← Chapters

တခြားသူတွေက အမြဲ ပြဿနာ ရှာတာ

Vol. 43 Ch. 633

တခြားသူတွေက အမြဲ ပြဿနာ ရှာတာ

Vol. 43 Ch. 633

စီချွမ်-တိဘက် ဒေသအတွင်း၌ တိတ်တဆိတ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်နေ၏။ ကျားနက် သေဆုံးသွားသည့် သတင်းက မိသားစုကြီး အားလုံးထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အင်အားစုများအားလုံး သိသိသာသာဖြစ်စေ၊ လျှို့ဝှက်စွာ ဖြစ်စေ လှုပ်ရှားနေကြလေသည်။

နတ်ဆေးဆရာဝိုင်သည် အဖွဲ့အစည်းပေါင်းများစွာ၏ စိတ်ဝင်စားခြင်းကို ရရှိနေပြီး ကျားနက်ကို သတ်လိုက်ခြင်းက သူ၏ ခွန်အားနှင့် ပြတ်သားမှုတို့ကို ပြသနေ၏။

ထို့အပြင် လူသေဆုံးခြင်းက ကျားနက်တစ်ယောက်တည်း မဟုတ်ချေ။ မိုမိသားစု၏ အိမ်တော်ထိန်းတောင်မှ အသတ်ခံလိုက်ရသည်။

တိုက်ခိုက်ရေး သမားတစ်ယောက်နှင့် အကြီးအကဲတစ်ယောက်။ ယင်းက မိုမိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုပင်။

တိဘက်မြို့၊ မိုမိသားစုစံအိမ် …

လူတိုင်းက ကျားနက်၏ အလောင်းကို သုန်မှုန်သော အမူအရာနှင့် ကြည့်နေကြသည်။

“သူက ကျားနက်ရဲ့ တိုက်ခိုက်မှုအားလုံးကို လက်သီးတစ်ချက်တည်းနဲ့ တွန်းလှန်နိုင်ခဲ့တယ်၊ သူ့ညာလက်က အရိုးတွေက လုံးဝ ကျိုးကြေနေပြီးတော့ ကြွက်သားတွေတောင် စုတ်ပြဲနေတယ်။ ပြီးတော့ သူ့ကိုယ်တွင်းအင်္ဂါ တွေကလည်း အပြင်းအထန် ထိခိုက်ထားတယ်”

ကျားနက်၏ ဒဏ်ရာများကို စစ်ဆေးနေသော လူများထဲမှတစ်ယောက်က ရှင်းပြလာသည်။

ကျားနက်က ပွဲချင်းပြီး သေသွားခြင်း မဟုတ်သော်လည်း ထိုဒဏ်ရာများကြောင့် သူ့အား ကယ်နိုင်ရန် မဖြစ်နိုင်ပေ။ သူသည် မိုအိမ်တော်သို့ ပြန်မရောက်နိုင်ခင်မှာပင် သေဆုံးသွားခြင်း ဖြစ်သည်။

“ဒါကို ကြည့်ချင်းအားဖြင့် သူက ကျားနက်လို ခံနိုင်ရည်အားကောင်းတဲ့ လေ့ကျင့်ရေးမျိုး လေ့ကျင့်တဲ့ သိုင်းပညာရှင် တစ်ယောက်ပဲ ဖြစ်မယ်၊ ပြီးတော့ သူက အတွင်းအားတောင် ရနေလောက်တယ်၊ မဟုတ်ရင် ကျားနက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

“ဒီလူရဲ့ ခွန်အားက ကျားနက်ထက် သန်မာတယ်၊ ဒီလို လေ့ကျင့်ရေးမျိုးနဲ့ဆို သူက ဆရာသခင်အဆင့် ရောက်နေတာပဲ၊ သူ အတွင်းအားကိုလည်း ထုတ်နိုင်နေမှာကို စိုးရတယ်၊ သူ့ခွန်အားက အတွင်းအားသုံး သိုင်းပညာရှင်တွေနဲ့ ယှဉ်လို့ ရနိုင်လောက်တယ်”

သူတို့ထဲမှ လူတစ်ချို့က အလှည့်ကျ လေ့လာသုံးသပ်နေကြသည်။

တစ်ချို့က အိမ်တော်ထိန်း၏ အလောင်းကို စစ်ဆေးနေသည်။ သို့သော် အိမ်တော်ထိန်းက ဘယ်သိုင်းပညာကိုမျ မသိသဖြင့် သူတို့အတွက် လေ့လာစရာ များများစားစား မရှိချေ။

