← Chapters

ပွဲဦးထွက် ထုတ်လွှင့်မှုကို အာရုံစိုက်ခြင်း

Vol. 47 Ch. 702

ပွဲဦးထွက် ထုတ်လွှင့်မှုကို အာရုံစိုက်ခြင်း

Vol. 47 Ch. 702

ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ကုမ္ပဏီကြီးများအားလုံးသည် နှလုံးသားမဲ့ ဓားသမားနှင့် အကောင်းဆုံး အချိန်တို့ကို အာရုံစိုက်နေခဲ့ကြသည်။ သူတို့သည် ဇာတ်လမ်းတွဲနှစ်ခုလုံးကို ဖြစ်နိုင်သည့် ဘက်ပေါင်းစုံမှ သုံးသပ်ရန် အသင့် ဖြစ်နေခဲ့ကြသော်လည်း သတင်းက သူတို့ကို တစ်ခဏမျှ ထိတ်လန့်သွားစေခဲ့သည်။

“ဒါက ဘာအခြေအနေလဲ၊ ဘာလို့ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ပွဲထဲ ဝင်ပါလာတာလဲ”

“လခွမ်း၊ တရုတ် ဗဟိုရုပ်သံဌာနလား၊ ဒါက တရုတ် ဗဟိုရုပ်သံဌာနမှာ လွှင့်မှာတဲ့လား”

“ဒီအရူးက တခြား ဇာတ်လမ်းတွဲ နှစ်ခုနဲ့ ထိပ်တိုက်တွေ့မလို့လား”

“သူတို့ စစ်မီးလျှံလျှံ ဓားရောင် ဖွေးဖွေးကို ဘယ်လောက် ကြာကြာ ရိုက်ခဲ့တာလား၊ တစ်လကျော်ကျော်လောက်ပဲ၊ ဟုတ်တယ်မလား၊ လခွမ်း”

“သေစမ်း၊ ဒါ ဘယ်လို အမြန်နှုန်းကြီးလဲ၊ သူတို့ အရူးလုပ်နေတာ သေချာတယ်”

“ဒီငပျော့ကောင်တွေကို ရင်ဆိုင်ဖို့ သူတို့ ဘယ်ကနေ ယုံကြည်ချက် ရှိလာတာလဲ”

…

Weibo၊ Tieba၊ အနုပညာသတင်းနှင့် ကွန်ရက်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

[ဒါ ရူးချင်စရာပဲ၊ သရုပ်ဆောင်ဝိုင်က လွတ်နေပြီ]

[စိတ်ဝင်စားစရာပဲ၊ အဆိုတော်ဝိုင်က လတ်တလောကမှ ဒီငပျော့ကောင်တွေကို ယောက်ျားဆိုတာ ဘယ်လိုမျိုးလဲ ပညာပြထားတာ၊ သရုပ်ဆောင်ဝိုင်ကလဲ ရုတ်တရက်ကြီး သူတို့နဲ့ ရင်ဆိုင်ဖို့ ကြေညာလာတယ်၊ ဒီဝိုင်တွေ ငပျော့ကောင်တွေကို စုပေါင်းပြီး ပစ်မှတ်ထားနေတာပဲ၊ အံ့ဩစရာပဲ]

[သရုပ်ဆောင်ဝိုင်ကို ငါ ထောက်ခံတယ်၊ အဲ့ဒီ ငပျော့ကောင်တွေကို သုတ်သင်ပစ်လိုက်]

[ချီးပဲ၊ ဒီအမှိုက် စစ်ကား ဇာတ်လမ်းတွဲက ပျော်စရာထဲ ဝင်ပါဖို့ ကြိုးစားနေတာလား၊ သူတို့က တခြား ဇာတ်လမ်းတွဲ နှစ်ခုကို ဆန့်ကျင်ပြီး အပေါ်ကို ရောက်နိုင်မယ်လို့ တွေးနေတာတော့ မဟုတ်ဘူးမလား]

[ဒါ ပြဿနာ ရှာနေရုံ သက်သက်ပဲမလား၊ ဝိုင်က အကျိုးအကြောင်း ဆီလျော်မှုမရှိတဲ့ အပြုအမူနဲ့ ကစားနေတယ်လို့ ငါ ခံစားနေရတယ်]

[မင်းတို့ထဲက ဘယ်သူမှ ဒါကို မမြင်ကြဘူးလား၊ ဒါ တရုတ် ဗဟိုရုပ်သံဌာနကွ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တရုတ် ဗဟိုရုပ်သံဌာနမှ လွှင့်မှာ]

