← Chapters

ရေတံခွန် ရေကန်ထဲမှ ဝဲကတော့

Vol. 29 Ch. 431

ရေတံခွန် ရေကန်ထဲမှ ဝဲကတော့

Vol. 29 Ch. 431

ရဲ့လင်းချန်သည် ဝဲကတော့၏ အနက်ပိုင်းမှ ခေါင်းထောင်၍ ရိုက်ကူးရေး အဖွဲ့မှ လူတိုင်းကို အိုကေဟူသည့် အမူအရာ လုပ်ပြလိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူချင်ယောင်ဆောင်၍ ရေထဲသို့ တုံ့ဆိုင်း မနေဘဲ ဒိုင်ဗင်ထိုးချလိုက်လေသည်။

ရေတံခွန်ကန်သည် တည်ငြိမ်လာပြီး ရဲ့လင်းချန်၏ အခြေအနေကို တိုက်ရိုက် ထုတ်လွှင့်မှုမှနေ၍ မြင်နေရသည်။

တိုက်ရိုက် ထုတ်လွှင့်မှုသို့ သူတို့ အာရုံစိုက်လိုက်သောအခါ လူတိုင်းသည် မသိစိတ်အရ အလိုလို အသက်ပြင်းပြင်း ရှူလိုက်မိပြီး သူတို့၏ မျက်နှာအမူအရာက မသိမသာ မည်းမှောင်လာသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်ကို တိုက်ရိုက် ထုတ်လွှင့်မှု၌ မမြင်ရတော့ပေ။ ရဲ့လင်းချန် မြင်ရသော အရာကိုသာ သူတို့အားလုံး မြင်ကြရသည်။ ရေတံခွန်ကန်သည် အလွန် ကြည်လင်ပြီး လူတိုင်း ထင်ထားသည်ထက် ပို၍ ကြည်လင်လေသည်။ ဘေးပတ်ဝန်းကျင်၌ လှိုင်းထခြင်းများ မရှိလျင် သူတို့၏ အမြင်ကို လုံးဝ ထိခိုက်မည် မဟုတ်ပါ။

ထို့အပြင် ငါးအရေအတွက်သည် များလွန်းလှသည်။ ဘာကိုမှမသိသောသူများဆိုလျင် သူတို့ ရေအောက် လောကထဲသို့ ရောက်သွားသည်ဟု ထင်မှတ်ရလောက်သည်။ မရေတွက်နိုင်သော ငါးများက ကူးခပ်နေပြီး ၎င်းတို့အားလုံး အလွန်အမင်း သန်မာသည်ပုံ ပေါက်သည်။

သို့သော် လူတိုင်းကို ထိတ်လန့်စေသည်က ထိုရေကန်၏ အနက် ဖြစ်သည်။ တစ်ချက် ကြည့်လိုက်သည်နှင့် ၎င်းသည် အဆုံးကို မမြင်ရသည့် အဆုံးအစ မရှိသော ချောက်နက်ကြီးပုံ ပေါက်နေသည်။

[လခွမ်း ရဲ့နတ်ဘုရားက တော်တော် သတ္တိကောင်းတာပဲ၊ သူက အောက်ကို ဆင်းသွားရဲတဲ့အထိ ရဲရင့်တယ်]

[ရဲ့နတ်ဘုရား၊ ဟန်ရေးထုတ်ပြဖို့ မကြိုးစားပါနဲ့၊ မြန်မြန်ပြန်ပါ]

[ရဲ့နတ်ဘုရားရဲ့ ရေကူးတဲ့ပုံစံကို တစ်ယောက်ယောက် သတိထားမိလား၊ အံ့ဩဖို့ ကောင်းတယ်၊ သူက ငါးလို ရေကူးနေတာပဲ၊ သူက ရေကူးကျွမ်းတဲ့သူဆိုတာကို တစ်ချက် ကြည့်ရုံနဲ့ သိနိုင်တယ်]

