ငရဲတံခါး
Vol. 44 Ch. 660
ထိုအချိန်အတွင်း သူသည် စီးပွားရေး လျှို့ဝှက်ချက်များနှင့် အလားတူသော စာရွက်စာတမ်းများစွာကို တွေ့ခဲ့သည်။ သို့သော် အကြောင်းအရာများက အရေးမကြီးချေ။ စဉ်းစားကြည့်ရမည်ဆိုလျင် အင်တာနက်ပေါ်၌ အရေးကြီးသော အချက်အလက်များ ထားထားခြင်းက အဓိပ္ပာယ် မရှိပေ။ သို့သော် ၎င်းအား အခြား ကွန်ပျူတာ သို့မဟုတ် hard disk ၌ သီးသန့် သိမ်းဆည်းထားလောက်သည်။
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် မျက်မှောင် မသိမသာ ကြုတ်သွားပြီး တရားဝင် website တစ်ခုထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လိုက်သည်။
ထိုဆာဗာမှ ဖိုင်များသည် အလွန် ထူးဆန်းသည်။ မှတ်တမ်းများက ပြည်တွင်း သို့မဟုတ် စီးပွားရေး လျှို့ဝှက်ချက်များ မဟုတ်သော်လည်း SS အဆင့် ဟူသော ခေါင်းစဉ်ဖြင့် ဖိုင်တစ်ခုတည်းသာ ဖြစ်သည်။
“SS အဆင့်တဲ့လား၊ နိုင်ငံတကာ သတ်မှတ်ထားတဲ့ အမြင့်ဆုံးက S အဆင့်ပဲ မဟုတ်ဘူးလား၊ ဒါ သူတို့ရဲ့ သတ်မှတ်ချက်လား”
ရှောင်လီ မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။
ရဲ့လင်းချန် ပြဿနာ ကြီးကြီးမားမား ရှာခဲ့ပြီး ဝိုင်ဗိုင်းရပ်စ်ဖြင့် ချုပ်ကိုင်ခဲ့သော်လည်း နိုင်ငံတကာ ကွန်ပျူတာ ဗဟိုဌာနက S အဆင့် ဗိုင်းရပ်စ်ဟုသာ သတ်မှတ်ခဲ့သည်။ ၎င်းက အမြင့်ဆုံး စံချိန်တင် သတ်မှတ်ချက် ဖြစ်နေလေပြီ။
သို့သော် SS အဆင့်နှင့် ခြိမ်းခြောက်မှုတစ်ခုက တကယ် ရှိနေသည်တဲ့လား။
ရဲ့လင်းချန် ဖိုင်ကို နှိပ်ကြည့်လိုက်ပြီးနောက် ကွန်ပျူတာ ဖန်သားပြင်တစ်ခုလုံး တစ်ခဏမျှ တန့်သွားသည်။ loading လုပ်နေကြောင်း ပြသည့် ဘားတန်း ပေါ်လာပြီး ဘားက ဆက်လက်၍ တိုးလာနေသည်။ သို့သော် ဘားပေါ်၌ အနီရင့်ရင့်နှင့် စာတန်း ပေါ်လာ၏။
“ထိပ်တန်း လျှို့ဝှက်ချက်: မဖွင့်ရ”
အနီရင့်ရင့် စာလုံးကြီးကြီးများကို မြင်လိုက်ရခြင်းက အံ့ဩသွားစေသည်။ ရဲ့လင်းချန်တောင်မှ ရင်တုန်သွားရသည်။
“ကျွန်မတို့ တော်တော်လေး မူမမှန်တဲ့ အရာတစ်ခုကို ရှာတွေ့လိုက်ရတယ်လို့ ကျွန်မ ခံစားနေရတယ်”
ဟောင်ယွင် တံတွေးမျိုချ၍ မှတ်ချက်ချလာသည်။
“ကျွန်မတို့ … ဒါကို ဆက်မကြည့်တော့ရင်ရော”
