မကောင်းသော အခြေအနေ
Vol. 8 Ch. 108
[အဟမ်း ငါ့ကောင်တို့ အာရုံစိုက်ကြဦး၊ ဂိမ်းက စတော့မယ်၊ မဆိုင်တဲ့အရာတွေ မပြောနဲ့တော့]
ရဲ့လင်းချန်က အသာချောင်းဟန့်၍ ကူကယ်ရာမဲ့သော လေသံဖြင့် သူတို့ကို သတိပေးလိုက်သည်။
ဝူအာ၏ အသံက သူ့နားထဲတွင် ချိုမြိန်ပါ၏။ သို့သော် သူမက ထိုအသံဖြင့် သူ့အား အီစီကလီစီ ပြောလာလျင် ဖြေရှင်းရ ခက်ပေလိမ့်မည်။
အခြားသူများ ဘယ်လိုနေလဲ ရဲ့လင်းချန် မသိသော်လည်း သူကတော့ မခံနိုင်ပါ။
ဖန်သားပြင်၌ ဂိမ်းပွဲစတင်တော့မည့် စာပေါ်နေသည်။
[ဝိုင်နတ်ဘုရား နင် ဘယ် ဟီးရိုးကိုင်ဖို့ စဉ်းစားတာလဲ]
ကိုးလ် မေးလိုက်သည်။
[မဟုတ်မှ အခုထိ ရှဲဒိုးဖီးန်ပဲလား]
[ဟုတ်တယ် ငါ ရှဲဒိုးဖီးန်ပဲ သုံးဖို့ စဉ်းစားတယ်]
[ဝိုင်နတ်ဘုရား ရှဲဒိးဖီးန်က အရမ်း ကိုင်ရခက်တယ်၊ ပြိုင်ဘက်တွေကလည်း အသင်းလိုက် ကစားတာကို ကျွမ်းတယ်၊ ငါတို့ ဟီးရိုး ရွေးတဲ့နေရာမှာ ပိုသတိထားသင့်တယ်]
09 က လေးနက်သော အသံဖြင့် အကြံပေးလာ၏။
ရဲ့လင်းချန်က ရှဲဒိုးဖီးန်ကိုင်၍ ကစားခြင်းနှင့် ကျွမ်းကျင်ပြီး တော်ပါသော်လည်း ရှဲဒိုးဖီးန်က ရှဲဒိုးဖီးန်သာ ဖြစ်သည်။ ၎င်း၏ အားနည်းချက်များက သိသာသည်။ တစ်ကြိမ် ထိသည်နှင့် သုံးမရ ဖြစ်ပေမည်။
[စိတ်ချထားပါ]
ရဲ့လင်းချန်နှင့် အပြုံးနှင့် ပြောလိုက်သည်။
မကြာခင်မှာပင် သူတို့ ဟီးရိုးရွေးရမည့် အချိန် ရောက်လာသည်။
ဂျပန်ဘက်မှ ငါးယောက်လုံး၏ မျက်နှာတွင် စဉ်းလဲသော အပြုံးများ တွဲခိုနေ၏။
[သူတို့ကများ ငါတို့ကို လာလှောင်ရဲတယ်ပေါ့လေ၊ အကြံ အေကို ဖယ်လိုက်တော့၊ ငါတို့ သူတို့ကို နင်းချေ ပစ်ရမယ်]
DOTA တွင် ငါးယောက်တစ်ဖွဲ့ ဆော့ရသဖြင့် အသင်းလိုက် အရည်အချင်းက အလွန် အရေးပါ’။ ဟီးရိုး ရွေးချယ်ခြင်းက ပွဲ၏ ရလဒ်ကို ဆုံးဖြတ်နိုင်သည်။
ဂျပန်မှ ငါးယောက်သည် ကျောချမ်းစရာကောင်းသော အပြုံးများ ပြုံး၍ အစကတည်းက ဟီးရိုး ငါးကောင်ကို စဉ်းစားထားကြသည်။
၎င်းတို့မှာ Axe, Death Prophet, Silencer, Juggernaut နှင့် Slayer တို့ ဖြစ်သည်။ ထိုဟီးရိုး ငါးကောင်ကို ရွေးလိုက်ခြင်းက အားလုံးကို အသက်ရှူရပ်မတတ် ဖြစ်သွားစေ၏။
