← Chapters

လောင်းကစားဘုရင်၏ တပည့်

Vol. 16 Ch. 230

လောင်းကစားဘုရင်၏ တပည့်

Vol. 16 Ch. 230

ပြည်ပနိုင်ငံ၌ ဤသို့သော ဖျော်မြေမှုမျိုးကို မြင်တွေ့ရခြင်းက အောင်ပွဲခံသင့်သော အရာတစ်ခုပင်။ လူအများက ဘယ်လောက် ဝေးဝေး ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို လာအားပေးကြသည်က အံ့ဩစရာ မဟုတ်တော့ပေ။

ရဲ့လင်းချန်တို့သည် လောင်းကစားမြို့တော်၏ အသက်အညှာဖြစ်သော ကာစီနိုထဲသို့ ဝင်လာကြသည်။ဤနေရာမှ ကာစီနိုက အခြား ကာစီနိုများထက် ပိုကြီးသည်။ ၎င်းအား မြိုင်မြိုင်ဆိုင်ဆိုင် ပြင်ဆင်ထားပြီး နေ့အချိန်အား ထိန်ထိန်လင်းအောင်း မီးများ ဖွင့်ထားကာ လေဝင်လေထွက်လည်း ကောင်းလှသည်။

အထဲတွင် စတုရန်းမီတာ ထောင်ချီ၍ ကျယ်ပြောသော ခန်းမတစ်ခုရှိပြီး စားပွဲပေါင်းများစွာကို ချထားကာ မာဂျောင်မှ ပိုကာအထိ ကစားနည်းမျိုးစုံကို တွေ့နိုင်ပေသည်။

မြင့်မားသော မျက်နှာကျက်က ဆယ်မီတာကျော်မျှ မြင့်မားပြီး အလွန် ထည်ဝါလှသည်။ အခန်းများကို သုံးထပ်ခွဲထားပြီး အပေါ်ထပ်အား ကြောင်လိမ်လှေကားဖြင့် တက်နိုင်သည်။ အမြင့်ဆုံးအထပ်မှနေ၍ ကာစီနိုတစ်ခုလုံးကို ကြည့်၍ ရပေသည်။

ထိုသို့သောအချိန်၌ အထပ်တိုင်းတွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူများက ငါးမီတာခွာ၍ ရပ်နေကြကာ လုံခြုံရေးများ ဖြစ်ပုံပေါ်သည်။

ထို့အပြင် အရသာရှိသော စားစရာများနှင့် သောက်စရာများကိုလည်း တည်ခင်းပေးထားပြီး ယုန်မလေးသဖွယ် ဝတ်ဆင်ထားသော မိန်းကလေးများက ခန်းမတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေ၏။

သူမတို့အားလုံးက ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော မိန်းမလှလေးများဖြစ်ပြီး မော်ဒယ်လ် ကိုယ်လုံးကိုယ်ပေါက် ရှိကြသည်။

သူမတို့အားလုံးတွင် အချို့က စီအဆင့် အနုပညာရှင်များ သို့မဟုတ် ပွဲများမှ နာမည်ကြီးသော တင်ဆက်သူများ ဖြစ်ကြပြီး မလုံ့တလုံနှင့် ရင်သက်ရှုမောဖွယ်ကောင်းအောင် ဝတ်စားထားကြလေသည်။

ဟာကွက်မရှိသော အစီအစဉ်များနှင့် ခမ်းနားထည်ဝါသော အပြင်အဆင်များကြောင့် ရဲ့လင်းချန် အံ့ဩသွားရသည်။

*တော်တော် ရင်းနှီးထားတာပဲ*

“ဆရာရဲ့၊ ဒီကာစီနိုက ပြိုင်ပွဲကျင်းပမယ့် ခန်းမပဲ”

