← Chapters

ဆရာမကြီး မြဲ့ကြွယ်

Vol. 22 Ch. 325

ဆရာမကြီး မြဲ့ကြွယ်

Vol. 22 Ch. 325

“ဒီမှာပါ ဆရာ”

ရှုနန်က စဉ်းစားမနေဘဲ စာရွက်များကို ရဲ့လင်းချန်ထံ ပေးလိုက်သည်။

ရဲ့လင်းချန် တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သထက် ကြုတ်လာသည်။ မောင်းသူမဲ့ နည်းပညာသည် စာတွေ့အားဖြင့် အောင်မြင်နိုင်စွမ်း ရှိပြီး ဒီဇိုင်းသဘောတရားကလည်း အတော်လေး ကောင်းသည်။ သို့သော် အချို့ ရှုထောင့်များသည် စိတ်ကူးယဉ်ဆန်လွန်းလှပြီး သင့်တော်သော သုံးသပ်ခြင်း လိုအပ်နေ၏။

အသေးစိတ်ဟူသော အရာက အောင်မြင်ခြင်း သို့မဟုတ် ကျဆုံးခြင်းကို ဆုံးဖြတ်လေသည်။ အထူးသဖြင့် နည်းပညာပိုင်းတွင်ပင်။ သေးငယ်သော အမှားတစ်ခုက ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ ဤသို့သော ပုံစံဖြင့် မောင်းသူမဲ့ယာဉ်များကို ထုတ်လုပ်ပါက ယာဉ်တိုက်မှု ဖြစ်နိုင်ချေ အလွန် မြင့်မားသည်။ ယာဉ်တိုက်မှုတစ်ခုလေးကပင် အသက်ပေါင်းများစွာကို နုတ်ယူနိုင်သည်။

“ဒေါက် ဒေါက် ဒေါက်”

ရဲ့လင်းချန်ဘက်သို့ ခပ်သွက်သွက် လျှောက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ သူက အရေးမစိုက်ပုံ ပေါ်နေပြီး နောက်ဆုံးစာမျက်နှာကို ဆက်ကြည့်နေသည်။

သို့သော် ထိုအခိုက်တွင် …

လက်တစ်စုံက ရဲ့လင်းချန်ရှေသို့ ရောက်လာပြီး စာရွက်စာတမ်းကို လျင်မြန်စွာ လုယူသွားသည်။ ထို့နောက် အေးစက်စက် မေးလာသည့် အသံကို ကြားလိုက်ရလေသည်။

“နင် ဘယ်သူလဲ၊ နင့်ကို ဘယ်သူက ဝင်ခွင့်ပေးတာလဲ”

“ဝမ်းကွဲအစ်မ၊ ဒါ ငါ့ဆရာပါ၊ နင် ယဉ်ကျေးမှုလေး ရှိသင့်တယ်”

ရှုနန် မျက်မှောင်ကြုတ်သွားပြီး မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။

“ရှုနန်၊ နင် ဒီနေရာကို ဘာထင်နေလဲ၊ နင်က ဘယ်အပြင်လူကိုမဆို ဝင်ခွင့်ပြုမလို့လား”

အိုးရန်ချင်းက ရှုနန်ကို ဝေဖန်ပြစ်တင်လိုက်သည်။

“နင်က ဒီကုမ္ပဏီရဲ့ ဝန်ထမ်း မဟုတ်ဘူး၊ နင့်အဖေကြောင့်သာ မဟုတ်ရင် နင် ကုမ္ပဏီထဲကို ခြေတစ်လှမ်းတောင် ဝင်ခွင့်ရှိတာ မဟုတ်ဘူး၊ ငါ နင့်ကို ဒီအထပ်ကို မဝင်တာ အကောင်းဆုံးပဲလို့ အရင်တစ်ခေါက်က ပြောခဲ့ပြီးပြီ”