[လှလိုက်တာ၊ ဒီရေကန်က ရေအောက်လောကနဲ့ မတိမ်းမယိမ်းပဲ၊ ဒီလို မှော်ဆန်တဲ့ နေရာမျိုး ရှိလိမ့်မယ်လို့ ငါ လုံးဝ မတွေးမိဘူး]

[ငါးတွေက တော်တော်လေး ပျာယာခတ်နေတာပဲ၊ ရေအောက်မှာ ဖြစ်နေတဲ့အရာက ပုံမှန်မဟုတ်ဘူးဆိုတာ သေချာတယ်]

…

ဘဝ၏ ရုန်းကန်ခြင်းက စွန့်စားခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ၎င်း၏ ကျော်ကြားမှုက တစ်ဟုန်ထိုး တိုးလာပြီး ဖန်သားပြင်၌ မှတ်ချက်များ တရစပ် ပေါ်လာသည်။

သို့သော် ရိုက်ကူးရေး အဖွဲ့မှ လူတိုင်းသည် ကျော်ကြားမှုနှင့် ပတ်သက်၍ ဂရုမစိုက်ကြချေ။ သူတို့သည် တိုက်ရိုက် ထုတ်လွှင့်မှုကိုသာ စိုးရိမ်တကြီး ကြည့်နေကြသည်။

“သူ အောက်ကို ထပ်မသွားနိုင်တော့ဘူး၊ သူ အသက်ကို ဘယ်လောက် ကြာကြာ အောင့်ထားနိုင်မှာလဲ”

ရဲ့လင်းချန်သည် နောက်ပြန်လှည့်မည့်ပုံ မပြဘဲ ဆက်၍ သွားနေသည်ကို မြင်သောအခါ ကျောက်လျန့်ရင်က စိုးရိမ်ပြီး ငိုလုနီးပါး ဖြစ်နေသည်။

“ရေအောက်မှာ အန္တရာယ် များလွန်းတယ်၊ ပြီးတော့ သူ့မှာ အောက်စီဂျင်ဘူးလည်း မရှိဘူး၊ ငါ သူ့ကို တားခဲ့လိုက် သင့်တာ”

ဟူယွဲ့အာ၏ မျက်နှာတွင် စိတ်ဖိစီးသော လက္ခဏာများ ပေါ်လာပြီး နှုတ်ခမ်းကိုက်နေ၏။

ဟယ်ကျားက သူတို့ကို နှစ်သိမ့်ပေးသည်။

“ရဲ့နတ်ဘုရားက သူ့ကိုယ်သူ သေချာနေတာဆိုတော့ ပြဿနာ မဖြစ်လောက်ပါဘူး၊ ငါတို့ သူ့ကို ယုံကြည် ရမယ်လေ”

“ဟုတ်တယ်၊ ရေအောက်မှာ အသက်အောင့်ထားနိုင်တဲ့ ကမ္ဘာ့မှတ်တမ်းက နှစ်ဆယ့်နှစ်မိနစ်လို့ ငါ မှတ်မိတယ်၊ ရဲ့နတ်ဘုရားက တရုတ်ကွန်ဖူးကို သိတယ်ဆိုတော့ သူ အတိုင်းအတာတစ်ခုအထိ အသက်အောင့်ထားနိုင်တာ သေချာတယ်”

ဟွမ်လေ့က ပြောသည်။

“နှစ်ဆယ့်နှစ်မိနစ်လား”

လူတိုင်း အံ့ဩသွားသည်။

“တကယ်လား”

“ဂင်းနစ်မှတ်တမ်းစာအုပ်ထဲမှာ ပါတာလေ၊ အဲ့တော့ အမှန် ဖြစ်မှာပဲ”

ဟွမ်လေ့က ပြောလိုက်သည်။

“လင်းချန် အဲ့ထက်ပိုပြီး ကြာကြာ အသက်အောင့်နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်”

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ စိတ်အေးကာ အသက်အောင့်လိုက်မိသည်။ မိနစ် နှစ်ဆယ်ကျော် အသက်အောင့်နိုင်သည့် သူများ ရှိလျင် ရဲ့လင်းချန်က အချိန် တော်တော်ကြာအောင် အသက်အောင့် ထားနိုင်လောက်သည်။