တုန်းမြောင်မြောင်က စိုးရိမ်ပူပန်စွာ မေးလာ၏။
ထိုအချိန်တွင် ဖိုင်အား အပြည့်အဝ loading လုပ်ပြီးသွားလေသည်။ ဖိုင်အတွင်းမှ များစွာသော ဖိုင်ငယ်များ ထွက်လာပြီး ပထမတစ်ခုအား ‘၁၉၇၀ - ငရဲတံခါး’ ဟု အမည် ပေးထားသည်။၊
“ငရဲတံခါး ဟုတ်လား၊ Buff Island က ငရဲတံခါးကို ပြောတာလား”
အိုးရန်ချင်းက မေးလာသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ခုနှစ်က ၁၉၇၀ ဆိုတော့ ဖြစ်နိုင်တယ်”
ငရဲတံခါးသည် သာမန်လူများ ခေါ်သော အခေါ်အဝေါ် ဖြစ်သော်လည်း အစိုးရက ၎င်း၏ တည်ရှိမှုကို တစ်ခါမှ တရားဝင် အတည်မပြုခဲ့ချေ။ထို့ကြောင့် ငရဲတံခါးဟူသော ခေါင်းစဉ်နှင့် ဖိုင်ကို မြင်လိုက်ရခြင်းက အံ့ဩသွား စေခဲ့သည်။
တကယ်တမ်းတွင် ၎င်းသည် Buff Island ပေါ်မှ ကမ္ဘာ့အူတိုင်ကို လွန်ဖြင့် တူးဖောက်ခြင်း ပါဝင်သည့် စမ်းသပ်မှု ပရောဂျက်တစ်ခု ဖြစ်သည်။ ၎င်းသည် ဗီအန်နီ နယ်နိမိတ် အနီးအနားရှိ ကိုဒို ကျွန်းဆွယ်မှ သိပ္ပံအခြေခံ လွန်ဖြင့် တူးဖောက်ခြင်း ပရောဂျက် ဖြစ်သည်။
Buff Island ပေါ်မှ လွန်တူးခြင်း စမ်းသပ်မှုသည် အမေရိကန်နှင့် သိပ္ပံသုတေသနများ ယှဉ်ပြိုင်ရန် ပြုလုပ်ခြင်း ဖြစ်သည်။ ၎င်းသည် သိပ္ပံနည်းပညာ အသိုင်းအဝိုင်း၌ အထူးဆန်း ပြိုင်ဆိုင်မှုများထဲမှ တစ်ခု ဖြစ်သည်။ သိပ္ပံပညာရှင်များသ်ည အမေရိကန်ကို အနိုင်ယူရန် ၁၉၇၀ ခုနှစ်က စမ်းသပ်မှုကို စတင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် အမေရိကန်က မတူညီသော သုတေသန ပရောဂျက်ကို လုပ်ဆောင်နေခဲ့သည်။ ၎င်းပရောဂျက်မှာ လပေါ် ဆင်းသက်ခြင်း ဖြစ်သည်။
သမိုင်းမှတ်တမ်းများထဲမှ သူတို့ ရောက်ခဲ့သော အမြင့်ဆုံး အနက်မှာ ၁၂,၂၂၆ မီတာ ဖြစ်ပြီး ၎င်းသည် ကမ္ဘာ့၏ အနက်ဆုံး လွန်တူးခြင်း အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထိုပရောဂျက်တွင် ပါဝင်ခဲ့သူများမှလွဲ၍ အခြားသူများသည် ဘာဖြစ်ခဲ့သလဲ မသိကြချေ။ သို့သော် ထိုသူများအားလုံးသည် ထုတ်ဖော်ပြောဆိုခြင်းကို တားမြစ်ထားခဲ့ကြသည်။ သို့ရာတွင် စမ်းသပ်မှုအတွင်း ထူးဆန်းသော အဖြစ်အပျက်များနှင့် ပတ်သက်သည့် ကောလာဟလများ ရှိသည်။ ထို့ကြောင့် လူအများကြားထဲ၌ ပုံပြင်များ ပေါ်လာကာ ၎င်းသည် ငရဲ သို့မဟုတ် ယင်းနှင့် ပတ်သက်သည့် အရာတစ်ခုခုကို ပြောကြသည်။ ထို့ကြောင့်ပင် ငရဲတံခါးဟူသော အမည် ပေါ်လာခြင်း ဖြစ်ပေသည်။
