ဖွံ့ဖြိုးလာသော ပုတ်ခတ်စော်ကားခြင်းပုံစံ
Vol. 5 Ch. 73
ရဲ့လင်းချန် နှုတ်ခမ်းကိုတွန့်၍ အေးစက်စက် ပြုံးလိုက်သည်။ သူ၏ တိုက်ခိုက်မှုကို ချက်ချင်း မစတင်သေးဘဲ ရှစ်လေ့ကို တွဲ၍ ပို့စ်တစ်ခု တင်လိုက်သည်။
[ရှစ်လေ့၊ မင်း တိုက်ခိုက်ခန်း ရိုက်ပြီဆို ဘယ်လက်နက်ကို သုံးရတာ အကြိုက်ဆုံးလဲ]
ရှစ်လေ့ မျက်မှောင်ကြုတ်သွားသော်လည်း ပြုံးလိုက်သည်။
*ဒီကောင် အရှုံးကို လက်ခံပြီး ငါ့ကို ဖားယားဖို့ ပြင်နေတာပဲ*
သူ အထက်စီးဖြင့် ပြန်ဖြေလိုက်သည်။
[ငါ ဓားကို ကြိုက်တယ်၊ ဓားက လက်နက်အားလုံးရဲ့ ဘုရင် ပြီးတော့ တော်ဝင်မှုရဲ့ သင်္ကေတ၊ ငါသာ အချိန်ခရီးသွားလို့ ရမယ်ဆိုရင် ဓားသမား ဖြစ်ချင်တာ]
[ဆရာရှစ်ဆိုတာ ဒါပဲလေ၊ ယုံကြည်မှု အပြည့်ပဲ]
သူ ပြန်ဖြေသောစကားသည် ချက်ချင်း ပရိသတ်များ၏ ချီးကျူးသံများကို ညံသွားစေသည်။
[အဓိပ္ပာယ် ရှိသားပဲ]
ရဲ့လင်းချန်က လက်မြှောက်လိုက်ပြီးနောက် ကီးဘုတ်ကို အဆက်မပြတ် ရိုက်လေသည်။
[မကောင်းတဲ့လူက သက်ဆိုးရှည်တယ်၊ သုံးမရတဲ့ ဝက်တစ်ကောင်ကို ဓားတစ်ချက်နဲ့ ရှင်းနိုင်တယ်တဲ့၊ တရုတ်ပြည်မှာ သင်ယူနိုင်တဲ့ လက်နက်တွေ အများကြီး ရှိပင်မယ့် မင်းက ဓားကို သင်ဖို့ ရွေးခဲ့တယ်၊ မင်းက အပေါ်ဓားကို မသုံးဘဲ အောက်ဓားကို သုံးတယ်၊ အောက်ဓားတွေမှာမှ မင်းက မူးနေတဲ့ ဓားကိုရွေးတယ်၊ သံမဏိ ဓားနဲ့ သင်နိုင်ပင်မယ့် မင်းက ငွေဓားကို ရွေးတယ်၊ မင်းကိုယ်မင်း သိုင်းလောကမှာ အတော်ဆုံး အရက်မူး ငွေဓားသမားဖြစ်အောင် လေ့ကျင့်တယ်၊ နောက်ဆုံးတော့ မင်းက လောကမှာ အကောင်းဆုံး ဓားသမား ဖြစ်လာတာပဲ]
တစ်ချက်ကြည့်လိုက်လျင် ထိုစကားက ပြဿနာ မရှိဟု ထင်ရပြီး သူက ရှစ်လေ့ကို ချီးကျူးနေပုံပင် ပေါက်နေသေးသည်။
သို့သော် တစ်ခုလုံးကို အသေးစိတ် ဖတ်ကြည့်လိုက်သောအခါ လုပ်ကြံပြောဆိုသူများသည် ထိုစကားအတွင်းမှ စောင်းပါးရိပ်ခြည် ပြောသောစကားကို လျင်မြန်စွာ သတိထားမိသွားသည်။ ထိုစကား၏ အဓိက ဆိုလိုရင်းမှာ သုံးမရတဲ့ဟူသော စကားပင်။