တစ်နည်းနည်းနှင့် သူတို့၏ စိတ်ထဲတွင် ရဲ့လင်းချန်အား သူမတူသော လူတစ်ယောက်ဟု အသိအမှတ် ပြုထားကြသည်။

သို့သော် ရဲ့လင်းချန် ဆက်၍ ရေငုပ်သွားသည်ကို မြင်သောအခါ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေသည့် လူများအပါအဝင် အားလုံး နှလုံးခုန် မြန်လာကြလေသည်။

ရေတံခွန်ရေကန်သည် ရေကန်ဟုပင် မသတ်မှတ်နိုင်တော့ပါ။ ရေကန်အများစုတောင်မှ ထိုသို့သော အရွယ်အစား မရှိပေ။ ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် အနက် အတိုင်းအတာတစ်ခုအထိ ရေငုပ်နေပြီးသား ဖြစ်သော်လည်း အဆုံးကို မမြင်ရသေးပေ။ သူ့ပတ်ဝန်းကျင်တွင် ဘာအဟန့်အတားမှ မရှိပေ။ ထို့အတူ ရေတံခွန် ရေကန်၏ အဆုံးသည်လည်း အကန့်အသတ် မရှိသလိုပင်။

ရဲ့လင်းချန်သည် ရေထဲ၌ ဘေးဘီကို လိုက်ကြည့်နေပြီး မကြာခင်မှာပင် သူ့အကြည့်က တစ်နေရာ၌ ရပ်သွားသည်။ ထိုနေရာမှ ငါးများသည် ပို၍ သွေးပျက်သော ဟန်ပန်ဖြင့် ကူးနေကြပြီး ငါးတော်တော်များများကလည်း ထိုနေရာမှ ပြေးထွက်လာနေသည်။ ငါးဘာသာစကားမှနေ၍ ထိုနေရာက လိပ်အိုကြီး ရှိသည်ဟူသော နေရာဖြစ်ကြောင်း ရဲ့လင်းချန် အတည်ပြုလိုက်နိုင်သည်။

ရဲ့လင်းချန် လုံးဝ တွေဝေမနေတော့ပါ။ သူသည် အသာအယာ လမ်းကြောင်းပြောင်း၍ ထိုနေရာသို့ ကူးသွား လေသည်။

ထိုနေရာတွင် ကြီးမားသော ဂူဝင်ပေါက်တစ်ခု ရှိနေပြီး သွေးပျက်နေသော ငါးများသည် ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို ဝင်တိုက်ပြီးမှ အရပ်မျက်နှာ အားလုံးသို့ ထွက်ပြေးသွားလေသည်။

[ချီးပဲ၊ ငါ ဒီလောက် ကြာကြာ နေခဲ့ပင်မယ့် ဒီလောက် ငါးတွေ အများကြီးကို ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး]

[အဲ့ဒီမှာ ငါးတွေ အများကြီးပဲ၊ ငါတို့သာ အဲ့ကောင်တွေ အားလုံးကို ဖမ်းပြီး ရောင်းနိုင်ရင် ချမ်းသာမှာပဲ]

[မြက်စိမ်းရွာတစ်ခုလုံးက စမ်းချောင်းတွေမှာ ငါးမရှိတာ မအံ့ဩတော့ပါဘူး၊ သူတို့အားလုံးက ဒီမှာ စုဝေး နေတာပဲ]

[သူ အဲ့ဂူထဲ လုံးဝ မသွားသင့်ဘူး၊ ဒီငါးတွေအားလုံးက သူတို့အသက်အတွက် ကူးနေတာ သေချာတယ်]

[လခွမ်း၊ ရဲ့နတ်ဘုရားက အဲ့ဂူထဲ ဆက်ကူးသွားဖို့ စိတ်ကူးနေတာတော့ မဟုတ်ဘူးမလား၊ ဆယ်မိနစ် ရှိနေပြီလေ]

