← Chapters

ရဲ့လင်းချန်၏ နည်းလမ်းများ

Vol. 20 Ch. 297

ရဲ့လင်းချန်၏ နည်းလမ်းများ

Vol. 20 Ch. 297

“အားလုံးပဲ ငါ့မျက်နှာနဲ့ လည်ပင်းကို ကြည့်ကြပါဦး”

လူလတ်ပိုင်းအရွယ် အမျိုးသမီးက သူမလည်ပင်းကိုဆန့်၍ လူအုပ်ကြီးကို ပြလေသည်။

လူအုပ်ကြီးသည် လှမ်းကြည့်ပြီးနောက် ခေါင်းခါယမ်းကာ ဆိုင်အား ဆက်၍ ဝေဖန်အပြစ်တင်ကြသည်။

ကျန်းယွင်ရှီသည် တံခါးရှေ့၌ ရပ်နေပြီး စိတ်ရှုပ်ထွေးနေပုံရကာ သူမကိုယ်သူ ကာကွယ်ပြောဆိုရန် ကြိုးစားနေ၏။

“မဒမ်၊ ကျွန်မတို့ဆိုင်က တရားဝင် ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုပါတယ်၊ ကျွန်မတို့မှာ ဝယ်ထားတဲ့အမှာစာတွေ ရှိပါတယ်၊ ရှင် ကြည့်ကြည့်လို့ ရပါတယ်”

ကျန်းယွင်ရှီ၏ အနောက်၌ လှပသော မိန်းကလေး နှစ်ယောက် ရှိနေပြီး သူမနှင့် အသက်ရွယ်တူလောက်ပင်။ သူမတို့အား ဆိုင်အတွက် ခန့်ထားခြင်း ဖြစ်လေသည်။

သူမတို့သည်လည်း လူအုပ်ကြီးအား ရှင်းပြန်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။

“ဟင်းဟင်း တရားဝင်တယ် ဟုတ်လား၊ ကုန်ပစ္စည်း အမှာစာလေးကို ကြည့်ပြီး တရားဝင်တယ်လို့ သတ်မှတ် ရမှာလား”

လူလတ်ပိုင်းအရွယ် အမျိုးသမီးက ခပ်မာမာ ပြန်ပြောသည်။ သူမက ကျန်းယွင်ရှီကို အေးစက်စွာ ကြည့်နေ၏။

“မိန်းကလေး၊ နင် ဒီလိုဆိုင်မျိုးကို ဦးစီးနေပြီးတော့ လိပ်ပြာကော လုံရဲ့လား၊ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ပိုက်ဆံ ရှာဖို့ ကြိုးစားချင်တာလား၊ နင် ဝဋ်လည်မှာကို မစိုးရိမ်ဘူးလား”

“ငါ မိတ်ကပ်ကို နှစ်ပေါင်းများစွာ သုံးလာပင်မယ့် ဒီလို အခြေအနေမျိုး မကြုံခဲ့ဖူးဘူး၊ နင့်ပစ္စည်းတွေက တရားဝင် ဟုတ်၊ မဟုတ် ငါ မပြောနိုင်ဘူးလို့များ ထင်နေလား”

“မလိုတာတွေ ပြောမနေနဲ့၊ ငါ လျော်ကြေး လိုချင်တယ်”

လူလတ်ပိုင်းအရွယ် အမျိုးသမီးဘေးမှ မျက်နှာပြဲပြဲနှင့်လူက ဝင်ပြောလာသည်။

“စိတ်ဒဏ်ရာရစေတာ၊ ရိုက်စားလုပ်တာ ပြီးတော့ သူ့မျက်နှာကို ပျက်စီးစေတာ၊ အနည်းဆုံးတော့ မင်း ငါတို့ကို ယွမ်နှစ်သိန်း ပေးရမယ်”

“ယွမ်နှစ်သိန်း ဟုတ်လား၊ ဒါ နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပဲ”

