← Chapters

စစ်သည်တော်ဌာန၏ လူရွေးပွဲ

Vol. 6 Ch. 89

စစ်သည်တော်ဌာန၏ လူရွေးပွဲ

Vol. 6 Ch. 89

ယခင်က စွမ်းရည်မြှင့်တင်မှုများ ပြလုပ်ပြီးသဖြင့် ရဲ့လင်းချန်၌ တစ်ရာ ရာခိုင်နှုန်းရှိသော စွမ်းရည်ပညာများက ယခင်ကထက် နည်းလာသည်။

လက်ရှိတွင် လေးခုသာ ကျန်ရှိသည်။ ယင်းတို့မှာ ရှစ်ဆပြင်းထန် လက်သီး၊ သိုင်းလက်သီး၊ ဒိုတာနှင့် အင်္ဂလိပ်စာတို့ ဖြစ်သည်။

သူ၏ ဗဟုသုတကို ပို၍ ကျယ်ပြန့်လာအောင် လုပ်ပြီး သူ့၌ တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသော ပညာစွမ်းရည်တို့ တိုးလာအောင် လုပ်နေသင့်ပုံ ပေါ်သည်။

အမှန်အတိုင်း ပြောရမည်ဆိုလျင် သူသည် သိုင်းပညာနှင့် ပတ်သက်၍ ပို၍ ဗဟုသုတရရန် မျှော်လင့်နေမိသည်။ သူသည် အရဟာ လက်သီး၏ စွမ်းအားကို သိမြင်ပြီးဖြစ်သဖြင့် အပြင်အားနှင့် အတွင်း အား ကဲ့သို့သော စွမ်းရည်များ ရှိနေမလား မသိနိုင်ပါ။ ယင်းသို တွေးမိ သည်နှင့် သူ ပြုံးမိသွားသည်။

*ငါ ကောင်းကင်ဘုံကို တက်လှမ်းနိုင်တော့မှာပဲ*

*စွမ်းရည်လေးခု၊ ကဲ … စလိုက်ရအောင်*

အဝါရောင် အလင်းလေးက ရဲ့လင်းချန်၏ မျက်စိရှေ့တွင် ခုန်ပေါက် နေပြီးနောက် အင်္ဂလိပ်စာ၌ ရပ်သွားသည်။ ‌

ရွှေရောင်အလင်း တစ်ချက် လင်းလာပြီးနောက် အင်္ဂလိပ်စာ စွမ်းရည် ပျောက်ကွယ် သွားပြီး နောက်ထပ်တစ်ခု အစားထိုး ပေါ်လာသည်။ ၎င်းမှာ ငှက်ဘာသာစကား အခြေခံအဆင့်ပင်။

ရဲ့လင်းချန် မျက်လုံးပြူးသွားသည်။

*ဒါဆို စနစ်ထဲမှာ အင်္ဂလိပ်စာက ငှက်ဘာသာစကားလောက်ပဲ ရှိတယ်လို့ ပြောချင်တာလား*

ငှက်ဘာသာစကားဆိုသည်မှာ ယေဘုယျအားဖြင့် မြင်နေကျဖြစ်သော စာကလေး၊ ငှက်ကျားနှင့် သစ်တောက်ငှက် စသော ငှက်များကို ဆိုလိုခြင်း ဖြစ်သည်။ သိမ်းငှက်၊ ဒေါင်းနှင့် အခြားသော ငှက်ကြီးများ မပါဝင်ပေ။

အခြေခံအဆင့် ငှက်ဘာသာစကားက ရဲ့လင်းချန်အား ငှက်တို့၏ ဘာသာ စကားကို နားလည်စေသည်။ သို့သော် သူသည် နားလည်ရုံသာ နားလည်ပြီး မပြောနိုင်ပါ။ သူ အလယ်အလတ်အဆင့်သို့ ရောက်မှ သာလျင် ငှက်ဘာသာစကားကို သုံး၍ ငှက်များနှင့် ဆက်သွယ် နိုင်ပေမည်။ သူ အဆင့်မြင့်အဆင့်သို့ ရောက်သွားပါက အထင်ကြီး လောက်စရာပင်။ သူသည် ငှက်များနှင့် မိတ်ဆွေဖြစ်လာနိုင်ပြီး သူတို့အား အမိန့်ပင် ပေးလာနိုင်၏။