…

ကြီးမားသော ငါးအုပ်ကြီးက တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ လူများကို အံ့ဩသွားစေသည်။ သူတို့ တုံးအလျင်တောင်မှ ရေအောက်၌ တစ်ခုခုဖြစ်နေကြောင်း ရိပ်မိနိုင်ကြပြီး ငါးများကို ကြောက်သည့် ရောဂါ ရှိသူများဆိုလျင် တည့်တည့်ပင် မကြည့်ရဲကြချေ။

ထိုအခိုက်တွင် ရဲ့လင်းချန်သည် နောက်ပြန်လှည့်မည့်အစား ငါးအုပ်ကြီးနှင့် ဆန့်ကျင်ကာ ဂူထဲသို့ ကူးသွား လေသည်။

၎င်းသည် ကြီးမားသော ဂူကြီးတစ်ခုလုံး ဖြစ်သည်။ သို့သော် ငါးအုပ်ကြီးက ရဲ့လင်းချန်ကို တွန်း၍ ဆက်သွားနေသည်။ ငါးအရေအတွက်ကိုလည်း အလွန် ပြတ်သားစွာ မြင်နေရသည်။

မီတာနှစ်ဆယ်မျှ အရောက်တွင် ရဲ့လင်းချန်သည် ဂူ၏ အခြားအဆုံးတစ်ဖက်ကို ငါးမိနစ်အတွင်း ရောက် ရှိသွားသည်။ သို့သော် သူ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရခင်မှာပင် ပြင်းထန်သော မသိစိတ် ခံစားချက်တစ်ခုက သူ့အား ကြက်သီးမွေးညင်း ထသွားစေသည်။

သူ ဘာမှမတွေးနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်သော အနေအထားဖြင့် နောက်ဆုတ်သွားပြီး ဂူထဲသို့ ထပ်မံ၍ ဆက်ကူးလေသည်။

နောက်ဆုတ်သည့် တစ်ခုသော နည်းလမ်းက ခေါင်းကို အရင်လှည့်သည့် နည်းဖြစ်ကြောင်း ရေကူးဖူးသူတိုင်း သိကြပေသည်။ သို့သော် ရဲ့လင်းချန်က အလွန် သဘာဝကျကျ နောက်ဆုတ်သွားခဲ့ပြီး ကုန်းပေါ်၌ နောက်တစ်ချက် ဆုတ်လိုက်သကဲ့သို့ လွယ်ကူလွန်းလှသည်။

“ဝိုး”

စက္ကန့်ပိုင်းအတွင်းမှာပင် ကြီးမားသော အရိပ်တစ်ခုက အစောပိုင်းက သူ ရှိခဲ့သော နေရာသို့ ဖြတ်သွားပြီး ကြီးမားသော စွမ်းအင်ကြောင့် အားကောင်းသော လှိုင်းတစ်ခု ထလာခဲ့ပြီး သူ့ပတ်ဝန်းကျင်မှ ရေများကို လှုပ်ခါ သွားစေသည်။ ကြီးမားလှသော ငါးများသည် အံ့အားသင့်သွားကြပြီးနောက် အရပ်မျက်နှာ အနှံ့သို့ စတင် ကူးခပ် ကြလေသည်။

[ချီးပဲ၊ ချီးပဲ၊ ချီးပဲဟေ့ … ခုနက ဘာကြီးလဲ]

[ရေမိစ္ဆာ တစ်ကောင်ပဲ၊ အဲ့ဒါ ရေမိစ္ဆာဆိုတာ သေချာတယ်၊ ဒီရေကန်အောက်မှာ မိစ္ဆာတွေ ရှိတယ်ဆိုတာကို ငါ သိနေတယ်]

[ထိတ်လန့်စရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုပဲ၊ ဒါကြီးက အံ့ဩဖို့ ကောင်းလွန်းတယ်]

[ကူး၊ မင်း မြန်နိုင်သမျှ မြန်မြန် ကူးပါ ရဲ့နတ်ဘုရား]

