သနားစရာကောင်းပြီးတော့ ရယ်စရာ ကောင်းတယ်
Vol. 40 Ch. 600
ထိုကဲ့သို့ ဖြစ်မလာသင့်ပေ။ သို့သော် ယင်းက မျက်စိရှေ့မှာ တည့်တည့်မှာပင် ဖြစ်ခဲ့လေသည်။ ရဲ့လင်းချန်၏ အထက်စီးဆန်သော စကားကြောင့် လူတိုင်း ချက်ချင်း စိတ်လှုပ်ရှားကာ သွေးပွက်ပွက်ဆူလာသည်။ ယင်းက သူတို့ကို ဝူရှ ရုပ်ရှင်ထဲမှ အရှိန်အမြင့်ဆုံး အချိန်ကို မြင်တွေ့ရလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
*မိုက်တယ်*
*ယောက်ျားကောင်းတစ်ယောက်က ဒီလိုပဲ ဖြစ်သင့်တယ်*
လက်ရှိတွင် ညကောင်းကင်ယံအောက်၌ ရဲ့လင်းချန်သည် ဥပေက္ခာ ပြုထား၍ မရနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေသည်ဟု ထင်မှတ်ရသည်။
မိန်းကလေးအချို့သည် မထိန်းနိုင်ဘဲ အော်ဟစ်လာသည်။ ရဲ့လင်းချန်နှင့် ယှဉ်လိုက်သောအခါ ကင်ဟျွန်းမင်သည် ငပျော့ကောင်ဟုပင် ပြော၍ မသတ်မှတ်နိုင်တော့ပေ။ ဤသည်ကမှ ယောက်ျားတစ်ယောက် ပြုမူနေထိုင်သင့်သော ပုံစံ ဖြစ်သည်။ ယင်းသည် မှတ်ယူသင့်သော ယောက်ျားဆန်မှုပင်။ ကိုရီးယားနိုင်ငံမှ ကိုရီးယား အမျိုးသား ယှဉ်နိုင်စွမ်းပင် မရှိပေ။
ကင်ဟျွန်းမင်သည် မြေကြီးပေါ် လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေသည်။ ယင်းက လူအုပ်ကြီးကို အတော်လေး လန့်သွားစေသည်။
ထိုအရာသည် အိပ်မက် မဟုတ်ချေ။ ကင်ဟျွန်းမင်သည် အမှန်တကယ်ကို ကန်ချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။ မကြာသေးခင်ကမှ သူသည် မာန်မာနအပြည့်နှင့် ဖြစ်နေခဲ့သော်လည်း တစ်ခဏအတွင်း သူ့မျက်နှာက ဖြူရော်ကာ ဗိုက်ကိုအုပ်၍ နာကျင်စွာ ညည်းညူနေ၏။
လူတိုင်း လက်ရှိ အခြေအနေကို မည်သို့ တုံ့ပြန်ရမလဲမသိ ဖြစ်နေကြသည်။ သို့သော် သူတို့အားလုံး၏ မျက်လုံးတွင် မယုံနိုင်ဟန်များနှင့် ပြည့်နေပြီး ရဲ့လင်းချန်၏ သတ္တိကြောင့် ထိတ်လန့်နေသည်။
*သူ တကယ်ကြီး ချရဲတာပဲ*
အထူးသဖြင့် ရဲ့လင်းချန်သည်လည်း အနုပညာရှင်တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့ သူ အတင့်ရဲစွာ ပြုမူရဲသည်က မယုံနိုင်လောက်အောင် သတ္တိကောင်းလှပေသည်။ သူသည် ကိုရီးယားနိုင်ငံမှ နာမည်ကြီးနေသော လူပျော့လေးကို ယခုလေးတင် ရန်ရှာခဲ့သည်။ အကျိုးဆက်များကို သူ မကြောက်လေသလား။