ဤသို့သော် ပုတ်ခတ်ပြောဆိုသည့် ပုံစံကို ယခင်က အင်တာနက်ပေါ်တွင် တစ်ခါမှ မမြင်ဖူးချေ။ ထိုပို့စ်အောက်၌ တုံ့ပြန်မှုများ ပေါက်ကွဲ ထွက်ပေါ်လာသည်။
[သောက်ကျိုးနည်း၊ မိုက်တယ်ဟေ့]
[နောက်ဆုံးတော့ ဝိုင် ပြောလာပြီပဲ၊ သူ ပြောလာတာနဲ့ စပြီး အထက်စီး ဆန်နေပြီ]
[ဟားဟားဟား ငါ့ကို ခွင့်လွှတ်ပါ၊ ငါ သုံးခါဖတ်ပြီးမှ နားလည်တယ်၊ သုံးစားမရတဲ့လူ၊ အောက်ဓား၊ နှာဘူး၊ သစ္စာဖောက်၊ ဖောက်လှဲဖောက်ပြန်နိုင်တဲ့လူ၊ အထင်ကြီးစရာပဲ၊ တကယ်ကို အထင်ကြီးစရာပဲ]
[ဝိုင်မှာ တစ်ခြားလူကို ရိုက်ချနိုင်တဲ့ ဒီလိုအရည်အချင်းမျိုး ရှိမယ်လို့ ငါ မထင်ထားဘူး၊ တကယ့်လူပဲ၊ ဟားဟားဟား သူက သိပ်အထင်ကြီးဖို့ကောင်းတယ်]
…
ရဲ့လင်းချန် ဆက်လက်၍ စာရိုက်လိုက်သည်။
[မင်းက ဓားသမား ဖြစ်ချင်တာမလား၊ ဂုဏ်ယူပါတယ်၊ အခု မင်း ဓားသမား ဖြစ်သွားပြီ]
[ဟားဟားဟား မဆိုးဘူး၊ သူက တကယ်ကို အပေါစားပဲ၊ နိမ့်ကျတယ်၊ နိမ့်ကျတယ် …]
ရှစ်လေ့ ဒေါသထွက်လွန်း၍ မျက်နှာ နီရဲနေသည်။ သူသည် ကွန်ပျူတာရှေ့၌ ထိုင်နေပြီး စာပြန်ရိုက်နေကာ လက်များက တုန်နေ၏။
[မင်း တော်တော် ရိုင်းပါလား၊ မင်း ငါ့ကို လူပုံအလယ်မှာ ဘယ်လိုလုပ် ဒီလို စော်ကားရဲတာလဲ၊ ငါက လူကြီးလူကောင်းကွ]
[ဆရာရှစ် ပြောတာ မှန်တယ်]
[ဒီလို စိတ်ဓာတ်နိမ့်ကျတဲ့လူက အနုပညာနယ်ပယ်ထဲ ဝင်လို့ရနေတာက တကယ်ကို လူတိုင်းအတွက် အရှက်ရ စရာပဲ]
ရဲ့လင်းချန် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
[ငါ တစ်ယောက်ယောက်ကို စော်ကားမိလို့လား၊ ငါက ဓားဆိုတဲ့ စကားလုံးကိုပဲ သုံးနေတာပါ၊ မင်းကို စိတ်ထဲ ထည့်ဖို့ တွေးတောမတွေးဘူး၊ ဘယ်လိုကိစ္စမျိုးမဆို ငါ မိုက်မဲတဲ့ သောက်ကောင်တွေနဲ့ ရန်မဖက်ဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ဉာဏ်ရည်ဉာဏ်သွေးကို သူတို့အဆင့်ကို ရောက်အောင် ဘယ်လို ဆွဲချရမလဲပဲ သိလို့လေ၊ ပြီးရင် သူတို့ အတွေ့အကြုံနဲ့ ရိုက်ချမှာ]
[အံ့ဩစရာပဲ၊ နောက်ထပ် အံ့ဩစရာ စကားပါလား၊ ငါ အသစ်တစ်ခုကို သင်လိုက်ရပြီ]
