← Chapters

ကြွက်က ဆင်ကို မျိုခြင်း

Vol. 25 Ch. 364

ကြွက်က ဆင်ကို မျိုခြင်း

Vol. 25 Ch. 364

“ဒါဆို ငါတို့ ၁.၅ သန်းလို့ ငါတို့ စဉ်းစားကြတာပေါ့”

ရဲ့လင်းချန် လမ်းလျှောက်နေရာမှာ ရပ်၍ တစ်ခဏမျှ စဉ်းစားပြီး အိုးရန်ချင်းကို ကြည့်လိုက်သည်။

“မင်း ရှယ်ယာ ဘယ်လောက် ဝယ်နိုင်တယ်လို့ ယုံကြည်မှုရှိလဲ”

“အဲ့ဒီလူတွေက အစွန်အများကို ရောက်နေပြီ၊ ငါ သုံးဆယ် ရာခိုင်နှုန်းကျော် ဝယ်နိုင်မယ်လို့ ယုံကြည်တယ်”

အိုးရန်ချင်းက ပြောသည်။

“ငါတို့ နင့်ကို လွှဲပေးမယ့် သုံးဆယ် ရာခိုင်နှုန်းနဲ့ ပေါင်းလိုက်မယ်ဆိုရင် နင် ရှယ်ယာ ခြောက်ဆယ် ရာခိုင်နှုန်း ရလာမှာ”

ကုမ္ပဏီ၏ ရှယ်ယာ ခြောက်ဆယ် ရာခိုင်နှုန်းက ရဲ့လင်းချန်၏ အဓိက ရှယ်ယာရှင်ဟူသော ရာထူးကို ခိုင်မာစေပြီး သူ့အား ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့် ပေးစွမ်းပေသည်။

အိုးရန်ချင်း ထိုသို့ မလိုလားသော်လည်း သူမ တတ်နိုင်တာဟူ၍ ဘာမှမရှိပေ။ ယင်းနှင့်ယှဉ်လိုက်လျင် ဝမ်ရုံ လုပ်ငန်းစု ကျဆုံးခြင်းသည် သူမ ပိုမုန်းရသည့် ကံကြမ္မာပင် ဖြစ်သည်။

“မစ္စတာ ရဲ့လင်းချန်၊ ဝမ်ရုံလုပ်ငန်းကို ရှင် ကောင်းကောင်း ဆက်ဆံမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

အိုးရန်ချင်းက ရဲ့လင်းချန်ကို ကြည့်၍ ပြောလိုက်သည်။

“ဟဲဟဲ စိတ်ချပါ၊ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက ငါ့ကုမ္ပဏီ ဖြစ်လာတာနဲ့ အရင်ကနဲ့ တူမှာတော့ မဟုတ်ဘူး”

ရဲ့လင်းချန် ရယ်နေသည်။ သူ့အသံတွင် ယုံကြည်ချက်တို့ ပြည့်နှက်နေ၏။

“အဲ့အခါကျရင် အလိုအလျောက် မောင်းနှင်ရေးယာဉ် နည်းပညာက အစပဲ ရှိဦးမှာ”

နည်းပညာဆိုင်ရာ ကုမ္ပဏီတစ်ခု တည်ထောင်ရန် သူ့တွင် အစီအစဉ်များ ရှိထားပြီးသား ဖြစ်သည်။ ဝမ်ရုံ လုပ်ငန်းစု၏ အခြေခံက ခိုင်မာသည်။ ဤသို့သော အခွင့်အရေးမျိုး ပေးလာသောကြောင့် သူ ရူးနေမှသာ မဝယ်ဘဲ နေမိပေလိမ့်မည်။

“အခြား ရှယ်ယာရှင်တွေဆီကနေ ရှယ်ယာအားလုံး ဝယ်ဖို့ မင်း အစွမ်းကုန် ကြိုးစားပါ”

ရဲ့လင်းချန်က တောက်ပသော မျက်လုံးများဖြင့် အိုးရန်ချင်းကို ကြည့်လိုက်သည်။

“မင်း ပြန်သွားရင် ငါ ပြောတဲ့အတိုင်း လုပ်ပါ ….”

ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်ပြီး အလွန် သမာရိုးကျဆန်သော ပိတ်ရက်တစ်ရက်ပင်။ သို့သော် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုနှင့် ပတ်သက်သော သတင်းများက နေရာအနှံ့ ရှိနေဆဲပင်။ လက်ရှိအချိန်၌ မကောင်းသတင်း မျိုးစုံက တစ်ခုပြီးတစ်ခု ထွက်လာနေသည်။ ဤနှစ်ရက်အတွင်း ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက အကြမ်းဖျင်း သန်းတစ်ရာကျော် ဆုံးရှုံးသွားရသည်။

သူတို့၏ ဂုဏ်သတင်း၊ စာချုပ်များ ဖျက်သိမ်းခံရခြင်းနှင့် အခြား ဥပဒေကြေးများပါ ပေါင်းလိုက်လျင် တကယ်တမ်းတွင် သန်းတစ်ရာက တကယ့် ဆုံးရှုံးမှု မဟုတ်ပါ။

ဝမ်ရုံလုပ်ငန်းစု၏ ဆုံးရှုံးမှုက ကပ်စိုက်သည်ဟုပင် ဆိုရပေတော့မည်။ ကြီးမားသော လုပ်ငန်းစုကြီးတစ်ခုမှ အဆင့်သုံး ကုမ္ပဏီတစ်ခုအဖြစ်သို့ သူတို့ ချက်ချင်း ကျဆင်းသွားပြီး ဖျက်သိမ်းရမည့် အန္တရာယ်က သူတို့အပေါ် လွှမ်းမိုးနေ၏။

သို့သော် ဤသို့သော အခြေအနေမျိုး၌ အင်တာနက်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်သည့် မယုံနိုင်စရာကောင်းသော သတင်းတစ်ခု ပေါက်ကြားလာသည်။

ဝိုင်အလှကုန်ပစ္စည်းဆိုင်၏ ဝေ့ပေါ်အကောင့်တွင် များသောအားဖြင့် လူအများအား အသုံးဝင်သော မိတ်ကပ်ပြင်နည်း အချို့ကို တင်ပေးလေ့ ရှိပြီး သူတို့၏ လစဉ် ကံစမ်းမဲနှိုက်ခြင်းကိုလည်း ဝေ့ပေါ်၌ ဆက်လက် လုပ်ဆောင်နေသောကြောင့် ဖော်လိုဝါများစွာ ရရှိလာခဲ့သည်။ ထို့ကြောင့် သူတို့သည် ဝေ့ပေါ်၌ ဗွီအိုင်ပီတစ်ယောက် ဖြစ်နေလေသည်။

ယနေ့တွင် လူအများသည် အကျင့်အတိုင်း ဝေ့ပေါ်ကို ဖွင့်၍ ဝိုင်အလှကုန်ပစ္စည်းဆိုင်၏ ပို့စ်အသစ်များကို မြင်ရမလားဟု မျှော်လင့်ကြသည်။ သို့သော် သူတို့ ဝေ့ပေါ်၌ ဝင်လိုက်ပြီးနောက် အံ့ဩသွားရပြီး အကောင့်များ မှားနှိပ်မိသလားဟု တွေးမိသွားရလေသည်။ ထို‌ေ

ယနေ့တွင် လူအများသည် အကျင့်အတိုင်း ဝေ့ပေါ်ကို ဖွင့်၍ ဝိုင်အလှကုန်ပစ္စည်းဆိုင်၏ ပို့စ်အသစ်များကို မြင်ရမလားဟု မျှော်လင့်ကြသည်။ သို့သော် သူတို့ ဝေ့ပေါ်၌ ဝင်လိုက်ပြီးနောက် အံ့ဩသွားရပြီး အကောင့်များ မှားနှိပ်မိသလားဟု တွေးမိသွားရလေသည်။ ထိုပေ့ချ်မှ ပြန်ထွက်၍ ပြန်ဝင်သောအခါ သူတို့ ထပ်မံ၍ အံ့ဩသွား ရပြန်သည်။

