← Chapters

အရှေ့ဘက်မှ လာသော ခရမ်းရောင်ချီ

Vol. 28 Ch. 410

အရှေ့ဘက်မှ လာသော ခရမ်းရောင်ချီ

Vol. 28 Ch. 410

“အစာကို လျော့စားတဲ့ ကုထုံးဆိုတာ အရသာ ရှိတဲ့ အစားအသောက်ကို ပြောတာပဲ”

ကျောက်လျန့်ရင်သည် အစားအသောက်ကို ချစ်မြတ်နိုးသောကြောင့် အလွန် စိတ်လှုပ်ရှားနေသည်။

“မင်း အရင်က စားခဲ့တဲ့ ယာဂုက အစာကို လျော့စားတဲ့ ကုထုံးတစ်မျိုးပဲ၊ အာဟာရ ပြည့်တဲ့အပြင် ကိုယ်ခံအား ကိုလည်း တိုးစေတယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ အချင်းချင်း ကြည့်လိုက်မိသည်။ သူတို့နှစ်ယောက် စိတ်တူသွားသည်က ရှားပါးလှသည်။ သူတို့သည် ရဲ့လင်းချန်ရှေ့၌ ချက်ချင်း ကလေးတစ်ယောက်သဖွယ် ပြုမူ၍ သနားကမားနှင့် ချစ်စရာကောင်းအောင် ပြုမူလေသည်။

“တော်လိုက်တော့”

ရဲ့လင်းချန်က သူတို့နှစ်ယောက်ကို အလျင်အမြန် ထိန်းလိုက်သဖြင့် သူတို့ တစ်ခဏမျှ လှုပ်ရှားမရ ဖြစ်သွားလေသည်။ ထို့နောက် သူက စိတ်အေးသလို သက်ပြင်းချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံးက နတ်ဘုရားမလေးတွေ ဖြစ်နေတုန်းပဲ၊ မင်းတို့ ပုံရိပ်ကို မင်းတို့ တန်ဖိုး မထားဘူးလား”

“မရဘူး၊ နင် ငါတို့ကို အစာကို ချိန်ပြီး လျော့စားတဲ့ ကုထုံးပေးနေတာ မဟုတ်ဘူးလား”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို မာထန်စွာ ကြည့်သည်။

“အခု သူတို့ တိုက်ရိုက် ထုတ်လွှင့်နေတာလည်း မဟုတ်ဘူး၊ ရှင်က ဘာတွေ ကြောက်နေတာလဲ၊ ရှင် သဘောမတူရင် ကျွန်မတို့ ရှင့်ကို ဆက်ပြီး နားပူအောင် လုပ်နေမှာ”

ဟူယွဲ့အာကလည်း ပြောသည်။

ရဲ့လင်းချန် ခါးသီးစွာ ပြုံးလိုက်မိသည်။

“နှစ်ယောက်လုံး အခု လိမ်လိမ်မာမာနေပြီး အိပ်ရာဝင်တော့၊ မနက်ဖြန်ကျရင် ငါ မင်းတို့အတွက် ငါးစွပ်ပြုတ် ချက်ပေးမယ်”

“တကယ်လား”

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့၏ မျက်လုံးများ အရောင်လက်သွားသည်။ သူတို့က ရဲ့လင်းချန်ကို မယုံသင်္ကာဖြင့် အံ့ဩတကြီး ကြည့်နေသည်။

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“အင်း … မင်းတို့ အပေါ်မတက်သေးဘူးဆိုရင် ငါ စိတ်ပြောင်းလိုက်မှာ”

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာက ချက်ချင်း ပျော်ရွှင်သွားပြီး အပေါ်ထပ်သို့ ပြေးတက်သွားသည်။

ရဲ့လင်းချန်သည်လည်း မတတ်သာဟန်ဖြင့် နှာခေါင်းကိုပွတ်လိုက်ပြီးမှ အပေါ်သို့ တက်လာခဲ့သည်။

ကျေးလက်ဒေသမှ ညအချိန်သည် အလွန်တရာမှကို တိတ်ဆိတ် ငြိမ်သက်လှသည်။

မနက်အစောပိုင်းတွင်လည်း ထိုနည်းတူပင်။ ကြက်တွန်သံနှင့် ကျေးငှက်များ၏ အသံများကို မကြာခဏ ကြားရသော်လည်း လုံးဝ နားမညည်းပါ။ တကယ်တမ်းတွင်း ယင်းက လူတို့အား သဘာဝနှင့် ပိုနီးစပ်လာအောင် ပြုလုပ်ပေးလေသည်။