[ငါ မရတော့ဘူး၊ ငါ မှတ်စုရေးပြီး မှတ်ထားဖို့ လိုပြီ၊ အနာဂတ်မှာ ငါ တစ်ခြားလူကို ပြန်မပြောတတ်လို့ ငါ့အမေ ငါ့ကို စိတ်ပူစရာ လိုတော့မှာ မဟုတ်ဘူး]
[ဟားဟားဟား သူ ပြောတာ ဟုတ်တယ်၊ သောက်ကောင်တွေက အတွေ့အကြုံ အတော်ရှိတာ၊ ငါတို့ ဝေးဝေးနေဖို့ လိုတယ်]
ရဲ့လင်းချန်က စာရိုက်ချင်းကို မရပ်ပေ။
[ဆရာရှစ်လေ့၊ ကျုပ်က တဲ့တိုး ပြောတတ်လို့ ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ခင်ဗျားက အသက်ရှင်နေတုန်းမှာ လေထုကို ညစ်ညမ်းစေတယ်၊ သေသွားတဲ့အခါလည်း မြေကြီးကို ညစ်ညမ်းစေတယ်၊ အိမ်မှာ နေနေလည်း ပိုက်ဆံကုန် စေတယ်၊ ခင်ဗျားအဖေက အောင့်ထားသင့်တာ၊ သူက ဘာလို့ ခင်ဗျားကို နံရံဘက် လွှတ်မထုတ်ခဲ့တာလဲ]
[အသက်ရှင်နေတုန်းမှာ လေထုကို ညစ်ညမ်းစေတယ်၊ သေသွားတဲ့အခါလည်း မြေကြီးကို ညစ်ညမ်းစေတယ်၊ အိမ်မှာ နေနေလည်း ပိုက်ဆံကုန် စေတယ်၊ ဒါ တကယ့် စကားကောင်းပဲ]
[ဆရာ လာပါပြီ၊ တကယ့် ဆရာပဲ]
[သူ ဘာလို့ မင်းကို နံရံဘက် လွှတ်မထုတ်ခဲ့တာလဲတဲ့လား၊ ဟားဟားဟား ငါ မရတော့ဘူး၊ မင်း ငါ့ကို ရယ်ရင်း သေစေချင်နေတာလား]
ရှစ်လေ့သည် ပုတ်ခတ်စော်ကားမှုကြောင့် ပြိုပျက်နေသည်။ သူသည် ကွန်ပျူတာရှေ့၌ ထိုင်နေပြီး မျက်နှာက ဖြူလိုက်စိမ်းလိုက် ဖြစ်နေကာ လက်များ တုန်နေ၏။ သူ ဘာပြန်ပြောရမလဲ မသိချေ။
[ယီးပဲ၊ စောက်ဖုတ်ကောင်]
[ဝိုင် မင်းပါးစပ်က မသတီစရာပဲ၊ မင်းက ခွေးလိုကောင်]
[ကိုယ့်ကျင့်သိက္ခာ မရှိတဲ့လူ၊ အနုပညာနယ်ပယ်ထဲက ထွက်သွား]
[ခွေးမသား၊ မြေနိုး]
ရဲ့လင်းချန်နှင့် ယှဉ်လျင် ရှစ်လေ့ ငြိမ်ကျသွားသည်။ သူ့ပရိသတ်များက ဒေါပွနေသော်လည်း ထိထိမိမိ ပြန်ပြောနိုင်မည့် အသုံးအနှုန်းများ မသိတော့ဘဲ ရဲ့လင်းချန်၏ စကားနှင့်ယှဉ်လျင် ပိုရိုင်းစိုင်းသိသာသော စကားများ ပြောလာကြသည်။
ဝိုင်၏ ပရိသတ်များတောင်မှ နားဝေတိမ်တောင် ဖြစ်နေကြပြီး သူတို့ ကူညီချင်ပါသော်လည်း ဘာမှမလုပ်ပေးနိုင် ဖြစ်နေ၏။ သူတို့သည် ရဲ့လင်းချန်အား နတ်ဘုရားလေအလား မြင်နေကြသည်။
“ဟားဟား”