ကျန်းယွင်ရှီဘေးမှ မိန်းကလေးက ပြောလေသည်။

“ဟဲဟဲ ယွမ်နှစ်သိန်းဆိုတာ အနည်းဆုံး ထားထားတာ၊ မင်း မပေးရင် ငါ မင်းကို တိုင်ပြီး တရားစွဲမယ်”

ထိုလူက မာမာထန်ထန် ပြောသည်။

“ဒီလို အလှကုန်ပစ္စည်းဆိုင်က လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ပဲ၊ အတူတူ ဝိုင်းတိုင်ပြီး သူတို့ကို ပိတ်အောင် လုပ်ရအောင်”

လူအုပ်ထဲမှ တစ်ယောက်က ထအော်၏။

“အားလုံးပဲ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးကြပါ၊ တကယ်လို့ ဒါက ကျွန်မတို့ဆိုင်ကြောင့် ဖြစ်တာဆိုရင် ကျွန်မတို့‌ သေချာပေါက် တာဝန်ယူမှာပါ၊ ဒါပေမဲ့ အခု ကိစ္စက သေချာ မရှင်းသေးဘူး ဖြစ်နေပါတယ်၊ အလျင်စလို ကောက်ချက် မချလိုက်ပါနဲ့”

ကျန်းယွင်ရှီက စိုးရိမ်စွာ ပြောသည်။

“ဟားဟား အမှန်တရားက ငါတို့မျက်စိရှေ့မှာ ရှိနေတပြီလေ၊ မင်းက အခုထိ ပြဿနာကို ရှောင်ဖို့ ကြိုးစားနေ သေးတာလား”

“ဒီမိန်းက ဒီလောက် လှတာ၊ သူ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်တာလဲ”

“အခုခေတ်မှာ လူတွေက ပိုက်ဆံအတွက်ဆို ဘာမဆို လုပ်နိုင်တာပဲ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သူသည် လူအုပ်ထဲ၌ ရပ်နေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် လူလတ်ပိုင်း အရွယ် အမျိုးသမီး၏ မျက်နှာနှင့် လည်ပင်းက ငရုတ်ဆီလိမ်းထား၍ ဖောရောင်နေခြင်း ဖြစ်ကြောင်း ပြောနိုင်ပေသည်။ ယင်းက ကျန်းယွင်ရှီကို တမင်သက်သက် ချောက်ချနေခြင်းပင်။

ဤသို့သော အခြေအနေမျိုး၌ ဆေးရုံ၌ ရိုးရိုးတန်းတန်း စစ်ဆေးမှုတစ်ခု လုပ်လိုက်လျင်ပင် အမှန် ပေါ်လာပေ လိမ့်မည်။ သို့သော် တစ်ဖက်လူက ပြဿနာ ရှာရန် ကြိုးစားနေပြီး ကျန်းယွင်ရှီအား ထိုသို့ အခွင့်အ‌ရေး မပေးချေ။

မနေ့က TikTok ဗွီဒီယိုက နာမည်ကြီးသွားပြီး တစ်ယောက်ယောက်က ပြဿနာ လာရှာနေလေပြီ။ ဤသို့သော တိုက်ဆိုင်မှုကြောင့် သူတို့က တမင် ပြဿနာ လာရှာမှန်း အလွန် သိသာလှပေသည်။

သူတို့က ဝိုင်အလှကုန်ပစ္စည်းဆိုင်ကို ကုန်းကောက်စရာ မရှိအောင် လုပ်ချင်နေခြင်းပင်။

ရဲ့လင်းချန်သည် စူပါမန်းဝိုင် မျက်နှာဖုံးကို တိတ်တဆိတ် စွပ်လိုက်ပြီး အရှေ့သို့ လျှောက်သွားလိုက်သည်။

ထိုအခိုက်တွင် မျက်နှာပြဲပြဲနှင့်လူက ကျန်းယွင်ရှီအရှေ့သို့ ရောက်နေလေပြီ။ သူ့အာရုံက သူမမျက်နှာပေါ်တွင်သာ ရှိနေပြီး သူ့စိတ်ထဲ၌ မပြတ်သားသော အတွေးများ ဖြတ်ပြေးနေကာ သရော်စကား ပြောလာသည်။

