← Chapters

ငါ မင်းတို့ကို ငါးမိနစ် အကျောပေးတယ်

Vol. 1-4 Ch. 54

ငါ မင်းတို့ကို ငါးမိနစ် အကျောပေးတယ်

Vol. 1-4 Ch. 54

“သူ့ရဲ့ သေးသွယ်တဲ့ ခါးကိုကြည့်ပါဦးကွာ၊ အဲ့ကောင်က မိန်းမလျာလိုပဲ”

“သူ့ကိုကြည့်ပါဦး၊ ငါတို့ လေ့ကျင့်ရေးစခန်းကို သူ တစ်ဝက်တစ်ပျက်နဲ့ ဖြတ်ဝင်လာတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား”

“သူက ဒီကို အဆက်အသွယ်နဲ့ ဝင်လာတာပဲ ဖြစ်မယ်၊ မတရားဘူးကွာ၊ သူ့ကြောင့် တစ်ဖွဲ့လုံး သိက္ခာကျ တော့မယ်”

….

ဖန့်ဟုန်သည်လည်း မျက်မှောင်ကြုတ်လာပြီး ခေါင်းခါလေသည်။။

“လင်းအောင် မင်း သူ့ကို ပြန်ပို့သင့်တယ်၊ သူက ဒီနေရာနဲ့ မကိုက်ဘူး”

“ခေါင်းဆောင်ဖန့်၊ ရဲ့လင်းချန်က ပထမဆုံး ကြိုးစားကြည့်တာမို့လို့ အသားမကျသေးတာပါ၊ သူ မြန်မြန် အသားကျနိုင်စွမ်း ရှိမှာပါ”

လင်းအောင်က ခုခံ၍ ပြောဆိုလိုက်သည်။ ဖန့်ဟုန်က သူ့ကို သုန်မှုန်သော အမူအရာနှင့်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ငါ့လေ့ကျင့်ရေးစခန်းက သူ အသားကျရမယ့် နေရာ မဟုတ်ဘူး”

“လူသစ်တစ်ယောက်အနေနဲ့ ရဲ့လင်းချန်ရဲ့ စွမ်းဆောင်မှုက မဆိုးပါဘူး”

ဖန့်ဟုန်၏ လေသံက ချက်ချင်း ပြောင်းလဲသွားသည်။

“ဒါပေမဲ့ သူ့ကို ငါ့စခန်းအစား သိုင်းပညာရှင် အခြေခံ လေ့ကျင့်ရေးစခန်းကို ပို့သင့်တာ၊ သူ လိုနေတာတွေ အများကြီးပဲ၊ သူ ဒီမှာ ရှိနေတာက အခြားသူတွေကို ဆွဲချဖို့ပဲ ရှိမယ်၊ ငါ သူ့ကို ဖြည်းဖြည်းချင်း နည်းပြဖို့ အချိန်မရှိဘူး”

“ဒါပေမဲ့ …”

လင်းအောင် ထပ်၍ နားချရန် ကြိုးစားသော်လည်း ဖန့်ဟုန်က လက်ကာပြသည်။

“ထပ်ပြောစရာ မလိုဘူး၊ သူတို့ လေ့ကျင့်ရေးအချိန်က ဘယ်လောက် အဖိုးတန်လဲ မင်း သိသင့်တယ်၊ ဒါက ဒီလူအားလုံးရဲ့ အနာဂတ်ကို သက်ရောက်တယ်၊ မင်း ငါတို့အားလုံးကို ရဲ့လင်းချန်တစ်ယောက်တည်းကို စောင့်မနေစေချင်ဘူး မဟုတ်လား”

လင်းအောင် သက်ပြငးချကာ ငြိမ်ကျသွားသည်။ ထိုအခိုက်တွင် ရဲ့လင်းချန်သည် လေ့ကျင့်ရေး ပြီးသွားပြီး အဖွဲ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။

ဓာတ်လိုက်မှုကြောင့် သူ့ဆံပင် ထောင်နေသည်။ သူ့ကိုယ်မှ အစိတ်အပိုင်းတစ်ချို့ပင် တူးချစ်နေ၏။ သူ့ခန္ဓာကိုယ်က ရွှံ့အလိမ်းလိမ်းဖြစ်ကာ မျက်နှာ၌ ဖုန်ပေနေလေသည်။ သူ အတော်လေး ဖိုသီဖတ်သီ ဖြစ်နေသည်။

သူ့အား ဤသို့ ဆိုးရွားသော အခြေအနေနှင့် တွေ့လိုက်သောအခါ အခြားသူများက ထပ်မံ၍ ဟားတိုက် ရယ်မောပြန်သည်။