ရှောင်ဖေးဖေး မနေနိုင်တော့ဘဲ အော်ရယ်လေသည်။
“လင်းချန်၊ နင်က တော်တော် အံ့ဩဖို့ ကောင်းတာပဲ၊ နင်က ပုတ်ခတ်စော်ကားတဲ့ ပုံစံအသွင်ကို ထွင်နေတာလား၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ ပုံစံလား”
ရဲ့လင်းချန်က အေးဆေး တည်ငြိမ်စွာ လက်ခါပြလိုက်ပြီး နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။
“ဒါက သာမန်ပါနဲ့၊ ကမ္ဘာ့ အကောင်းဆုံး နံပါတ်သုံး လောက်ပဲ”
ရှောင်ဖေးဖေး သိမ်မွေ့စွာ ရယ်လေသည်။
[ဝိုင် မင်း ဘာလို့ မင်းမျက်နှာကို မပြတာလဲ၊ မင်းက အရမ်း ရုပ်ဆိုးလို့လား၊ လူတွေကို မတွေ့ရဲလို့လား]
ရှစ်လေ့ အချိန်အတော်ကြာအောင် ငြိမ်နေပြီးနောက် လျပ်တစ်ပြက် အကြံရပြီး တုံ့ပြန်လိုက်သည်။ သူ့စကားက အကွက်ကျလှသည်။ ဝိုင်က သူ့မျက်နှာကို ပြသည်ဖြစ်စေ မပြသည်ဖြစ်စေ၊ ရှစ်လေ့ အနိုင်ရမှာပင်။
*မင်းက ဆန်းကြယ်ချင်နေတာမလား၊ မင်းကိုယ်မင်း ထုတ်ပြလာအောင် ငါ ဖိအားပေးပြမယ်*
[ဟားဟားဟား ရုပ်ဆိုးတဲ့ ငါးဆားနူကောင်]
[ပြောတာကောင်းတယ် ဆရာရှစ်၊ ဝိုင်က ရုပ်ဆိုးတဲ့ ငကြောင်ကောင်ပဲ ဖြစ်ရမယ်]
[သူ့မျက်နှာတောင် သူ ထုတ်မပြချင်ဘူးဆိုတော့၊ သူ ဘယ်လောက် ရုပ်ဆိုးလိုက်မလဲ]
[ဝိုင် မင်း သတ္တိရှိရင် မင်းမျက်နှာကို ပြရဲလား]
သို့သော် ရဲ့လင်းချန်က ပြုံး၍ စာပြန်ရိုက်လိုက်သည်။
[ငါ့ရုပ်ရည်နဲ့ ပတ်သက်ပြီး ငါ မစိုးရိမ်ဘူး၊ ဆရာရှစ် မင်းအမေ မင်းကို မွေးတုန်းက ဘာလို့ ငိုခဲ့လဲ မင်း သိလား]
[ဘာလို့လဲ]
ရင်းနှီးလာသော လုပ်ကြံပြောဆိုသူများက ချက်ချင်း သိချင်စိတ်ဖြင့် မေးလာသည်။
[ဘာလို့လဲဆိုတော့ သူက သူ့သားကို ဆုံးရှုံးပြီး အချင်းကိုပဲ မွေးမိတယ်လို့ ထင်သွားလို့လေ]
ရှစ်လေ့၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားပြီး တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ယင်လာသည်။ သူ့အဆုတ်များ ပေါက်ထွက်တော့မည်ဟုပင် ထင်လာရသည်။
သူ့ပရိသတ်များတောင်မှ ထိတ်လန့်သွားသည်။ တော်တော်များများသည် မရယ်ဘဲ မနေနိုင်ဖြစ်ကာ ရဲ့လင်းချန် ဘက်သို့ ဘက်ပြောင်းလာ၏။