“အကြီးအကဲဟော်၊ ဒီလူကို ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ချက် ရှိလား”

တစ်ချိန်လုံး ငြိမ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်ကြီးပိုင်းတစ်ယောက်အား လေးလေးစားစား မေးလိုက်သည်။

“သေချာပေါက်ပဲ”

အကြီးအကဲဟော်၏ အမူအရာက မပြောင်းလဲချေ။ သူက ဂုဏ်ယူစွာ ခေါင်းညိတ်၍ အထက်စီးဖြင့် ပြောလိုက်သည်။

“ကျားနက်က ငါ့ဆီက ထိုးနှက်ချက်တစ်ခုကိုတောင် မခံနိုင်တာ၊ ငါသာ သူ့ကို သတ်ချင်ရင် လက်သီးချက် တစ်ချက်တည်းက သူ့ရဲ့ ကိုယ်တွင်းအင်္ဂါ အားလုံးကို ပျက်စီးစေလိမ့်မယ်”

သူက တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ထပ်ပြောလာသည်။

“ခံနိုင်ရည်အားကောင်းတဲ့ လေ့ကျင့်ရေးလမ်းကို လိုက်စားတဲ့သူတွေက ငါ့လို အတွင်းအားကို ကျွမ်းကျင်တဲ့သူကို မယှဉ်နိုင်ဘူး၊ ငါက ပိုပြီး စွယ်စုံရပင်မယ့် သူက လက်ဝှေ့ထိုး သဲအိတ်တစ်ခုထက် မပိုဘူး”

ထိုစကားကို ကြားသောအခါ လူတိုင်း စိတ်အေးကာ သက်ပြင်းချလိုက်မိပြီး သူတို့၏ မျက်လုံး၌ ရက်စက် ကြမ်းကြုတ်ဟန်တို့ ပေါ်လာသည်။

စီချွမ်မြို့၊ စုမိသားစုအိမ်တော် …

“ခံနိုင်ရည်အား လေ့ကျင့်တဲ့ ဆရာသခင်လား”

စုမိသားစုဝင်များသည် အချင်းချင်း ပြန်ကြည့်လာကြပြီး သူတို့၏ မျက်နှာပေါ်၌ မည်းမှောင်သော အမူအရာများ ရှိနေသည်။

“ငါတို့ သူ့ကို အကဲဖြတ်မှားသွားတဲ့ပုံပဲ၊ နတ်ဆေးဆရာဝိုင်က ပြင်ဆင်ပြီးမှ လာခဲ့တာ”

ခံနိုင်ရည်အား လေ့ကျင့်ရေးဆိုသည်မှာ ရုပ်ခန္ဓာ လေ့ကျင့်ရေးကို အထူးပြုပြီး ခန္ဓာကိုယ် အထူးပြုသော သိုင်းများကို အကျွမ်းကျင်ဆုံး ဖြစ်နေသည့်လူများကို ဆိုလိုပေသည်။ သူတို့သည် အလွန်အမင်း ခုခံနိုင်စွမ်း ကောင်းပြီး ကြီးမားသော အဖျက်စွမ်းအင်များ ရှိကြသည်။ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ခန်းသည် အမျိုးစုံသော ခံနိုင်ရည် လေ့ကျင့်ရေး နည်းလမ်းများထဲမှ တစ်ခု ဖြစ်လေသည်။

အရဟာ လက်သီးစွမ်းအင်မှာမူ အတွင်းအားကို အထူးပြုသဖြင့် လူတစ်ယောက်၏ လက်သီးအား ကြောက်စရာ ကောင်းသော အဖျက်စွမ်းအင် ရရှိစေသည်။

တစ်ခုနှင့်တစ်ခုက ပိုသာသည်ဟူ၍ မရှိချေ။ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေးသည် အံ့ဩစရာကောင်းသော အဖျက်စွမ်းအင် ပါသည့် အရဟာ လက်သီးစွမ်းအင်မှ လက်သီးချက်များကို ခုခံနိုင်လေသည်။ ထို့အပြင် အခွင့်အရေးသာ ရှိပါက ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေး ကျင့်ကြံသူသည် အရဟာ လက်သီးစွမ်းအင် ကျင့်ကြံသူအား အလွယ်တကူ အနိုင်ပိုင်းနိုင်သည်။ အရဟာ လက်သီးစွမ်းအင်မှာမူ ပို၍ ပေါ့ပါး ဖျတ်လက်ပြီး အဝေးမှ တိုက်ခိုက်နိုင်ပေသည်။