အနုပညာရှင်များသည် သူတို့၏ ပုံရိပ်ကို အရင်ဆုံး ထိန်းသိမ်းရသည်။ အခြားသူ တစ်ယောက်ကို ရန်ရှာခြင်းက သူ၏ အသက်မွေးဝမ်းကြောင်းကို အဆိုးများ သက်ရောက်နိုင်သော ရိုင်းစိုင်းသော အပြုအမူတစ်ခုပင်။ ထို့အပြင် သူ ရန်ရှာခဲ့သောသူက စူပါစတားတစ်ဦး ဖြစ်နေသည်။ ၎င်းသည် ဖုံးဖိထားနိုင်သည့် ရိုးရှင်းသော ကိစ္စလေးတစ်ခု မဟုတ်တော့ချေ။
“ရဲ့နတ်ဘုရားက သတ္တိကောင်းလွန်းတယ်”
“သူက ဘာကို ကြောက်ရမှာလဲ၊ ဒီမှာ ငါတို့ မျက်မြင်သက်သေတွေ အများကြီးကို ငါတို့ ရဲ့နတ်ဘုရားကို ထောက်ခံတယ်”
“ဒါ တကယ်ကြီး ဘတ်စကက်ဘော စူပါစတား ရဲ့ပဲ”
“ငါ သူ့ကို ဘဝရဲ့ ရုန်းကန်ခြင်းမှာလဲ တွေ့ဖူးသလိုပဲ”
“လခွမ်း၊ ဒါဆို သူက ဧရာမ စပါးအုံးမြွေကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့သူလား၊ ကင်ဟျွန်းမင်ကို သူ ကန်ချက် တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့တာ မဆန်းဘူး၊ မိုက်တယ်”
တော်တော်များများသည် အစပိုင်း၌ မသိကြသော်လည်း မကြာခင်မှာပင် ရဲ့လင်းချန်က ဘယ်သူလဲ ဆိုသည်ကို သတိထားမိစပြုလာသည်။ အဖြစ်အပျက် နှစ်ခုလုံးက နာမည်ကြီးသည် မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် သူ့အတွက် သူတို့၏ လေးစားမှုနှင့် အားပေးမှုက ပို၍ ကြီးထွားလာ၏။
အကြောင်းမှာ ရဲ့လင်းချန်သည် ဘတ်စကက်ဘော ပြိုင်ပွဲအတွင်း၌ ကိုရီးယားအသင်းကို သင်ခန်းစာ ပေးခဲ့၍ ဖြစ်သည်။ ထိုအချိန်က ကိုရီးယားနိုင်ငံ၏ ဘတ်စကက်ဘော ကစားသမားများသည် ကင်ဟျွန်းမင်ကဲ့သို့ မာန်တက်ကာ တရုတ်လူမျိုးများကို အထင်သေးခဲ့သည်။ သူတို့အား ရဲ့နတ်ဘုရားက သင်ခန်းစာ ပြင်းပြင်း ပေးခဲ့လေသည်။
ယခုအခါတွင် သမိုင်းက တကျော့ပြန်လည်လာသည်။
ယင်းသည် တကယ်ကို အံ့ဩစရာကောင်းသည့် တိုက်ဆိုင်မှုပင်။
*ရန်စသည်တဲ့လား၊ အနုပညာရှင်တစ်ဦးကို ရန်လုပ်သည်တဲ့လား*
အခြားသော အနုပညာရှင်များ မလုပ်ရဲသော်လည်း ရဲ့နတ်ဘုရားက လုပ်ရဲပါသည်။ သူသည် ဧရာမ စပါးအုံးမြွေကြီးကိုပင် တိုက်ခိုက်ရဲသည့်သူ ဖြစ်သည်။ ထို့အပြင် သူသည် ကိုရီးယားနိုင်ငံမှ လူများအား သင်ခန်းစာ ပေးရာ၌ ဘယ်သောအခါမှ တုံ့ဆိုင်းမနေတတ်ချေ။ သူ လှုပ်ရှားရဲသည်က မဆန်းတော့ပါ။
သို့သော် ယင်းက အလွန့်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