“ဟေ့ မိန်းမလျှာလေး၊ မင်း လာတဲ့နေရာကို ပြန်သွားလိုက်တော့၊ ဒါ မင်းအတွက် သင့်တော်တဲ့ နေရာ မဟုတ်ဘူး”

နက်မှောင်သော အသားအရေ ရှိသည့် သိုင်းပညာရှင်တစ်ယောက်က ကျယ်လောင်စွာ ရယ်နေသည်။ ရဲ့လင်းချန် သူ့ကို သတိထားမိသည်။ သူသည် လေ့ကျင့်ခန်းအား အမြန်ဆုံးနှုန်းနှင့် ပထမဦးစွာ ပြီးသွားသည့်သူ ဖြစ်သည်။ ဤနက်မှောင်သော အသားအရေနှင့် သိုင်းပညာရှင်အား ဤစခန်း၌ အတော်ဆုံးဟု သတ်မှတ်နိုင်ပေသည်။

“မင်း အိမ်ပြန်သင့်တယ်”

ဖန့်ဟုန်က ရဲ့လင်းချန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူက အခြားသူများကို လှည့်ကြည့်လိုက်သည်။

“အားလုံး သတိ၊ နောက်လေ့ကျင့်ခန်းက သေနတ်ပစ်ပဲ၊ သေနတ်ပစ်ကွင်း ဧရိယာကို သွားကြ”

*ထင်တဲ့အတိုင်းပဲ အဆက်အသွယ်နဲ့ လာတဲ့လူတွေက ကြာကြာ မနေနိုင်ပါဘူး*

အဖွဲ့သားများက ခေါင်းခါနေကြသည်။ ဖန့်ဟုန်ရှေ့၌ အဆက်အသွယ်၏ အင်အားက အရေးမပါချေ။

“ခဏနေပါဦး”

အံ့ဩစရာပင် အော်သံတစ်သံက လူတိုင်း၏ ခြေလှမ်းကို ရပ်သွားစေသည်။ ဖန့်ဟုန်က ရဲ့လင်းချန်ကို ပြန်စူးစိုက် ကြည့်လာ၏။

“မင်း ဒီမှာ ဆက်နေဖို့ ငါ့ကို တောင်းပန်ချင်တာဆိုရင်တော့ မေ့လိုက်တော့”

“ဒါ ကျွန်တော် ပထမဆုံး လုပ်ဖူးတာမို့ ကျွန်တော် မရင်းနှီးတာ၊ ထပ်လုပ်ရမယ်ဆိုရင် ကျွန်တော် သေချာပေါက် ပထမ ရမှာ”

ရဲ့လင်းချန်က ဖန့်ဟုန်ကို တည်ငြိမ်စွာ ပြန်ကြည့်နေသည်။

“ယီးပဲ မင်းက ပထမနေရာကို လိုချင်သေးတာလား၊ ငါက မင်းကို ခွင့်ပြုမယ် ထင်နေလား”

နက်မှောင်သော အသားအရေနှင့် သိုင်းပညာရှင်က ထအော်လာသည်။

“အဓိပ္ပာယ်မရှိလိုက်တာ၊ အရှက်မရှိ မဟုတ်တမ်းတရားတွေ ပြောရဲသေးတယ်၊ မင်းက တစ်ခါလေး ကြိုးစားကြည့်ရုံနဲ့ ပထမနေရာကို လိုချင်နေတာလား”

“ဒီကောင်လေးက တကယ့် ငကြောင်ပဲ၊ စိတ်ထင်ရာလုပ်တဲ့ ငကြောင်”

ဖန့်ဟုန်သည် ပထမ၌ အံ့ဩသွားပြီးမှ မထိန်းနိုင်ဘဲ အော်ရယ်လေသည်။

“ဟေ့ကောင် သူတို့ ဒီမှာ လေ့ကျင့်နေတာ ဘယ်လောက် ကြာပြီလဲ သိလား”

ဖန့်ဟုန်က ရဲ့လင်းချန်ကို ကြည့်နေလိုက်သည်။

“သူတို့ တစ်ယောက်ချင်းစီက ဒီမှာ လေ့ကျင့်ဖို့ အရည်အချင်း မပြည့်မီခင် စစ်သည်တော်ဌာနမှာ ငါးနှစ်နဲ့အထက် လေ့ကျင့်ခဲ့တာ၊ အဲ့ဒါအပြင် သူတို့ ဒီလိုလေ့ကျင့်ခန်းကို လုပ်နေတာ သုံးလကျော်ပြီ၊ မင်းလို လူသစ်လေးက ပထမနေရာမှာကို မှန်းရသလား”

ရဲ့လင်းချန်က တစ်လုံးချင်းစီကို ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်တော်က သူတို့နဲ့ မတူဘူး”

“ယီးပဲ ဒီငပျော့က ကြမ်းချင်ယောင်ဆောင်နေပါလား”