“မင်း မပေးဘူးဆိုရင် ငါတို့ ဒီကိစ္စကို ဘယ်တော့မှ ဒီအတိုင်း မထားဘူး၊ ဆိုင်ကို ဆက်ဖွင့်ဖို့ စိတ်မကူးနဲ့၊ ငါတို့ မသွားဘူး”

“ကျွန်မတို့ ဒီကိစ္စကို စုံစမ်းဖို့ လိုအပ်ပါတယ်၊ မိတ်ကပ်မှာ ပြဿနာ ရှိနေတာဆိုရင် ကျွန်မတို့ အပြည့်အဝ တာဝန်ယူမှာပါ”

ကျန်းယွင်ရှီက ရှင်းပြသည်။

“ကျွန်မတို့ ပရော်ဖက်ရှင်နယ်တစ်ယောက်ကို ငှားရမ်းပြီး စစ်ဆေးဖို့ အကြံပြုပါတယ်”

“မင်းက စစ်ဆေးချင်နေသေးတာလား၊ မင်း တာဝန်ယူရမှာအတွက် ရှောင်ဖို့ ကြိုးစားနေတယ်ဆိုတာ အသိသာကြီး”

ထိုသို့ပြောပြီးသည်နှင့် ထိုလူက နှုတ်ခမ်းသပ်၍ ညစ်ကျယ်ကျယ်ဖြင့် ကျန်းယွင်ရှီထံ လက်လှမ်းလေသည်။

ထိုသို့သောအချိန်၌ လက်တစ်ဖက် ထွက်လာပြီး ထိုလူ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လာသည်။

“ယဉ်ယဉ်ကျေးကျေး ပြောကြတာပေါ့၊ လက်မပါပါနဲ့”

ထိုလူ၏ အကြည့်က လေးနက်သွားသည်။

“သောက်ကျိုးနည်း မင်းက ဘယ်သူလဲ၊ မင်းကများ …”

သို့သော် သူ့စကားပင် မဆုံးလိုက်ရဘဲ ပင့်သက်ရှိုက်သွားရသည်။ သူ့မျက်နှာ ဖြူရော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာ၏။

သူ့လက်ကောက်ဝတ်မှ ပြင်းထန်သော ဝေဒနာကြောင့် မျက်နှာ ရှုံ့မဲ့သွားပြီး စကားပြောနိုင်စွမ်း မဲ့သွားလေသည်။

“အ…အ…အား … ငါ့ကို လွှတ်စမ်း …”

သူ့အသံက ငိုတော့မည့်အသံ ပေါက်နေ၏။

“ယဉ်ယဉ်ကျေးကျေး ပြောတာ ကောင်းသလား ဒါမှမဟုတ် လက်ပါတာ ကောင်းတယ်လို့ မင်း ထင်လား”

ရဲ့လင်းချန်က သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ယဉ်ကျေးတာ၊ ယဉ်ယဉ်ကျေးကျေး ပြောကြတာပေါ့”

ထိုလူက ချက်ချင်း ဇောချွေးများဖြင့် ပြန်ပြောလေသည်။

ရဲ့လင်းချန်က လက်ကို အသာလွှဲယမ်းလိုက်သဖြင့် သူ နောက်သို့ ခြေလှမ်း အနည်းငယ်မျှ ဆုတ်သွားလေသည်။ တစ်ချိန်တည်းမှာပင် ငွေအပ်တစ်ချောင်းက ရဲ့လင်းချန်၏ နောက်လက်တစ်ဖက်မှ လွင့်ပျံလာပြီး ထိုလူ၏ ခန္ဓာကိုယ်အား ထိုးစိုက်သွားသည်။