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က ရဲ့လင်းချန်ကို မနေ့ညက နောက်ကျသည်အထိ နှောင့်ယှက်ခဲ့သော်လည်း သူ မနက်စောစော ထနိုင်ပါသေးသည်။

သူ၏ သဘာဝအလျောက် စေ့ဆော်တတ်သည့် စိတ်က ယခင်ကတည်းက ရှိခဲ့ပြီးသား ဖြစ်ပြီး သူ့တွင် တစ်ရေးပြန်အိပ်တတ်သည့် အကျင့် လုံးဝ မရှိပါ။ ထို့အပြင် ချီကို မည်သို့ သန့်စင်ရမလဲ သိပြီးနောက် သူ၏ အခြေအနေကလည်း သိသိသာသာ တိုးတက်လာသည်။ သူ တစ်နေ့လုံး မအိပ်ရလျင်တောင်မှ အလွန် တက်ကြွ လန်းဆန်းနေဆဲပင်။

ထိုအခိုက်တွင် မနက်စာချက်ရန် ထသင့်သည့် ဟွမ်လေ့တောင်မှ မနိုးသေးပေ။ ရဲ့လင်းချန်သည် အိပ်ရာမှ ထ၍ ကိုယ်လက် သန့်စင်ပြီးနောက် မှိုအိမ်လေးထဲမှ ထွက်လာပြီး ရှုခင်းကြည့်သည့် တဲအိမ်လေးသို့ လျှောက်သွား လေသည်။

ရှုခင်းကြည့်သည့် တဲအိမ်လေး၏ တည်နေရာက အတော်လေး ကောင်းသည်ဟု ဆိုရပေမည်။ ၎င်းသည် သီးခြား ဖြစ်မနေဘဲ သဘာဝရှုခင်းကို အေးအေးလူလူ ကြည့်နိုင်ပေသည်။

ထိုအချိန်တွင် နေမထွက်သေးသလို ကောင်းကင်ကလည်း လင်းခါစသာ ရှိသေးသည်။ တောင်တစ်ခုလုံးကို မြူများက ဖုံးနေသလို တောင်အောက်မှ ရွာများလည်း ထိုနည်းတူပင်။

မြူများက အတောမသတ်နိုင်အောင် ရှိနေပြီး မသိလျင် နတ်ပြည်လေအလား ထင်မှတ်ရသည်။

ဤမြူခိုးသည် မနက်ခင်း နှင်းစက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး မြို့ပေါ်မှ မီးခိုးများနှင့် အလွန် ကွဲပြားသည်။ ယင်းက အန္တရာယ် မရှိသည့်အပြင် လန်းလည်း လန်းဆန်းသည်။ အသက် ခပ်ပြင်းပြင်း တစ်ကြိမ် ရှိုက်လိုက်သည်နှင့် လေက လည်ချောင်းထဲမှ အဆုတ်ထဲအထိ ဝင်ရောက်သွားပြီး လူတစ်ကိုယ်လုံးအား မယုံနိုင်လောက်အောင် လန်းဆန်းလာစေသည်။

ရဲ့လင်းချန်သည် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေသည်။ သူသည် တောင်၏ မနက်ခင်း ငြိမ်သက် အေးချမ်းမှုတွင်း၌ နှစ်မျောနေပြီး သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်လာသည်ကို ခံစားမိနေသည်။

ထိုသို့သောအချိန်၌ သူသည် ဘာကိုမှ မလုပ်ချင်သလို ဘာကိုမှလည်း မတွေးချင်ပါ။ သူ သည်အတိုင်း သဘာဝကိုသာ ခံစားချင်နေ၏။

သူ အစွဲကင်းသွားခြင်းဟု မပြောနိုင်ပါ။ ယင်းမှာ တစ်ခဏမျှ အေးချမ်းသလို ခံစားရရုံသာ ဖြစ်သည်။

လောကီရေးရာနှင့် လူတို့သည် ခွဲမရပါ။ သို့သော် တာအိုကျောင်းတော်များမှ တာအို ဘုန်းတော်ကြီးများ သို့မဟုတ် ဗုဒ္ဓဘုရားကျောင်းတော်များမှ ဘုန်းကြီး မည်မျှလောက်က လောကီရေးရာကို စိတ်ရှင်း၍ အစွဲကင်းခြင်းကို ရရှိနိုင်ပါသနည်း။ အကယ်၍ တံခါးပိတ် ကျင့်ကြံခြင်း၍ လောကနှင့် ကင်းကွာအောင် နေသူ တစ်ယောက်ယောက်က လူမှုပတ်ဝန်းကျင်နှင့် ပြန်လည် ထိတွေ့မိပါက ရူးသွပ်မတတ် ဖြစ်သွားရန် လွယ်ကူ လှသည်။