“ဒါ ငါ့အဖေရဲ့ ကုမ္ပဏီလေ၊ အဲ့တော့ ငါ လာချင်တဲ့အချိန် လာလို့ရသလို ငါ ခေါ်လာချင်တဲ့ ဘယ်သူ့ကိုမဆို ခေါ်လာလို့ ရတယ်၊ နင်က ငါ့ကို လာထိန်းချုပ်နေတာလား”

ရှုနန်၏ မျက်နှာ မည်းမှောင်သွားသည်။ သူမသည် အမြဲတမ်း နူးညံ့တတ်ပြီး ဖိနှိပ်တတ်ခြင်း မရှိပါ။

“ဝမ်းကွဲအစ်မ၊ လင်းချန်က ငါ့ကျောင်းသားပါ၊ ပြီးတော့ သူက ရှုနန်ကိုလည်း ကယ်ခဲ့တယ်၊ သူက အပြင်လူ မဟုတ်ဘူး”

ရှုနန်ချင်ပါ ဝင်ပါပြီး ပြောလေသည်။

“ဟင်းဟင်း ငါ့ကို ဒီလိုလာပြောလည်း အသုံးမဝင်ဘူး”

အိုးရန်ချင်းက ထပ်ခါထပ်ခါ ကျိတ်ရယ်သည်။

“ငါတို့ ကုမ္ပဏီကို မျက်စိစပါးမွေး စူးနေတဲ့လူတွေ ဘယ်လောက်တောင် ရှိလဲ နင် သိလား၊ ဒီလထဲမှာတင် ငါတို့ စီးပွားရေး သူလျှို ဆယ့်ခြောက်ယောက်တောင် ဖမ်းမိခဲ့တယ်၊ သူတို့အားလုံးက ငါတို့ နည်းပညာကို ခိုးချင်လို့ လာခဲ့တာ၊ သူတို့သာ ခိုးလို့အောင်မြင်သွားရင် ငါတို့ကုမ္ပဏီကို ဘယ်လောက် သက်ရောက်မှု ရှိမလဲ နင် သိလား”

“ငါ့ဆရာက သူလျှို မဟုတ်ဘူး”

ရှုနန်ကလည်း အိုးရန်ချင်းကို စူးစူးရဲရဲ ကြည့်သည်။

“နင်တို့လို အလှပန်းလေးတွေက ဘာသိလို့လဲ၊ နင်တို့နဲ့ နီးစပ်အောင် လုပ်ပြီး နင်တို့ ယုံကြည်မှုကို ရအောင် လုပ်ဖို့က လွယ်လွန်းတယ်”

အိုးရန်ချင်းက အထင်အမြင်သေးစွာ ခေါင်းခါယမ်းလေသည်။

ထိုအတောအတွင်းတွင် ရဲ့လင်းချန်က အိုးရန်ချင်းကို လေ့လာနေသည်။ သူမသည် ရှုဝမ်ချင်ထက် ပိုအရပ်ရှည်ပြီး ငါးပေ ကိုးလက်မဝန်းကျင် ရှိသည်။ သူမက အနက်ရောင် မျက်မှန်တစ်လက်ကို တပ်ထားပြီး ယူနီဖောင်းတစ်စုံကို ဝတ်ဆင်ထားသည်။ ထို့အပြင် ရှုဝမ်ချင်၏ မိသားစုက မျိုးရိုးဗီဇ ထက်သန်လှသည်ကို ဝန်ခံရပေမည်။ သူမအလှက ရှုဝမ်ချင်ထက် မနိမ့်သလို သူမ၏ သန်မာသော လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်၏ အကျင့်စရိုက်က ရှုဝမ်ချင်၏ အခြားသူများကို ဂရုမစိုက်တတ်သော အကျင့်စရိုက်နှင့် ဆန့်ကျင်ဘက်ပင်။ သို့သော်ငြားလည်း သူတို့တစ်ယောက်ချင်းစီ၌ ကိုယ်ပိုင်ညှို့ဓာတ်များ ရှိပေသည်။

