← Chapters

ဟွမ်ရှောင်မန်က ခြံဝ၌ ဟန့်တားခြင်း

Vol. 10 Ch. 147

ဟွမ်ရှောင်မန်က ခြံဝ၌ ဟန့်တားခြင်း

Vol. 10 Ch. 147

“ထောက်ခံတယ်”

“ထောက်ခံတယ်”

…

စုန့်ချမ်မှတစ်ပါး ကျန်လူများအားလုံးက စီအီးအိုဝမ်၏ စကားအဆုံး၌ ထောက်ခံကြောင်း ပြသကြသည်။

စုန့်ချမ် အခြားသူများကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ သူ့မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေ၏။ ဤလူများက အစကတည်းက အားလုံး စီစဉ်ထားသည့်ပုံပင်။

သို့သော် သူ ဆက်၍ အကျိုးသင့် အကြောင်းသင့် ငြင်းဆန်လေသည်။

“စီအီးအိုဝမ်၊ ဝိုင်နတ်ဘုရားက ကျွန်တော်တို့ ပလက်ဖောင်းကို အကျိုးအမြတ်တွေ အများကြီး ရအောင် လုပ်ပေးခဲ့တာလေ၊ ကျွန်တော်တို့ ဒီလို ပြင်းပြင်းထန်ထန် မဆုံးဖြတ်သင့်ဘူး၊ ကျွန်တော်တို့ သင့်တော်တဲ့ စီမံမှုတွေ လုပ်ကြည့်သင့်ပါသေးတယ်”

“စုန့်ချမ် ငါတို့က ထုတ်လွှင့်မှု ပလက်ဖောင်း၊ ပရဟိတအသင်း မဟုတ်ဘူး၊ ဝိုင်နတ်ဘုရား အပိတ်ခံလိုက် ရပြီဆိုတော့ အားလုံး အစကနေ ပြန်စရမှာ၊ ဆိုတော့ အရင်တုန်းက ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ပျက်ပြယ် သွားပြီ”

ကျိုးမင်က လှောင်ရယ်လေသည်။

“ဝိုင်နတ်ဘုရားကို ခေါ်လာတာ ရှင်မှန်း ကျွန်မ သိတယ်၊ အဲ့ဒါကြောင့် ရှင် တွန့်ဆုတ်နေတာမလား၊ ဒါပေမဲ့ ဝိုင်နတ်ဘုရားက ဘာမှ တန်ဖိုးမရှိတော့ဘူး”

“ဟုတ်တယ်၊ ဝိုင်နတ်ဘုရား နောက်ထပ် နာမည်ကြီး ဖန်တီးမှုတစ်ခု ဖန်တီးတဲ့အထိ စောင့်ကြတာပေါ့”

ဝမ်ယွမ်က ခေါင်းညိတ်၍ စစ်ယွီကို ကြည့်လိုက်သည်။

“နောက်ထပ် အာရုံစိုက်ရမယ့်သူက စစ်ယွီပဲ”

“ကျေးဇူးတင်ပါတယ် စီအီးအိုယွမ်”

စစ်ယွီ ချက်ချင်း စိတ်လှုပ်ရှားလာသည်။

“စစ်ယွီ နောက်ဆို နင်က ငါတို့ ဟူယွီအတွက် ဦးဆောင်မယ့် အမျိုးသမီး ဖြစ်လာတော့မှာ၊ နင် ကောင်းကောင်း လုပ်မှရမယ်”

ကျိုးမင်က ပြုံး၍ မှတ်ချက်ပြုသည်။

“ငါ အရင်တုန်းက ပြောခဲ့ဖူးသလိုပဲ၊ တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ အဓိကက မျက်စိဖမ်းစားနိုင်ဖို့ပဲ၊ အချို့လူတွေက ဝုန်းခနဲ ဦးဆောင်နိုင်တတ်ကြတယ်၊ အဲ့ဒါက ကောက်ရိုးမီးလိုပဲ၊ မီးညှိလိုက်တုန်း ခဏပဲ တောက်တာ ပြီးရင် မြန်မြန် ပျောက်သွားရော၊ တန်ဖိုးမရှိတဲ့ဟာတွေ”

