← Chapters

လက်သီးတစ်ချက်နဲ့ တောတောင်မြစ်ချောင်းကို ဖျက်ဆီးနိုင်တယ်

Vol. 22 Ch. 318

လက်သီးတစ်ချက်နဲ့ တောတောင်မြစ်ချောင်းကို ဖျက်ဆီးနိုင်တယ်

Vol. 22 Ch. 318

“ခင်ဗျားက အခုထိ အရှုံးမပေးသေးတဲ့ပုံပဲ”

ရဲ့လင်းချန်က ထွားကြိုင်းသောလူအား လက်ယပ်ခေါ်၍ ပြုံးလိုက်သည်။

“လာလေ”

“ဟိုက်ရား”

ထွားကြိုင်းသောလူက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့အသံက မိုးခြိမ်းသံလိုပင်။ သူ့မျက်နှာက တည်နေပြီး ကိုယ်ကို ကိုင်းလိုက်သည်။ သူ့လက်များအား လက်သည်းသဖွယ် ပြုလုပ်လိုက်ပြီး ကြွက်သားများ ထောင်တက်လာသည်။ သူ ထပ်မံ၍ နမော်နမဲ့ လုပ်တော့မည် မဟုတ်ပါ။

သူ့ခြေထောက်များကို မြေကြီးပေါ် ချနင်းလိုက်သည်နှင့် ခန္ဓာကိုယ်က ရှေ့သို ကိုင်းသွားပြီး ရဲ့လင်းချန်ထံ တစ်ဟုန်ထိုး ပြေးဝင်လေသည်။

သူသည် လက်သည်းများကို အရှေ့တွင်ထား၍ လျင်မြန်စွာ ဝှေ့ယမ်းကာ ရဲ့လင်းချန်၏ ရင်ဘတ်ထံ ဦးတည်လိုက်သည်။

“တိုက်ကွက်ကောင်းပဲ”

ရဲ့လင်းချန်၏ မျက်လုံးများ အရောင်တောက်လာပြီး လက်သည်းများကို မြှောက်လိုက်သည်။ လက်သည်း လက်သည်းချင်း ယှဉ်ချမိသည်နှင့် ရဲ့လင်းချန်က ထွားကြိုင်းသောလူအား အဆက်မပြတ် တိုက်ခိုက်လေသည်။ ထွားကြိုင်းသောလူ၏ တိုက်ခိုက်မှုက မည်မျှ မြန်ဆန်ပါစေ ရဲ့လင်းချန်က အသာလေး ခုခံဖယ်ရှားနိုင်သည်။

တစ်ခဏအတွင်းမှာပင် သူတို့၏ လက်များက အချင်းချင်း တိုက်ကွယ်နှစ်ဆယ်မျှ တိုက်ခိုက်ပြီးသွားခဲ့သည်။ လီဟူနှင့် အခြားသူများသည် မှုန်ဝါးဝါး ပုံရိပ်များကိုသာ မြင်နေရပြီး လေထဲမှ ကြုံးဝါးသံများကိုသာ ကြားနေရသည်။ သူတို့သည် ဘေးမှ ကြည့်နေသူများသာ ဖြစ်သော်လည်း အန္တရာယ်ကို အတိအလင်း ခံစားမိနေသည်။

ထိုသို့သော လက်သည်းသိုင်းကွက်များသည် အန္တရာယ် အများဆုံးပင်။ သူတို့သည် အလွန် မြန်ဆန်ပြီး ဖျက်စီးနိုင်လွန်းလျသည်။ သတိသာမထားမိပါက ခန္ဓာကိုယ်ပေါ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားနိုင်သည်။

“သူ့လက်သည်း သိုင်းကွက်က ဘယ်လိုလုပ် အဲ့လောက် အစွမ်းထက်နေတာလဲ၊ သူ့လက်နှစ်ဖက်လုံးရဲ့ ခွန်အားက ကောင်းလွန်းနေတယ်”