*ဒါက သောက်ရမ်း မိုက်တယ်၊ ငါ ငှက်တွေရဲ့ ဘုရင် ဖြစ်လာနိုင်တာပဲ*

သူ အပြင်ဘက်မှ ဓာတ်တိုင်ကို ကြည့်လိုက်မိသည်။ လက်ရှိတွင် စာကလေးတစ်ချို့က နား၍ အချင်းချင်း ပြောနေကြသည်။

“အား … မင်းလေးက သိပ်လှတာပဲ၊ ငါ့ရဲ့ မိတ်ဖက် ဖြစ်လိုက်ပါတော့”

“ဝေးဝေးသွားစမ်း သုံးစားမရတဲ့ ဆင်းရဲသားရဲ့၊ ငါက ငှက်ဘုရင်ရဲ့ မိတ်ဖက် ဖြစ်ချင်တာ”

“ငှက်တစ်ကောင်ကို ဆင်းရဲတယ်ဆိုပြီး အထင်မသေးပါနဲ့”

…

ရဲ့လင်းချန် နားလည်နေသဖြင့် ခေါင်းခါလိုက်မိသည်။ မည်သည့် သက်ရှိ လောကတွင်မဆို အချစ်နှင့်စစ် ဇာတ်လမ်းများက အတူတူ ဖြစ်နေသည့်ပုံပင်။

သူသည် ယခုမှ စွမ်းရည်အသစ်ကို ရလိုက်ခြင်း ဖြစ်ပြီး တစ်မနက်လုံး ငှက်များ၏ အချစ်ဇာတ်လမ်းကို ကြားနေရသည်။ သူ အဆောင်သို့ ပြန်လာပြီး နေ့ခင်းအတန်းများအတွက် ပြင်ဆင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပေကျင်း၏ စစ်သည်တော်ဌာန၌။

စစ်သည်တော်များစွာ စုဝေးနေပြီး သူတို့၏ အမူအရာက တည်ကြည် ခက်ထန်နေသည်။ သူတို့၏ မျက်နှာတွင် မျှော်လင့်ခြင်းနှင့် စိုးရိမ် ခြင်းတို့ ရောပြွမ်းနေ၏။

ယနေ့သည် မြို့တော်၏ ခရိုင်ဌာန အသီးသီးမှ လူရွေးပွဲ ကျင်းပသည့် နေ့ဖြစ်သည်။ ရွေးချယ်ခြင်း ခံရသည့် လူများသည် အထူး လေ့ကျင့်ရေး စခန်း လေးခုသို့ ဝင်နိုင်မည့် အခွင့်အရေးကို ရရှိပေမည်။

စင်မြင့်ထက်၌ လူလေးယောက် ထိုင်နေသည်။

ဘယ်မှညာအတိုင်း ဆိုလျင် ဝံပုလွေပြာ၊ နဂါး၊ ကျားရိုင်းနှင့် သိမ်းငှက် မုဆိုးဌာနတို့၏ ခေါင်းဆောင်များ ဖြစ်သည်။ ဤလူလေးယောက် ယနေ့အတွက် အကဲဖြတ်ဒိုင်များ ဖြစ်လေသည်။

သူတို့၏ မျက်နှာက တင်းမာပြီး သွေးရောင် ပြည့်ဝကာ မျက်လုံးများက စူးလက်နေ၏။ သူတို့၏ အရှိန်အဝါက အထင်ကြီးစရာ ကောင်းလှပြီး ကြောက်စရာ ကောင်းလောက်အောင် ခက်ထန်လေသည်။

