← Chapters

ကြောက်စရာ ကောင်းလိုက်တာ

Vol. 35 Ch. 516

ကြောက်စရာ ကောင်းလိုက်တာ

Vol. 35 Ch. 516

ရဲ့လင်းချန်က သက်တောင့်သက်သာဖြင့် အေးအေးလူလူ လျှောက်လာသည်။ သူ၏ အဆင့်၌ တစ်ဖက်လူက ပေါက်ကွဲရေး ပစ္စည်းများ မသုံးသရွေ့ သူ၏ ဘေးကင်းမှုကို အပြည့်အဝ ယုံကြည်မှု ရှိသည်။

လေးထပ်မြောက်တွင် ဖန်ပြောင်းချောင် တစ်ခုတည်းသာ ရှိသည်။ ၎င်းတွင်း၌ ကြီးမားသော သက်ရှိတစ်ကောင် ရှိနေသည်။ ၎င်းသည် လူသား တစ်ယောက်နှင့် တူသော်လည်း အရွယ်အစားက ပို၍ ကြီးမားသည်။ ၎င်း၌ ကြောက်စရာကောင်းသော မျက်နှာ ရှိပြီး လက်ဝါးများက သာမန်လူ၏ အရွယ်အစားထက် နှစ်ဆ ကြီးလေသည်။

ထို့အပြင် ထိုဖန်ပြောင်းချောင်ပေး၌ ၎င်း၏ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေသော ကွန်ပျူတာ တစ်လုံး ထားထားသည်။

၎င်းကို လေးထပ်၌ သီးသန့် ထားထားသည့်အတွက် ထိုအရာက အလွန် သန်မာနေခြင်း သို့မဟုတ် အလွန် အရေးပါခြင်း ဖြစ်နိုင်ပေသည်။

သို့သော် ပြီးခဲ့သော အထပ်သုံးထပ်နှင့် မတူစွာပင် တစ်ခဏကြာသော်လည်း ထိုဖန်ပြောင်းချောင်က ဘာမှ မဖြစ်လာပါ။ ထိုဖန်ပြောင်းချောင်ကို ဖျက်ဆီးသင့်၊မသင့် ရဲ့လင်းချန် စဉ်းစားနေချိန်တွင် သခင်လေး ထာခဲရှီ၏ အသံကို ကြားလိုက်ရသည်။

“ရဲ့လင်းချန်၊ ငါတို့ မင်းကို ငါးထပ်မှာ စောင့်နေတယ်၊ မင်း တက်လာရဲလား”

သူ့အသံသည် ယုံကြည်ချက်တို့နှင့် ပြည့်နှက်နေ၏။ ယင်းက သားကောင်ကို ဆော့ကစားနေသော သားရဲ တစ်ကောင်၏ ယုံကြည်မှုနှင့် ခပ်ဆင်ဆင် ရှိသည်။

ရဲ့လင်းချန် ဆိတ်ဆိတ်နေလိုက်သည်။ သူတို့နှင့် လူချင်းတွေ့သည်က သူ့အတွက် အကောင်းဆုံး ဖြစ်လောက်သည်။ သူသည် တွေဝေမနေဘဲ တစ်ဖက်လှည့်၍ ငါးထပ်သို့ တက်သွားလိုက်သည်။

“ဒေါက် ဒေါက် ဒေါက်”

ခြေသံများက တဖြည်းဖြည်း နီးကပ်လာသည်။

သခင်လေး ထာခဲရှီနှင့် အခြားသူများသည် အသက်ကိုအောင့်၍ အပေါက်ဝအား စိတ်အားထက်သန်စွာ စိုက်ကြည့် နေကြသည်။

သို့သော် အကြီးအကဲ ဟီရှိုရှီကမူ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ သူသည် ခုံ၌ ထိုင်မြဲထိုင်၍ လက်ဖက်ရည်ကို သောက်နေသည်။