လက်သည်း သိုင်းကွက်များသည် အလွန် အစွမ်းထက်သော သိုင်းကွက်များ ဖြစ်သော်လည်း လေ့ကျင့်ရ ခက်လှသည်။ လူတစ်ယောက်၏ ၎င်းကို လေ့ကျင့်ရသော ရလဒ်က အလွန် ပြင်းထန်ခက်ခဲလှသည်။ အထူးသဖြင့် လက်ဆယ်ချောင်းလုံးကို လေ့ကျင့်ရခြင်းပင်။ ဤမျှ အောင်မြင်လာရန် နာကျင်မှုများစွာကို ခံခဲ့ရသည်။ သို့သော် ရဲ့လင်းချန်ကဲ့သို့ ငယ်ရွယ်သော လူတစ်ယောက်က ဤမျှ ကောင်းမွန်သော လက်သည်း သိုင်းပညာစွမ်းရည်ကို ပိုင်ဆိုင်ထားနှင့်နေ၏။

တိုက်ကွက်များ ပိုဖလှယ်လာလေ ထွားကြိုင်းသောလူ၏ စိတ်ထဲ၌ ပို၍ ထိတ်လန့်လာလေပင်။ ထိတ်လန့်မှုကြောင့် သူ့လက်များပင် မသိမသာ တုန်ယင်လာသည်။

*သူ့လက်ဆယ်ချောင်းလုံးက ငါ့လက်ချောင်းတွေထက် ပိုမာကျောတယ် ပြီးတော့ သူ့ခွန်အားကလည်း ငါ့ထက် အများကြီး ပိုသာတယ်*

ထွားကြိုင်းသောလူ၏ စိတ်ထဲ၌ ပို၍ လေးလံလာသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်က ပို၍ စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားလာ၏။ သိုင်းပညာကို သူ စတင် သင်ယူခဲ့ကတည်းက တစ်စုံတစ်ယောက်က သူနှင့် ယခုမျှ ကြာရှည်အောင် အမီတိုက်ခိုက်နိုင်သည်က ပထမဆုံး အကြိမ်ပင်။ ထွားကြိုင်းသောလူသည် ရဲ့လင်းချန်အား သွေးပူလေ့ကျင့်ခန်းအဆင့်အထိ ရောက်အောင် လုပ်ပေးနိုင်သူဟု သတ်မှတ်နိုင်ပြီး သူ့အား ပြောမပြတတ်လောက်အောင် ပျော်ရွှင်လာစေသည်။

ထို့အပြင် ရဲ့လင်းချန်သည် နဂါးဖမ်းလက်ကို သင်ယူခါစသာ ရှိသေးပြီး အပြည့်အဝ မတတ်မြောက်သေးပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသိုင်းပညာကို စမ်းနိုင်မည့် လက်သည်းသိုင်းကို သုံးသော သိုင်းပညာရှင်တစ်ဦးနှင့် သူ ကြုံတွေ့ခဲ့ရသည်။

*ဒီကောင်လေးရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ငါ့ထက် ပိုသာတယ်၊ ဒါပေမဲ့ သူ့လှုပ်ရှားမှုတွေက နည်းနည်း ထူးဆန်းတယ်၊ ငါ မြန်မြန် တိုက်ခိုက်ပြီး မြန်မြန် ဆုံးဖြတ်ချက် ချရမယ်*

တစ်ခဏအတွင်းမှာပင် ထွားကြိုင်းသောလူ၏ စိတ်ထဲ၌ အစီအစဉ် ဆွဲထားပြီးသွားလေသည်။ သူ့ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် ယိမ်းလိုက်ပြီး ရဲ့လင်းချန်နှင့် လူချင်းခွာလိုက်သည်။

“လှောင်အိမ်လွတ်ကျား၊ နှလုံးဆုတ်ဖြဲ လက်သည်း”

ထွားကြိုင်းသောလူ၏ ခန္ဓာကိုယ်က မသိမသာ တုန်ယင်လာပုံရပြီး မျက်နှာက နီရဲလာသည်။

ညအမှောင်၌ သူ့လက်များက မြူခိုးတစ်ခု ရစ်သိုင်းလာသည်ဟု ထင်မှတ်ရသည်။

ထိုအခိုက်တွင် သူသည် ရဲ့လင်းချန် တန်ပြန် ပြင်ဆင်လာသည်ကို မစောင့်ဘဲ ကျားသစ်တစ်ကောင်ကဲ့သို့ ချက်ချင်း ရှေ့သို့ ခုန်ဝင်လာသည်။