လုထျန်းရှုံးက ပြောလာသည်။

“ဒီကာစီနိုက Las Vegas မှာ ဈေးအကြီးဆုံးပဲ၊ ဩစတြေးလျက လောင်းကစားဘုရင်ရဲ့ ပိုင်နက်လေ၊ ဒီက လိမ်တာကို ဖော်ထုတ်တဲ့ နည်းပညာက တအား အဆင့်မြင့်ပြီးတော့ သံလိုက်စက်ကွင်းတွေ တပ်ထားတာ၊ ဆက်သွယ်ရေး ကိရိယာပေါင်းစုံကိုလည်း ဟန့်တားနိုင်တယ်၊ ဓာတ်ပုံကိုတောင် ရိုက်ခွင့်မပေးဘူး”

ဤပြိုင်ပွဲ၌ ဝင်ပြိုင်သူများသည် အိမ်ခြံမြေနယ်ပယ်အတွင်းမှ သူဌေးကြီးများ ဖြစ်သည်။ လောင်းကစားဘုရင်အား ဤကာစီနိုကို သူတို့ထံ ငှားပေးရန် ပြောနိုင်သည်က အံ့ဩစရာ မဟုတ်ချေ။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ကာစီနိုရဲ့ စည်းကမ်းတွေက ဘာလဲ”

သူ ကာစီနိုကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူတို့က ပထမဆုံး ရောက်လာသူများ မဟုတ်ပေ။ အရှိန်အဝါ ကြီးသည့် သူဌေးကြီးများကလည်း ကာစီနိုအား သူတို့နည်းတူ လေ့လာနေကြသည်။

“အနိုင်ရဖို့”

လုထျန်းရှုံး၏ အမူအရာက လေးနက်လာသည်။

“ပြိုင်ပွဲက တစ်နေ့တည်းအတွက်ပဲ၊ မနက် ငါးနာရီကနေ ကိုးနာရီအထိ၊ ဝယ်နိုင်တဲ့ တိုကင်ပြား ပမာဏက အားလုံးအတွက် အတူတူပဲ၊ သန်းငါးဆယ်အထိပဲ ခွင့်ပြုထားတာ၊ ဒီအချိန်အတွင်းမှာ တိုကင်ပြား အများဆုံး စုထားနိုင်တဲ့သူက အနိုင်ရတဲ့သူပဲ၊ အဆင့်တွေကို ပြိုင်ပွဲအပြီး လက်ထဲမှာ ကျန်တဲ့ တိုကင်ပြားပေါ်မှာ အခြေခံ ပါတယ်”

တစ်ခဏမျှ ငြိမ်သွားပြီးမှ သူ ဆက်ပြောလိုက်သည်။

“ဒီအချိန် အတောအတွင်း တိုကင်ပြားတွေ လက်ဆောင်ပေးတာနဲ့ လိမ်တာကို ခွင့်မပြုထားဘူး၊ ဒီနေရာမှာ ထောင့်ပေါင်းစုံကနေ ဟာကွက်မရှိ စီစီတီဗွီတွေ အပြည့် တပ်ထားတယ်၊ ပြီးတော့ ငါတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးပဲ၊ ဖမ်းမိသွားရင် အကျိုးဆက်က ကြောက်ဖို့ကောင်းတယ်”

သည်နေရာက တရုတ်နိုင်ငံလို မဟုတ်ပါ။ ယင်းသည် လောင်းကစားဘုရင်၏ ပိုင်နက် ဖြစ်သည်။ လူတိုင်းက လေးစားသမှု ပြုရလေသည်။

“သူဌေးလုက ဒီရောက်နေပါလား”

ဗိုက်ရွှဲရွှဲနှင့် ဝဖိုင့်ဖိုင့်လူတစ်ယောက်က အနားသို့ လျှောက်လာသည်။ သူ့မျက်နှာ အမူအရာက တင်းမာနေပုံ ပေါ်သည်။ ပြုံးနေသော်လည်း သရော်နေသလိုပင်။ သူက သေချာပေါက်ကို ရင်ဆိုင်ရ လွယ်ကူမည့်သူ မဟုတ်ပေ။