*ဘာဖြစ်တာလဲ၊ ဝိုင်အလှကုန်ပစ္စည်းဆိုင်ရဲ့ ဝေ့ပေါ်အကောင့် ကြေညာချက်က ဗိုင်းရပ်စ် ဝင်နေတာလား”

အောက်ဘက်မှ မှတ်ချက်ကဏ္ဍတွင် ဆူညံပွက်လောရိုက်နေ၏။

[လခွမ်း သောက်ကျိုးနည်းဟေ့၊ ဝိုင်အလှကုန်ပစ္စည်းက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို ဝယ်ဖို့ စီစဉ်နေ တာလား]

[ခဏလေး၊ ငါ ဒါလေး ပြောချင်လို့၊ ဝိုင်အလှကုန် ပစ္စည်းက အလှကုန်ပစ္စည်းဆိုင် ဟုတ်တယ်မလား၊ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက အလိုအလျောက် မောင်းနှင်ရေး နယ်ပယ်ကလေ ဟုတ်တယ်မလား၊ ဘယ်လိုလုပ် ဝယ်ဖို့ ဖြစ်နိုင်မှာလဲ]

[အပေါ်ကလူက ငတုံးပဲ၊ မင်းမှာ ပိုက်ဆံ ရှိတယ်ဆိုရင် မင်း မားစ်ဂြိုဟ်ကိုတောင်မှ ဝယ်လို့ရတယ်]

[ဒီလှည့်ကွက်ကို ငါ ထင်မထားမိဘူး၊ ငါ့ဦးနှောက်က ထုံသလို ခံစားနေရတယ်၊ ဘာတွေဖြစ်ကုန်တာလဲ]

[ငါတို့လို ဒရာမကြည့်နေတဲ့သူတွေက လုံးဝ နားလည်မှာ မဟုတ်ဘူး၊ ငါ ဒီအကွက်ကို အမှတ်အနေနဲ့ ဘဲဥပဲ ပေးတယ်]

[မတူတဲ့နယ်ပယ်ကို ကျော်ပြီး ဝယ်ထားကို ထားလိုက်ဦး၊ ဘာလို့ သူတို့က မကြာခင် ပြိုလဲတော့မယ့် ကုမ္ပဏီ တစ်ခုကို ဝယ်တာလဲ၊ ဝိုင်အလှကုန်ပစ္စည်းမှာ ပိုက်ဆံတွေ တအား ပေါနေလို့လား]

[မိုက်တယ်၊ ငါ့အတွက် ကြွက်က ဆင်ကို မျိုတာကို ကြည့်နေရသလိုပဲ၊ ဒါက အရမ်း အံ့ဩဖို့ ကောင်းလွန်းတယ် …]

…

ဒရာမ ကြည့်နေသူများအပြင် အခြားလုပ်ငန်းများလည်း အံ့ဩကုန်သည်။ အလှကုန်ပစ္စည်းဆိုင်တစ်ခုက အော်တိုမိုဘိုင်း ကုမ္ပဏီတစ်ခုကို ဝယ်သတဲ့လား။ ၎င်းကို မကြားဖူးသည့်အပြင် မယုံနိုင်စရာလည်း ကောင်းလှသည်။ ယင်းက သူတို့ ဤကမ္ဘာထဲ မြင်ဖူးသမျှထဲတွင် အထူးဆန်းဆုံးကိစ္စ ဖြစ်သည်မှာ အသေအချာပင်။

ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုသည် သတင်း တင်ဆက်မှု၏ ခေါင်းစီး ဖြစ်နေပြီးသား ဖြစ်သည်။ ဤသို့သော သတင်းမျိုးကြောင့် ပို၍ နာမည်ကြီးလာသည်။ ယခုအတောအတွင်း ထိုသတင်းကို နေရာတိုင်း၌ ကြားနေမြင်နေ ရသည်။

သတင်းထောက်များက ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု ဌာနချုပ်သို့ ပြေးလာပြီး ဤသတင်းကို အတည်ပြု ကြသည်။ တစ်ချို့ဆိုလျင် ဝိုင်အလှကုန်ပစ္စည်းဆိုင်ကို သွား၍ အတည်ပြု မေးမြန်းကြသည်။

ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ အရှေ့တွင် လူများ ဝိုင်းနေ၏။ များစွားသော သတင်းထောက်များက သူတို့ကို မေးမြန်းလေသည်။

ကျန်းယွင်ရှီသည် အခြေအနေအား ကူကယ်ရာမဲ့စွာ ကြည့်ပြီး စိတ်ထဲ၌ ခါးသက်စွာ ရယ်မောလိုက်မိသည်။

ရဲ့လင်းချန်ထံမှ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို ဝယ်မည့် သူ့အစီအစဉ်ကို သူမ ကြားလိုက်ရသောအခါ သူမ၏ တုံ့ပြန်မှုသည်လည်း အတူတူပင်။ သို့သော် သူမက ရဲ့လင်းချန်၏ ညွှန်ကြားချက်ကို နားထောင်ရသေးသည်။ သူမတွင် ပြင်ဆင်ထားသည့် စကား ရှိထားပြီးသား ဖြစ်သည်။

“မိန်းကလေး ကျန်းယွင်ရှီ၊ မင်းရဲ့ ဝိုင်အလှကုန်ပစ္စည်းဆိုင်က ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို ဝယ်ဖို့ စီစဉ်နေတယ် ဆိုတာ အမှန်ပဲလား”

“အမှန်ပါပဲ၊ ကျွန်မတို့ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌနဲ့ နားလည်မှု ရထားပြီးပါပြီ”

“ဒီဝယ်ယူမှုကို လုပ်ဆောင်နိုင်ဖို့ ခင်ဗျား ဘယ်လို ချဉ်းကပ်နည်းကို သုံးခဲ့သလဲ သိလို့ရမလား၊ ဒါက ရန်ပုံငွေ ထည့်ရာကနေလား ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့လား”

“ဒါ ကျွန်မတို့ လုပ်ငန်းလျှို့ဝှက်ချက်ပါ၊ ကျွန်မ ထုတ်ပြောလို့ မရပါဘူး”

“ဝမ်ရုံ အော်တိုမိုဘိုင်းလုပ်ငန်းစုက ဒေဝါလီခံရဖို့ ကြုံတွေ့နေရတာပါ၊ ဒါကို ဝယ်ဖို့ ခင်ဗျား ဘယ်လို ယုံကြည်ချက် ရှိသွားတာလဲ”

“ဝမ်ရုံ လုပ်ငန်းစုက ကျွန်မတို့ တရုတ်နိုင်ငံက ကားတွေရဲ့ သင်္ကေတတစ်ခု အမြဲ ဖြစ်နေခဲ့တာပါ၊ ကျွန်မတို့နိုင်ငံရဲ့ သင်္ကေတတစ်ခုကို ဒီလို ကျဆင်းသွားဖို့ ကျွန်မ ဆန္ဒမရှိပါဘူး၊ ပြီးတော့ ဒီအလိုအလျောက်‌ မောင်းနှင်ရေးယာဉ် နည်းပညာက မအောင်မြင်ပင်မယ့် ကျရှုံးမှုက အောင်မြင်ခြင်းဆီကို လမ်းဖောက်ပေးတာပါ၊  သူတို့ ပိုင်ဆိုင်တဲ့ အလိုအလျောက် မောင်းနှင်ရေး နည်းပညာက တစ်ကမ္ဘာလုံးမှာ ဦးဆောင်နေတုနန်းပါပဲ၊ ဒီနည်းပညာကို အဲ့လို ဆုံးရှုံးသွားဖို့ ကျွန်မ မမျှော်လင့်ပါဘူး၊ ဒါက ကျွန်မတို့နိုင်ငံအတွက် ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်”