ရဲ့လင်းချန်၏ ခန္ဓာကိုယ်က အနည်းငယ် ရွေ့လျားသွားပြီး ထွားကြိုင်းသောလူ၏ လက်သည်းက သူ့ဘေးမှ သစ်ပင်ကိုသာ ထိုးစိုက်မိသွားသည်။

“ဂျွတ်”

စုတ်ပြဲသံတစ်သံ ထွက်ပေါ်လာပြီး မီတာဝက်မျှ အကျယ်ရှိသော သစ်ပင်မှ ကြီးမားသော ပင်စည်အသားတစ်ခု လွင့်ထွက်သွားသည်။ သစ်ပင်၏ ပင်စည် အစိတ်အပိုင်းများက နေရာတိုင်းကို လွင့်ပျံသွားပုံက တကယ်ကို ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။

ဤမြင်ကွင်းသည် တီဗွီ သိုင်းဇာတ်လမ်းတွဲများထဲမှ နဂါးဖမ်းလက်သည်းလိုပင်။ ထိုလက်သည်းများသည် ဖျက်ဆီးမရနိုင်ပုံ ပေါ်ပြီး အသာလေး ယမ်းလိုက်ခြ်ငးက သစ်ပင်တစ်ပင်၌ အပေါက်တစ်ပေါက် မြစ်ပေါ်သွားစေပြီး သံတုတ်ချောင်းကိုပင် ကွေးသွားနိုင်စေသည်။

“ဒါ အတွင်းအားပဲ”

တပ်ကြပ်ကောင်း၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားလေသည်။ သူ့အသံကလည်း တုန်ယင်လာသည်။

အတွင်းအားသုံး သိုင်းပညာရှင်များသည် စစ်သည်တော်ဌာနအတွင်းမှာတောင်မှ အလွန် ရှားပါးသည်။ ရဲ့လင်းချန် ထိန်းနိုင်ပါ့မလားဟု သူတို့အားလုံး စိုးရိမ်လာကြသည်။

“ဆိုတော့ ဒါက ခင်ဗျားရဲ့ ဝှက်ဖဲပေါ့လေ၊ အတွင်းအားလေး အချို့လေ”

ရဲ့လင်းချန်က ပြုံးလိုက်ပြီး လက်သည်းမှ လက်သီးပုံစံ ပြောင်းလိုက်ကာ ၎င်းက သမာရိုးကျ ဆန်ပုံ ပေါက်နေသည်။

“အရဟာ လက်သီးစွမ်းအင်”

နောက်ဆုံးတစ်ခေါက် အရဟာ လက်သီးစွမ်းအင်ကို သူ သုံးခဲ့စဉ်က ကျောက်ဆောင်ကို ဖောက်၍ စနိုက်ပါသမားကို သတ်နိုင်ခဲ့သည်။ ထိုအချိန်က သူသည် အရဟာ လက်သီးစွမ်းအင်ကို‌ လေ့ကျင့်ခါစသာ ရှိခဲ့သည်။ သို့သော် လက်ရှိတွင် သူ၏ ခန္ဓာကိုယ်တွင်းမှ လက်သီးစွမ်းအင်က ပို၍ သန်မာလပြီး သူ ရင်ဆိုင်နေရသည့်လူက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည်။

“အတွင်းအား နည်းနည်းလေးပဲ ဖြစ်ရင်တောင်မှ မင်းကို သတ်ဖို့ အသာလေးပဲကွ”

ထွားကြိုင်းသောလူက အေးစက်စွာ ပြောလိုက်သည်။ သူ ယုံကြည်ချက် ရှိနေသည်။ အတွင်းအား ရှိသူနှင့် မရှိသူတို့ကြား၌ ခြားနားချက်က ကြီးမားလွန်းလှသည်။ ၎င်းက သေနတ်ကိုင်ထားသောလူကို လက်ဗလာနှင့် ရင်ဆိုင်နေရသည့်လူကဲ့သို့သော အဖြစ်လိုပင်။

ရဲ့လင်းချန် လက်သီးဖြင့် ထိုးခွင်းလာသောအခါ သူ့ပတ်ဝန်းကျင်၌ လေတိုးသံများ ဖြစ်ပေါ်လာသည်။ တိုးဝှေ့လာသော လေပြင်းက ထွားကြိုင်းသောလူထံသို့ တိုက်ခတ်လာ၏။