ထို့အပြင် ခြေနှင့် လက်သည်းသိုင်းများကို လေ့ကျင့်သူများတွင် ကောင်းကွက်နှင့် ဆိုးကွက် ကိုယ်စီ ရှိကြပေသည်။ ဘယ်အရာက ပိုကောင်းသလဲ ဆိုသည်က အရေးမကြီးပေ။

ခံနိုင်ရည် လေ့ကျင့်ရေး ဆရာသခင်တစ်ယောက်သည် သိုင်းပညာရှင်များကြားထဲ၌ မယုံနိုင်လောက်သော ခွန်အား ရှိပေသည်။ စုမိသားစုတွင်တောင်မှ ယှဉ်နိုင်သော ပညာရှင်များစွာ မရှိချေ။ စုမိသားစု၏ သခင်ကြီးမှလွဲလျင် အသန်မာဆုံးသူမှာ ကျားနက်၏ အဆင့်မျှသာ ရှိသည်။ ထို့ကြောင့် သူတို့က မိုမိသားစုနှင့် ယှဉ်လိုက်လျင် အားနည်းနေ လေသည်။

“ခံနိုင်ရည် လေ့ကျင့်ရေး ဆရာသခင်က ရင်ဆိုင်ဖို့ ခက်ခဲတယ်”

တစ်စုံတစ်ယောက်က မှတ်ချက်ပြုလာသည်။

အမျိုးမျိုးသော သိုင်းပညာရှင်များနှင့် ယှဉ်လိုက်လျင် ခံနိုင်ရည် လေ့ကျင့်ရေးကို အထူးပြု လေ့ကျင့်သူများ၌ ကြောက်စရာကောင်းသော ခံစစ်နှင့် ခွန်အားတို့ ရှိကြကာ အားနည်းချက် အနည်းငယ်သာ ရှိသည်။ အခြားသူများသည် ထိုသူများကို ရှင်းချင်လျင် သို့မဟုတ် ဖိနှိပ်ပါက သူမတူသော ခွန်အား ရှိရပေမည်။ သူတို့သည် အမှန်ပင် ရင်ဆိုင်ရ ခက်ခဲလှပေ၏။

“ငါတို့ ဒီကိစ္စကို သခင်ကြီးကို သတင်းပို့ပြီး သူ့ကို ဆုံးဖြတ်ခိုင်းမှ ဖြစ်မယ်၊ ဖော်မြူလာက အရေးကြီးတယ် ဆိုပင်မယ့် တစ်ဖက်လူကလည်း အားမနည်းဘူး၊ ငါတို့ သူတို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်းနိုင်ရင် အကောင်းဆုံးပဲ”

…

နောက်တစ်နေ့တွင် ရဲ့လင်းချန်သည် ပြန်ရန် မစဉ်းစားသသေးချေ။ ထိုအစား သူတို့သည် ဆေးပင်များ ထပ်၍ တွေ့နိုင်ရန် အခြား ဈေးဝယ်စင်တာသို့ သွားလိုက်ကြသည်။

ယခုတစ်ကြိမ်၌ လူတိုင်းက သူ့အား လေးလေးစားစား ဆက်ဆံကြပြီး မျက်လုံးတွင်း၌ အကြောက်တရားများ ပေါ်လွင်နေသည်။

သူတို့သည် သာမန်လူများ မဟုတ်သဖြင့် မကြာသေးခင်က အဖြစ်အပျက်ကို ကြားထားကြသည်။ ဤလူများတွင် သိုင်းပညာကို အခြေခံမျှ နားလည်ကြသည်။

ကျားနက်နှင့် အိမ်တော်ထိန်းတို့၏ သေဆုံးမှုက လူအုပ်ကြီးက ကြောက်ရွံ့စေခဲ့သည်။ သူတို့ထဲက မည်သူကမှ ရဲ့လင်းချန်နှင့် သူ၏အဖော်ကို အထင်မသေးရဲကြချေ။

“မစ္စတာဝိုင်၊ ကျုပ်က ကျိုးမိသားစုရဲ့ ကိုယ်စားလှယ်ပါ၊ ကျုပ်တို့ မင်းကို အစည်းအဝေးအတွက် ဖိတ်ကြားချင်လို့ပါ၊ မင်း တစ်ခုခု လိုအပ်တာ ရှိတယ်ဆိုရင် ကျုပ်တို့ကို ပြောလို့ရပါတယ်”