အတိုချုပ်ပြောရလျင် သူမက အေးစက်၊ သန်မာ၍ ယုံကြည်မှုရှိကာ ရင့်ကျက်သော အသွင် ရှိသည်။

အိုးရန်ချင်းကလည်း ရဲ့လင်းချန်ကို ကြည့်နေသည်။ သူမ၏ မျက်လုံးများက အလွန် ရန်လိုပြီး အကြည့်က ဓားတစ်လက်ကဲ့သို့ စူးရှလှသည်။

“နင်က ငါတို့ကုမ္ပဏီထဲကို တရားမဝင် ခိုးဝင်ပြီး ငါတို့ကုမ္ပဏီရဲ့ အရေးအကြီးဆုံးဖိုင်ကို ယူဖတ်တယ်၊ ငါ့မှာ ရဲခေါ်ပြီး နင့်ကို ဖမ်းခိုင်းပိုင်ခွင့် ရှိတယ်၊ ဒီလို လျှို့ဝှက်ချက်မျိုးကို နိုင်ငံ့လျှို့ဝှက်ချက်လို့တောင် ပြောလို့ရတယ်၊ ထောင်ရှစ်နှစ်၊ ဆယ်နှစ် ကျတာက အပေါ့စား ပြစ်ဒဏ်ပဲ”

“ဆရာမကြီး မြဲ့ကြွယ်၊ ငါက ရဲနော်၊ ဒါက ခြိမ်းခြောက်နေတယ်ဆိုတာ ငါ အတည်ပြုနိုင်တယ်”

ရှုနန်က ရဲ့လင်းချန်ကို ကာ၍ အေးစက်စွာ ပြောလိုက်သည်။

“နင် အပြင်လူကို ခေါ်လာလိမ့်မယ်လို့ ငါ တကယ် လုံးဝ ထင်မထားဘူး၊ ငါ ဒီအကြောင်းကို သူဌေးကို ပြောရမယ်”

အိုးရန်ချင်းက ခနဲ့သံပြု၍ ရဲ့လင်းချန်အား မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး နင် ဘယ်အပြင်လူကိုမှ မပြောတာ ကောင်းလိမ့်မယ်၊ တစ်ယောက်ယောက် သိသွားလို့ ကတော့ ငါ နင့်ကို ချက်ချင်း တရားစွဲပြီး တစ်သက်လုံး ထောင်နန်းစံသွားရအောင် လုပ်ပစ်မယ်”

ရဲ့လင်းချန်၏ အမူအရာက အစကတည်းက ပြောင်းလဲခြင်းမရှိ ဖြစ်နေသည်။ သူက အလွန်အမင်း တည်ငြိမ်နေသည်။ သူ့အကြည့်ကလည်း အိုးရန်ချင်းကို ကြည့်နေချိန်တွင် ငြိမ်သက်နေ၏။ နောက်ဆုံးတွင် သူ မရယ်ဘဲ မနေနိုင်တော့ချေ။

“နင်က ဘာရယ်တာလဲ”

အိုးရန်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူမအသံက မာလာသည်။

ရဲ့လင်းချန်၏ အပြုအမူကို သူမ အလွန် မကျေနပ်ပါ။ သူသည် တည်ငြိမ်လွန်းပြီး သူမကို လုံးဝ အလေးအနက် မထားချေ။

သူမ ဘယ်နေရာသွားသွား လူတိုင်းက အံ့ဩတုန်လှုပ်ကြပြီး စီအီးအို အိုးရန်ဟု ခေါ်ကြသည်။ ရဲ့လင်းချန်သည် ကြောက်လန့်ပြီး ကူကယ်ရာမဲ့ ဖြစ်နေသင့်သည်။

“ခင်ဗျားရဲ့ မသိနားမလည်တာကို ရယ်တာ”

ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။

ထိုသို့သော အဖြစ်အပျက်က အခြားသူများ၏ အာရုံကို ဖမ်းစားနိုင်သည်က သဘာဝပင်။ လူတော်တော် များများက အဝေးမှ လှမ်းကြည့်နေပြီး ရဲ့လင်းချန်၏ စကားကို ကြားသောအခါ အားလုံး အနည်းငယ် အံ့ဩသွားကြသည်။

အိုးရန်ချင်းအား မသိနားမလည်ဟု ပြောရဲသည့် သတ္တိကောင်းလွန်းသူ ရှိနေသည်က မယုံနိုင်စရာပင်။

“နင် ဘာပြောလိုက်တာလဲ”

အိုးရန်ချင်းသ်ည တစ်ခဏမျှ အံ့ဩသွားပြီးမှ သူ့ကို ပြန်ပြောလိုက်သည်။

“ဒီအမှားတွေ အများကြီး ပါနေတဲ့ နည်းပညာ အပိုင်းအစကို ရတနာလို သဘောထားနေတယ်၊ ဒါက ကျိန်စာ၊ ကံကောင်းမှု မဟုတ်ဘူး”

ရဲ့လင်းချန်၏အသံက အေးဆေးပြီး လွှမ်းမိုးခြင်း မရှိသလို ခယလွန်းခြင်းလည်း မရှိပေ။

“အဓိပ္ပာယ် မရှိလိုက်တာ”

လူအုပ်ထဲမှ အဘိုးအိုတစ်ယောက် ရှေ့တက်လာသည်။ သူသည် အလွန် ဒေါကန်နေပြီး ရဲ့လင်းချန်အား လက်ညှိုးထိုး၍ တုန်နေသည်။

“ဒါ ငါတို့တစ်ဖွဲ့လုံး ခြောက်နှစ်တိတိ သုတေသန လုပ်ပြီးမှ ကံကောင်းလို့ ရတာတဲ့ တိုးတက်မှုပဲ၊ မင်း … မင်းကများ သိပ္ပံနည်းပညာ တိုးတက်မှုကို မလေးမစား လုပ်ရဲတယ်ပေါ့လေ၊ ငထုံငအကောင်”

“ဒီနည်းပညာက ဘယ်လိုလုပ် မှားမှာလဲ၊ ငါတို့ အကြိမ်ပေါင်းများစွာ စမ်းကြည့်ပြီးပြီ”

“ဒီလူက မဟုတ်တမ်းတရားတွေ ပြောနေတာပဲ”

ရဲ့လင်းချန်၏ စကားက ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားသည်။ လူတိုင်းက သူ့ကို လက်ညှိုးထိုး ပြစ်တင် လာကြသည်။

“ဒါ တော်တော်ကို အဓိပ္ပာယ် မရှိတာ၊ အသိဉာဏ်ရှိသော အကူစနစ် နည်းပညာဆိုတာ ဘာလဲ နင် သိလား”

အိုးရန်ချင်းက ကမ္ဘာပေါ်ရှိ အရယ်ရဆုံးအရာကို ကြားလိုက်ရသကဲ့သို့ ပြုံးလိုက်သည်။ ထို့နောက် သူမက အေးစက်စွာ ပြောလေသည်။

“ကျေးဇူးပြုပြီး အခု ငါတို့ကုမ္ပဏီကနေ ထွက်သွားပါ”

“ထားလိုက်တော့၊ ထပ်ပြောလည်း အပိုပဲ”

ရဲ့လင်းချန် သက်ပြင်းချ၍ လှည့်ထွက်သွားသည်။ ရှုနန်နှင့် ရှုဝမ်ချင်တို့က ချက်ချင်း နောက်မှ လိုက်သွားပြီး သုံးယောက်သား အတူတူ ထွက်လာကြသည်။

“ဆရာ၊ ဒီနေ့ ဖြစ်ခဲ့တာအတွက် ကျွန်မ တကယ် စိတ်မကောင်းပါဘူး”