ထွားကြိုင်းသောလူသည် သွေးပျက်သလို ခံစားလိုက်ရသည်။ သူ သေချာ မစဉ်းစားနိုင်တော့ဘဲ ချက်ချင်း နောက်ဆုတ်လိုက်ရသည်။

“ဝုန်း”

ခပ်လှမ်းလှမ်းမှ သစ်ပင်များသည် လက်သီးစွမ်းအင်ကြောင့် တစ်ပင်ပြီးတစ်ပင် မြေကြီးပေါ် လဲကုန်သည်။

“ဒါ ဘယ်လို သိုင်းပညာလဲ”

ထွားကြိုင်းသောလူ သေမတတ် ကြောက်လန့်လုနီးပါး ဖြစ်သွားရသည်။ သူ့မျက်နှာက ဖြူရော်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

သူ၏ ပထမအမှားက နမော်နမဲ့နိုင်မှုကြောင့်ဟု သူ ထင်ခဲ့မိသည်။ သို့သော် ရဲ့လင်းချန်၏ လက်သီးက သူ့ယုံကြည်ချက်ကို အပြီးတိုင်း ဖျက်ဆီးသွားလေသည်။

ထွားကြိုင်းသောလူသည် သူ့ညာဘက်လက် တစ်ခုလုံး သွေးများ ပေကျံနေသည်ကိုသာ မြင်လိုက်ရသည်။ သူ့လက်မောင်းမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ အစောပိုင်းက သူသာ အချိန်မီ မရှောင်နိုင်ခဲ့လျင် သူ့ခန္ဓာကိုယ်သည်လည်း ထိုသို့ ဖြစ်သွားလောက်သည်။

လီဟူ၊ တပ်ကြပ်ကောင်းနှင့် အခြားသူများ တွေဝေကုန်သည်။ ရှုနန်တောင်မှ ပါးစပ်ကို အုပ်ထားမိသည်။

“ဒါက … သူ လူကော ဟုတ်သေးရဲ့လား”

သူတို့ ပင့်သက်ရှိုက်နေပြီး အသံများက တုန်ယင်နေသည်။

ယခင်က သူတို့သည် သာမန်လူများ၏ လောကတွင်သာ နေခဲ့ကြသဖြင့် တိုက်ကွမ်ဒိုဆရာများနှင့် ဂျူဒိုဆရာများကပင် ကျွမ်းကျင်သူများဖြစ်သည်ဟု ထင်ခဲ့ကြသည်။ စစ်သည်တော်ဌာနတွ်း၌ သိုင်းပညာရှင်များ ရှိပြီး အတွင်းအား သုံးနိုင်သည့် သိုင်းပညာရှင်များ၏ ဒဏ္ဍာရီကိုလည်း ကြားဖူးခဲ့ကြသည်။ သို့သော် သူတို့က ထိုမျှ သန်မာလိမ့်မည်ဟု မည်သူကမှ ထင်မထားမိပေ။

ထိုလက်သီးချက်သည် ဘူဒိုဆာလိုပင် အရာအားလုံးကို ဖျက်ဆီးနိုင်၏။

ထွားကြိုင်းသောလူ၏ အမူအရာက ကြောက်ရွံ့ခြင်းသို့ အစားထိုး ပြောင်းလဲသွားလေပြီ။ သူသည် ရဲ့လင်းချန်ကို ရင်ဆိုင်လိုသည့် သတ္တိအားလုံး ပျောက်ရှသွားပြီး နောက်လှည့်၍ ထွက်ပြေးတော့သည်။

“ထွက်ပြေးမလို့လား”

ရဲ့လင်းချန် လှောင်ရယ်လိုက်ပြီး တောအုပ်ထဲ၌ မျောက်များ ပြေးသကဲ့သို့ လျင်မြန်စွာ ပြေးလိုက်လေသည်။

“ရှစ်ဆပြင်းထန်လက်သီး၊ သံတောင်ခွင်း လက်သီး”

မကြာခင်မှာပင် သူသည် ထွားကြိုင်းသောလူကို မီသွားပြီး အသာလေး ရင်ဆိုင်လိုက်သည်။ သူက ကိုယ်ကို ကိုင်းလိုက်ပြီးမှ ထွားကြိုင်းသောလူ၏ နောက်ကျောသို့ ပြေးဝင်သည်။