“ငါတို့ သူ့ကို ဘယ်သူက ဆရာလဲဆိုတာ သိအောင် ပြဖို့ လိုနေပြီ၊ မဟုတ်ရင် သူက သွေးနားထင် ရောက်နေမှာ”

နက်မှောင်သော အသားအရေနှင့် သိုင်းပညာရှင်က တန်းစီရပ်နေရမှာမှ ရှေ့ထွက်လာပြီး ဖန့်ဟုန်ကို အလေးပြုလိုက်သည်။ ထို့နောက် သူက ထုတ်ပြောလေသည်။

“ခေါင်းဆောင် ကျွန်တော့်ကို သူနဲ့ ပြိုင်ခွင့်ပေးပါ”

ဖန့်ဟုန်က ယုံကြည်မှုရှိသော ရဲ့လင်းချန်ကို ကြည့်ပြီး တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။

“ဝူယွဲ့က အတားအဆီး လေ့ကျင့်ခန်းကို အမြဲ ပထမနေရာ ရနေတာ၊ မင်း သူ့ကို အနိုင်ယူနိုင်ရင် ငါ မင်းကို နေခွင့်ပေးမယ်”

ဝူယွဲ့က အပြုံးကြီးပြုံး၍ ရဲ့လင်းချန်ကို စိုက်ကြည့်လေသည်။

“ဟေ့ကောင်လေး ငါ့တစ်သက်လုံး မင်းလောက် မောက်မာတဲ့လူကို မမြင်ဖူးသေးဘူး၊ မင်းက ငါနဲ့ ပြိုင်ဖို့ မထိုက်တန်ပင်မယ့် မင်းအပြုအမူက ငါ သည်းခံနိုင်တာထက် ကျော်နေပြီ”

ရဲ့လင်းချန် ရုတ်တရက် ဟန်ပန် အနေအထား ပြောင်းသွားပြီး လင်းအောင်ကို ကြည့်လိုက်သည်။

“အစ်ကိုကြီးလင်း ကျွန်တော့်ကို ဒီအတားအဆီး လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ စွမ်းရည်ကို သင်ပေးပါလား”

လင်းအောင် အံ့အားသင့်သွားသည်။ အစောပိုင်းက မာနကြီး၍ မောက်မာနေသော ရဲ့လင်းချန်က အဘယ်ကြောင့် သူ့ကို လမ်းညွှန်ပေးရန် တောင်းဆိုနေမှန်း နားမလည်ပါ။ ကျန်လူများလည်း သူ့နည်းတူ အံ့ဩနေကြသည်။

ဝူယွဲ့က ရယ်နေသည်။

“ဟေ့ကောင် မင်း ရယ်ရအောင် လုပ်နေတာလား”

“ဒါ မင်းရဲ့ နောက်ဆုံးသော အားထုတ်မှုလား”

ဖန့်ဟုန်သည်လည်း ဒေါသကြောင့် မျက်နှာ တင်းမာာသည်။

“ဒါ မင်း အရူးလုပ်လို့ရမယ့်‌ နေရာ မဟုတ်ဘူး၊ ငါ့စိတ်ကို လာမစမ်းနဲ့”

“ကျွန်တော်က ရိုးရှင်းတဲ့ ရှင်းပြမှုကိုပဲ လိုတာပါ၊ အချိန်သိပ်မကြာဘူးလို့ အာမခံပါတယ်”

ရဲ့လင်းချန်က ပြောပြီး လင်းအောင်ကို ပြန်ကြည့်လိုက်သည်။ ရဲ့လင်းချန် ဘာကြံစည်နေမှန်း လင်းအောင် မသိသော်လည်း ပြောပြပေးသည်။

“မင်း ကုန်းလျှောကို တက်ရင် ခြေထောက်ကို နည်းနည်း နှိမ့်ပြီး ခါးကို ရှေ့ဘက်စောင်းထားပေး၊ မင်း အရှိန်ကို ဘယ်လို ထိန်းရမလဲ သင်ဖို့လိုတယ်၊ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာ နောက်ခြေလှမ်းအတွက် အားထည့်ထား၊ အမြင့်ကနေ ခုန်တာကတော့ မင်း လေထဲရောက်နေတုန်း ကိုယ်ကို စထိန်းထား …”

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ စွမ်းရည်ကလည်း အရူးအမူး မြင့်တက်လာ၏။

(လင်းအောင်ထံမှ လမ်းညွှန်မှု ရရှိခြင်း၊ အတားအဆီး လေ့ကျင့်ခန်း ကျွမ်းကျင်မှုစွမ်းရည် တစ်မှတ်)