[တကယ်ကြီးဟ၊ လခွမ်း … ဒါက အံ့ဩဖို့ကောင်းနေပြီ၊ အခု လုံးဝ မတူတဲ့ ကစားပွဲပဲ]

[မြတ်စွာဘုရား … သူတို့ စစ်ကား ဇာတ်လမ်းတွဲ ရိုက်ကူးချင်တာ အဆန်း မဟုတ်တော့ဘူးပဲ၊ ဒါကို တရုတ် ဗဟို ရုပ်သံဌာနက ထောက်ပံ့ပေးထားတာကိုး]

[ငါတော့ ကြက်သီးထလာပြီ၊ ငါ ပိုပိုပြီးတော့ မျှော်လင့်လာပြီ]

…

ဒါရိုက်တာလျှိုက သူ့နဖူး သူရိုက်၍ ခေါင်းခါကာ မချိပြုံး ပြုံးလေသည်။

“ငါတို့တော့ ပွဲသိမ်းပြီ၊ ဒါ အဓိပ္ပာယ် မရှိတာပဲ မဟုတ်လား”

“သေစမ်း … စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ချက်ချင်းကို လူအာရုံစိုက်စရာ ဖြစ်လာပြီ၊ ငါတို့ အခု ဖိအားတွေထဲ ရောက်နေပြီကွ”

“ငါတို့ရဲ့ စစ်ကား ဇာတ်လမ်းတွဲကို တိတ်တိတ်လေး လွှင့်သင့်တာ၊ ဘာလို့ ငါတို့က ဒီအနုပညာရှင်တွေနဲ့ ထိပ်တိုက် တွေ့ရမှာလဲ”

“စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသာ ဆိုးရွားတဲ့ အဆင့်သက်မှတ်ချက်တွေ ရခဲ့ရင် တရုတ် ဗဟို ရုပ်သံဌာနရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်လိမ့်မယ်”

“အခု ငါတို့ လုပ်နိုင်တာဆိုလို့ သရုပ်ဆောင်ဝိုင်က အားကိုးနိုင်လောက်ပါစေလို့ပဲ ဆုတောင်းရတော့မယ်”

…

နှလုံးသားမဲ့ ဓားသမား၏ ရိုက်ကူးရေး ဝန်ထမ်းများ။

လူတိုင်း အံ့ဩနေကြသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

“သရုပ်ဆောင်ဝိုင်က ဝင်ပါချင်နေတာလား”

“ရန်စတာပဲ၊ ဒါ ပေါ်တင်ကြီး ပြတ်ပြတ်သားသား ရန်စလိုက်တာပဲ၊ ငါတို့ အချောလေးတွေက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူ ထင်နေတာလား”

“သူက တကယ်ကြီး ဒီရန်ပွဲထဲကို ခေါင်းမာမာနဲ့ ဝင်ပါချင်နေတာလား”

“ဒီလူကတော့ တော်တော်ကို သတ္တိကောင်းနေတာပဲ”

…

ဟွမ်ရှင်း၏ အသံသွင်း စတူဒီယို၌။

“ဒီချီးထုပ်ဇာတ်လမ်းတွဲကများ ငါတို့နဲ့ တစ်နေ့တည်း ထုတ်လွှင့်ချင်တယ်တဲ့လား”

“ဘုရားရေ … သူတို့က မီးလောင်ရာ လေပင့် လုပ်ချင်နေတာလား”

“သူတို့ ဒါကို စီစဉ်နေတာ ကြာပြီ၊ သူတို့က တကယ်ကို ငါတို့နဲ့ ထိပ်တိုက် တွေ့မှာပဲ”

“ထားလိုက်ပါတော့လေ၊ နောက်ပြိုင်ဘက် တစ်ယောက် တိုးလာတာက ဘာမှ ထူးမသွားပါဘူး၊ သူက တောင်းဆိုနေမှတော့ ငါတို့ သူ့ကို ရိုက်ချတာကို အပြစ်တော့ လာမတင်နဲ့ပေါ့၊ ငါတို့ရဲ့ အဓိက ပြိုင်ဘက်က နှလုံးသားမဲ့ ဓားသမား ဖြစ်နေတုန်းပဲ”

၎င်းက အလွန်အမင်း ဂယက်ရိုက်သွားစေခဲ့သည်။

ရဲ့လင်းချန်၏ ကောက်ကာငင်ကာ တင်လိုက်သော Weibo ပို့စ်က စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးအား အရှေ့သို့ ရောက်သွားစေခဲ့ပြီး အများသိအောင် ကြော်ငြာရမည့် ဒုက္ခကိုပင် သက်သာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးနှင့် ပတ်သက်သော သတင်းများက ပိုပို၍ ပေါ်လာသည်။