ရှုနန်က တောင်းပန်စကား ဆိုသည်။

“ရပါတယ်၊ ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး”

ရဲ့လင်းချန်က ဘာမှမဖြစ်သလို လက်ကာပြလိုက်သည်။

“ရဲ့လင်းချန် ငါ့ဝမ်းကွဲအစ်မက လျှာစောင်းထက်ပင်မယ့် နူးညံ့တဲ့စိတ်ထား ရှိပါတယ်၊ သူဘဝကို အလုပ်ထဲမှာ နှစ်ထားလို့ပါ၊ ပြီးတော့ လူတိုင်းကို သူက အဲ့အကျင့်အတိုင်း ဆက်ဆံတတ်လို့ပါ၊ စိတ်မပူပါနဲ့”

ရှုဝမ်ချင်က ရှင်းပြသည်။ ရဲ့လင်းချန်က ပခုံးတွန့်လိုက်ပြီးမှ ပြန်မေးလိုက်သည်။

“သူ တစ်ခါမှ ချစ်သူ မထားဖူးဘူး မဟုတ်လား”

“ဆရာ ရှင် ဘယ်လိုလုပ် သိတာလဲ”

ရှုနန်က ခပ်ကျယ်ကျယ် ရယ်လေသည်။

“ကျွန်မရဲ့ ဝမ်းကွဲအစ်မက သုံးဆယ့်သုံးနှစ် ရှိနေပြီဆိုပင်မယ့် တစ်ခါမှ ချစ်သူ မထားဖူးဘူး၊ သူနဲ့ ဆုံတဲ့ ယောက်ျားတိုင်းက သူ့ကို ကြောက်သလို ခံစားရတာလေ၊ ဘယ်သူက သူနဲ့ ချစ်သူ ဖြစ်လောက်တဲ့အထိ သတ္တိကောင်းမှာလဲ၊ အဲ့ဒါကြောင့် ကျွန်မ သူ့ကို ဆရာမကြီး မြဲ့ကြွယ်လို့ ခေါ်တာပေါ့”

“သူ ယောက်ျားတစ်ယောက်နဲ့ blind date သွားလုပ်ခဲ့တာကို မှတ်မိသေးတယ်၊ သူ ပထမဆုံး လုပ်တဲ့အရာက သူ့လစာ ဖြတ်ပိုင်းကို ထုတ်ပြတာလေ၊ ပြီးတော့ သူက အဲ့လူကို ပြောလိုက်တာ”

“နင်က ငါ့လောက်မှ မတော်ရင် နင့်မှာ ငါ့ယောက်ျားဖြစ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲတဲ့၊ အဲ့လူက နေရာကနေ တစ်ကြိုးတည်းနဲ့ လစ်သွားတာလေ”

“နောက်တစ်ခါက သူ ဆရာဝန်တစ်ယောက်နဲ့ blind date လုပ်ပြီးတော့ တစ်ညနေလုံး ပရော်ဖက်ရှင်နယ် ဗဟုသုတ အကြောင်းတွေပဲ ပြောလို့ အဲ့ဆရာဝန် အူကြောင်ကြောင် ဖြစ်သွားတာ၊ နောက်ဆုံးတော့ သူက အဲ့လူကို ဒီအဆင့်ပဲ ရှိတယ်ဆိုရင် ရှင်က တကယ် စိတ်ပျက်စရာပဲလို့ ပြောပြီး ချက်ချင်း ထွက်သွားတာ”

ရှုနန်က အိုးရန်ချင်း၏ ထိုအချိန်က ဒေါင်းကဲ့သို့ မာနကြီးနေပုံကို တုပ၍ လုပ်ပြလေသည်။

“မင်းပြောပုံအရဆို သာမန်လူက သူနဲ့ အရမ်း နောက်ကောက်ကျနေပြီ၊ သူနဲ့ လက်ထပ်ရင် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သလို ဖြစ်မနေဘူးလား”

…

All Chapters