[ယီးပဲ ငါ ကြောက်လွန်းလို့ ဘောင်းဘီတောင် စိုကုန်တယ်၊ ခုနက ဟာက တကယ်ပဲ ဘာကြီးလဲ၊ ကြောက်ဖို့ ကောင်းလွန်းတယ်ကွာ]

…

အရိပ်က တစ်ဒင်္ဂလေးသာ ပေါ်လာသော်လည်း လူတိုင်းကို ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားစေပြီး တိုက်ရိုက် ထုတ်လွှင့်မှုထဲ၌ အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

ဖန်သားပြင်တွင် မှတ်ချက်များ ပလူပျံနေပြီး လူတိုင်း ခေါင်းနားပမ်းကြီးကာ တုန်ယင်လာကြသည်။

ရိုက်ကူးရေးအဖွဲ့မှ လူများအားလုံး ခြောက်ခြားသွားကြသည်။ ထိုရေကန်အောက်၌ ကြီးမားသော မိစ္ဆာ တစ်ကောင် ရှိနေလောက်သည်ကို သတိပြုမိသောအခါ သူတို့ စိတ်မသက်မသာ ဖြစ်လာကြလေသည်။

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် ပါးစပ်ကို လက်ဖြင့်အုပ်နေကာ အော်မိလုနီးပါး ဖြစ်နေကြသည်။ သူတို့၏ မျက်လုံးများက ချက်ချင်း နီရဲလာ၏။

ရဲ့လင်းချန် ပြန်ဆုတ်လာလိမ့်မည်ဟု အားလုံး ထင်နေကြချိန်တွင် သူက ရုတ်တရက် ရှေ့သို့ ဆက်တိုးသွားသည်။

“ဝုန်း ဝုန်း ဝုန်း”

အပေါ်မှနေ၍ မသဲမကွဲ ဆူညံသံများ ထွက်လာနေသည်။ ရဲ့လင်းချန် ခေါင်းမော့ကြည့်လိုက်သောအခါ ရေမျက်နှာပြင်က သူ့ဦးခေါင်းနှင့် မီတာဝက်သာ ကွာသည်ကို တွေ့လိုက်ရသည်။

ရေတံခွန်ကန်အောက်၌ မြေအောက်ကန်တစ်ခု ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ့မျက်လုံးက အရောင် တောက်လာပြီး ရေထဲမှ ခေါင်းပြူထွက်၍ အသံလာရာသို့ ကြည့်လိုက်သည်။

တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ ယင်းက သူ့ကဲ့သို့ လူမျိုးအတွက်ပင် မယုံနိုင်လောက်အောင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်း ဖြစ်သည်။

မြေအောက်ရေကန်ပေါ်၌ ဂူတစ်ဂူ ရှိပြီး ရေထဲ၌ ကုန်းမြေတစ်ပိုင်း ရှိသည်ဟု သတ်မှတ်နိုင်ပေသည်။ ထူးဆန်းသော ကျောက်တုံးများက အများအပြား ရှိနေပြီး မှောင်မည်းကာ စိုစွတ်နေ၏။ သဘာဝ၏ အံ့ဩဖွယ် အနုပညာ လက်ရာကြောင့် ရဲ့လင်းချန် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ထိုဂူ၏ နက်ရှိုင်းသော တစ်နေရာ၌ ကြီးမားသော ပုံရိပ်နှစ်ခုက အချင်းချင်း တိုက်ခိုက်နေ၏။ ၎င်းတို့မှာ ဧရာမ လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့ ဖြစ်လေသည်။

လိပ်အိုကြီး၏ ကျောတွင် အလွန် လေးလံသော လိပ်ခွံရှိသည်။ ၎င်းသည် သုံးမီတာနီးနီး မြင့်မားပြီး တစ်ထပ်တိုက်အိမ် နီးပါး မြင့်လေသည်။ ဧရာမ စပါးအုံးမြွေကြီး၏ အလျားက အစောပိုင်းက အနာကွန်ဒါ မြွေထက် နှစ်ဆကျော် ရှည်လျားပြီး ဆယ်မီတာနီးပါး ရှည်လျားသည်။

All Chapters