ရိုက်ကူးရေး ကုန်ကျစရိတ်က အလွန် နည်းပါးပြီး ရိုက်ကူးချိန်က တစ်လခွဲမျှသာ ရှိခဲ့သည်။ လီကျင့်နှင့် အလီ မှလွဲလျှင် ကျန်လူများအားလုံးက လူသစ်များ ဖြစ်ပြီး အများစုက အနုပညာရှင်များပင် မဟုတ်ကြချေ။

*စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက တကယ်ကြီး ဟာသ လာလုပ်နေတာတော့ မဟုတ်ဘူးမလား*

…

“လင်းချန် ရှင် ဒီလိုလုပ်လိုက်ရင် … ပြဿနာတစ်ခုခု ဖြစ်မလာနိုင်ဘူးလား”

ရှောင်ဖေးဖေး ထိတ်လန့်နေ၏။

ရဲ့လင်းချန်၏ လုပ်ရပ်များက ရဲတင်းလွန်းလှသည်။ ယင်းက လုံးဝဥဿုံ ရန်စလိုက်ခြင်းပင်။ ဇာတ်လမ်းတွဲက ကောင်းခဲ့ပါက ရွှေရောင်လင်းသော နေ့ရက်များက ဆီးကြိုနေမှာ ဖြစ်ပြီး ဇာတ်လမ်းတွဲသာ မြုပ်သွားခဲ့ပါက အဆုံးမသတ်နိုင်သော ဝေဖန်ပြစ်တင်မှုများကို သူတို့ ခါးစည်းခံရပေလိမ့်မည်။

“အဆင်ပြေပါတယ်၊ မင်း ငါ့ဇာတ်လမ်းတွဲကို မယုံကြည်ဘူးလား”

ရဲ့လင်းချန်က အေးအေးလူလူ လက်ခါပြသည်။

ဟောင်ယွင် မျက်မှောင်ကြုတ်သွားသည်။

“ရှင်က နာမည်ကြီး ငပျော့ကောင် နှစ်ယောက်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေတာ အသိသာကြီးလေ၊ ရှင်သာ ရှုံးသွားရင် ရှင့်သိက္ခာတစ်ခုလုံးကို ဆုံးရှုံးရမှာနော်”

“မင်းပြောတာ မှန်တယ်၊ ငါတို့က တိုက်ခိုက်ရုံတင် မဟုတ်ဘူး၊ ဒီငပျော့ကောင်ကို မြေကြီးပေါ်မှာ နင်းချေပစ်မှာ”

ရဲ့လင်းချန်က ရှင်းရှင်းလင်းလင်း ပြောလာသည်။

ထိုသို့သောအချိန်မှာပင် ချင်ပိုင်ချွမ်းက သူ့ကို ဖုန်းခေါ်လာသည်။

“မိတ်ဆွေလေးရဲ့၊ မင်း ပြဿနာ ရှာဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”

“ဟားဟားဟား ဘာဖြစ်လို့လဲ”

“မင်း ပြောကြည့်ပါလား၊ မင်း အခုလေးတင် ဘာလုပ်ခဲ့သလဲ”

“ဒီငပျော့ကောင်တွေရဲ့ ကျော်ကြားမှုကို နင်းချေဖို့ ဒီဇာတ်လမ်းတွဲကို တစ်ချိန်တည်းမှာ လွှင့်မယ်လို့ ကျွန်တော် ခင်ဗျားကို ပြောခဲ့ဖူးပါတယ်”

“ဒီမြေနိုး…. မင်း ရူးနေလား၊ သူတို့ကို ဒီလောက် ပေါ်ပေါ်တင်တင် ရန်စဖို့ ငါ မင်းကို ပြောခဲ့လို့လား၊ တစ်ချိန်တည်း လွှင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဒီလောက် ပြဿနာရှာဖို့ မလိုဘူးလေ၊ ဘာလို့ မင်း အဲ့လို တင်လိုက်တာလဲ၊ ဒီလောက်နဲ့ မလုံလောက်သေးမှာကို မင်းက စိုးရိမ်နေတာလား၊ မင်း သူတို့နဲ့ အဆင့် သက်မှတ်ချက်မှာ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတာလား”

“ထိပ်တိုက်တွေ့ရမယ်ဆိုလဲ တွေ့တာပေါ့၊ ကျွန်တော့်မှာလဲ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ရှိပါတယ်”

“ထားလိုက်ပါတော့၊ ဒါပေမဲ့ မင်းက တရုတ် ဗဟိုရုပ်သံဌာနကို ကိုယ်စားပြုနေတာဆိုတာကိုတော့ မှတ်ထားပေးပါ၊ ငါ့ဂုဏ်သိက္ခာကိုပါ ကျဆင်းရအောင် မလုပ်နဲ့”