အချို့သည် အံ့ဩမှင်တက်ပြီး အချို့က စိတ်လှုပ်ရှားကာ အခြားသောသူများက အော်ဟစ် အားပေးကြသည်။
ဘေးမှရပ်ကြည့်သူများသည် ပွဲကြည့်ရုံသက်သက် မဟုတ်ပေ။ သူတို့သည် ကင်ဟျွန်းမင်ကို အလွန် မုန်းတီးနေ သူများ ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိန်းချုပ်နေခဲ့ရသည်။ သူတို့သည် ကင်ဟျွန်းမင်ကဲ့သို့သောလူစားမျိုး ထွက်သွားသည်ကို မတတ်သာဘဲ ကြည့်နေရုံသာ ရှိခဲ့ရသည်။ ထိုမခံမရပ်ဖြစ်ခြင်းနှင့် ဒေါသတို့သည် ရဲ့လင်းချန် လှုပ်ရှားလာသည်ကို မြင်သောအခါ ချက်ချင်း ထွက်ပေါက်တွေ့သွားကာ သူတို့အားလုံး အလွန်အမင်း စိတ်လှုပ်ရှား လာကြသည်။
ထို့အပြင် ကင်ဟျွန်းမင်၏ ကိုရီးယား အနုပညာရှင်ဟူသော အဆင့်အတန်းကိုပါ ပေါင်းလိုက်သောအခါ သူတို့ အလွန်အမင်း စိတ်အေးသွားပြီး အားတက်လာကြသည်။
*လန်းဆန်းသွားတာပဲ*
*ယောက်ျားဆန်လိုက်တာ၊ တရုတ်လူမျိုး အနုပညာရှင်ဆိုတာ ဒီလိုပဲ ဖြစ်သင့်တယ်”
“ကောင်းတယ်ဟေ့”
ရုတ်တရက် လူအုပ်ထဲမှနေ၍ လူတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလာသည်။
ထိုအော်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အခြားသူများ လျင်မြန်စွာ သတိဝင်လာကြသည်။
“ဟုတ်တယ်၊ ကောင်းတယ်ဟေ့”
“အဲ့ဒါက တကယ် မိုက်တယ်၊ ကောင်းလိုက်တဲ့ ကန်ချက်လို့ပဲ ငါ ပြောနိုင်တော့တယ်”
“သေစမ်းကွာ၊ ဘယ်လိုလုပ် ကင်ဟျွန်းမင်လိုလူမျိုးက တရုတ်နိုင်ငံမှာ နာမည်ကြီးနေရတာလဲ၊ ကောင်းကင်ဘုံက မျက်စိမှောက်နေတာပဲ ဖြစ်မယ်”
“မျက်စိကန်းနေတာက အဲ့ဒီ အမာခံ ပရိသတ်တွေလေ”
“ကိုရီးယားနိုင်ငံက တကယ်ကို ရက်စက်တယ်၊ သူ့ကို ရိုက်သတ်ကြ”
အားပေးသံများက ဆက်လက်၍ ထွက်ပေါ်နေပြီး အချို့ဆိုလျင် မျက်နှာများ နီရဲလာပြီး အသံများ အက်ကွဲ လာသည်။
သို့သော် ထိုအားပေးသံများထဲ၌ ကန့်ကွက်သံအချို့လည်း ရှိနေသည်။ ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များသည် တကယ်ကို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများ ဖြစ်ပြီး ထိုအခြေအနေ၌ သူ၏ လုပ်ရပ်များကို ကာကွယ်ပေးရန် ကြိုးစားနေကြဆဲပင်။
“နင် သူ့ကို ဘယ်လိုလုပ် ရန်ရှာရဲတာလဲ”
“ငါတို့ ကင်ဟျွန်းမင်ကို နင် ဒဏ်ရာရအောင် လုပ်တယ်၊ ငါ နင့်ကို တရားစွဲမယ်”
“ညီအစ်မတို့၊ သူ့ကို ရစရာ မရှိအောင် လုပ်ပြီး သူ့နာမည်ကို လိုင်းပေါ်မှာ အိုးမဲသုတ်ပစ်ရအောင်”