(လင်းအောင်ထံမှ လမ်းညွှန်မှု ရရှိခြင်း၊ အတားအဆီး လေ့ကျင့်ခန်း ကျွမ်းကျင်မှုစွမ်းရည် တစ်မှတ်)

(လင်းအောင်ထံမှ လမ်းညွှန်မှု ရရှိခြင်း၊ အတားအဆီး လေ့ကျင့်ခန်း ကျွမ်းကျင်မှုစွမ်းရည် တစ်မှတ်)

…

ငါးမိနစ်ကြာပြီးနောက် အတားအဆီး လေ့ကျင့်ခန်း စွမ်းရည်က ခြောက်ဆယ်ရာခိုင်နှုန်း၌ ရပ်သွားသည်။ လင်းအောင်၏ အကန့်အသတ်က ခြောက်ဆယ် ရာခိုင်နှုန်းသာလျင် ရှိသည့်ပုံပင်။

“ကောင်းပြီလေ စလိုက်ရအောင်”

ရဲ့လင်းချန် အသာပြုံးလိုက်ပြီး သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ ဖြောင့်စင်းနေသော ဆံပင်ကို သ၍ စမှတ်သို့ ယုံကြည်မှုရှိစွာ လျှောက်သါားလိုက်သည်။

*ဒါပဲလား … ပြီးပြီလား*

လင်းအောင် ရှင်းပြသည့်စကားကို သူတို့ နားလည်ပါသည်။ ထိုအချက်များက အခြေခံ ဗဟုသုတများဟု ဆိုနိုင်ပေသည်။ ယင်း၌ ထူးခြားသော နည်းစနစ်များ မပါရှိပါ။ သူ၏ ယုံကြည်မှုက မယုံနိုင်စရာပင်။

“ငါးမိနစ်လောက်နဲ့ ဘယ်လောက် ပြောင်းသွားမှာမို့လို့လဲ”

ဝူယွဲ့က ခနဲ့လိုက်သည်။

*ဒီကောင်က သူ့ကို အာပေါက်အောင် ပြောတောင် နားလည်မယ့်ပုံ မပေါ်ဘူး*

“အသင့်ပြင် …”

ဖန့်ဟုန်က နေရာယူ၍ အချက်ပြလိုက်သည်။

“စ…”

သူ အချက်ပြပြီးနောက် ရဲ့လင်းချန်နှင့် ဝူယွဲ့တို့က နေရာတွင် ရပ်နေပြီး မလှုပ်ကြချေ။

“ဟေ့ကောင် မင်း ဘာလို့ မသွားတာလဲ”

ဝူယွဲ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ မင်းကို ငါးမိနစ် အကျောပေးဖို့ စဉ်းစားထားတယ်”

ရဲ့လင်းချန်က ရက်ရောသလို လက်ဝှေ့ယမ်းပြသည်။

“ဘာ”

ဝူယွဲ့ မျက်လုံးပြူးသွားပြီး ထိတ်လန့်ကာ အံ့ဩသွားသည်။

“ငါလည်း မင်းကို ငါးမိနစ် အကျောပေးဖို့ စဉ်းစားနေတာ”

“ဪ ကျုပ်ကို ညှာမနေပါနဲ့၊ ကျုပ် စလိုက်ရင် ခင်ဗျား ငိုတောင်ငိုသွားလောက်တယ်”

ရဲ့လင်းချန်က ကြင်နာစွာ ပြန်ပြောလိုက်သည်။ သူ့ပုံစံက ကြည့်ရဆိုးနေသော်လည်း သူ့ထံမှ ဆရာသခင်တစ်ယောက်၏ အရှိန်အဝါက ရှိနေဆဲပင်။

“တကယ့်ကို အမြင်ပွင့်စေတာပဲ၊ ဒါ ဒဏ္ဍာရီလာ စောက်ကျိုးနည်း ဟန်ထုတ်ခြင်းလားကွာ”

“ဒီကောင်က ဟန်ထုတ်တဲ့နေရာမှာတော့ ဆရာပဲ၊ ခုနက သူ့ပုံစံကိုသာ ငါ မမြင်မိရင် ယုံမိလောက်တယ်”

ဝူယွဲ့၏ နဂိုမည်းသော မျက်နှာက ပိုမည်းလာ၏။

“မင်းက သေချင်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့”

ထိုသို့ပြောပြီး သူသည် ခြေထောက်ကိုမြှောက်၍ ရှေ့သို့ အားကုန်ပြေးလေသည်။ သူသည် မြန်ဆန်လှသည်။ သူ့ကိုယ်ပေါ်က သဲအိတ်များက ဘာမှမဟုတ်သလိုပင်။ သူသည် မြေပြန့်၌ ရှိနေသကဲ့သို့ အတားအဆီးများကို မရပ်မနား ကျော်လွှားနေ၏။

All Chapters