သူတို့၏ ပခုံးတွင် လိမ္မော်ရောင် ကြယ်သုံးလုံး ရှိနေသည်။ ဤသည်က သူတို့သည် စောင့်ရှောက်သူ အဆင့်များထဲတွင် စီနီယာ စောင့်ရှောက် သူများ ဖြစ်ကြောင်း ပြသနေ၏။

နှစ်တိုင်း ယခုလိုအချိန်သို့ ရောက်လာလျင် အထူး လေ့ကျင့်ရေး စခန်း လေးခုက မြို့အသီးသီးတွင် လူရွေးပွဲ ကျင်းပ၍ လူသစ်များ ခေါ်ကြ သည်။

ဤလူလေးယောက်သည် သူတို့လက်ထဲရှိ စာရင်းထဲမှာ နာမည်များကို တစ်ခုချင်းစီ ဖတ်နေသည်။

ပေကျင်းသည် တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး ခရိုင်ဌာနများကလည်း အလွန် များသည်။ ရွေးချယ်ခံမည့် လူအရေအတွက်ကလည်း ယနေ့ တွင် အယောက် တစ်သောင်း ရှိသည်။

ထိုတစ်သောင်းသည် သူတို့ခရိုင်တွင်း၌ အထူးချွန်ဆုံးများ ဖြစ်လေ သည်။ သို့သော် ထိုအယောက်တစ်သောင်း၌ အယောက် နှစ်ရာသာ အထူးလေ့ကျင့်ရေးစခန်းအတွက် ရွေးချယ်ခံရပေမည်။

လူရွေးပွဲမှ အယောက်တစ်ရာအပြင် လာရောက် လေ့လာသည့် စစ်သည်‌တော်များလည်း အများအပြား ရှိသည်။

လက်ရှိတွင် စင်မြင့်ထက်မှ လူလေးယောက်၏ မျက်နှာတွင် သံသယ စိတ်နှင့် မကျေနပ်စိတ်တို့ ပေါ်နေ၏။

“ဖန့်ဟုန် ရှေ့ထွက်လာပြီး အလယ်မှာ ရပ်စမ်း”

နဂါး အထူးလေ့ကျင့်ရေးစခန်း၏ ခေါင်းဆောင်သည် အသက် ငါးဆယ်ကျော် အမျိုးသားတစ်ယောက်ဖြစ်ကာ ရုတ်တရက် အမိန့်ပေး လာသည်။

သူ့နာမည်မှာ ချင်ပိုင်ချွမ် ဖြစ်ပြီး ဆံပင်တိုတို၌ တစ်ဝက်ဖြူ၍ တစ်ဝက်က မည်းနေသည်။ သူ့မျက်နှာက ပိန်ပါး၍ မျက်လုံးများ ချိုင့်နေသည်။

ဖန့်ဟုန်က ရှေ့သို့ သုံးလှမ်း တက်လာပြီး အော်လိုက်သည်။

“ရှိ”

“မင်းရဲ့ ခရိုင်စစ်သည်တော်ဌာနမှာ လူ ဘယ်နှစ်ယောက် ရှိလဲ”

ချင်ပိုင်ချွမ်က လေးနက်သော အသံဖြင့် မေးလာသည်။

“ဆာ ဆယ့်ငါးယောက်ပါ”

“မင်း အခု လူဘယ်နှစ်ယောက်ကို ထောက်ခံထားလဲ”

ချင်ပိုင်ချွမ်၏ မျက်နှာအမူအရာက သုန်မှုန်လာ၏။

“ဆာ ဆယ့်ငါးယောက်ပါ”

ထိုအမေးအဖြေ စကားများက ဘေးမှ ရပ်ကြည့်နေသူများကို ချက်ချင်း အမူအရာ ပြောင်းလဲသွားစေပြီး ဆူညံစွာ ဆွေးနွေးလာကြသည်။