“ငါတို့ သူ့ကို ဒီအတိုင်း ထားလို့မရဘူး၊ ငါတို့ သူ့ကို တရားစွဲပြီး နာမည်ပျက်စာရင်းဝင်အောင် လုပ်ရမယ်၊ အဲ့ဒီ ယဉ်ကျေးမှု မရှိတဲ့ အပြုအမူကို ကြည့်ဦး၊ ငါတို့နိုင်ငံအတွက် ရှက်ဖို့ကောင်းတယ်”
…
ဘေးမှလူများက ထပ်၍ သည်းမခံနိုင်တော့ဘဲ ဝင်ပြောလာသည်။
“မင်းတို့ မိန်းကလေးတွေ ဘာဖြစ်နေတာလဲ၊ ကင်ဟျွန်းမင် မင်းတို့ကို ဘယ်လို ဆက်ဆံလဲဆိုတာကို မမြင်ဘူးလား၊ ဒါတောင် မင်းတို့က သူ့ပရိသတ်အဖြစ် ဆက်နေချင်သေးတာလား၊ မင်းတို့ဦးနှောက်က တစ်ခုခု မှားနေတာလား”
ခပ်ပြည့်ပြည့် မိန်းကလေးတစ်ယောက်က ချက်ချင်း ဒေါသထွက်လာပြီး သူတို့ကို စူးစူးရဲရဲ ကြည့်လာသည်။
“အဲ့ဒါ ရှင်တို့ ကိစ္စ မဟုတ်ဘူး၊ ငါတို့က ကင်ဟျွန်းမင်ကို ချစ်ရုံလေးပဲ၊ သူ ငါတို့ကို ထိခိုက်အောင် လုပ်ရင်တောင်မှ နင်တို့ထက် သာနေတုန်းပဲ”
“ဟုတ်တယ်၊ ငါတို့က ကင်ဟျွန်းမင်ကို အမြဲတမ်း အားပေးနေမှာ၊ နင်တို့က သူ့ကို မနာလို ဖြစ်နေတာပဲ”
အခြား မိန်းကလေး တစ်ယောက်က ဝင်ပြောလာသည်။
“ငါတို့က သူ့ကို မနာလိုဖြစ်တယ် ဟုတ်လား”
အမျိုးသားတစ်ယောက်က မနေနိုင်ဘဲ ရယ်၍ မှတ်ချက်ပြုသည်။
“မင်းတို့ မိန်းကလေးတွေက ဒီလောက် ငယ်ငယ်လေးနဲ့ မျက်စိကန်းနေတာပဲ၊ ရှက်စရာပဲ”
“ကန်းရုံတင် မကဘူး၊ ဒါကို ကြည့်ရုံနဲ့တင် သူတို့အတွေးတွေက ပုပ်ပွနေပြီလို့ ငါ ထင်တယ်၊ သူတို့ စိတ်ဒဏ်ရာရပြိး သူတို့ ဘိုးဘွားတွေကိုတောင်မှ မမှတ်မိနိုင်တော့ဘူး ထင်တယ်၊ မဟုတ်ရင် ဘယ်လိုလုပ် သူတို့က ကိုရီးယားနိုင်ငံက ငပျော့ကောင်ကို ကြိုက်နေမှာလဲ”
“သူတို့မိဘတွေကိုလဲ မေ့နေလောက်တယ်၊ သူတို့မိဘတွေသာ သူတို့အခြေအနေကို သိရင် သူတို့တွေ နှလုံးရောဂါ ရလောက်တယ်”
ဤနေရာ၌ ကင်ဟျွန်းမင်၏ အမာခံ ပရိသတ် များများစားစား မကျန်တော့ပေ။ သို့သော် သူတို့သည် အလွန်အမင်း ခေါင်းမာပြီး အဆိပ်ပြင်းသည်။ ဤနည်းအားဖြင့် နှစ်ဖက်လုံးမှ လူများက စကားနိုင်လုပွဲအား စတင်လေတော့သည်။
“ရဲ့နတ်ဘုရား”
Gala နွေဦးပွဲတော်မှ စင်နောက်ဘက် ဝန်ထမ်းတစ်ယောက်က သူ့အား အလျင်အမြန် အော်ခေါ်လာသည်။
အခြားသော အနုပညာရှင်များနှင့် ရိုက်ကူးရေး ဝန်ထမ်းများကလည်း သူ့အား အကြည့်များဖြင့် အချက်ပြ နေကြသည်။