ထို့နောက် သူက လူအုပ်ကြီးဘက် လှည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါက ဒီဆိုင်ရဲ့ ပိုင်ရှင်ပဲ၊ မေးချင်တာ တစ်ခုခု ရှိတယ်ဆိုရင် ငါ့ကိုမေးပါ”

“လခွမ်း အံ့ဩစရာပဲဟေ့၊ ဒီလို ပြဿနာ တက်နေတာတောင် ဆိုင်ရှင်က ဟန်ထုတ်နေသေးတာလား”

“မင်းနောက်ကြောင်းကို ဖုံးချင်လို့ မျက်နှာဖုံး တပ်ထားတာလား၊ ပြီးတော့ အဲ့ဒါက စူပါမန်းဝိုင်ရဲ့ မျက်နှာဖုံးလေ၊ မင်းက ငါ့စံပြပုဂ္ဂိုလ်ကို စော်ကားနေတာပဲ”

“ဆိုင်ကို ဝိုင်အလှကုန် ပစ္စည်းလို့ ခေါ်တယ်၊ ပြီးတော့ သူက စူပါမန်းဝိုင်ရဲ့ မျက်နှာဖုံးလည်း ဝတ်ထားတယ်၊ သူ့ကိုယ်သူ ဝိုင်လို့ ထင်နေတာလား”

“အဲ့လေသံရောပဲ၊ များသွားပြီ၊ ဒါ ဘာသဘောလဲ”

လူတိုင်း ထိတ်လန့်နေကြသည်။ မရေတွက်နိုင်သော အကြည့်များက ရဲ့လင်းချန်အပေါ် ကျရောက်နေပြီး သူ့ကို လေ့လာစမ်းစစ်၍ ဆက်လက် ပြောဆိုနေလေသည်။

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို စိုက်ကြည့်ပြီးနောက် တိတ်ဆိတ်စွာဖြင့် သူ့အနောက်သို့ ဆုတ်သွားပြီး ငြိမ်နေလိုက်သည်။ လက်ရှိတွင် သူမ အပြည့်အဝ လုံခြုံသလို ခံစားလိုက်ရသည်။

“နင်က ဆိုင်ရှင်လား”

လူလတ်ပိုင်းအရွယ် အမျိုးသမီးက ရဲ့လင်းချန်ကို လက်ညှိုးထိုးသည်။

“နင့်ဆိုင်က ငါ့မျက်နှာကို ဖျက်ဆီးပစ်တယ် ပြီးတော့ နင်ကများ လက်ပါပြီး အကြမ်းဖက်ရဲတယ်ပေါ့လေ၊ ဥပဒေ မရှိတော့ဘူးလား၊ ငါ တိုင်မယ်၊ နင့်ကို တရားစွဲမယ်”

ရဲ့လင်းချန်က ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်သွားလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသမီးက ရဲ့လင်းချန်ကို စိုက်ကြည့်ပြီး အဆုတ်ကွဲမတတ် အော်ဟစ်လေသည်။

“ဘာလဲ၊ နင်က ငါ့ကို ရိုက်ချင်နေတာလား၊ ကယ်ကြပါဦး၊ ဒီမှာ လူတစ်ယောက်က ကျွန်မကို အနိုင်ကျင့်ဖို့ ကြိုးစားနေပါတယ်၊ အကျင့်မကောင်းတဲ့ဆိုင်က သူ့ဝယ်သူကို ရိုက်နှက်နေပါတယ်”

သူမက ထိုသို့ပြောနေစဉ်မှာပင် ရဲ့လင်းချန်အနားသို့ လျှောက်သွားသည်။

“လာလေ၊ သတ္တိရှိရင် ငါ့ကို ရိုက်လိုက်စမ်းပါ”

ရဲ့လင်းချန်က ဘယ်သူမှ သတိမထားမိစေဘဲ ငွေအပ်တစ်ချောင်းကို ထပ်၍ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ မျက်နှာနဲ့ လည်ပင်းက ရောဂါကြောင့် ဖြစ်တာ”

“ဟင်းဟင်း ရောဂါ ဟုတ်လား၊ ဘာရောဂါလဲ”