သူ့အနောက်တွင် လူလတ်ပိုင်းအရွယ် အရပ်ရှည်ရှည်နှင့် ပိန်ပါးပါးလူတစ်ယောက် ရှိနေသည်။ သူ့မျက်လုံးများက တခြားသူများနှင့် မတူချေ။ သူ့မျက်လုံး တစ်ဝက်က နီနေပြီး တစ်ချက်ကြည့်မိရုံနှင့်တင် ကျောချမ်းစေ လောက်သည်။

“သူဌေးဝေ့ နေကောင်းပါရဲ့လား”

လုထျန်းရှုံး အတင်း ပြုံးလိုက်ရသည်။

“ဟားဟားဟား သူဌေးလု ခင်ဗျားရဲ့ ဧည့်သည်က ဘယ်မှာလဲ၊ ဒါကို ခင်ဗျားဘာသာ လုပ်မယ်လို့ တွေးနေတာတော့ မဟုတ်ဘူးမလား”

သူဌေးဝေ့က ဘေးဘီကို လေ့လာလျက် မေးလိုက်သည်။

“ဒါက ငါ့ဧည့်သည်၊ ဆရာရဲ့ပဲ”

လုထျန်းရှုံး မိတ်ဆက်ပေးလိုက်သည်။

“သူလား”

သူဌေးဝေ့က ရဲ့လင်းချန်ကို အထင်သေးသော အကြည့်ဖြင့် လေ့လာပြီးနောက် ရယ်သွေးသွမ်းလေသည်။

“လုထျန်းရှုံး၊ မင်းက ဒီလို ငတုံးကောင်ကို မင်းကို ကူညီဖို့ ရှာလာတာလား၊ မင်းမှာ အကြံကုန်နေတာဆိုရင် ငါ မင်းကို နည်းနည်း ပေးလို့ရပါတယ်၊ ဘာလို့ ဒီလိုလူမျိုးကို ခေါ်လာပြီး မင်းကိုယ်မင်း အရှက်ရအောင် လုပ်နေတာလဲ”

လုထျန်းရှုံး၏ အမူအရာက မည်းမှောင်သွားပြီး မကျေနပ်သံ ပြုလိုက်သည်။

“ဝေ့ဟုန် မင်းရဲ့ မကောင်းတဲ့ပါးစပ်က အရင်အတိုင်းပဲကိုး၊ ငါတို့ တရုတ်ကို ပြန်တဲ့အချိန်အထိပဲ စောင့်လိုက်ပါဦး၊ ငါ မင်းကို ငိုအောင် လုပ်ပေးမယ်”

“ဟဲဟဲ လုထျန်းရှုံး၊ မင်းရဲ့ လုလုပ်ငန်းစုရဲ့ လက်ရှိ အခြေအနေကို ငါ မသိဘူးလို့ ထင်နေတာလား၊ သုံးနှစ်ဆက်တိုက် မင်းက ပြိုင်ပွဲရဲ့ အောက်ဆယ်ဆင့်ထဲမှာပဲ အဆုံးသတ်နေတာလေ၊ မင်းရဲ့ အဆင့်အတန်းက အောက်ခြေအထိ ထိုးကျနေတာ ကြာပြီ၊ အခု မင်းက အသက်ရှင်ရုံလေးပဲ ရှိတော့တာ၊ အခုတစ်ခေါက် ဒီလိုငတုံးကို ခေါ်လာတယ် ဆိုတော့ မင်း ရုန်းကန်ဖို့ လက်လျှော့လိုက်ပြီနဲ့ တူတယ်၊ ငါ မင်းကို ကြောက်မယ်များ ထင်နေလား”

ဝေ့ဟုန်က လှောင်ရယ်သည်။

“မင်းရဲ့ ရှင်းဟုန်လုပ်ငန်းကလည်း ပိုကောင်းမလာပါဘူး”