“ဒါရိုက်တာကျိုး ပြောတဲ့စကားက ဟုတ်တယ်”

လူတော်တော်များများက ခေါင်းညိတ်ပြီး တွေးတောနေကြသည်။

ဝိုင်နတ်ဘုရား၏ လက်ရာက တကယ်ကို ကျော်ကြားပါသည်။ ဆက်တိုက် ကျော်ကြားနိုင်ပါ့မလားက တကယ့် ပြဿနာပင်။ အဆက်မပြတ် မျက်စိဖမ်းစားနိုင်ရန်က မလွယ်ပေ။

“စီအီးအိုဝမ် ဒီကိစ္စကိုသာ အပြင်က သိသွားကြရင် ဘယ်လို ပြောလာကြမလဲဆိုတာကို မစိုးရိမ်ဘူးလား”

စုန့်ချမ် မနေနိုင်ဘဲ မေးလိုက်မိသည်။ စုန့်ချမ် မသိမသာ မျက်မှောင်ကြုတ်သွားသည်။

“ပိတ်ပင်ဖို့ ပြောတာက ရုပ်မြင်သံကြား အစိုးရဌာနကပဲ၊ ငါတို့က အမိန့်ကို လိုက်နာရုံပဲ၊ ဘာမကောင်းပြောစရာ ရှိလဲ”

“စီအီးအိုဝမ်၊ ရဲ့လင်းချန်ရဲ့ အရည်အချင်းက အကန့်အသတ် မရှိဘူးလေ၊ ကျွန်တော်တို့ ဒီလို လုပ်လိုက်ရင် ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ၊ ပြန်စဉ်းစားပါဦး”

စုန့်ချမ် နားချလေသည်။

ရဲ့လင်းချန်နှင် စကားပြောခဲ့ရသော အချိန်က တိုတောင်းသော်လည်း သူ ယုံကြည်မှုရှိသည်။

ထုတ်လွှင့်မှု ပိတ်ပင်ခံလိုက်ရသော်လည်း ရဲ့လင်းချန်၏ တုံ့ပြန်မှုက ရူးချင်စရာကောင်းလောင်အောင်ကို တည်ငြိမ် လှသည်။ ဤသို့သော တုံ့ပြန်မှုအပြင် ဝိုင်နတ်ဘုရား၏ ခိုင်မာသော စိတ်၊ ပို၍ အရေးကြီးသော အချက်ကို ထောက်ပြရမည်ဆိုလျင် သူ၏ ခိုင်မာသော ယုံကြည်မှုရှိစိတ်ပင်။

ဤသို့သော ယုံကြည်မှုရှိသော စိတ်ဓာတ်နှင့်ဆိုလျင် ဘယ်အချိန်၊ ဘယ်နေရာမှာမဆို အောင်မြင်အောင် လုပ်ဆောင်နိုင်ပေသည်။

“စုန့်ချမ် မင်း ပြောလို့ပြီးပြီလား”

ဝမ်ယွမ်’ မျက်လုံးများက အေးစက်လာပြီး မကျေနပ်သလို ပြောလာသည်။

“မင်းလည်း ဟူယွီရဲ့ လူရင်းပဲ၊ ဘယ်တုန်းက ခံစားချက်တွေက ဆုံးဖြတ်ချက်ကို ဝေဝါးခွင့် ပေးလိုက်တာလဲ၊ မင်းက ဝိုင်နတ်ဘုရားနဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိလို့ သူ့ဘက်ကနေ ဝင်ပြောနေရတာလဲ”

“ဒီနေ့ အစည်းအဝေး ပြီးပြီ၊ အစီအစဉ်က ပြောင်းလဲမှာ မဟုတ်ဘူး၊ သွားလို့ရပြီ”

