အန္တိမ ပါးရိုက်ခြင်း
Vol. 34 Ch. 505
သူတို့အပြင် ရဲ့လင်းချန်၏ အမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားသည်။
နံပါတ်လေးနှင့် နံပါတ်ခြောက်၏ ပုံပန်းသွင်ပြင်က အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူတို့၏ အကြမ်းဖျင်း ပုံစံက လူနှင့် တူနေသေးသော်လည်း အတော်လေး ကွာခြားကာ ကြောက်စရာကောင်းသည်။
သူတို့သည် အစောပိုင်းကတည်းက ခြေထောက်နှင့် မတ်တပ်ရပ်နေရာမှ လေးဘက်ထောက်နေခဲ့ပြီး သူတို့၏ သွားများက အလွန် ချွန်ထက်ကာ သူတို့၏နှုတ်ခမ်းကို ထိုးစိုက်နေ၏။
အထူးသဖြင့် သူတို့၏ မျက်နှာပုံစံက ပြောင်းလဲနေသည်။ သူတို့၏ မျက်လုံးများက အဖြူနှင့်အမဲ မဟုတ်တော့ဘဲ လိမ္မော်ရောင် ပြောင်းနေကာ နှာခေါင်းနှင့် ပါးစပ်၌ အမွေးများ ပေါက်နေသည်။
သူတို့၏ ခြေလက်များကို ကြည့်လိုက်လျင် လက်ချောင်းလေးချောင်းလုံးက ဆန့်ထွက်နေပြီး လက်သည်းများက ချွန်ထက်နေသည်။ အထူးသဖြင့် နံပါတ်ခြောက်ပင်။ လက်ရှိတွင် သူတို့က လျှာများထုတ်၍ လက်သည်းများမှ သွေးများကို လျက်နေ၏။
“ကြောင်မိစ္ဆာ … ခွေးမိစ္ဆာလား”
လီကျင့် သွေးများ ခမ်းခြောက်ကုန်သည်။ သူ့ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရပြီး ခန္ဓာကိုယ်က အလိုလို ဆန့်ငင်ဆန့်ငင် ဖြစ်လာသည်။
ထိုလူနှစ်ယောက်ကို သူတို့ ကြည့်မိသည်နှင့် အတွေးထဲ ပထမဆုံးဝင်လာသည့်အရာက သူတို့သည် ကြောင်နှင့် ခွေးနှင့် ဆင်တူနေခြင်းပင်။
သူတို့၏ ပုံစံဖြစ်စေ၊ ခန္ဓာကိုယ် အချိုးအစား သို့မဟုတ် မျက်နှာပုံစံဖြစ်စေ၊ နံပါတ်လေးက ခွေးတစ်ကောင်နှင့် တူပြီး နံပါတ်ခြောက်က ကြောင်တစ်ကောင်နှင့် တူလေသည်။ ယင်းကြောင့်ပင် သူတို့က ပို၍ ကြောက်စရာ ကောင်းနေခြင်း ဖြစ်သည်။
“ကျင့် ဘယ်လိုဖြစ်တာလဲ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်ပိုင်း တိရစ္ဆာန်တွေနဲ့ မျိုးစပ်တာကို တားမြစ်ထားတယ် မဟုတ်ဘူးလား၊ မင်းတို့ တရုတ်တွေက … အရမ်း ကြောက်ဖို့ကောင်းတာပဲ …”
အလီ မျက်ရည်ကျလုနီးပါး ဖြစ်နေပြီး သူ၏ ထွေနေခြင်းများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ လက်ရှိတွင် သူ့စိတ်သည် လုံးဝ ရှုပ်ထွေးနေ၏။
“သောက်ကျိုးနည်း ငါက ဘယ်လိုလုပ် သိမှာလဲ၊ ဆက်တိုက်ရအောင်”
“ဟားဟား … သေလိုက်တော့”
နံပါတ်လေးနှင့် နံပါတ်ခြောက်က ထပ်ခါထပ်ခါ သရော်လေသည်။ သူတို့သည် သားရဲရိုင်းများသဖွယ် လေးဘက်ထောက်၍ ပြေးလာပြီး ကြမ်းကြုတ်သော မာန်ဖီသံများ ပြုလုပ်လာကြသည်။
“အား … လခွမ်း … ကယ်ကြပါ”
ဤသို့ ကြောက်စရာကောင်းသော အခြေအနေ၌ လီကျင့်နှင့် အလီတောင်မှ တုန်လှုပ်လာပြီး အော်ဟစ်မိကြသည်။