လုထျန်းရှုံး၏ မျက်လုံးများက မသိမသာ ကျဉ်းမြောင်းလာပြီး ဝေ့ဟုန်၏ အနောက်ကို ကြည့်လိုက်သည်။

“မင်း ဒီတစ်ခေါက် လောင်းကစားသမားကို ပြောင်းလိုက်တာလား”

“ဟဲဟဲ ငါ မင်းကို မိတ်ဆက်ပေးဖို့ မေ့သွားတယ်၊ ဒါ ဟောင်ကောင်ရဲ့ ဆရာ မန်ကျိုးပဲ”

“မျက်လုံးပြာမျောက် မန်ကျိုးလား”

လုထျန်းရှုံးနှင့် လုဟောင်တို့ နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အံ့ဩနေသော မျက်နှာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်နေကြသည်။

အဖြူတစ်ဝက် အနီတစ်ဝက် မျက်လုံးအိမ်ကို မြင်လိုက်ရသောအခါ သူတို့၏ အမူအရာများ မည်းမှောင်သွားသည်။

“မင်း သူ့ကို ဖိတ်လိုက်နိုင်တာလား”

ဝေ့ဟုန်၏ ဝင့်ကြွားနေသော ယုံကြည်ချက်၏ အရင်းအမြစ်ကို လုထျန်းရှုံး ရိပ်မိသွားသည်။

“ဟီးဟီး ဒီနှစ် ရမယ့် မြေက အရင်ကနဲ့ မတူဘူး၊ နေရာက သိပ်ကောင်းပြီးတော့ လုံးဝ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့ဧရိယာထဲမှာ ရှိတာ၊ အဲ့ဒါက မဆုံးနိုင်တဲ့ အလားအလာတွေနဲ့ မြင့်မြင့်မားမား တိုးတက်လာမယ့် ဇုန်ပဲ၊ ငါ ဒါကို ဘယ်လိုလုပ် အလေးအနက် မထားဘဲ နေနိုင်မှာလဲ”

ဝေ့ဟုန်က အထင်သေးစွာ ရယ်မောလေသည်။

“မင်းတစ်ယောက်ကပဲ တိုးတက်မှုတောင် မရှိသေးတဲ့ ငတုံးကောင်ကို ဒီခေါ်လာတာ”

သူတို့အားလုံးသည် အိမ်ခြံမြေနယ်ပယ်၏ ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်။ သူတို့အတွက် သတင်းအချက်အလက် အပြည့်အဝ ရထားသည်က ပုံမှန်ပင်။

လုဟောင်က ရဲ့လင်းချန်နားသို့ ချက်ချင်း ကပ်သွားပြီး တီးတိုးပြောကာ ရှင်းပြလေသည်။

ဝေ့ဟုန်သည် ရှင်းဟုန်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်ပြီး မြို့တော်တွင်းမှ အိမ်ခြံမြေလုပ်ငန်း၏ သူဌေးကြီးတစ်ဦးလည်း ဖြစ်သည်။ သူ လုထျန်းရှုံးနှင့် ပေါ်ပေါ်ထင်ထင် တစ်ဖုံ၊ ခိုးကြောင်ခိုးဝှက်တစ်ဖုံ ယှဉ်ပြိုင်ခဲ့သည်။

မန်ကျိုးမှာမူ ဟောင်ကောင်၌ နာမည်ကြီးသူ ဖြစ်သည်။ သူ့မျက်လုံးများက လူအများကို ကျောချမ်းစေသော်လည်း သူ့အား အချိန်တိုအတွင်း မျက်စိလျင်လျင် တွေ့မြင်နိုင်သည့် ထူးခြားသော အရည်အချင်းတစ်မျိုး ပေးစွမ်းလေသည်။ ၎င်းက သူ့အား လောင်းစကားဝိုင်းမှ အံစာတုံးနှင့် ကဒ်များကို တိတိကျကျ ခန့်မှန်းနိုင်သည့် အရည်အချင်းကို ပေးလေသည်။ ထို့ကြောင့်ပင် သူ နာမည်ကြီးလာရခြင်း ဖြစ်သည်။