“မစ္စတာဝိုင်၊ ကျုပ်က ချန်မိသားစုကပါ၊ မင်း ငါတို့နဲ့ အတူတူ အလုပ် လုပ်ချင်စိတ် ရှိတယ်ဆိုရင် ငါတို့ မင်းကို မိုမိသားစုကနေ ကာကွယ်ပေးနိုင်ပါတယ်”

ဈေးဆိုင်ပိုင်ရှင် တော်တော်များများသည် မိသားစုကြီးများမျ ဖြစ်သည်။ သူတို့သည် ရဲ့လင်းချန်နှင့် တွေ့သည့် အခါတိုင်း သူ့အား တလေးတစား ပြောကြပြီး သူ၏ အကောင်းမြင်ခြင်း ရရှိရန် ကြိုးစားနေကြသည်။

ရဲ့လင်းချန်က သူတို့အား ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

သို့သော် သူတို့သည် သူတို့၏ အနေအထားကို ပို၍ ခိုင်မာလာစေရန်အတွက် ရှားပါးဆေးပင်အချို့ကို မကြာခဏ ယူဆောင်ပေးလာသဖြင့် ရဲ့လင်းချန် အနည်းငယ် အကျိုးအမြတ် ရနေသည်။

သူ၏ ခွေးရူးပြန်ရောဂါ ကုသဆေး ဖော်မြူလာ၏ တန်ကြေးက ထင်ထားသည်ထက် ကျော်လွန်နေသည်။ ယင်းက အနည်းဆုံး ဘီလီယံ ဆယ်ချီလောက်သည်။ ခံနိုင်ရည် လေ့ကျင့်ရေး ဆရာသခင်မှာမူ ထိုသို့ ဖြစ်လာရန် မျှော်လင့်ရုံသာ တတ်နိုင်ကြသည့် ရှားပါး ပညာရှင်တစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် မိသားစုကြီးများသည် သူ့အား ရန်မစဝံ့သဖြင့် သူတို့၏ ချဉ်းကပ်နည်းကို ပြောင်းလဲခဲ့ကြသည်။ သူတို့ ဘာကို အမှန်တကယ် ကြံစည်နေသလဲ ဆိုသည်ကိုတော့ မသိနိုင်ပေ။

ညဘက်၌ ရဲ့လင်းချန်၏ ဖုန်းတွင် စာတိုတစ်စောင် ဝင်လာသည့် အသိပေးချက် ထွက်လာသည်။ ယင်းမှာ စုချင်းရွှယ်က WeChat မှ စာပို့လာခြင်း ဖြစ်သည်။

“အဆင်ပြေမယ်ဆိုရင် ငါ နင်နဲ့ စကားပြောချင်တယ်”

တမင်ရေကန်သည် ဒေသတွင်းရှိ ရှားပါး ရေကန်ကြီးများထဲမှ တစ်ခု ဖြစ်သည်။ မိုးမခပင်များက ကမ်းပါး၌ တည်ရှိနေပြီး မြက်ခင်းစိမ်းတို့ဖြင့် စိမ်းစိုနေ၏။ ရေကန် ပတ်လည်အား ပန်းခြံအဖြစ် တည်ဆောက်ထားလေသည်။ ၎င်းသည် စိမ်းစိုလှသည့် ရှုခင်းလှပသော အထင်ကရ တစ်ခု ဖြစ်လေသည်။

စုချင်းရွှယ်က ရဲ့လင်းချန်က ဤနေရာ၌ တွေ့ရန် တောင်းဆိုခဲ့သည်။ သူမက ထိုနေရာသို့ ရောက်သောအခါ လူတွေ့မည်ကို ကြောက်ရွံ့သဖြင့် ဘေးပတ်ဝန်းကျင်ကို သတိထား၍ စစ်ဆေးနေသည်။

သို့သော် ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်ဆဲပင်။ အချိန်သည်လည်း အနည်းငယ် နောက်ကျနေပြီ ဖြစ်သဖြင့် ခရီးသွား ဧည့်သည်များပင် နည်းလာသည်။