ရဲ့လင်းချန်၏ ကန်ချက်က ကင်ဟျွန်းမင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်ခဲ့ရုံတင်မကဘဲ သူတို့၏ နှလုံးသား ထဲသို့လည်း ဝင်ရောက်ခဲ့သည်။ ၎င်းသည် အလွန် ရဲတင်းလွန်းပြီး ဆင်ခြင်တုံတရား ကင်းမဲ့လှသည်။ Gala နွေဦးပွဲတော်က မပြီးသေးသော်လည်း သူသည် နိုင်ငံခြား ဧည့်သည်တစ်ဦးကို ရန်လုပ်ခဲ့သည်။ ထို့အပြင် သူသည် စူပါစတားတစ်ဦး ဖြစ်နေ၏။ အခြေအနေအားလုံးက အများမြင်ကွင်း၌ ဖြစ်ခဲ့လေသည်။
ဤသည်ကြောင့် မည်သူမဆို မှင်တက်သွားလောက်သည်။ သူတို့သည် သူ့အား ကြင်နာစိတ်ဖြင့် ဖျောင်းဖျရန် ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော် ရဲ့လင်းချန်က ထိုအချက်ပြမှုများကို လျစ်လျူရှုထားသည်။ သူသည် နေရာ၌ ရပ်မြဲရပ်၍ ကင်ဟျွန်းမင်ရှေ့၌ ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါတို့နိုင်ငံကို မင်းလုပ်ချင်သလို လုပ်လို့ရတဲ့နေရာလို့ ထင်မနေနဲ့၊ တစ်ချို့လူတွေက မင်းကို သည်းခံချင် သည်းခံလိမ့်မယ်၊ ဒါပေမဲ့ ငါကတော့ အဲ့လို မဟုတ်ဘူး၊ တောင်းပန်လိုက်၊ ငါ့ကို ထပ်ပြောရအောင် မလုပ်နဲ့”
ထိုစကားများက အစောင့်များကို ဦးတည်ပြောဆိုခြင်း ဖြစ်သည်။
သူတို့သည် အလွန် သတ္တိမဲ့လှသည်။ ရှက်စရာ ကောင်းလှပေသည်။
သို့သော် ကင်ဟျွန်းမင်၏ လုပ်ရပ်များကို မသိချင်ယောင်ဆောင်ခဲ့သော အစောင့်များသည် ရဲ့လင်းချန်က ကင်ဟျွန်းမင်အား ကန်လိုက်သည်ကို မြင်ပြီးနောက် ကြမ်းကြုတ်သော မျက်နှာအမူအရာများ ဖြစ်ပေါ်လာသည်။ သူတို့က အပြစ်တင်လာကြသည်။
“မင်းက ဘာဖြစ်နေတာလဲ၊ မင်းက ကြမ်းကြမ်းတမ်းတမ်း ပြုမူရဲရသလား”
“မင်းလုပ်ရပ်တွေက တရားဥပဒေရဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်”
အစောင့်တစ်ယောက်က ရဲ့လင်းချန်ထံ ပေါ်တင် ချဉ်းကပ်လာသည်။
“အခုချက်ချင်း ရပ်ပြီး တောင်းပန်စမ်း”
“ဟားဟား … သနားစရာပဲ၊ ရယ်စရာကောင်းလိုက်တာ”
ရဲ့လင်းချန်က ဟန်လုပ်ပြုံး၍ ခေါင်းခါသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လာပြီး သူ့အကြည့်များက ပို၍ အေးစက်လာသည်။ အစောင့်များက သူ့အနားသို့ မရောက်ခင်မှာပင် သူသည် ခြေထောက်ကို မြှောက်၍ နောက်တစ်ကြိမ် ကန်လိုက်သည်။ ထိုကန်ချက်က အစောင့်၏ ဝမ်းဗိုက်သို့ ကျရောက်သွားပြီး သူ ရှိနေခဲ့သည့် နေရာသို့ သနားစဖွယ် လိမ့်သွားလေသည်။