…

ယနေ့ အတန်းများ ပြီးသွားသောအခါ ရဲ့လင်းချန် တောင်စမ်းရေ အိမ်ရာသို့ ပြန်လာလိုက်သည်။

သူ အိမ်ရှေ့သို့ ရောက်သည်နှင့် ခြေလှမ်းများ တန့်ခနဲ ဖြစ်သွားရပြီး အမူအရာက အကြီးအကျယ် ပြောင်းလဲ သွားသည်။ သူ အသက်ပြင်းပြင်းရှူ၍ ထွက်ပြေးရန် နောက်လှည့်လိုက်သည်။

“ရဲ့လင်းချန် နင် တကယ် ဒီမှာ နေတာပဲ”

ဟွမ်ရှောင်မန် ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး ရဲ့လင်းချန်ရှေ့၌ ပိတ်ရပ်လေသည်။ သူမက ရဲ့လင်းချန်ကို စူးစိုက်ကြည့်၍ ရဲ့လင်းချန်ကို သတ်သေချင်လောက်အောင် အရှက်ခွဲရန် ပြင်ဆင်ထားသည်။

သို့သော် သူမအကြံက မအောင်မြင်ချေ။

ရဲ့လင်းချန်က စိတ်အခြေအနေကို လျင်မြန်စွာ ထိန်းချုပ်၍ ပုံမှန်အတိုင်း ပြောလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

“ဪ ဟန်ဆောင်တယ်ပေါ့လေ၊ ဆက်ဟန်ဆောင်နေလိုက်”

ဟွမ်ရှောင်မန် မျက်မှောင်ကြုတ်သွားသည်။

“ပြောစမ်းပါဦး၊ ငါတို့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို နင် ချောင်းကြည့်တာလဲ”

*ဘယ်အစိတ်အပိုင်းလဲတဲ့*

*ဒီမေးခွန်းက နည်းနည်း ကြမ်းမနေဘူးလား၊ ငါ ဘယ်ကနေ စပြောရမှာလဲ*

လီမူရွှယ် မျက်နှာ ပြာနှမ်းနေသည်။ သူမ ခေါင်းကိုသာ တွင်တွင်ငုံ့ထားပြီး ရဲ့လင်းချန်အား မကြည့်ရဲချေ။

“မင်း ဘာကို ပြောတာလဲ ငါ မသိဘူး”

ရဲ့လင်းချန် မသိချင်ယောင်ဆောင်၍ ပြောလိုက်သည်။ သူ အသက်ပင် သေရမည်ဆိုလျင်တောင်မှ ဘာကိုမျှ ဝန်ခံမည် မဟုတ်ပါ။

“ကျစ် … နင် အစ်မမူရွှယ်ကို မြင်ပြီးသွားပြီလေ”

ဒေါသထွက်နေသော ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို လက်ညှိုးထိုး၍ ကြိမ်းမောင်းသည်။

“နင် ဒီနေ့ ရှင်းကိုရှင်းပြရမယ်”

ဟွမ်ရှောင်မန် သူ့ကို ဘယ်လောက် ကြာကြာ စောင့်နေခဲ့လဲ သူ မသိပါ။ သူမ အမူအရာက သူမ လက်လျှော့မည် မဟုတ်ကြောင်း ပြသနေ၏။

ရဲ့လင်းချန် ခေါင်းကိုက်သွားပြီး မချိပြုံး ပြုံးလိုက်မိသည်။

“မင်း ဘာလုပ်ချင်တာလဲ”

ဟွမ်ရှောင်မန်က ဂုဏ်ယူစွာဖြင့် ခေါင်းကိုမော်လိုက်သည်။ သူမ အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားမှန်း သိသာလှသည်။ ထို့နောက် သူမက ပြောလာသည်။

“ဒီလိုဆိုရင်ရော … ဒီည နင် ငါတို့ရဲ့ သက်တော်စောင့်အဖြစ် လုပ်ပေးရမယ်”

ရဲ့လင်းချန် တစ်ခဏမျှ တောင့်ခနဲ ဖြစ်သွားသည်။

“သက်တော်စောင့် ဟုတ်လား”

“ဟုတ်တယ်၊ နင်က အတိုက်အခိုက်ကောင်းတယ်၊ အဲ့တော့ ငါတို့ကို ကာကွယ်နိုင်မှာပဲ”