ပုတ်ခတ်စော်ကားမှုက အလွန် ဖြစ်နေကြပင်။ သို့သော် လူတစ်ယောက်က အခြားတစ်ယောက်ကို ဤမျှ အကျအန ခေတ်ဆန်ဆန် ပုတ်ခတ်ခြင်းကို သူတို့ တစ်ခါမှ မမြင်ဖူးချေ။ ပုတ်ခတ်စော်ကားခြင်းက အခြားအဆင့်သို့ လုံးဝ ပြောင်းလဲသွားသလို ခံစားရသည်။
[သားကို ဆုံးရှုံးပြီး အချင်းကို မွေးမိတယ် ဟုတ်လား]
[ဒီလိုပုတ်ခတ်မှုကို သူ ဘယ်လိုတွေးမိတာလဲ၊ ဝိုင်က တော်လွန်းတယ်]
[အားဟားဟား ပျစ်ပျစ်နှစ်နှစ်ပဲ၊ တကယ့်ကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပစ်တာဟေ့]
ရဲ့လင်းချန်၏ စကားလုံးတိုင်းက ပုတ်ခတ်စော်ကားမှု၏ စံနမူနာဟု ဆိုနိုင်ပေသည်။ မည်သူမှ သူ လုပ်သလို မလုပ်ဖူးကြချေ။ သူ၏ ပရိသတ်များက ဆက်လက်၍ တိုးပွားလာ၏။
ရဲ့လင်းချန်၏ ပရိသတ်များက သူ့ကို ကုပ်တွယ်၍ နောက်ကလိုက်ကာ တစ်ဖက်အား အညှာအတာမဲ့စွာ ပြောဆိုလေသည်။
ရှစ်လေ့သည် မကျေမနပ်နှင့် လက်တုံ့ပြန်ပြောဆိုသော်လည်း ရဲ့လင်းချန်ကို မယှဉ်နိုင်ကာ ဒေါသကြောင့် သေလုနီးနီး ဖြစ်နေ၏။
ရဲ့လင်းချန်က တစ်ယောက်တည်း အမြင့်၌ ထိုင်နေပြီး သူ၏ အစွမ်းကို ပြကာ ပြိုင်ဘက်အား ဘာမှမကျန်တော့ သည့်အထိ ပုတ်ခတ်သော စကားများ အဆက်မပြတ် ပြောနေသည်။
နောက်ဆုံးတွင် ရှစ်လေ့၏ ပရိသတ်များ ခံမပြောနိုင်တော့ချေ။ လူအများအား ပုတ်ခတ်စော်ကားပြောဆိုခြင်း၌ ထူးချွန်သော သူများတောင်မှ မျက်နှာဖြူရော်သည်အထိ အပြောခံနေရသည်။ သူတို့ ပင့်သက်ရှိုက်၍ မျက်စိစုံ မှိတ်ကာ မျက်ကွယ်ပြုနေကြသည်။
လူတစ်ယောက်က ထောင်ချီသောလူများကို ဆန့်ကျင့်နိုင်နေ၏။
အခြားသူများက လူတစ်ယောက်ကို စောက်ဖုတ်ကောင်ဟု ပြောခြင်း၌ တစ်နေချိန်တွင် ရဲ့လင်းချန်က သူတို့ကို သူတို့အမေပင် မမှတ်မိနိုင်လောက်သည်အထိ ပြန်ပြောနိုင်နေသည်။
လူတော်တော်များများသည် အပြောခံရသောကြောင့် သူတို့ကိုယ်သူတို့ ပြန်သံသယဝင်ကာ ပြန်စဉ်းစားရင်း ငိုလေတော့သည်။