ထိုအဖြေက လူအုပ်ထဲမှ တော်တော်များများ၏ ဩဘာသံကို ချက်ချင်း ရရှိသွားသည်။ ၎င်း၏ ဂုဏ်သတင်းက စတင်၍ ရှင်းလင်းသည့် အရိပ်အယောင် ပြလာသည်။

“ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို အနာဂတ်မှာ ဘယ်လို ကြီးထွားအောင် လုပ်ဖို့ စီစဉ်ထားပါသလဲ”

“အနာဂတ်မှာ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို ဝမ်ရုံ နည်းပညာအဖြစ် အမည်ပြောင်းလဲမှာပါ၊ အဲ့ဒါက ဝိုင်လုပ်ငန်းစုရဲ့ လက်အောက်ခံတစ်ခု ဖြစ်လာမှာပါ၊ ကျွန်မတို့ ဝိုင်အလှကုန်ပစ္စည်းဆိုင်ကလည်း ဝိုင်လုပ်ငန်းစုရဲ့ လက်အောက်ခံပါပဲ”

ဝိုင်လုပ်ငန်းစု၊ ထိုအခေါ်အဝေါ် လူအများကြား၌ ပေါ်လာသည်က ပထမဆုံးပင်။ ဤလုပ်ငန်းစုက ရည်မှန်းချက် ကြီးသည်ဟု လူတော်တော်များများ ခံစားမိကြသည်။ အလိုအလျောက် မောင်းနှင်ရေး ကုမ္ပဏီတစ်ခုကို ဝယ်ယူနိုင်သည် ဆိုလျင် အခြားသော မတူညီသည့် နယ်ပယ်များမှ အခြားကုမ္ပဏီများကို ဆက်ဝယ်လိမ့်မလား”

“ဝိုင်လုပ်ငန်းစု နောက်ကွယ်က သူဌေးကြီးက ဘယ်သူလဲ ကျုပ်တို့ သိလို့ရမလား၊ သူက အင်တာနက်ပေါ်က အခြားသော ဝိုင်တွေနဲ့ ပတ်သက်နေလား”

“ကျွန်မမှာ အဖြေမရှိပါဘူး”

…

တစ်ချိန်တည်းမှာပင် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုသည်လည်း သတင်းထောက်များစွာနှင့် ရင်ဆိုင်နေရသည်။ သို့သော် သူတို့အားလုံးကို အဆောက်အဦး အပြင်၌ တားဆီးထားသည်။ အဆောက်အဦး အပြင်ဘက်မှ ကြော်ငြာဘုတ်၌ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုကို ဝိုင်အလှကုန်ပစ္စည်းက ဝယ်ယူခြင်းကို အတည်ပြု ထားလေသည်။

အစည်းအဝေးခန်းတွင်း၌ ရှယ်ယာရှင်များအားလုံးက တင်းမာသော မျက်နှာထားများဖြင့် ထိုင်နေကြသည်။

“ဥက္ကဋ္ဌရှု၊ တစ်ညပဲ ရှိသေးတယ်၊ ဘယ်လိုလုပ် ဒီလို ဖြစ်ကုန်တာလဲ၊ ဒါ အမှန်ပဲလား”

ရှယ်ယာရှင်တစ်ယောက်က မနေနိုင်တော့ချေ။

ဥက္ကဋ္ဌရှုက တည်ငြိမ်နေပြီး အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“ငါ့ရှယ်ယာ သုံးဆယ် ရာခိုင်နှုန်းထဲက ဆယ့်ရှစ်ရာခိုင်နှုန်းကို ထုတ်လိုက်သလို