ချင်ပိုင်ချွမ်းသည် သူ့ကိုယ်သူ သွေးအန်တော့မည်ဟု ခံစားနေရသည်။

ထိုဇာတ်လမ်းတွဲက လူတိုင်း၏ စိတ်အားထက်သန်မှုကို နိုးထစေလာပြီး ထိုငပျော့ကောင်များ၏ နာမည်ကြီးမှုကို ဖိနှိပ်နိုင်ရန် သူ တကယ် မျှော်လင့်နေမိသည်။ သို့သော် ယင်းက ညတွင်းချင်း ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။ အကယ်၍ သူတို့သာ ခေါင်းမာမာနှင့် ထိုငပျော့ကောင်များကို ရင်ဆိုင်ပါက သူတို့၏ အနိုင်ရနိုင်ချေက နည်းပါးသွားပေလိမ့်မည်။

သူသည် အစက ယင်းကို ဖြည်းဖြည်းနှင့် မှန်မှန် သွားသင့်သည်ဟု တွေးခဲ့မိသည်။ ဇာတ်လမ်းတွဲက ရလဒ်ကောင်းများ ရနေသရွေ့ သူတို့က ယင်းကို လူသိရှင်ကြား ထုတ်လွှင့်၍ ဖြည်းဖြည်းချင်း ကြော်ငြာ သင့်ပေသည်။

ရဲ့လင်းချန်၏ခေါင်းမာမှုက ထိုငပျော့ကောင်များနှင့် ထိပ်တိုက် တိုးရဲသည်အထိ ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။ ဤသည်က ကပ်ဘေးတစ်ခုအတွက် ဖိတ်ခေါ်စာသဖွယ် ဖြစ်မနေဘူးလား။

စစ်ကား ဇာတ်လမ်းတွဲက နာမည်ကြီး ငပျော့ကောင်များ သရုပ်ဆောင်ထားသည့် ရေပန်းစားနေသော ရုပ်သံဇာတ်လမ်းတွဲ နှစ်ခုနှင့် ယှဉ်ပြိုင်နိုင်သည်ဟု သူ မည်မျှ ယုံကြည်ချက် ရှိနေသနည်း။ အကယ်၍ ဇာတ်လမ်းတွဲက အခြားဇာတ်လမ်းတွဲများ၏ အနားကိုပါ မကပ်နိုင်ခဲ့ပါက ယင်းက သူတို့၏ မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ရိုက်လိုက်ရုံသာမက ထိုငပျောကောင်များ၏ တိုးတက်မှုကိုပါ မြှင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်လာပါက ချင်ပိုင်ချွမ်း လူတိုင်းကို ဘယ်လို ရှင်းပြရတော့မည်နည်း။

…

ထိုညတွင် ရဲ့လင်းချန်သည် ရှောင်ဖေးဖေးအား သေသေချာချာ တစ်ကိုယ်လုံးကို နှိပ်နယ်ပေးခဲ့သည်။ တစ်ညတာ ကောင်းကောင်း အနားယူခဲ့ပြီးနောက် ရှောင်ဖေးဖေး၏ ချီက သိသိသာသာ တိုးတက်လာပြီး မြို့တော်သို့ မနားတမ်း ပြန်သွားလေသည်။

လက်ရှိတွင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးနှင့် ပတ်သက်သော စိတ်လှုပ်ရှားမှုက တစ်ချိန်လုံး မြင့်မားနေခဲ့သည်။ ရှောင်ဖေးဖေးသည် ရိုက်ကူးရေး ဝန်ထမ်းများကိုယ်စား အရေးပါသော သတင်းထောက်များနှင့် အင်တာဗျူးများကို လက်ခံရန် လိုအပ်ပေသည်။ အရာအားလုံး ဖြစ်ပြီးလာသဖြင့် သူမသည် လက်ခံ၍ ရင်ဆိုင်ရုံသာ ရှိတော့သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။

ထုတ်လွှင့်မည့်ရက်က တဖြည်းဖြည်း နီးသထက် နီးကပ်လာ၏။

ဇာတ်လမ်းတွဲ သုံးခုလုံးက တစ်ခုနှင့် တစ်ခု အကြိတ်အနယ် ဖြစ်နေပြီး ဤရက်ပိုင်းအတွင်း သတင်းထောက်များ၏ ဝေဖန်ချက်များဖြင့် တရစပ် ထိုးနှက်ခြင်း ခံနေရသည်။

[ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကတော့ နီးလာပြီ]