ဟီးရိုး တစ်ကောင်ချင်းစီက အဘက်ဘက်မှ သန်မာသော ဟီးရိုးများ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အသင်းလိုက် ညီညွတ်မှုက ရူးချင်စရာပင်။ အားလုံးက အသင်းလိုက် လှုပ်ရှားခြင်း၌ ကျွမ်းကျင်ကြသည်။
ထိုဟီးရိုး ငါးကောင်နှင့် ရင်ဆိုင်ရသောအခါက ရဲ့လင်းချန်ဘက်မှ လူများသည် ပြန်ရင်ဆိုင်နိုင်မည့် ဟီးရိုး ရွေးရာ၌ အခက်တွေ့နေ၏။
[ဝိုင်နတ်ဘုရား မင်း နည်းနည်း စိတ်ထိန်းသင့်တယ်လို့ ငါ ထင်တယ်၊ အခု ရှဲဒိုးဖီးန်ကို ရွေးတာက ငါတို့ကို မကောင်းတဲ့ အခြေအနေထဲ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်]
ရည်းစားစာ မတတ်သာဘဲ ဝင်ပြောလိုက်သည်။
[ဘာမှမဖြစ်ဘူး]
ရဲ့လင်းချန်က ပခုံးတွန့်၍ ရှဲဒိုးလ်ဖီးကိုသာ တွေဝေခြင်းမရှိ ရွေးလိုက်သည်။
သူတို့ ဝိုင်နတ်ဘုရား၏ ဟီးရိုး ရွေးချယ်မှုကို မြင်ပြီးနောက် ကြည့်ရှုသူများ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
[ယီးပဲ မဖြစ်နိုင်လိုက်တာ၊ ဝိုင်နတ်ဘုရားက ရှဲဒိုးဖီးန်ကိုပဲ ရွေးတာလား]
[သူ ရူးနေပြီ၊ တစ်ဖက်အသင်းက အကောင်တွေနဲ့ဆို ရှဲဒိုးဖီးန်က ဘာလုပ်နိုင်မှာလဲ]
[ဝိုင်နတ်ဘုရားက ရှဲဒိုးဖီးန် သုံးတဲ့နေရာမှာ တော်တာကိုတော့ ငါ ဝန်ခံတယ် … ဒါပေမဲ့ အခု အရမ်း နမော်နမဲ့ နိုင်သလားလို့]
[သွားပြီ၊ ငါတို့ ဇာတ်သိမ်းပြီ၊ ဝိုင်နတ်ဘုရားက ကိုယ်တိုင် လည်စင်းပေးလိုက်တာပဲ]
လူများစွာက ရူးမတတ် ကောမန့် မန့်နေကြပြီး ကောမန့်တိုင်းက ပြိုင်ပွဲအတက် ရတတ်မအေးဟန်တို့ ပါဝင် နေသည်။
ဂျပန်ဘက်မှ ငါးယောက်က ဝမ်းသာသွားသည်။ သူတို့ ပွဲမစခင်ကတည်းက နိုင်နေလေပြီ။
[ဟားဟားဟား အဲ့သောက်တုံးက ရှဲဒိုးဖီးန် ရွေးတာပဲ၊ သူ့ထိုက်နဲ့သူ့ကံပဲ]
[သူက ငါတို့ကို အစာလာကျွေးနေတာမလား၊ ငါတို့ သူ့ကို ATM လို သဘောထားပေးရမှာပေါ့]
ကိုးလ်နှင့် ကျန်လူများ ကူကယ်ရာမဲ့သွားသည်။ သူတို့သည်လည်း ခပ်သွက်သွက် ဟီးရိုးများကို ရွေးလိုက် ကြသည်။ သို့သော် ဂျပန်ဘက်မှ အဖွဲ့၏ ရွေးချယ်မှုနှင့် ယှဉ်လိုက်လျင် အတော် ကွာနေသည်။