ပြဿနာကို ရှင်းပြီးသွားသောအခါ ရဲ့လင်းချန်က အတိအလင်း အနိုင်ရသူ ဖြစ်သွားသည်။ မည်သူ့ဘက်၌ နေသူများမဆိုနှင့် ပွဲကြည့်ရုံသက်သက် လူများအားလုံး အလန့်တကြား ဖြစ်သွားလေသည်။
ပုတ်ခတ်စော်ကားခြင်းသည် အလွန်အောက်တန်းကျသော အရာတစ်ခုဖြစ်ပြီး ဘယ်သူက နိုင်သလဲ၊ ရှုံးသလဲ သိရှိရန် မဖြစ်နိုင်ဟု လူတိုင်း ထင်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမှ နောက်မဆုတ်ချင် သောကြောင့်ပင်။ ပုံမှန်အားဖြင့် အဆုံးအထိ ပြိုင်ပွဲသဖွယ် ရန်ဖြစ်လေ့ ရှိသည်။
ပုတ်ခတ်စော်ကားခြင်းကို အသုံးပြုပြီး တစ်ဖက်ကို တိုက်ခိုက်နိုင်သည့် တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် အဖြစ် ပေါ်လာလေပြီ။
ယင်းက ဝူရှ ရုပ်ရှင်တစ်ခု ကြည့်ရသည်ထက် ပို၍ ရင်သက်ရှုမောဖွယ် ကောင်းသေးသည်။ ဤသို့သော ပုံစံက လူအများအား သူ့အား လေးစားလာစေသည်။
သူသည် တကယ်ကို နတ်ဘုရားလိုပင်။ မရေတွက်နိုင်သော လူများအား မျက်လုံးပြူးသွားစေ၏။ သူတို့သည် ပုတ်ခတ်စော်ကားခြင်း၌ မည်သို့သော အရိုအသေတန့်သည့် စကားများ မပါသော ခေတ်သစ်တစ်ခုကို ရှာတွေ့လိုက်သည်ဟု ခံစားလိုက်ရသည်။
ရှစ်လေ့က ပျော်ရွှင်စိတ်အားလုံး ဆုံးရှုံးသည်အထိ ဝေ့ပေါ်၌ အပြောမခံရမချင်း ရဲ့လင်းချန်က ပျော်ပျော်ကြီး ရပ်ပါမည်လော။ ကျားတစ်ကောင်က ခြိမ်းခြောက်မှုကို အဖက်မလုပ်တိုင်း ၎င်းအား ဖျားနာနေသော ကြောင်တစ်ကောင် သဖွယ် မဆက်ဆံသင့်ပေ။
သူ အချိန်ခဏယူ၍ စနစ်ကို စစ်ဆေးလိုက်သောအခါ ရေပန်းစားမှုအမှတ်က သုံးသောင်းသာ ရှိနေရာမှာ ၆၃,၅၆၇ အထိ မြင့်တက်သွားသည်။
*စောက်ကျိုးနည်း*
*ပုတ်ခတ်စော်ကားတာကတောင်မှ ရေပန်းစားမှုကို မြင့်စေတာလား*
*ဘယ်အရာမဆို မြင့်တာ၊ နိမ့်တာနဲ့ ခွဲခြားထားတာပဲ၊ တစ်ခုခုကို တော်တာနဲ့ အမြင့်ဆုံးကို တက်နိုင်ပြီပဲ*
*ငါက တကယ်ကို ထူးချွန်တာပဲ*
ရဲ့လင်းချန် တစ်ကိုယ်တည်း တွေးနေမိသည်။ နောင်တွင် သူ အားလပ်ချိန်တစ်ချို့ရအောင် လုပ်ပြီး ဝေ့ပေါ်ထဲဝင်၍ လူအများအား ပုတ်ခတ်ပြောဆိုသင့်သည်။ ယင်းက ရေပန်းစားမှု အမှတ် ရနိုင်သည့် အေတီအမ်စက်ကြီးလိုပင်။