သို့သော် မန်ကျိုးက အမြဲ ထူးထူးဆန်းဆန်း ပြုမူတတ်ပြီး အရင်က ဤသို့သော လောင်းကစား ပြိုင်ပွဲများ၌ လုံးဝ ဝင်မပါဖူးချေ။ ဝေ့ဟုန်က ဘာနည်းလမ်းသုံး၍ သူ့ကို ငှားလိုက်သလဲက သေချာမသိရချေ။

“နားလည်ပြီ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့အကြည့်က မန်ကျိုးကိုကျော်၍ သူတို့ထံ လှမ်းလာနေသော ဆံပင်ဖြူနေသည့် အဘိုးအိုထံ ကျရောက်သွားသည်။

အဘိုးအို၏ ဆံပင်များက ဖြူစွတ်နေပြီး တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် ထူးဆန်းစွာပင် သူက အိုမင်းနေသော လူတစ်ယောက်၏ ခံစားချက်မျိုး ရှိမနေပေ။ သူက ပြုံး၍ လမ်းလျှောက်နေပြီး အားအင်ပြည့်ဝ နေသည့်ပုံပင်။

ထိုအဘိုးအိုကိုမြင်သောအခါ လုထျန်းရှုံးနှင့် ဝေ့ဟုန်တို့၏ အမူအရာများ တင်းမာသွားကြသည်။

“ဟားဟားဟား သူဌေးလု၊ သူဌေးဝေ့ ကျန်းခံ့လို့ မာပါရဲ့လား”

တရုတ် ရိုးရာဝတ်စုံနှင့် အဘိုးအိုက ပြုံးကာ မေးလာသည်။

“သူဌေးကျင်း၊ ခင်ဗျားက တကယ်ကို လန်းဆန်းနေပါလား၊ မနှစ်က ခင်ဗျား ရလိုက်တဲ့‌ မြေတစ်ချို့က တော်တော်လေး အမြတ်ရသွားခဲ့တယ် ထင်တယ်”

ဝေ့ဟုန်က ခနဲ့လိုက်သည်။

“ကဲကဲ … အဲ့ဒါလေးက မပြောပလောက်တဲ့ အမြတ်လေးပါကွာ၊ မနှစ်က အိမ်ခြံမြေလုပ်ငန်း စီးပွားရေးက ဆိုးတယ်ကွ”

သူဌေးကျင်းက ပြုံးနေ၏။

“ငါက မင်းတို့ကို သတင်းတစ်ခု ပြောပြဖို့လာတာ”

သူ့အသံက ထူးခြားဆန်းကြယ်ဟန်ဖြင့် တိုးလျသွားသည်။

“ဒီတစ်ခေါက် ဟမ်ထိုက် အိမ်ခြံမြေက လောင်းကစားဘုရင်ရဲ့ တပည့်ကို ငှားခဲ့တယ်”

“ခင်ဗျား ဘာပြောလိုက်တာလဲ”

“လောင်းကစား ဘုရင်ရဲ့ တပည့် ဟုတ်လား”

လုထျန်းရှုံးနှင့် ဝေ့ဟုန်တို့ တအံ့တဩ ပြောလိုက်မိသည်။ သူတို့ အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် သူဌေးကျင်းအား မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်လေသည်။

သူဌေးကျင်းက ခေါင်းညိတ်လိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“သူ ဒီနေ့ ဒီမှာ မရှိပင်မယ့် ငါ့သတင်း အရင်းအမြစ်က ခိုင်လုံတယ်၊ အဲ့ဒါက ဂျပန်နိုင်ငံက လောင်းကစားဘုရင်ရဲ့ တပည့်ရင်း မီယာကိုပဲ”

…

All Chapters