“ရပ်စမ်း၊ အဲ့ကောင်မလေးကို လွှတ်လိုက် … ပြီးတော့ အဲ့လူနှစ်ယောက်ကိုရောပဲ”
ထိုအော်သံအပြီး၌ ပတ်ဝန်းကျင်က တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားသည်။ ထိုစဉ် ရဲ့လင်းချန်က အမှောင်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။
“ရဲ့ … သခင်လေးရဲ့”
လီကျင့်နှင့် အလီတို့သည် စိတ်လှုပ်ရှားလွန်း၍ မျက်လုံးများပင် နီလာသည်။ သူတို့သည် အပြေးသွား၍ ရဲ့လင်းချန်၏ ပေါင်နှစ်ဖက်ကို ဖက်ထားချင်စိတ် ပေါက်နေ၏။
“ရှင်ပါလား”
တုန်းမြောင်မြောင်သည်လည်း ရဲ့လင်းချန်ကို မြင်ပြီး အံ့ဩသွားလေသည်။ သူမတို့၏ နောက်ဆုံးတွေ့ဆုံမှုကို ပြန်အမှတ်ရပြီးနောက် သူမ မှင်တက်မိသွားသည်။ သူမတို့ ဤသို့သော အခြေအနေမျိုးနှင့် ပြန်တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“မင်းက ဘယ်သူလြ”
နံပါတ်လေးနှင့် နံပါတ်ခြောက်သည် သွားများဖြဲ၍ စိတ်မရှည်စွာ အော်ဟစ်လေသည်။
“တရားမျှတမှုက နောက်ကျမှ ရောက်လာနိုင်လောက်ပင်မယ့် … ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး”
ရဲ့လင်းချန်သည် ညတာ၌ အေးအေးလူလူ လမ်းလျှောက်သကဲ့သို့ လျှောက်လာလေသည်။ ထိုအခိုက်တွင် သူသည် တာအိုဝတ်စုံဝတ်၍ လက်ထဲ၌ နှင်တံတစ်လက်ကို ကိုင်ထားချင်စိတ် ပေါက်နေလေသည်။ ထိုပုံစံသည် မြင့်မြတ်၍ သူရဲကောင်းဆန်ကာ နတ်ဆိုးဖမ်းသူတစ်ယောက်နှင့် တူနေလောက်သည်။
သူက စူးစိုက်ကြည့်၍ စူးရှစွာ အော်ငေါက်လိုက်သည်။
“ဟူး … ဒါ ဘယ်လိုမိစ္ဆာလုပ်ရပ်လဲ၊ မင်းရဲ့ မူလပုံစံကို မပြသေးဘူးလား”
“ယီးပဲ နောက်ထပ် အရူးတစ်ယောက်ပဲ”
နံပါတ်လေးက ကျိန်ဆဲလေသည်။ သူသည် ဦးတည်ရာပြောင်း၍ ရဲ့လင်းချန်ထံ ပြေးဝင်လာသည်။
“ဝှီး”
သူသည် သတ်ဖြတ်လိုသော အငွေ့အသက်နှင့်အတူ လေထဲသို့ ခုန်လွှားလိုက်သည်။ သူသည် ခက်ထန်သော အရှိန်အဝါနှင့် အကြိမ်အနည်းငယ်မျှ ဟောင်လိုက်သေးသည်။
ချွန်ထက်သော သွားများက လရောင်အောက်၌ ပို၍ တောက်ပနေပြီး သူ၏ ရှည်လျား၍ ချွန်ထက်သော လက်သည်းများက ပို၍ ကြောက်စရာ ကောင်းနေသည်။ သူ၏ လျင်မြန်သော လှုပ်ရှားမှုများက အမဲလိုက်ခွေး တစ်ကောင်နှင့် ဆင်တူပြီး အမဲလိုက်ခွေးတစ်ကောင်၏ အငွေ့အသက် အပြည့်အဝ ပေါ်လွင်နေလေသည်။
သူသည် လက်သည်းများကို ရဲ့လင်းချန်၏ ပခုံးသို့ ဦးတည်ထားပြီး ပါးစပ်ကိုဖြဲ၍ ရဲ့လင်းချန်၏ လည်ပင်းကို ချိန်ရွယ်ထားသည်။