“နောက်ထပ် ဆယ်စက္ကန့်ပဲ”

သခင်လေး ထာခဲရှီသည် ရဲ့လင်းချန်၏ ပုံစံကို ဝိုးတိုးဝါးတား မြင်နေရသည်။ သူ၏ နှုတ်ခမ်းထောင့်က ကော့တက် လာပြီး ညစ်ကျယ်ကျယ် ပြုံးကာ စိတ်ထဲ၌ စ၍ ရေတွက်နေသည်။

အခြားသူများသည်လည်း ထိုကဲ့သို့ စိတ်ထဲမှ ရေတွက်နေကြသည်။ ရဲ့လင်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်က သနားကရုဏာသက်၍ အထင်သေးသော အကြည့်သို့ ပြောင်းလဲစ ပြုလာ၏။

*မောက်မာတဲ့ပုံစံနဲ့ လှေကားကို တက်လာတဲ့ပုံစံအရဆို ဒီကောင် အဆိပ်မိနေတာကို မသိတဲ့ပုံပဲ၊ သူ့အသက်ကို သူ မထိန်းချုပ်နိုင်တော့ဘူးပဲ၊ သနားစရာ ကောင်းလိုက်တာ*

ရဲ့လင်းချန် ငါးထပ်မြောက်သို့ ခြေချလိုက်သည်။ သူ ဘာမှမပြောနိုင်ခင်မှာပင် ငါးထပ်မှ လူတိုင်းက ပြိုင်တူ အော်ဟစ်လာသည်။

“သုံး”

“နှစ်”

“တစ်”

အကြီးအကဲ ဟီရှိရှီမှလွဲ၍ အခြားသူ ခြောက်ယောက်လုံးက စိတ်အားထက်သန်စွာ အော်ဟစ်နေသည်။

အသံများ ငြိမ်ကျသွားပြီးနောက် လူတိုင်းက ရဲ့လင်းချန်ကို အာရုံစိုက်၍ ကြည့်နေကြသည်။

ရဲ့လင်းချန်မှာမူ အရူးအချို့ကို ကြည့်နေသကဲ့သို့ ထိုလူများကို ပြန်ကြည့်နေလိုက်သည်။

*ဟမ်*

*ဘာလို့ ဘာမှမတုံ့ပြန်တာလဲ၊ အဆိပ်က သက်တမ်းကုန်သွားတာလား*

လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့သည် ဇဝေဇဝါ ဖြစ်နေသော အကြည့်များနှင့် အကြီးအကဲ ဟီရှိုရှီကို လှည့်ကြည့်ကြလေသည်။

“ဖြောင်း”

အကြီးအကဲ ဟီရှိုရှီသည် မမြင်ရသော လက်တစ်ဖက်၏ ဖြတ်ရိုက်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ပါးများ တောင့်တင်းသွားသည်။

“ဘယ်လိုလုပ် မင်းက အဆင်ပြေနေတာလဲ”

သူသည် ရဲ့လင်းချန်အား စိုက်ကြည့်၍ အနည်းငယ် စူးစူးဝါးဝါး ဖြစ်နေသော အသံဖြင့် မေးလိုက်သည်။ အကြိမ်ကြိမ် မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့် အတွေ့အကြုံက သူ့စိတ်ထဲမှ ဒေါသကို မီးလောင်ရာ လေပင့်လိုက် သလိုပင်။ သူ၏ ဒေါသများ ပေါက်ကွဲလာသကဲ့သို့ ရဲ့လင်းချန်အပေါ် သူ၏ အမုန်းကလည်း အမြင့်ဆုံးသို့ ရောက်ရှိ သွားသည်။

“အာ … ခင်ဗျားက အဆိပ်အကြောင်း ပြောနေတာလား”

ရဲ့လင်းချန်က အဘိုးအိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။ သို့သော် သူ၏အသံ၌ လူသတ်လိုသော အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။