ထိုလူလတ်ပိုင်းအရွယ် အမျိုးသမီးက ထေ့ငေါ့သော အပြုံးမျိုး ပြုံးလေသည်။

“မဟုတ်တမ်းတရားတွေ၊ နင်က တာဝန်မယူချင်လို့ လျှောက်ပြောနေတာပဲ”

အခြားသူများထက် သူမက ပိုသိပါသည်။ ယင်းက ဘယ်လိုလုပ် ရောဂါ ဖြစ်နိုင်ပါမည်နည်း။

“ယုံချင်ယုံ မယုံချင်နေ၊ ဒီရောဂါကို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါလို့ ခေါ်တယ်”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ လည်ပင်းနဲ့ မျက်နှာက ယားယံသလို ခံစားရလား”

ရဲ့လင်းချန် မပြောခင်အထိ အရာအားလုံး အဆင်ပြေနေသည်။ သို့သော် သူ ထိုသို့ ပြောလိုက်သည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးနှင့် အမျိုးသားတို့ တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ သူတို့ တကယ်ပင် မျက်နှာနှင့် လည်ပင်း၌ ယားယံသလို ခံစားရလေသည်။

ထို့အပြင် ယခု သူတို့ ထိကြည့်လိုက်သောအခါ ရင်တုန်သွားလေသည်။ ယားယံနေသော နေရာ၌ အဖုသေးလေးတစ်ခု ရှိနေ၏။

“ဒါက …”

သူတို့ အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်ကြတော့သည်။

တစ်ဖက်လူ၏ မျက်နှာနှင့် လည်ပင်းတွင် အနီရောင် အဖုများ ရုတ်တရက် ပေါ်လာပြီး အလွန် ကြောက်စရာ ကောင်းလှသည်။

ရဲ့လင်းချန်၏ စကားနှင့် ယှဉ်တွဲလိုက်သောအခါ သူတို့ ရင်ထဲ၌ အေးစက်သွားလေသည်။

“ယီးပဲ”

အမျိုးသား၏ မျက်နှာက ရှုံ့မဲ့သွားသည်။ သူက တွေဝေမနေဘဲ လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ မျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်လိုက်သည်။

“မိန်းမပျက်၊ မင်း ငါ့နောက်ကွယ်မှာ ရှက်စရာကောင်းတဲ့ ကိစ္စတွေ လုပ်နေတာ မဟုတ်လား၊ ဖာသယ်မ၊ မင်းကြောင့် ငါ ဒုက္ခရောက်ပြီကွ”

“နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”

လူလတ်ပိုင်းအရွယ် အမျိုးသမီးက သူမ၏ စူးရှသော အသံဖြင့် ခပ်ကျယ်ကျယ် အော်ဟစ်ပြီး ထိုလူကို ပြန်ရိုက်လေသည်။

“သေနာကောင်၊ နင် ဘယ်ဖာသယ်မနဲ့ အိပ်လာလဲဆိုတာကို မသိတာ ငါဟဲ့၊ နင်နဲ့ ငါနဲ့ မပြီးသေးဘူး”

နှစ်ယောက်လုံး ချက်ချင်း လုံးထွေးသတ်ပုတ်ကြလေသည်။ အမျိုးသား၏ မျက်နှာတွင် ကုတ်ခြစ်ရာများနှင့် ပြည့်နေပြီး အမျိုးသမီး၏ မျက်နှာတွင် ထိုးမိထားသည့် အဖုများဖြင့် ပြည့်နေကာ ဝက်ခေါင်းလို ဖြစ်နေသည်။

ဘေး၌ ဝိုင်းနေသည့် လူအုပ်ကြီးက ချက်ချင်း ဘေးသို့ ဖယ်သွားကြပြီး သူတို့အား သနား၍ ကြောက်ရွံ့သော မျက်နှာ အမူအရာတို့ဖြင့် ကြည့်နေကြလေသည်။

All Chapters