ထိုချွန်ထက်သော လက်သည်းများက ဓားတစ်လက်ထက်ပင် ပို၍ ထက်ရှပြီး အနီးကပ် တိုက်ပွဲ၌ အလွန် ကြောက်စရာ ကောင်းသည်။ ရဲ့လင်းချန်၌ ဘယ်လို တုံ့ပြန်မှုမျိုး ရှိနေပါစေ၊ နံပါတ်လေးသည် ထိုလက်သည်း များနှင့် တစစီ စုတ်ဖြဲနိုင်သည်ဟု ယုံကြည်ချက် ရှိနေသည်။ ရဲ့လင်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ လက်သည်းဖြင့် ကုတ်ဖဲ့နိုင်သည်နှင့် သူ့သွားများက လည်ပင်းကို ချက်ချင်း ထိုးဖောက်နိုင်စွမ်း ရှိသည်။ သားကောင်က ဘယ်သူဘယ်ဝါ ဖြစ်ပါစေ လည်ပင်းထဲသို့ သူ့သွားများ ဝင်သွားသည်နှင့် ဘုရားပင် ဆင်းကယ်ရန် ခက်ခဲသွားပေလိမ့်မည်။
သူ ပို၍ နီးကပ်လာသည်။
မျက်တောင် တစ်ခတ်အတွင်းမှာင် လက်မဝက်မျှသာ ကွာဝေးတော့ပြီး နံပါတ်လေးက သွေးဆာသော အပြုံးမျိုး ပြုံးလေသည်။ ဤသို့သော အကွာအဝေးနှင့်ဆိုလျင် မည်သို့သော သားကောင် ဖြစ်ပါစေ တိုက်ခိုက်မှုအား ရှောင်လွှဲနိုင်မည် မဟုတ်ပါ။
သူသည် ရပ်မြဲရပ်နေသော ရဲ့လင်းချန်ကို ကြည့်ပြီး စိတ်ထဲမှ သရော်လိုက်သည်။
*ဟီးဟီး ဒီကောင်လေးက ကြောက်လွန်းလို့ ငတုံးဖြစ်သွားတဲ့ပုံပဲ၊ ငါ သူ့ကို ချက်ချင်း သတ်ပစ်လိုက်မယ်*
“သခင်လေးရဲ့”
“မစ္စတာရဲ့”
လီကျင့်၊ အလီနှင့် တုန်းမြောင်မြောင်တို့က စိုးရိမ်တကြီး အော်ဟစ်လာသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်က လက်တစ်ဖက်ကို မြှောက်လိုက်သည်။
လက်ကိုမြှောက်၍ လက်ဝါးဖြန့်ကာ လွှဲရိုက်လေသည်။ ယင်းက အလွန် ရိုးရှင်းသော လှုပ်ရှားမှုပင်။ ယင်းက သာမန်လူတစ်ယောက်၏ ပါးရိုက်လိုက်သော လှုပ်ရှားမှုနှင့် အတူတူပင်။ ခြားနားချက်ဟူ၍ ရဲ့လင်းချန်၏ ကျန်လက်တစ်ဖက်ကို နောက်ပစ်ထားခြင်းသာ ရှိလေသည်။
“သူ့ဦးနှောက်က ချောင်နေတဲ့ပုံပဲ”
နံပါတ်လေးက အထင်အမြင်သေးစွာ ခနဲ့၍ သားရဲတစ်ကောင်သဖွယ် မာန်ဖီလေသည်။ ရဲ့လင်းချန်သည် တစ်ခဏအတွင်း မြေကြီးပေါ် ပစ်လဲတော့မည့်ပုံ ပေါ်နေသည်။
ထိုစဉ် အားပြင်းသော စွမ်းအင်တစ်ခုက ဘေးတစ်ဖက်မှ ကျဆင်းလာသည်။ ၎င်းသည် အလွန် လျင်မြန်ပြီး နံပါတ်လေး၏ ဘေးနားသို့ ချက်ချင်း ရောက်ရှိလာ၏။
“ယီးပဲ”
နံပါတ်လေး အလန့်တကြား ရေရွတ်လိုက်မိသည်။ ထိတ်လန့်လွန်း၍ သူ့ဆံပင်များပင် ထောင်လာကာ လက်ကို အလျင်အမြန် မြှောက်၍ ကာလိုက်ရသည်။
သို့သော် ထိုစွမ်းအင်အောက်၌ သူသည် သေးနုပ်ပုံ ပေါ်နေသည်။ ထိုရိုက်ချက်က သူ့လက်ကောက်ဝတ်ပေါ် ကျရောက်လာပြီး ထိုမျှနှင့် မရပ်သွားဘဲ သူ့လက်ကောက်ဝတ်နှင့်အတူ ရှေ့ဆက်လာသည်။
အရာအားလုံးကို ဖျက်ဆီး၍ ရိုက်ဖြတ်လာ၏။
“အိ”
ကျယ်လောင်သော ရိုက်ချက်နှင့်အတူ နံပါတ်လေးသည် လည်ထွက်သွားပြီး ဆယ်မီတာကျော် လွင့်သွား လေသည်။
“အီအီ”
သူသည် ခွေးပေါက်သဖွယ် အီနေပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေကာ မြေကြီးပေါ် ကျပြီးနောက် ပြန်မထနိုင်တော့ချေ။
ထိုမြင်ကွင်းက တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