“စိတ်မကောင်းပါဘူး၊ ကျုပ်က အဆိပ်ပြီးတယ်”

“ဟဲဟဲ အဲ့ဒါလည်း အဆင်ပြေပါတယ်၊ မင်းခန္ဓာကိုယ်ကို ငါ စိတ်ဝင်စားတာက ပိုပြီး တိုးလာပြီ”

အကြီးအကဲ ဟီရှိုရှိသည် ပြန်၍ စိတ်တည်ငြိမ်လာပြီး ရဲ့လင်းချန်အား စေ့စေ့စပ်စပ် ကြည့်ရှုလေသည်။

“ဒီလို အသက်ငယ်ငယ်လေးနဲ့ သိုင်းပညာမှာ ဒီလောက် ကျွမ်းကျင်နိုင်နေပြီဆိုတော့ မင်းက ဆိုးတော့ မဆိုးပါဘူး၊ တကယ်ကို ပါရမီရှင်ပဲ၊ မင်း မောက်မာလွန်းနေတာက ဆိုးတာပဲ”

ရဲ့လင်းချန်က ဘာမှမပြောဘဲ သူ၏ အပြုအမူကို တိတ်ဆိတ်စွာ လေ့လာနေသည်။

ထိုစဉ် အကြီးအကဲ ဟီရှိုရှီက ဆက်ပြောလေသည်။

“ဒါပေမဲ့ ပါရမီရှင်တွေက ငါ့မျက်လုံးထဲမှာ တန်ဖိုးအမဲ့ဆုံး လူတွေပဲ၊ ငါ့စမ်းသပ်ခန်းထဲမှာ ပါရမီရှင် အယောက် တစ်ရာရဲ့ ဦးနှောက်တွေကို ထားထားတယ်၊ ငါက ဒီလောကထဲမှာ ဒဏ္ဍာရီလို့ ပြောရလောက်တဲ့အထိ ကြာကြာ နေခဲ့ပြီးပြီ၊ ငါ မင်းနဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းကို အနိုင်ကျင့်တာနဲ့ တူသွားလိမ့်မယ်၊ အဲ့ဒါကြောင့် မင်းအတွက် ငါ နည်းလမ်း တစ်ခု ပြင်ထားတယ်၊ မင်း ဒူးထောက်ပြီး မင်းအမှားကို ဝန်ခံပြီး ငါ့ဆီက ခွင့်လွှတ်မှု တောင်းခံဖို့ပဲ လိုတယ်၊ ပြီးရင် မင်းဘာသာမင်း လိုလိုလားလားနဲ့ ငါ့အစမ်းသပ်ခံ ဖြစ်လိုက်၊ အဲ့ဒါမှ ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ်”

ရဲ့လင်းချန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။ သူသည် လေကျယ်နေသော အကြီးအကဲ ဟီရှီုရှီအား ကြည့်၍ ရှေ့သို့ ဆက်လျှောက်လာသည်။

အကြီးအကဲ ဟီရှိုရှီ မျက်ခုံး လှုပ်သွားသည်။ ရဲ့လင်းချန်က အလွန် မလေးမစား လုပ်နေသည်ဟု ခံစားမိကာ အလွန်အမင်း ဒေါသထွက်လာသည်။

“မင်း ငါ့နဲ့ မျက်နှာချင်းဆိုင်နေရတာကို အောင်မြင်မှုကြီးတစ်ခုပဲ၊ ငါက ပါရမီရှင်တွေကို တန်ဖိုးထားလို့ ငါ မင်းကို အသက်ရှင်ခွင့် ပေးထားတာ၊ ငါ့ကို ရန်လာစဖို့ ကြိုးစားမနေနဲ့”

သူ့စကားက တိတ်ဆိတ်မှုနှင့်သာ တိုးသွားရသည်။ ရဲ့လင်းချန်သည် နောက်ကွယ်မှ လူကို ရှာတွေ့ပြီဖြစ်သဖြင့် စကားထက် အပြုအမူနှင့်သာ စကားပြောရန် ပိုနှစ်သက်ပေသည်။