[ပွဲဦးထွက် ထုတ်လွှင့်မယ့်နေ့ကို အားလုံး စိတ်ဝင်စားနေပြီ]

[နာမည်ကြီး ပညာရှင်တစ်ယောက်က အဆင့် သက်မှတ်ချက်တွေကို ခန့်မှန်းထားတယ်]

[ပွဲဦးထွက် ထုတ်လွှင့်မယ့်နေ့ကို မျှော်လင့်နေပြီ၊ ဘယ်သူက တိုက်ပွဲကို နိုင်ပြီး အနိုင်ရသူအဖြစ် ထွက်ပေါ်လာမလဲ]

[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ပေါ်လာရတဲ့ အကြောင်းရင်းက ဘာလဲ]

[အဲ့ဒါက ဟာသကားလား၊ ဒါမှမဟုတ် တကယ်ကောင်းတာလား]

[သရုပ်ဆောင်ဝိုင်က နောက်ထပ် ထူးခြားအံ့ဩဖွယ်တစ်ခုကို ဖန်တီးနိုင်မှာလား]

ရဲ့လင်းချန်သည် အင်တာနက်ပေါ်မှ သတင်းများကို လိုက်ကြည့်ပြီး ပြုံးလိုက်မိသည်။ ရလဒ်များက သူ ထင်ထားသည်ထက် သာလွန်နေ၏။

သူသည် လက်ရှိ စိတ်ဝင်စားနေမှုကို ရဲရဲတင်းတင်း အသုံးချနေသည်။ ထိုငပျော့ကောင်များသည် အလွန် နာမည်ကြီးသဖြင့် ကြည့်ရှုသူများအား ထိုဇာတ်လမ်းတွဲများ၏ အရည်အသွေး နိမ့်ကျမှုကို မျက်စိမှိတ် ခေါင်းညိတ် လက်ခံနိုင်စေခဲ့သည်။ ရဲ့လင်းချန်၏ မူလ ရည်ရွယ်ချက်မှာ ထိုငပျော့ကောင်များနှင့် ရင်ဆိုင်ရန် ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်က အလွန် ပြတ်သားသဖြင့် ရဲ့လင်းချန်သည် သူတို့ကို နည်းနည်းလေးမျှ ညှာမည် မဟုတ်ပေ။

သူ၏ အပြုအမူများက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ကျော်ကြားမှုကို အလွန်အမင်း တိုးလာစေခဲ့သည်။ စိတ်ဝင်စားမှု ရှိသရွေ့ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသည် ဘယ်အရာအောက်ကိုမှ မရောက်မည်မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ဂန္တတင် ဖြစ်လာလိမ့်မည်ဟု ရဲ့လင်းချန် ယုံကြည်သော ကြောင့်ပင်တည်း။

ထိုအကြံက အလွန် ရဲတင်းလွန်းလှသည်။ အကြောင်းမှာ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသာ ကျရှုံးသွားပါက ပြင်းထန်သော တုံ့ပြန်မှုများကို ရရှိမည် ဖြစ်သည်။ ရဲ့လင်းချန်သည်လည်း လူရယ်စရာ ဖြစ်လာမည် ဖြစ်ပြီး ငပျော့ကောင်များ၏ နင်းချေခြင်းကို ခံရပေလိမ့်မည်။ သို့သော် ထိုသို့သောအခြေအနေက ဖြစ်လာနိုင်စရာ မရှိပေ။

နှလုံးသားမဲ့ ဓားသမားလား။

အကောင်းဆုံးအချိန်လား။

ရဲ့လင်းချန်သည် နှစ်ခုလုံးကို အလေးအနက်မထားချေ။

ငပျော့ကောင်များသည် ရုပ်သံဇာတ်လမ်းတွဲများ၏ ကုန်ကျစရိတ်ကို တိုးစေပြီး ဇာတ်လမ်းတွဲ၏ အရည်အသွေး ကိုပါ ကျဆင်းစေလိမ့်မည်။ ထိုငပျော့ကောင်များ၏ ကျော်ကြားမှုကို မှီခိုထားသည့် ဇာတ်လမ်းတွဲများသည် စိတ်လှုပ်ရှားစရာကောင်းရန် ခက်ခဲပေလိမ့်မည်။

ထို့အပြင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးထဲမှ မီးနှင့်ရေသဖွယ် သွေးသံရဲရဲ တိုက်ခိုက်ခန်းများနှင့် သူရဲကောင်း ဆန်သော သူများ၏ အခန်းများကို ဘယ်လိုလုပ် ထိုငပျော့ကောင်များက ယှဉ်နိုင်မည်နည်း။

All Chapters