“ငါ့ရှယ်ယာ သုံးဆယ် ရာခိုင်နှုန်းထဲက ဆယ့်ရှစ်ရာခိုင်နှုန်းကို ထုတ်လိုက်သလို ဥက္ကဋ္ဌ အိုးရန်က သူ့ရှယ်ယာ နှစ်ဆယ့်တစ် ရာခိုင်နှုန်းထဲက ဆယ့်နှစ် ရာခိုင်နှုန်းကို ထုတ်ပေးလိုက်တယ်၊ စုစုပေါင်း ငါတို့ ရှယ်ယာထဲက သုံးဆယ် ရာခိုင်နှုန်းကို ဝိုင်အလှကုန်ပစ္စည်းဆီ လွှဲပေးလိုက်ပြီ၊ ပြောရရင် ဝိုင်အလှကုန် ပစ္စည်းက အခု အကြီးဆုံး ရှယ်ယာရှင်ပဲ၊ သူတို့က ငါတို့ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်”

သူ့စကားက အခြားသော ရှယ်ယာရှင်များကို ဒေါသထွက်သွားစေသည်။ သူတို့ တစ်ယောက်ပြီး တစ်ယောက်က ဒေါသစိတ်နှင့် ဝမ်းနည်းစိတ်တို့ ရောပြွမ်းနေသော မျက်နှာဖြင့် ထရပ်လာကြသည်။

“ခင်ဗျားက အလှကုန်ပစ္စည်းဆိုင်တစ်ခုကို ကျုပ်တို့ ကုမ္ပဏီ ဝယ်ခွင့်ပေးတာလား၊ ခင်ဗျားက ကျုပ်တို့ ကုမ္ပဏီကို မီးပုံထဲ ပစ်ချလိုက်တာပဲ၊ ဒါ အဆုံးသတ်ပဲ”

“ဥက္ကဋ္ဌရှု၊ ကျုပ်တို့ ကုမ္ပဏီ ဘယ်အခြေအနေ ရောက်နေလဲ လူတိုင်း မြင်နေရတယ်၊ ခင်ဗျား အခု တစ်ကိုယ်ကောင်း ဆန်နေတာ၊ ခင်ဗျားရဲ့ ရှယ်ယာကို ခင်ဗျား ရောင်းခဲ့တယ်၊ ကျန်တဲ့ ကျုပ်တို့ကရော ဘာလုပ်ရမှာလဲ”

“ဟုတ်တယ်၊ မ‌နေ့က ကျုပ်ရှယ်ယာအားလုံးကို ရောင်းချင်တယ်လို့ ကျုပ် ခင်ဗျားကို ပြောခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားက ငြိမ်ပဲ ငြိမ်နေတယ်၊ အခု ခင်ဗျားက ဒီလို လက်သီးပုန်း ထိုးတဲ့ နည်းလမ်းကို သုံးခဲ့တယ်၊ ကျုပ် ဂရုမစိုက်ဘူးဗျာ၊ ကျုပ်ရှယ်ယာတွေကို ခင်ဗျား ယူကို ယူရမယ်”

“အလှကုန်ပစ္စည်းဆိုင်တစ်ခုက ကျုပ်တို့ အလိုအလျောက် မောင်းနှင်ရေး ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်အဖြစ် စီမံမယ်တဲ့လား၊ ဒါ ဟာသပဲ၊ ဥက္ကဋ္ဌရှု ကျုပ်ရှယ်ယာတွေကို ကျုပ် ရောင်းမယ်၊ ကျုပ်တို့ ကုမ္ပဏီရဲ့ ‌ဈေးကွက် တန်ဖိုးအရဆို ကျုပ် ရှယ်ယာ သုံးရာခိုင်နှုန်းကို သန်းတစ်ရာနဲ့ ရောင်းမယ်”

…

All Chapters