မကြာခင်မှာပင် ရဲ့လင်းချန်သည် အကြီးအကဲ ဟီရှိုရှီရှေ့၌ ရပ်ပြီးနေလေသည်။

ရဲ့လင်းချန်ထံမှ ထွက်ပေါ်လာသော ဖိနှိပ်သည့် အရှိန်အဝါကို ခံစားမိပြီး သခင်လေး ထာခဲရှီသည် သူ့ဘာသာသူ တိတ်တဆိတ် နောက်ဆုတ်သွားသည်။

ရဲ့လင်းချန်သည် ဘာစကားမှ ပြောမနေဘဲ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ထိုလက်သီးသည် အပျော့စား မဟုတ်ပေ။ ၎င်းသည် အားအပြည့် ပါဝင်သော လက်သီးတစ်လုံးပင်။

သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် အရဟာ လက်သီးစွမ်းအင်တို့ ပေါင်းလိုက်သောအခါ ထိုလက်သီး၏ အားက အလေးချိန် ၂၅၀၀ ကီလိုဂရမ်ကျော် ရှိနေလေသည်။

ထို့အပြင် အရဟာ လက်သီးစွမ်းအင်သည် သာမန် လက်သီးထက် ပို၍ အဖျက်အား ပြင်းသဖြင့် သူ့လက်သီးအား ပြင်းထန်သော စွမ်းအားတစ်ခု ပေးနေသည်။

ဥပမာပေးရလျင် သာမန် လက်သီးတစ်လုံး ဆိုပါက ၂၅၀၀ ကီလိုဂရမ် အားနှင့်ဆိုလျင် လေ၊ရေတို့ တိုက်စားထားသည့် ကျောက်တုံးကြီးအား အလွန်ဆုံး ပေါက်ကွဲအောင်သာ လုပ်နိုင်ပေလိမ့်မည်။ သို့သော် အတွင်းအားနှင့် ပေါင်းလိုက်လျင် ထိုကျောက်တုံးအား တစ်စစီဖြစ်အောင် ဖောက်ခွဲနိုင်ပေသည်။

ထိုအဖျက်စွမ်းအင်အား ပြင်းအားမြင့် ဖောက်ခွဲရေးပစ္စည်းနှင့် ဆင်တူလေသည်။ ယင်းက အလွန် ကြောက်စရာ ကောင်းပေ၏။

“ဝှီး”

လေပြင်းတစ်ချက် ဖြတ်ပြေးသွားသည်။

ရဲ့လင်းချန်၏ လက်သီးနှင့် ရင်ဆိုင်ရသောအခါ အေးအေးလူလူ လက်ဖက်ရည် သောက်နေသေးသည့် အကြီးအကဲ ဟီရှိုရှီသည် ရုတ်တရက် အမူအရာ ပြောင်းလဲသွားလေသည်။

မရဏ အငွေ့အသက် ပါဝင်နေသည့် ကြောက်စရာကောင်းသော ဖိအားပေးနိုင်သည့် စွမ်းအားတစ်ခုကို သူ ခံစားမိသည်။ ထိုသို့ ဖိအားပေးသော ခံစားချက်အား သူ မခံစားရသည်မှာ နှစ်ပေါင်း မည်မျှ ကြာနေပြီနည်း။