“မိန်းမလှလေးစု၊ မင်း ငါ့ကို ဘာလို့ ဒီလောက် နောက်ကျနေတဲ့ အချိန်ကြီးမှာ တွေ့ဖို့ ချိန်းတာလဲ၊ မင်း ငါ့ကို ပိုးဖို့ ကြိုးစားနေတာလား”

ရဲ့လင်းချန်က ရယ်၍ မေးလိုက်သည်။

“ဒီလိုအချိန်မျိုးမှာ နင် ဘယ်လိုတောင် ရယ်နေနိုင်တာလဲ”

စုချင်းရွှယ်က ရဲ့လင်းချန်က စူးစိုက်ကြည့်လေသည်။

“နင်သာ ဘတ်စ်ကားပေါ်မှာ ငါ့အတွက် မရပ်တည်ပေးခဲ့ရင် ငါ နင့်ကို ဒုက္ခခံပြီး ကူညီမှာ မဟုတ်ဘူး၊ ငါ နင့်ကို မနေ့က ထွက်သွားဖို့ ပြောတာကို နင် နားမထောင်ဘူး၊ အခုတော့ နင် ပြဿနာ အကြီးကြီး တက်ပြီလေ”

ရဲ့လင်းချန်က ခေါင်းခါယမ်း၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ ဘယ်တော့မှ ပြဿနာ မရှာဘူး၊ တခြားသူတွေကသာ အမြဲ ပြဿနာရှာတာ”

“နင်က တော်တော် ကြီးကျယ်တာပဲ”

စုချင်းရွှယ်သည် ရဲ့လင်းချန်၏ အရှက်ကင်းမဲ့ခြင်းကို ပို၍ မြင်တွေ့လာရပြီးနောက် နှုတ်ခမ်းစူလာသည်။

“နင့်သက်တော်စောင့်က တော်တော် အစွမ်းအစရှိတာကိုတော့ ငါ ဝန်ခံပါတယ်”

သူတို့ စကားပြောနေချိန်တွင် စုချင်းရွှယ်က ရဲ့လင်းချန်အနောက်၌ အသင့်တော်ဆုံး သက်တော်စောင့်အဖြစ် ရပ်နေသည့် အလီအား မသင်္ကာသလို ကြည့်လာသည်။ ထိုလူထွားကြီးက ဤမျှ အစွမ်းအစရှိသော သိုင်းပညာရှင် ဖြစ်နေလိမ့်ဟု သူမ ထင်မထားမိပါ။

“ဒါပေမဲ့ မိုမိသားစုမှာ ပညာရှင်တွေ အများကြီး ရှိတယ်၊ ကျားနက်က အတော်ဆုံးဆိုတာ နာမည်ပဲ ရှိတာ၊ မိုမိသားစုရဲ့ သခင်ကြီးက စီချွမ်-တိဘက် ဒေသမှာ အသန်မာဆုံး ဖြစ်ပြီးတော့ ကြောက်စရာကောင်းတဲ့ ခွန်အား ရှိတယ်လို့ စုမိသားစုရဲ့ အကြီးအကဲတွေဆီကနေ ငါ ကြားဖူးတယ်”

“ဘယ်လောက် ကြောက်ဖို့ကောင်းတာလဲ၊ သူက ငါ့လောက် ကြောက်ဖို့ကောင်းလို့လား”

ရဲ့လင်းချန်က ပခုံးတွန့်လိုက်သည်။

“ငါ နင်နဲ့ ကစားဖို့ အချိန်မရှိဘူး၊ နင် လေကျယ်နေတာကို ရယ်လိုက်သင့်ပြီ၊ ဒီတစ်ခေါက် နင် မိုမိသားစုကို တော်တော်ကြီး ရန်စမိသွားတာ၊ နင် ချက်ချင်း ထွက်ပြေးသင့်တယ်”

စုချင်းရွှယ်က အသည်းအသန် ဖျောင်းဖျသည်။

“နင့်မှာက သက်တော်စောင့် တစ်ယောက်ပဲ ရှိတာ၊ နင် အဲ့ဒီ မိသားစုကြီးတွေကို ဘယ်လို ရင်ဆိုင်မှာလဲ”

“ပြေးစရာ မလိုဘူး၊ နောက်ကျသွားပြီ”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

တစ်ခဏအတွင်းမှာပင် သူတို့ ဘေးပတ်ရှိ ပန်းခြံတွင်း၌ အရိပ်များ လှုပ်ရှားလာပြီး သစ်ပင်များကြားထဲမှ ထွက်လာလေသည်။

All Chapters