“ဝုန်း”

ထွားကြိုင်းသောလူ၏ ခန္ဓာကိုယ်က လေထဲသို့ ပန်းဝတ်မှုန်သဖွယ် လွင့်တက်သွားလေသည်။ သူသည် သစ်ပင်နှင့် ဝင်တိုက်မိပြီးမှ သတိလစ်သွားတော့သည်။

ရဲ့လင်းချန်က လက်ခုပ်တီးလိုက်ပြီး မသိလျင် အသေးအဖွဲကိစ္စလေးကို လုပ်ခဲ့သည်ဟု ထင်မှတ်ရသည်။ သူက အံ့ဩနေသော အဖွဲ့ကို အသာပြုံးပြ၍ ပြောလိုက်သည်။

“အားလုံးပြီးပြီ၊ ပြန်ကြတာပေါ့”

“အား … ဆရာ ရှင်က သိပ်ချောတာပဲ”

ရှုနန်က အော်ဟစ်၍ ရဲ့လင်းချန်ကို ချက်ချင်း ပြေးဖက်သည်။ သူမက သူ့ကို ဖက်ထားပြီး အလွန့်အလွန် စိတ်လှုပ်ရှားနေသည်။ ယနေ့ည သူမစိတ်ခံစားချက်သည် ရိုလာကိုစတာ စီးနေရသကဲ့သို့ နိမ့်လိုက်မြင့်လိုက် ဖြစ်နေခဲ့သည်။

“ဟုတ်ပါပြီ၊ စိတ်ကို ငြိမ်ငြိမ်ထားပါ၊ ယောက်ျားနဲ့ မိန်းမက ပစ္စည်းတစ်ခုခု ပေးတဲ့အခါ ဒါမှမဟုတ် ယူတဲ့အခါ ကျရင် လက်ချင်း မထိသင့်ဘူး”

ရဲ့လင်းချန် ပြုံးနေသည်။

“မရပါဘူး … ရှင်က ကျွန်မဆရာပဲကို”

ရှုနန်က ရဲ့လင်းချန်ကို တောက်ပသော မျက်လုံးတို့ဖြင့် ဖက်ထားလေသည်။

“ဆရာ ရှင်က တကယ် ဘက်လိုက်တာပဲ၊ ကျွန်မကို အဲ့လက်သည်း သိုင်းကွက် သင်ပေးပါလား၊ အဲ့အားကောင်းတဲ့ လက်သီးကလည်း မိုက်လွန်းတယ်၊ ကျွန်မ ဂရုမစိုက်ဘူး၊ ရှင် ကျွန်မကို သင်ကို သင်ပေးရမယ်”

ရဲ့လင်းချန်၏ သိုင်းကွက်များကို စဉ်းစားမိရုံနှင့်တင် သူမ ရင်ခုန်လာပြီး မျက်နှာ နီရဲလာသည်။

“ဆရာ ရှင်က တကယ့် စူပါမန်းပဲသိလား၊ စူပါမန်းဝိုင်တောင် ရှင့်လောက် မစွမ်းလောက်ဘူး”

တပ်ကြပ်ကောင်းနှင့် အခြားသူများမှာမူ ရဲ့လင်းချန်ကို မြင်သည့်အမြင်က အံ့ဩမှုအဖြစ်သို့ အစားထိုး ပြောင်းလဲ သွားလေသည်။ ရှုနန်ကို ကြည့်ပြီး သူတို့ရင်ထဲတွင် အားကျစိတ်တောင်မှ ဝင်လာသည်။

*သူ့လို သန်မာတဲ့ ဆရာ ရှိနေရင် နောက်ဆို သူမ ကွန်ဖူးလေ့ကျင့်ဖို့ စိုးရိမ်စရာ လိုပါဦးမလား*

သူတို့၏ တိမ်ကောသော စိတ်ထားက ရယ်ချင်စရာပင်။ ရဲ့လင်းချန်က လူလိမ်ဟု သူတို့ ထင်ခဲ့မိသည်

ရဲ့လင်းချန်က သူတို့အားလုံးကို ကယ်ခဲ့သည်ကို တွေးမိသည်နှင့် ပို၍ ရှက်လာကြသည်။ သူတို့က သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ကြသည်။

“ကျုပ်တို့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ ဆရာရဲ့”

…

All Chapters