“ဒီလူ ရူးနေပြီလား၊ သူ့တစ်ဖွဲ့လုံကို ထောက်ခံနေတာလား”

“ဒါ ဘာပရိယာယ်လဲ၊ သူ ရူးနေတာပဲ ဖြစ်မယ်”

“သူ နည်းပြဆိုတဲ့ ရာထူးကို မလိုချင်တော့ဘူးလား၊ သူ့အထက် အရာရှိကို ဒီလို ပြောင်လို့ရမယ် ထင်နေတာလား”

…

လူရွေးပွဲ စစ်ဆေးခြင်းက အခြားအရာများနှင့် မတူပေ။

ယေဘုယျအားဖြင့် လူတစ်ယောက်သည် ဌာနတစ်ခုစီမှာ အထူးချွန်ဆုံး ကိုရွေး၍ ဝင်ပြိုင်ခွင့် ပြုကြသည်။ ထူးချွန်သူ အရမ်းများနေပါက နှစ် ယောက် အထိ ရွေးပြီး နှစ်ယောက်လုံး ယုံကြည်ချက် ရှိမှသာ ထိုနှစ်ယောက်လုံးကို ဝင်ပြိုင်ခွင့် ပြုသည်။

ဖန့်ဟုန်ကဲ့သို့ ဌာနတစ်ခုလုံးမှလူများကို ပို့သည့်လူမျိုး တစ်ခါမှ မရှိဖူးပါ။ ဤသည်မှာ လူရွေးပွဲ ဖြစ်သည်။ ဈေးဝယ်ပွဲ မဟုတ်ပေ။

လူရွေးပွဲ ရမှတ်များက ဌာနတစ်ခုချင်းစီ၏ နည်းပြများ၏ မှတ်တမ်း ကိုပါ သက်ရောက်မည်ကို အားလုံး သိကြသည်။ ရမှတ်က အရမ်းဆိုးလွန်းလျင် နည်းပြက ပြင်းထန်စွာ ဝေဖန် ပြစ်တင်ခံ ရပေမည်။

“မင်း … ဒါ ဘာအဓိပ္ပာယ်လဲ”

ချင်ပိုင်ချွမ်က ဖန့်ဟုန်ကို စိုက်ကြည့်လေသည်။

ဖန့်ဟုန်က ချင်ပိုင်ချွမ်ကို ပြန်ကြည့်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဆာ … ကျွန်တော့် စစ်သားအားလုံးက ဒီလူရွေးပွဲကို ဝင်ပြိုင်ဖို့ အရည်အချင်းရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”

*ဒါ …*

လူတိုင်း ထိတ်လန့်ကာ တိတ်ဆိတ်သွားပြီး အချင်းချင်း ပြန်ကြည့် နေသည်။ အားလုံး၏ မျက်လုံး၌ အံ့ဩဟန် ပေါ်နေ၏။

“မင်း အကျိုးဆက်ကို သိသလား၊ ငါ မင်းကို အခွင့်အရေး ထပ်ပေးမယ်၊ မင်း ရွေးချယ်မှုကို ပြင်မလား”

ချင်ပိုင်ချွမ်က ဆက်မေးသည်။

“ကျွန်တော် အကျိုးဆက်ကို သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့လူတွေကို ကျွန်တော် ယုံတယ်”

ဖန့်ဟုန်က ပြန်ပြောသည်။ ထိုစဉ် စစ်သည်များထဲမှ လင်းအောင် ထွက်လာသည်။ သူသည် အစက လူရွေးပွဲကို လေ့လာရုံမျှသာ ဖြစ်သည်။

“မစ္စတာချင်၊ ကျွန်တော် မစ္စတာဖန့်ကို ထောက်ခံပါတယ်၊ သူ့ရဲ့ စစ်သား ဆယ့်ငါးယောက်လုံးက ဒီလူရွေးပွဲကို ပြိုင်ဖို့ ထိုက်တန်ပါတယ်”