“ဒီရွေးချယ်မှုက မဟန်ဘူးပဲ”
စုန့်ချမ်သည် ဂိမ်းနှင့် ပတ်သက်၍ ဘာမှမသိသော်လည်း ကောမန့်များကို ဖတ်ပြီး စိုးရိမ်စိတ် ပေါ်လာသည်။
[ငါ အလယ်လမ်းကို ယူမယ်]
ရဲ့လင်းချန်က တွေဝေမနေဘဲ စတင်လိုက်ပြီး တည်ငြိမ်စွာဖြင့် ရှဲဒိုးဖီးန်အား အလယ်လမ်းသို့ သွားစေသည်။ သူ ရင်ဆိုင်လိုက်ရသည်က Slayer မဟုတ်ဘဲ Death Prophet ဖြစ်နေ၏။
ဂျပန်ဘက်မှ ဗျူဟာက အတော်လေး ချီးကျူးစရာ ကောင်းသည်။ သူတို့သည် ခရိများထံမှ exp ရအောင် ယူနေပြီး ရဲ့လင်းချန်ကို ဖိရန် ကြိုးစားနေသည်။ ယင်းက အေးဆေးသော တိုက်ပွဲကိုသာ ဖြစ်စေသည်။
တစ်ဖက်တွင်မူ အောက်ဘက်မှ ခံစစ်က ကျိုးပျက်စ လက္ခဏာများ ပြလာသည်။
Axe က တာဝါရှေ့မှ သူတို့ခရိများကို စားနေပြီး Silencerက သူ့ကို ကာပေးထားသည်။ ဝူအာ၏ Earthshaker နှင့် ရည်းစားစာ၏ Slark တို့ နည်းနည်းလေးမှ အနားကပ်မရပေ။ သူတို့ ခရိများကိုပင် မွေး၍မရချေ။ ထိုစဉ် သူတို့ အမှားလုပ်မိသွားပြီး Axe အား first blood ရသွားစေမိသည်။
ဟီးရိုးများ၏ ခြားနားမှုက ကြီးမားလွန်းလှသည်။ Earthshaker နှင့် Slark တို့က အနီးကပ် တိုက်ရာ၌ အားသာသော ဟိးရိုးများ ဖြစ်ပြီး ပြိုင်ဘက်၏ အဝေးမှ ဖိနိုင်သော အားသာချက်ကြောင့် အထိနာနေသည်။
ပထမ ခုနစ်မိနစ်အတွင်း အောက်ဘက်လမ်းမှ တာဝါက တစ်ဝက်မျှ သွေးလျှော့သွားကာ ဝူအာနှင့် ရည်းစားစာတို့၏ အဆင့်များကလည်း တန့်သွားသည်။
[ယီးပဲ စောက်ရမ်း ခံပြင်းဖို့ကောင်းတယ်]
ရည်းစားစာ၏ မျက်နှာ နီရဲနေသည်။
[ဝိုင်နတ်ဘုရား မင်း အောက်ဘက်ကို လာမကူနိုင်ဘူးလား]
[ငါ အဖွဲ့လိုက် မကစားတတ်ဘူး၊ မင်းတို့ သူတို့ကို အချိန်ဆွဲထားဖို့ပဲ အာရုံစိုက်ထားပါ]၏
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားက ကိုးလ်နှင့် ကျန်လူများကို စိတ်ဓာတ်ကျစေရုံသာမက ကြည့်ရှုသူများကိုပါ စိတ်ဓာတ်ကျသွားစေသည်။
[မြတ်စွာဘုရား ဒါ ဘာသဘောလဲ၊ အဖွဲ့လိုက် ကစားဖို့ စိတ်မပါတာလား]