ဟွမ်ရှောင်မန်က ခေါင်းညိတ်ပြသည်။ ရဲ့လင်းချန်က ဟွမ်ရှောင်မန်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လေသည်။

“မင်း ဘာလုပ်မလို့လဲ”

“စကားစမြည် ပြောဖို့ အချိန်မရဘူး၊ နင် ရောက်ရင် သိလိမ့်မယ်”

ဟွမ်ရှောင်မန်က စိတ်မရှည်သလို ပြောသည်။

“နင် လုပ်မှာလား မလုပ်ဘူးလားပဲပြေ”

ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်သည်။ သူ မှားသည်ဟု ခံစားမိသဖြင့် ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“ပြီးရောလေ၊ ဒါဆို ငါတို့ကို ဒီကနေ စောင့်နေ၊ ငါတို့ ခဏနေရင် ပြန်လာခဲ့မယ်”

ဟွမ်ရှောင်မန် မယုံနိုင်လောက်အောင် အံ့ဩသွားပုံရသည်။ သူမက လီမူရွှယ်ကို ဆွဲပြီး အိမ်ဘက်သို့ ပြန်ပြေးသွားသည်။

“ရှောင်မန် နင် နေ့တစ်ဝက်လောက် စောင့်နေတာက ရဲ့လင်းချန်ကို ငါတို့ သက်တော်စောင့်အဖြစ် လုပ်ခိုင်းဖို့လား”

လီမူရွယ်ကလည်း ဟွမ်ရှောင်မန်ကို တအံ့တဩ ကြည့်နေသည်။ ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို အလွတ်မပေးဟု သူမ ထင်ထားခဲ့မိသည်။

“ဟီးဟီး ငါတို့ သူ့ကို ဒီအတိုင်း မထားနိုင်ပါဘူး၊ ငါတို့ အဲ့ကို ရောက်ရင် သူ့ကို သတ်မှာ”

ဟွမ်ရှောင်မန်က ဒေါသဖြင့် ပြောသည်။

“ဟုတ်သားပဲ၊ ဒီည ငါတို့ ဘယ်ကို သွားမှာလဲ”

“အရမ်း ပျော်စရာကောင်းတဲ့ နေရာတစ်ခု ဒါပေမဲ့ နည်းနည်းတော့ ညစ်ပတ်တယ်၊ နင် မဆင်မခြင် လျှောက်သွားလို့ မဖြစ်ဘူး”

ဟွမ်ရှောင်မန်၏ မျက်လုံးများက အရောင်တောက်နေပြီး ကြိုတင်မျှော်လင့်နေပုံရသည်။

ရဲ့လင်းချန် ကြာကြာ မစောင့်လိုက်ရဘဲ အနီရောင် Ferrari တစ်စီးက အိမ်ထဲမှ အရှိန်ဖြင့် ထွက်လာပြီး ရဲ့လင်းချန်ရှေ့၌ ရပ်လာသည်။

“ကားပေါ်တက်”

ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို အော်လိုက်သည်။ ဟွမ်ရှောင်မန်က တစ်လမ်းလုံး အရှိန်တင် မောင်းလာသဖြင့် ရဲ့လင်းချန် အံ့ဩမိသည်။ ကားသည် လမ်းပေါ်၌ အနီရောင် သားရဲတစ်ကောင် မာန်ဖီသကဲ့သို့ သွားလာနေပြီး မြို့ပြင်ဘက်သို့ ဦးတည် မောင်းနှင်လာ၏။

“ငါတို့ ဘယ်ကိုသွားနေတာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။

“ဖုလုံတောင်”

ဟွမ်ရှောင်မန် ပြန်ပြောသည်။

“ဖုလုံတောင်”

ရဲ့လင်းချန် မျက်မှောင်ကြုတ်မိသွားသည်။ သူ ထိုနာမည်ကို ကြားဖူးပါသည်။

ဖုလုံတောင်သည် မြို့တော်တွင်း၌ ခရီးသွားများကို ဆွဲဆောင်သော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် ၎င်းက သိပ်နာမည်မကြီးသဖြင့် ခရီးသွားအချို့သာ လည်ပတ်ကြသည်။ တဖြည်းဖြည်းနှင့် လူသူ အရောက်အပေါက် နည်းသော တောင်တစ်လုံး ဖြစ်လာပြီး သာမန် သွားရောက်သူ အချို့သာ ရှိတော့သည်။