ငြိမ်းချမ်းမှုက တစ်ခါတရံ၌ လူတို့အား စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု ပေးလောက်သော်လည်း ထာဝရ ဆက်ဖြစ်နေပါက မွန်းကြပ်ခြင်းသို့ ပြောင်းလဲလာပြီး အချိန်ကုန်ခြင်းနှင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ရိုက်ကူးရေး ဝန်ထမ်းတစ်ယောက်က မှိုအိမ်လေးထဲမှ ထွက်လာပြီး ယနေ့အတွက် ရိုက်ကူးရေးအား စတင်ပြင်ဆင်လေသည်။

သို့သော် ရှုခင်းကြည့်သည့် တဲအိမ်လေးထဲ၌ ရဲ့လင်းချန်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး အံ့အားသင့် သွားကြသည်။ ရဲ့လင်းချန်က ဤမျှ စောစောစီးစီး နိုးလာလိမ့်မည်ဟု ယုံကြည်ရန် ခက်လှပေသည်။

သူတို့၏ အံ့အားသင့်ခြင်းက မကြာလိုက်ပါ။ အကြောင်းမှာ သူတို့ ဤအခွင့်အရေးကို မဖြုန်းချင်၍ ဖြစ်သည်။ သူတို့သည် အလျင်အမြန် ကင်မရာများကို ကောက်ကိုင်၍ ရဲ့လင်းချန်ကို ချိန်ရွယ်ကာ ချက်ချင်း တိုက်ရိုက် ထုတ်လွှင့်ကြသည်။

[ပထမဆုံးကွ]

[ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်တာက တော်တော် စောပါလား၊ ဝိုး … တစ်ယောက်ယောက်က နိုးနေပြီလား]

[ဒီပုံစံက ရဲ့နတ်ဘုရားလား၊ တအားချောတာပဲ၊ ငါ့ယောက်ျားလို့ မပြောရဘူး၊ သူ့နောက်ကျောလေးကတောင် သိပ်ကြည့်ကောင်းတာပဲ]

[ငါ့ယောက်ျားက မသေမျိုးတစ်ယောက်လို့ ငါ ခံစားနေရတယ်၊ အင်း … သူက မသေမျိုး ဖြစ်နေတာပါလေ၊ မဟုတ်ရင် သူ သဘာဝ ပတ်ဝန်းကျင်ရှုခင်းနဲ့ ဒီလောက် လိုက်ဖက်နေဖို့ မဖြစ်နိုင်ဘူး]

[ဘာကြောင့်လဲတော့ မသိပင်မယ့် သူ့ပုံစံကို အနောက်ကနေကြည့်ရင်း ငါ ငြိမ်းချမ်းမှုကို ခံစားရသလိုပဲ၊ ငါ့ဖုန်း wallpaper အဖြစ် ထားဖို့ ငါ screenshot ယူထားချင်လိုက်တာ]

[မင်္ဂလာ နံနက်ခင်းပါ ယောက်ျားရေ၊ ရှင် မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား]

….

ရဲ့လင်းချန်သည် တစ်နေ့တည်းနှင့် ပရိသတ် မြောက်မြားစွာ ရလာခဲ့သည်။ မနက်ခင်း စောစောစီးစီး၌ လူအများက တီဗွီရှေ့၌ ထိုင်စောင့်နေခြင်းက လုံးဝ မမျှော်လင့်ထားသည့် ကိစ္စပင်။

ရဲ့လင်းချန်က ထိုနေရာ၌ မလှုပ်ဘဲ ရပ်နေခြင်း ဖြစ်သော်လည်း သူ့နောက်ကျော ပုံစံတစ်ခုတည်းကတင် လူများစွာကို စိတ်အားထက်သန်စွာ ကြည့်ရှုရန် လုပ်နိုင်သည်လည်းက အတော်လေး ထူးဆန်းလှသည်။

အချိန် တဖြည်းဖြည်း ကုန်လာသည်နှင့်အမျှ လေထုထဲမှ မြူခိုးသည် တဖြည်းဖြည်း လွင့်ပြယ်လာပြီး နေရောင်ခြည်က တိမ်တိုက်များကို ထိုးဖောက်၍ ဖြာကျလာသည်။

အရှေ့ဘက်ကလာသော ခရမ်းရောင်ချီပါတကား။ (အရှေ့ဘက်မှ နေထွက်ခြင်းကို ဆိုလိုပါသည်။)

