အောင် လုပ်လိုက်ပြီ”
အဖွင့်က လူတိုင်းကို ထိတ်လန့်စေသကဲ့သို့ စိတ်လည်း လှုပ်ရှားစေ၏။
*ဒါက … နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ပုံပဲ*