ထို့အပြင် ၎င်းနေရာက အလွန် လူပြတ်သဖြင့် ရာဇဝတ်မှုများ ကျူးလွန်ရာနေရာ ဖြစ်သည်ဟု သူ ကြားဖူးသည်။ ထိုနေရာသည် လူမိုက်များ မကြာခဏ စတည်းချသော နေရာဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခြင်းက ဖြစ်နေကျလိုပင်။

ဤမိန်းကလေးသည် ပြဿနာအိုးလေး ဖြစ်ပြီး သူ့ပြဿနာများက သေးသေးမွှားမွှား တစ်ခုမှ မပါချေ။

လမ်းကတ ဖြည်းဖြည်း ကြမ်းလာပြီး နှစ်တိုင်း မပြုပြင်သဖြင့် ချိုင့်များ ဖြစ်နေ၏။ ပတ်ဝန်းကျင်ကို လျပ်တပြက် လေ့လာလိုက်သောအခါ အဆောက်အဦးများ ကင်းမဲ့လာသည်ကို တွေ့လိုက်ရသည်။

မကြာခင်မှာပင် မလှမ်းမကမ်းမှ တောင်စွန်းကို လှမ်းမြင်လိုက်ရသည်။ တောင်သည် သိပ်မမြင့်သော်လည်း တောင်တန်းများက ဆက်စပ်နေသည်။ အဝေးမှကြည့်လျင် နဂါးတစ်ကောင် လှဲနေသည်နှင့်ပင် တူနေသည်။ ဖုလုံတောင်ဟူသော နာမည်သည်လည်း ထိုပုံစံကြောင့် ပေးထားခြင်း ဖြစ်သည်။

တောင်ခြေတွင် ခြောက်ကပ်နေသော မြေနှင့် မြက်ပင်များသာ ရှိပြီး လမ်းများ ပျောက်နေ၏။

ဟွမ်ရှောင်မန်က ကားကိုလှည့်၍ တောင်နောက်ဘက်သို့ ဝိုက်သွားသည်။ ဤနေရာနှင့် သူမ အလွန် ရင်းနှီးနေပုံ ရသည်။ ထို့နောက် ကားတစ်စီးစာ မောင်း၍ရသော လမ်းလေးတစ်လျှောက် ဆက်မောင်းလေသည်။

မီတာ ငါးရာမျှ မောင်းပြီးနောက် ရုတ်တရက် လင်းထိန်လာပြီး အရှေ့၌ ကျယ်ပြောသော ဈေးရုံကြီး တစ်ခု ရှိနေသည်။

ထိုနေရာတွင် ကားအမျိုးအစားများစွာကို ရပ်ထားပြီး ကားတိုင်းကို အဆင့်ဖြင့် ခွဲခြားထားသည်။ ၎င်းတို့အား ဈေးအပေါ်ဆုံး Alto မှစ၍ ကမ္ဘာ့နာမည်ကြီး ပြိုင်ကားများအထိ စီတန်းထား၏။

ဈေးရုံကို ကြည့်လျက်ဖြင့် လမ်းငယ်လေးအတိုင်း တောင်ဘက်သို့ လျှောက်လာကြသည်။ အဝတွင် ဟင်္သပဒါး သုတ်ထားသည့် ကြီးမားသော တံခါးတစ်ချပ် ရှိသည်။ ၎င်းသည် အလွန် လေးလံကာ မီတာဝက်နီးပါး ကျယ်ပြန့်သည်။ တစ်ဖက်တစ်ချက်တွင် မျိုးစုံသော သားရဲရုပ်တုများကို စိုက်ထူထားသည်။ ရုပ်တုများကို အစွယ်များ ထုတ်ပြနေပုံများဖြစ်ပြီး ထိတ်လန့်စရာ ကောင်းလှသည်။

All Chapters