မနက်ခင်း၏ ပထမဆုံး နေရောင်ခြည်က ကမ္ဘာမြေပေါ် ဖြာကျလာပြီး တောင်များပေါ် ကျဆင်းနေသည်။ အဆိုပါ မြင်ကွင်းက မည်မျှ လှပအံ့ဩဖွယ်ကောင်းသလဲ ဆိုသည်ကို လူအများ တွေးမြင်ခံစားနိုင်ပေသည်။

[လခွမ်း တော်တော်ကို အံ့ဩဖို့ကောင်းတယ်၊ သဘာဝရှုခင်းက လှလွန်းတယ်ကွာ]

[နတ်ဘုရားရဲ့ အံ့ဩစရာကောင်းတဲ့ လက်ရာပဲ၊ ငါ့တစ်သက်လုံး ဒီလောက် လှတဲ့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ငါ မနက်စောစော ထလိုက်တာ တန်သွားပြီ]

[ဝိုး … ရဲ့နတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ဦး၊ ရောင်ခြည်နဲ့ ဖုံးလွှမ်းထားသလိုပဲ၊ ဝိုး … ဝိုး … ဝိုး … သူက တော်တော် ဆွဲဆောင်မှု ရှိတာပဲ]

[အပေါ်ကလူ စိတ်ကူးယဉ်မနေနဲ့၊ မင်းအလှည့်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး]

[ဖယ်စမ်း၊ ငါ အခုချက်ချင်း ဆက်သွယ်ပြီး သူ့နဲ့တွေ့ဖို့ ခရီးထွက်မလို့]

…

သို့သော် ထိုအခိုက်တွင် ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်လိုက်မိပြီး မျက်နှာတွင် အံ့ဩဟန် ပေါ်လာသည်။

အရှေ့ဘက်မှ ခရမ်းရောင်ချီ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူ၏ ချီသန့်စင်မှု အရှိန်က လျင်မြန်စွာ တိုးတက်လာသည်ကို သူ ခံစားလိုက်ရသည်။ အခြား ဘယ်အရာနှင့်မှ မတူသော နွေးထွေးသည့် စီးဆင်းမှုတစ်ခုက သူ့တစ်ကိုယ်လုံးသို့ စီးဆင်းနေပြီး မသိလျင် သူက နေရောင်ခြည် အားလုံးကို စုပ်ယူလိုက်သလိုပင်။

သာမန်လူဆိုလျင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အအေးဓာတ်များ အားလုံးကို ရှင်းလင်းနိုင်လောက်ပြီး အဆစ်ရောင်ရောဂါသကဲ့သို့ ရောဂါမျိုးဆိုလျင် ချက်ချင်း ပျောက်ကင်းသွားနိုင်ပေသည်။

ထိုသို့သော ဖြစ်ရပ်နှင့် ပတ်သက်၍ သူ များများစားစား မလေ့လာဖူးပါ။ သူ သိရန် လိုအပ်သည့် တစ်ခုတည်းသော အရာမှာ ယင်းက သူ့အတွက် ထိခိုက်နစ်နာမှုအစား အကျိုးအမြတ်ကိုသာလျင် ယူဆောင်လာပေးခြင်း ဖြစ်သည်။

သို့သော် ထိုပူနွေးသော စီးဆင်းမှုသည် ရဲ့လင်းချန်၏ တစ်ကိုယ်လံဒးအား ပြောမပြတ်လောက်အောင် နွေးထွေးမှုကို ခံစားရစေသည်။ သူ ဘာမှမလုပ်ရသေးသော်လည်း သူ့အဝတ်အစားတွင် ချွေးများဖြင့် ရွှဲနစ်နေပြီး သူ၏ သွေးက ပို၍ မြန်ဆန်စွာ စီးဆင်းနေသည်ကု ထင်မှတ်ရသည်။

သူ့ခန္ဓာကိုယ်ကို သူ လှုပ်ရှားလိုက်ပြီး သူ့မျက်လုံးတွင် စိတ်အားထက်သန်သော အရိပ်အယောင်များ ပေါ်နေသည်။

သူ့တွင် ပုံမှန် လက်ဝှေ့ထိုးကျင့်သည့် အလေ့အကျင့် ရှိပြီး ယင်းက သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အားဖြစ်စေသည်။ သူ၏ စနစ်ဖြင့် လက်ဝှေ့ထိုးခြင်း၏ အမြင့်ဆုံးအထိ ကျွမ်းကျင် တတ်မြောက်သွားပြီး ယင်းက ခန္ဓာကိုယ်ကို သိသိသာသာ တိုးတက်လာစေသည်။