[ဝိုင်နတ်ဘုရားက ဘာလုပ်ချင်တာလဲ၊ သူ လက်လျှော့သွားတာလား]
[သူလျှို၊ သူက သူလျှိုပဲ၊ ယီး]
[ဪ ဟုတ်သား၊ Death Prophet လည်း အောက်ကို သွားနေလောက်တယ်]
ရဲ့လင်းချန်က အေးအေးလူလူဖြင့် အလယ်လမ်းကို သာသာယာယာ မင်းမူနေသည်။ ထင်သည့်အတိုင်းပင် မကြာခင် အချိန်အတွင်း Death Prophter က အောက်ဘက်လမ်း၌ ပေါ်လာသည်။
Death Prophet က ၎င်း၏ အမြင့်ဆုံး အကွက်ကို စသုံးသဖြင့် တာဝါနားတွင် မရေတွက်နိုင်သော ဝိညာဉ်များ ပေါ်လာပြီး တာဝါ၏ သွေးကို စတင် စားသုံးလေသည်။
[သူတို့က တာဝါတွေကို ဖြိုချင်နေတာပဲ]
09 က တစ်ဖက်လူ၏ ပန်းတိုင်ကို လျင်မြန်စွာ နားလည်သွားသည်။
တစ်ဖက်အသင်းသည် အဖွဲ့လိုက်၌ ထူးချွန်ပြီး သူတို့၏ အစောပိုင်း အထိနာအောင် လုပ်ဆောင်ချက်များက ကောင်းမွန်သည်။ သူတို့က ရဲ့လင်းချန် အသင်း၏ မျှော်လင့်ချက်အားလုံးကို ဖြတ်တောက်၍ အဆုံးသတ်သို့ ရောက်အောင် တွန်းပို့ရန် ကြံစည်နေခြင်းပင်တည်း။
Death Prophet ၏ အမြင့်ဆုံး အကွက်က တာဝါများကို ဖျက်ဆီးရာ၌ အမြန်ဆုံးထဲမှ တစ်ခု ဖြစ်လေသည်။
[ဝိုင်နတ်ဘုရား နင် ပြန်မလာဘူးလား]
[ဟင့်အင်း]
ရဲ့လင်းချန်က အလယ်လမ်း၌ ဆက်နေနေပြီး အရိပ်ဖြို အကွက်ဖြင့် ခရိများကို ရှင်းနေကာ အလယ်လမ်းမှာ တစ်ဖက်အသင်း၏ အဆင့်တစ် တာဝါကို စားနေသည်။ သို့သော် သူ့နှုန်းက ပြိုင်ဘက်များ၏ လျင်မြန်မှုနှုန်းအား ယှဉ်မရချေ။ တစ်ဖက်အသင်း၏ တာဝါက သွေးသုံးပုံတစ်ပုံမျှသာ လျော့သော်လည်း အောက်ဘက်လမ်းရှိ သူတို့ဘက်မှ တာဝါက ပျက်စီးသွားလေပြီ။
[ချီးပဲ ရန်သူက ငါးယောက်လုံး ပြုံချနေတာပဲ]
ရည်းစားစာ အော်ပြောလိုက်သည်။ သူ့အသံတွင် စိုးရိမ်စိတ်တို့ ပြည့်နေ၏။
[သူတို့က အဆင့်နှစ် တာဝါကိုလည်း ဖြိုဖို့ ကြံနေတယ်]
Juggernaut ၏ ကုသခြင်းဇုံ ထွက်လာသောအခါ ရွေ့လျားနေသော ရေတံခွန်ကဲ့သို့ တရွေ့ရွေ့ ဆင်းလာကြသည်။ ငါးယောက်လုံးက တာဝါဆီသို့ တိုးလာရင်း ခရိများကို ရှင်းနေသည်။