၎င်းသည် နာမည်ကြီးသဖြင့် လူတိုင်း၏ မျက်လုံးများက ကွန်ပျူတာပေါ်၌ ကျရောက်နေပြီး ဂရဲတံခါး၏ ဖိုင်က ပွင့်လာသည်။
ရဲ့လင်းချန်၏ မျက်လုံးများက လျင်မြန်စွာ ဖတ်ရှုလေသည်။ ဖိုင်၏ အချက်အလက်မှာ လူတိုင်း ထင်ထားသကဲ့သို့ ဖြစ်သော်လည်း အကြောင်းအရာများက ပြောင်းလဲနေသည်။
တူးဖော်ခြင်း လုပ်ငန်းသည် မေလ ၂၄ ရက်၊ ၁၇၉၀ ခုနှစ်၌ စတင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အနက် ၁၂,၀၀၀ မီတာသို့ ရောက်ခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ သူတို့သည် ၁၂,၂၂၆ မီတာအထိသာ တူးနိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်၌ ပရောဂျက်က ရပ်သွားခဲ့သည်။
တစ်နည်းအားဖြင့် ဆိုရလျင် သူတို့သည် ဆယ်နှစ်တာအတွင်း ၂၂၆ မီတာသာ ထပ်တူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကိုရီးယား၏ မှတ်တမ်း၌ အကြောင်းအရာကို မှတ်တမ်းမတင်ထားဘဲ ဖိအားများ၍ဟုသာ ဆိုထားသည်။ Buff Island မှ စမ်းသပ်မှုကို သုတေသန ရန်ပုံငွေ မလုံလောက်ခြင်းကြောင့် ရပ်တန့်ခဲ့ပြီး စမ်းသပ်ဧရိယာအား ချက်ချင်း ချိပ်ပိတ်ခဲ့လေသည်။
၁၉၉၁ ခုနှစ်တွင်ပင် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများသည် Buff Island မှ အကူအညီတောင်းခံမှုကို ရုတ်တရက် လက်ခံ ရရှိခဲ့သည်။ ကျွန်းတစ်ခုလုံး မမျှော်လင့်ထားသည့် တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ အမျိုးအမည် မသတ်မှတ်နိုင်သော သတ္တဝါများက ကြမ်းတမ်းစွာ ရန်မူခဲ့ပြီး ထိုသတ္တဝါများသည် မြေအောက်မှ ပေါ်ထွက် လာသည်ဟု ခန့်မှန်းခဲ့ကြသည်။
“၁၉၉၁ ခုနှစ်၊ အဲ့ဒါ ကမ္ဘာစစ် ဖြစ်နေတဲ့ အချိန် မဟုတ်ဘူးလား၊ တော်တော်လေး ဝမ်းနည်းစရာ ကောင်းတာပဲ”
တုန်းမြောင်မြောင် မနေနိုင်ဘဲ မေးလိုက်မိသည်။
“မဟုတ်မှလွဲရော ဒီမြေအောက်တွင်းပေါက်ကြောင့်များလား”
ရဲ့လင်းချန် ဆိတ်ဆိတ်နေနေ၏။ ထိုတူးဖော်ခြင်း စမ်းသပ်မှုကြောင့်သာ ဖြစ်ခဲ့ပါက ပြဿနာက ကြီးမားပေမည်။