အရှေ့ဘက်မှ ထွက်လာသော ခရမ်းရောင်ချီ၏ အကျိုးသက်ရောက်မှုအောက်ပ ရဲ့လင်းချန်သည် ရုတ်တရက် သူ၏ အတွင်းစိတ် ခံစားချက်ကို ဖြေဖျောက်ရန်နှင့် ကြွက်သားများနှင့် အရိုးအဆစ်များကို လေ့ကျင့်ရန် လက်ဝှေ့ထိုးခြင်းကို လေ့ကျင့်ချင်စိတ် ပေါက်လာသည်။ သူ ထိုသို့ ခံစားရသည်က ရှားသဖြင့် လက်ဝှေ့ထိုး လေ့ကျင့်ခြင်းကို မလုပ်ပါက အချိန်ဖြုန်းရာ ကျပေမည်။

သူ နောက်လှည့်၍ ရှုခင်းကြည့်သည့် တဲအိမ်လေးထဲမှ ထွက်လာလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ဖြောင့်တန်း၍ ခြေထောက်ကို မသိမသာ အားစိုက်လိုက်ကာ ကိုယ်နေဟန်ထားကို မတ်ထားလိုက်သည်။ သူ၏ လက်နှစ်ဖက်လုံးကို လက်သီးအဖြစ် ကျစ်နေအောင် ဆုပ်ထားပြီး ကိုယ်တစ်ဖက်တစ်ချက်စီ၌ ချထားလေသည်။

ခြေထောက်ကို ပြန့်အောင်အောင် ထား၍ ပခုံးကို ဖြောင့်ထားကာ တံတောင်ဆစ်ကို ကိုယ်တစ်ဖက်တစ်ချက်စီ၌ ကပ်ထားပြီး လက်ကို အောက်စိုက်ချထားကာ အသက်ကို ငြိမ်ငြိမ်ရှူ၍ ဝမ်းဗိုက်အောက်ပိုင်းကို မာနေအောင် ထားလိုက်သည်။

လက်နှစ်ဖက်လုံးကို ချီဓာတ်နှင့်အတူ ရှေ့သို့ ပစ်သွင်းလိုက်ပါ။ ပြီးလျင် တစ်ဖက်ကို ရင်ဘတ်ရှေ့၌ ကာ၍ နောက်တစ်ဖက်ကို ဝမ်းဗိုက်အောက်နား၌ ကာထားလိုက်ပါ။

ထို့နောက် ခန္ဓာကိုယ်ကို တစ်ဖက်လှည့်၍ လက်ကို အားစိုက်ကာ လက်သီးတစ်လုံး ပစ်သွင်းပြီးမှ ကိုယ်ကို ပြန်မတ်ကာ လက်သီးနှစ်ဖက်ကို နားနား ပြန်ချိန်ရွယ်ထားရန်။

ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ ခါးကို လက်သီးတစ်လုံး ပစ်သွင်းကာ ကျောကိုပါ ထိုးနှက်ရန်။ ပြီးနောက် ခပ်ကွာကွာ ပြန်နေ၍ ဝမ်းဗိုက်အောက်ပိုင်းကို လက်သီးဖြင့် မညှာမတာ နှစ်ကြိမ် ထိုးနှက်လိုက်ပြီးနောက် ခြေကိုဖော့၍ နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

သိမ်းငှက်တစ်ကောင် ကောင်းကင်ယံ၌ ပျံဝဲသကဲ့သို့ အရင်ဦးအောင် တိုက်ခိုက်ပြီး မိမိ အရှိန်အား သင်းကွဲကျားတစ်ကောင်ကဲ့သို့ ထိန်းထားရန်။

တစ်ပတ်လည် ကန်ချက် နှစ်ကြိမ် ကန်သွင်းပြီးနောက် အရဟာသည် သူ၏ ဓားကိုဆွဲ၍ နာမည်ကျော် တောင်မှ ဆင်းလာလေသည်။

…

စနစ်ထံမှ အဆင့်မြှင့်တင်ပြီးနောက် သူ၏ လက်သီးပညာသည် ရိုးရှင်းလာ၏။ လှပသော လှုပ်ရှားမှုက အနည်းငယ်သာ ပါရှိသည်။ ထွေထွေထူးထူး လေ့ကျင့်စရာ သိပ်မရှိပါ။

ထို့ကြောင့် ရဲ့လင်းချန်၏ ထိုလက်သီးပညာသည် သူ၏ ပထမဆုံး သိုင်းပညာ ဖြစ်လာ၏။

ထိုသိုင်းပညာ၏ အမည်အား အရဟာ လက်သီးဟု ခေါ်တွင်လေသည်။

All Chapters