ထို့အပြင် အစောပိုင်းကတည်းက အထိနာအောင် လုပ်ခဲ့သဖြင့် သူတို့၏ ကိရိယာ အသုံးပြုနိုင်စွမ်းက ရဲ့လင်းချန်တို့ထက် ပိုသာနေလေသည်။
ဤပြိုင်ပွဲက အရင်ကထက်ပင် အခြေအနေ ဆိုးသေးသည်။ ယင်းအား တစ်ဖက်သတ် ဆော့နေခြင်းဟုပင် ပြော၍ ရပေသည်။ ဗရုတ်ကျနေသော ကောမန့်များ မရှိတော့ဘဲ လူတိုင်း ရင်လေးလာ၏။
ဂျပန်ဘက်က အရှက်မရှိသော စကားများပြောသော်လည်း ထိရောက်သော ဗျူဟာကို ထုတ်သုံးသဖြင့် လူတိုင်း မျှော်လင့်ချက် မဲ့လာသည်။
သူတို့သည် တစ်ကိုယ်တော် ချခြင်း၊ အဖွဲ့လိုက်ချခြင်းနှင့် တာဝါဖြိုခြင်းတို့အား လျင်မြန်စွာ ကိုင်တွယ်နိုင်ကာ ပြိုင်ဘက်၏ မျှော်လင့်ချက်အားလုံးကို ဖျက်စီးနေ၏။
*ဂိမ်းက စရုံပဲ ရှိသေးတယ် စခန်းက ဖျက်ဆီးခံရလုနီးပါး ဖြစ်နေပြီ၊ ဘယ်လို ရင်ဆိုင်မလဲ*
*ဒါ ဝိုင်နတ်ဘုရား အထွန့်တက်လို့ ဖြစ်တာ၊ သူ တမင်များ အရှုံးခံတာ*
[သူတို့က တာဝါဖြိုချင်ရင် ဖြို့ခွင့်ပေးလိုက်၊ သူတို့ ငါတို့ နယ်ထဲ မကျော်နိုင်ပါဘူး၊ မင်းတို့ အရင် exp ရအောင် ယူပြီး အဆင့်မြှင့်ကြ]
ရဲ့လင်းချန်က ခံစားချက်ကင်းမဲ့သော လေသံဖြင့် အကြံပေးလာသဖြင့် သူ့အတွေးကို ပြောရခက်ပေသည်။
နောက်ဆုံးတွင် ရဲ့လင်းချန်က အလယ်လမ်းမှ အဆင့်တစ် တာဝါကို ဖြိုပြီးသွားကာ သူ့ဘက်မှ အဆင့်နှစ် တာဝါလည်း ကျိုးသွားလေသည်။
သူသည် တွေဝေမနေဘဲ တောထဲ ခုန်ဝင်၍ ခရိများကို ရှင်းပြီးမှ စခန်းသို့ အားဖြည့်ရန် ပြန်လာသည်။ ထိုအချိန်တွင် တစ်ဖက်က အလယ်လမ်း၌ စုဝေးနေပြီး ယခင်နည်းဖြင့် အလယ်လမ်းကို ဖြိုရန် ပြင်နေသည်။
[နင် မချသေးဘူးလား]
ကိုးလ်၏အသံပင် တုန်စပြုလာသည်။ သူတို့ဘက်မှ အထိနာမှုက သိသာလွန်းနေ၏။
[ဟင့်အင်း]
ရဲ့လင်းချန်က ရက်စက်စွာ ပြန်ပြောလေသည်။ သူသည် အစောကတည်းက တစ်ကိုယ်တော် ဆော့နေပြီး တာဝါကိုပင် ဖြိုလိုက်သေးသည်။ လက်ရှိတွင် ဂိမ်းထဲ၌ သူက အမြန်ဆုံး ကစားသမား ဖြစ်နေသည်။
သူသည် တုံ့ဆိုင်းမနေဘဲ Boots of Travel နှင့် Mask of Madness ကို အလျင်အမြန် ဝယ်လိုက်သည်။ သူသည် အလယ်လမ်းအား တစ်ချက်ပင် မကြည့်ဘဲ အပေါ်လမ်းသို့ တည်နေရာ ကူးပြောင်းလိုက်တော့သည်။