လင်းအောင်က ခေါင်းမော့၍ ချင်ပိုင်ချွမ်ကို ကြည့်ကာ ပြောလိုက် သည်။

“လင်းအောင် မင်းက ဘာအဆင့်နဲ့ သူ့အတွက် ထောက်ခံတာလဲ”

ချင်ပိုင်ချွမ် မျက်မှောင်ကြုတ်နေသည်။ လင်းအောင် နဂါး လေ့ကျင့်ရေး စခန်း၌ ရှိခဲ့စဉ်က သူက နည်းပြ ဖြစ်သည်။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့ လေ့ကျင့်နေတုန်းက ကျွန်တော် ရှိခဲ့လို့ပါ၊ သူတို့ရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော် မြင်ခဲ့ပါတယ်”

လင်းအောက်က ခါးကို တိုင်ထက် မတ်အောင် ဖြောင့်ထားပြီး မျက်လုံးများက ဝင်းလက်နေလေသည်။

ချင်ပိုင်ချွမ်က လင်းအောင်ကို အချိန်တစ်ခုမျှ ကြည့်နေပြီးနောက် ဖန့်ဟုန်ကို ပြန်ကြည့်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်းလူတွေကို ရှေ့ထွက်ခိုင်းလိုက်”

ဖန့်ဟုန် အော်ပြောလိုက်သည်။

“ရဲဘော်တို့ ရှေ့တက်”

“ဒုန်း ဒုန်း”

လူဆယ့်ငါးယောက်က တစ်ယောက်တည်းအလား သေသပ်ညီညာစွာ ရှေ့သို့ ချီတက်လာသည်။ အားလုံးက လှံတံအလား အားလုံး၏ မြင်ကွင်း ထဲသို့ တစ်ဖြောင့်တည်း ဝင်လာ၏။

ထိုအခိုက်တွင် ချင်ပိုင်ချွမ်တောင်မှ မျက်နှာထား လေးနက်လာသည်။ သူသည် သာမက စင်ပေါ်မှ ကျန်သုံးယောက်လုံး ထိတ်လန့်ဟန် ပေါ်လာလေသည်။

လူတစ်ယောက်၏ ခွန်အားသည် သူ၏ ခန္ဓာကိုယ်မှ မလာဘဲ သူ၏ နှလုံးသားမှ လာ၏။ ခန္ဓာကိုယ်သည် ပစ္စုပ္ပန်အား ကိုယ်စားပြုပြီး နှလုံးသားက အနာဂတ်ကို ကိုယ်စားပြုသည်။

ဤလူဆယ့်ငါးယောက်မှ စစ်သည်တော်များ၏ အနာဂတ် မျှော်လင့် ချက်ကို သူတို့ သေချာ မြင်နေရသည်။

ဤလူ ဆယ့်ငါးယောက် ရှေ့ထွက်လာသောအခါ အစောပိုင်းက သံသယ အကြည့်များ လွင့်ပြယ်သွားသည်။ အခြား စစ်သည်တော်များ အားလုံး ကြီးမားသော ဖိအားကို ခံစားလာရလေသည်။

“မင်းတို့အားလုံး ပြိုင်ချင်တာ သေချာသလား”

ချင်ပိုင်ချွမ်က သေချာအောင် မေးလိုက်သည်။

“ဟုတ်ကဲ့”

ဆယ့်ငါးယောက်လုံး၏ မျက်နှာက နီနေပြီး လည်ပင်ကြောများ ထောင်နေသည်။ အသံက မိုးခြိမ်းသံအလား ကောင်းကင်ယံသို့ ဟိန်းနေ၏။

“သိပ်ကောင်းတယ်၊ ငါ ခွင့်ပြုတယ်”

ထိုစကားများက ခန့်မှန်းမရသော မြင်ကွင်းတစ်ခု၏ ကန့်လန့်ကာကို ဖွင့်လှစ်လိုက်လေပြီ။

All Chapters