ထိုလက်သီး၏ ဖိအားကြောင့် သူ့အနားမှ လေထုသည် သိပ်သည်းလာပြီဟု ထင်မှတ်ရကာ အသက်ရှူရ ကြပ်သလိုပင် ခံစားလာရသည်။ ထိုအခိုက်မှာပင် ယင်းက ပေါက်ကွဲ ပျက်စီးသွားလေသည်။ ထိုလက်သီးက သူ့ဆီ မရောက်လာခင်မှာပင် ထိုလက်သီးကြောင့် ဖြစ်ပေါ်လာသော လေဖိအားက သူ့မျက်နှာအား ထက်ရှသော ဓားသွားသဖွယ် ဖြတ်တောက်လာလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲ ဟီရှိုရှီ၏ မျက်နှာက ဖြူရော်လာပြီး ကြောက်စိတ်က စိုးမိုးလာသည်။ သူ့မျက်လုံးအိမ်သည် ကျဉ်းမြောင်းလာသည်။ အချိန်တိုအတွင်း ထိုသို့ အားပြင်းသော လက်သီးတစ်လုံး ပစ်သွင်းလာရန် မဆိုထားနှင့် ရဲ့လင်းချန်က တန်း၍ တိုက်ခိုက်လိမ့်မည်ဟုပင် သူ ထင်မထားမိပေ။ ယင်းက သူ၏ ခန့်မှန်းချက်များထက် ကျော်လွန်နေလေပြီ။

သို့သော် သူသည် ကောင်းမွန်သော အရည်အချင်းများနှင့် အတွေ့အကြုံရှိသော လူတစ်ယောက် ဖြစ်သည်။ သူသည် ရင်ထဲမှ ကြောက်စိတ်ကို လျင်မြန်စွာ ဖိနှိပ်နိုင်ပြီး လက်သီးကိုဝင့်၍ တန်ပြန် တိုက်ခိုက်လိုက်သည်။

ဤသို့သော အခြေအနေမျိုး၌ သူ နောက်ဆုတ်မည် မဟုတ်သလို နောက်ဆုတ်၍လည်း မရနိုင်ပါ။ ပြန်လည် တိုက်ခိုက်ခြင်းကသာ ဤအဖြစ်မှ သူ့ကို လွတ်မြောက်နိုင်စေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။

သူ့လက်သီးချက်သည် ရန်သူကို အလျင်စလို တိုက်ခိုက်သော ပုံစံဟု ထင်ရသော်လည်း နောက်ကွယ်မှ ခွန်အားသည် တစ်မူထူးခြားပေသည်။ သူ၏ ကြီးရင့်သော အသက်အရွယ်ကြောင့် ပိန်လှီနေသည့် လက်မောင်း၌ ရုတ်တရက် အားအင်တို့နှင့် ပြည့်နှက်လာ၏။

သို့သော် အခြားသော အကြောင်းအရာများကြောင့် ထိုလက်သီးသည် ရဲ့လင်းချန်၏ လက်သီးနှင့် ယှဉ်လိုက် သောအခါ မကောင်းမွန်သလို ဖြစ်နေ၏။

တစ်ခဏအတွင်းမှာပင် …

“ဝုန်း”

မိုးကြိုးပစ်သံကဲ့သို့သော ပေါက်ကွဲသံတစ်သံ ဖြစ်ပေါ်လာသည်။ အဆောက်အဦး တစ်ခုလုံး တုန်ခါသွားသည်ဟု ထင်မှတ်ရသည်။ လက်သီးချင်း ထိုးမိရမှ ဖြစ်ပေါ်လာသော လေပြင်းသည် ဘေးပတ်လည်သို့ပင် လွင့်စဉ် တိုက်ခတ်လာ၏။ သူတို့အနားမှ ကွန်ပျူတာများ၏ ဖန်သားပြင်များ အက်ကွဲကာ တစ်စစီ ပျက်စီးသွားလေသည်။

သူတို့အနားမှ သခင်လေး ထာခဲရှီနှင့် အခြားသူများ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်နေ၏။ သူတို့သည် အလိုလို နောက်သို့ ဆုတ်မိသွားပြီး သူတို့အား စေ့စေ့ မကြည့်ရဲတော့ချေ။

ထိုလက်သီးမှ စွမ်းအင်သည် အလွန့်ကို ကြောက်စရာ ကောင်းလှပေသည်။

All Chapters