ကမ္ဘာစစ်အတွင်း၌ ၎င်းအကြောင်းအရာက အမှန် ဟုတ်၊မဟုတ် မသိနိုင်သော်လည်း ထိုအချိန်ကာလအတွင်း၌ လူပေါင်းများစွာ သေကြေခဲ့ရသည်။
အကယ်၍ စစ်ပွဲက ဖုံးကွယ်မှုသက်သက်သာဆိုလျင် ထိုစစ်ပွဲက အမည်မသိ သတ္တဝါများနှင့် တိုက်ပွဲ ဖြစ်နေနိုင် သလော။ လူပေါင်းများစွာ သေဆုံးခဲ့ရသဖြင့် ထိုအမည်မသိ သတ္တဝါများက ဘယ်လောက်တောင် သန်မာနေခဲ့သလဲ မသိနိုင်ပေ။
“တိုက်ပွဲက Buff Island ပတ်ဝန်းကျင်မှာ ဦးတည်ပြီး ဖြစ်ခြ့တာ၊ အခုထိ Buff Island ကို ပိတ်ထားပြီးတော့ နိုင်ငံတိုင်းအတွက် စစ်ရေးလေ့ကျင့်ရေး နေရာ ဖြစ်လာတာ”
အိုးရန်ချင်း၏အသံက တုန်နေပြီး သူမအသံမှ မူမမှန်မှုကို လူတိုင်း ခံစားမိသည်။
ကိစ္စများက ထိုမျှနှင့် မပြီးသွားချေ။ စစ်ပွဲအပြီး၌ မြေအောက် လွန်တူးခြင်း ဧရိယာများအား တင်းကြပ်စွာ ပိတ်ထားသော်လည်း ၂၀၀၂ ခုနှစ်၌ နိုင်ငံတကာမှ လူများ ပူးပေါင်းပါဝင်သည့် ဘုမိဇီဝ လေ့လာရေးအဖွဲ့က မြေအောက်တွင်းပေါက်များသို့ ထပ်မံ ဝင်ရောက်ခဲ့သည်။ ၁၂ တန်မျှရှိသော သံများဖြင့် ပိတ်ထားသော တံခါးက ပွင့်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။ တံခါး၏ အတွင်း၌ ပြင်းထန်သော ပျက်စီးမှု ဖြစ်နေခဲ့ပြီး တံခါးက အပြင်သို့ ကွေးနေပြီး အပြင်ဘက်အပိုင်းက လုံးဝ ပျက်စီးနေ၏။
မြေအောက်တွင်းပေါက် ပတ်ဝန်းကျင်၌ အမှတ်အသားများနှင့် ပြည့်နှက်နေပြီး နက်ရှိုင်းသော မြေအောက်ထဲမှ အော်သံတစ်သံ ထွက်ပေါ်ာလခဲ့သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ တွင်းပေါက်က ၇၈၆၃ မီတာ ပို၍ နက်သွားခြင်းပင်။
Buff Island မှ စမ်းသပ်မှုက နောက်ဆုံး ဆယ်နှစ်အတွင်း ၂၂၆ မီတာအထိသာ တူးနိုင်ခဲ့သော်လည်း တွင်းပေါက်က ရုတ်တရက် ၇၈၆၃ မီတာ ပိုနက်လာခဲ့သည်။ ထိုသို့ဆိုလျင် ၎င်းအား မည်သူက တူးဖော်ခဲ့သနည်း။
ရဲ့လင်းချန် မျက်မှောင်ကြုတ်၍ ဆက်ဖတ်နေသည်။
နိုင်ငံပေါင်းစုံမှ အစိုးရက ထပ်မံ၍ လေ့လာရန် ထိပ်တန်းပညာရှင် အယောက်သုံးဆယ် ပါသော အဖွဲ့အား စေလွှတ်ခဲ့သည်။ သူတို့အားလုံးသည် တိုက်ခိုက်ခံရသည်ဟုသာ သတင်းပို့ခဲ့ပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ ထိုလူ အယောက်သုံးဆယ်လုံး လေ့လာရေးမှ ပြန်မလာနိုင်ခဲ့ချေ။