လူတိုင်းက အံ့ဩနေပြီး ရဲ့လင်းချန်အား နတ်ဘုရားတစ်ပါးကို ကြည့်သကဲ့သို့ ကြည့်နေ၏။
သူတို့သည် နံပါတ်လေးကို ပြန်ကြည့်မိသောအခါ ပင့်သက်ရှိုက်မိသွားသည်။ ၎င်းက နံပါတ်လေးနှင့် ခြောက်သို့ အသွင်ပြောင်းစဉ်ကထက် ပို၍ အံ့ဩစရာ ကောင်းသည်။
လက်ရှိတွင် နံပါတ်လေးသည် အစောပိုင်းကကဲ့သို့ မခက်ထန်တော့ချေ။ သူ့မျက်နှာတစ်ခြမ်းက အရိုက်ခံထားရ၍ ရောင်ကိုင်းနေသည်။ သူ၏ ခွေးသွာများအားလုံး မြေကြီးပေါ် ကျွတ်ကျနေပြီး ပုံစံက ကြည့်ရဆိုးလှသည်။
ရိုက်ချက်တစ်ခုက ထိုမျှ အားပြင်းနေသည်က မယုံနိုင်စရာပင်။
“ဘယ်သူ လာဦးမလဲ”
ရဲ့လင်းချန်က ဂုဏ်ယူစွာ ရပ်၍ ဆံပင်ကို သပ်လိုက်သည်။ သူသည် နံပါတ်ခြောက်ကို တည်ငြိမ်စွာ လှမ်းကြည့်၍ ပြုံးပြလေသည်။
ထိုသို့ ကြည့်လိုက်သည်နှင့် နံပါတ်ခြောက်၏ ခန္ဓာကိုယ်မှ အမွေးများက ကြောင်တစ်ကောင်ကဲ့သို့ ထောင်တက် လာသည်ကို သူ သတိထားလိုက်မိသည်။ သူသည် အကြီးမားဆုံး ရန်သူနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါနေ၏။
“ခုနက သိုင်းပညာက ဘာလဲ’
နံပါတ်ခြောက်၏ လိမ္မော်ရောင် မျက်လုံးက ကျဉ်းမြောင်းလာသည်။ သူသည် ရဲ့လင်းချန်ကို ကြည့်နေပြီး ကိုယ်ကိုကိုင်း၍ မသိမသာ နောက်ဆုတ်နေသည်။
“အန္တိမ ပါးရိုက်ခြင်းလေ”
ရဲ့လင်းချန်က ပြောရင်း လက်ကိုမြှောက်လိုက်သည်။
“ခွီး…”
နံပါတ်ခြောက်က အလန့်တကြား အော်ဟစ်၍ နောက်လှည့်ကာ အမှောင်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ပြေးထွက် သွားသည်။
သူသည် အလွန် လျင်မြန်ပြီး ခြေလက်များက ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးလေသည်။ မကြာခင်မှာပင် သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။
ထိုအခိုက်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ယင်းက … ထွက်ပြေးခြင်းပင်။
ထိုအူကြောင်ကြောင် သိုင်းနာမည်ကို ကြားပြီးနောက် သူ စောဒက တက်ချိန်ပင် မရလိုက်ပါ။
သူ၏ သားရဲဆန်သော မသိစိတ်က သူ့အား သေမင်းနတ်ဘုရား၏ စောင့်ကြည့်ခြင်း ခံရသကဲ့သို့ ခံစားရစေသည်။ အကယ်၍ သူသာ တစ်စက္ကန့်မျှ ဆက်နေမိပါက သေမင်းလက်ထဲ ရောက်သွားလောက်သည်။
“အန္တိမ ပါးရိုက်ခြင်းလေ”
သူ့အနောက်မှ အသံက အေးအေးလူလူ ပြောနေပြီး နံပါတ်ခြောက်၏ နှလုံးအား လျင်မြန်စွာ ခုန်လာစေကာ မျက်လုံးတွင်း၌ ဆောက်တည်ရာမရဟန် ပေါ်လာစေသည်။
သူ၏ ကြောင်ခန္ဓာကိုယ်၏ ပေါ့ပါးမှုကို အားကိုး၍ ခြုံများနှင့် ကျောက်တုံးများကို ခုန်ကျော်နေသော်လည်း အဘယ်ကြောင့် ရဲ့လင်းချန်ထံမှ မလွတ်နိုင်လည်း စဉ်းစားမရ ဖြစ်နေ၏။
“ညှောင်”
“ဖြောင်း”
….