“ဟာ…”
ရဲ့လင်းချန် ပင့်သက်ရှိုက်မိသွားပြီး လူတိုင်း အလန့်တကြားဖြင့် အချင်းချင်း ပြန်ကြည့်မိကြသည်။
“ဒါ … ဒါ မြေအောက်အကောင်တွေတော့ မဟုတ်လောက်ပါဘူးနော်”
ဟောင်ယွင် ချီတုံချတုံ ဖြစ်နေသည်။ ဖိုင်အား SS အဆင့်ဟုသာ သတ်မှတ်မထားလျင် သူမ ဝတ္တုတစ်ပုဒ် ဖတ်နေရသည်ဟုသာ တွေးမိလောက်သည်။
“ဒါ မြေအောက် သတ္တဝါတော့ မဖြစ်နိုင်ဘူး”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“မှတ်တမ်းတွေအရဆို မြေကြီးထဲက တွင်းအနက်က အဲ့လောက်ပဲ နက်တာ၊ တကယ်လို့ မြေအောက် သတ္တဝါသာဆို အဲ့တွင်းထဲကနေ ထွက်လာဖို့ ဘယ်လောက် ကြာနိုင်မှာလဲ၊ အမည်မသိတဲ့ သတ္တဝါတစ်ကောင်ကောင်သာဆို တံခါးက ပွင့်နေလောက်ပြီ”
“ဥက္ကဋ္ဌရဲ့၊ ခင်ဗျား ငရဲတံခါးကို ပြောတာလား”
ရှောင်လီသည် အာခေါင် ခြောက်သွေ့လာပြီး အလန့်တကြား မေးလိုက်သည်။
“ငရဲတံခါး ဟုတ်၊ မဟုတ်က အရေးမကြီးဘူး၊ ဒီကိစ္စက အရေးကြီးတဲ့ကိစ္စပဲ”
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်သည်။ SS အဆင့် သတ်မှတ်ထားသည့် မည်သည့်အရာမဆိုက ထိတ်လန့်ဖွယ် ကောင်းပေသည်။
အိုးရန်ချင်းနှင့် အခြားသူမျာအးတွက် အချိန်တိုအတွင်း လက်ခံရန် ခက်ခဲသော်လည်း ရဲ့လင်းချန်ကတော့ မတူပါ။
ထူးဆန်းသော အဖြစ်အပျက်များကို သတိပြုမိပြီးသားဖြစ်သဖြင့် ထိုသတင်းအချက်အလက်မှ အကြောင်းအရာ များကို ဆက်စပ်မိပြီး အဘယ်ကြောင့် နိုင်ငံများက သိုင်းပညာတွင် စတင် တိုးတက်အောင် လုပ်နေသလဲ ဆိုသည်ကို ခပ်ရေးရေး ခန့်မှန်းမိလာသည်။ ထိုသိုင်းပညာရှင်များသည် သူတို့၏ ကြန့်ကြာနေသော အဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခြင်းက ထိုအဖြစ်အပျက်နှင့် ပတ်သက်နေလောက်သည်။
“Buff Island က တကယ် ထူးဆန်းတာပဲ၊ သူတို့က ဘာအကြောင်းမှ မရှိဘဲ ဘာလို့ မြေကြီးကို တူးတာလဲ၊ သူတို့ တစ်ခုခု မှားတူးမိတာလား”
ဟောင်ယွင်သည် ထိတ်လန့်မှုကြောင့် ငိုမိမတတ် ဖြစ်နေ၏။
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ မြေအောက် တူးဖော်ခြင်းက အဖြစ်အပျက်၏ အရင်းခံ မဟုတ်နိုင်ချေ များပေသည်။
စာစဉ် ၄၄ ပြီးပါပြီ။