← Chapters

ကြောက်စရာကောင်းသော မြေအောက်ကမ္ဘာ

Vol. 45 Ch. 670

ကြောက်စရာကောင်းသော မြေအောက်ကမ္ဘာ

Vol. 45 Ch. 670

ရဲ့လင်းချန်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် အရေပြား အမည်းရောင် အကွက်များက ငရဲတံခါးမှ အစပြုလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

လက်ရှိမျိုးဆက်က အရေပြား အမည်းရောင် အကွက်ရောဂါကို မကြုံတွေ့ဖူးသော်လည်း ကြောက်စရာ ကောင်းသော အဖြစ်အပျက်ကို ပြန်လည်ပြောပြခြင်းအား ကြားရရုံနှင့်တင် ကျောချမ်းမိသည်။ ၎င်းသည် လျင်မြန်စွာ ပျံ့နှံ့ပြီး ကုသ၍ မရနိုင်ချေ။ ကူးစက်ခံရသူသည် တစ်ကိုယ်လုံး ဆွေးမြည့်လာပြီး နောက်ဆုံး၌ အလွန် နာကျင်ခံစားရပြီး သေဆုံးရလေသည်။

နောက်ဆုံးအဖြေမှာ အများပြည်သူကို ပေးမသိသော်လည်း တစ်ကမ္ဘာလုံးက တကျိုးကျွန်းကို တစ်ပြိုင်တည်း သီးသန့်ထားရှိ ပိတ်ဆို့ပြီး မရေတွက်နိုင်သော လူပေါင်းများစွာအား စတေးခဲ့သည်ကို ရဲ့လင်းချန် ခန့်မှန်းမိသည်။

“ပြီးတော့ရော … ငရဲတံခါးက ဘာဖြစ်သွားလဲ”

ရဲ့လင်းချန်က လေးနက်သော မျက်နှာထားနှင့် မေးလိုက်ပြီး စိတ်ထဲ၌ စိုးရိမ်ပူပန်နေသလို ခံစားနေရသည်။

အရေပြား အမည်းရောင် အကွက် ရောဂါသည် လူသားများအား မျိုးသုဉ်းစေသည်အထိ လုပ်နိုင်စွမ်း ရှိလေသည်။

“အဲ့ဒါကို ပိတ်ထားတယ်”

လင်းထျန်းရှုံးက အတင်း ဟန်လုပ်၍ ရယ်နေသည်။

“ပိတ်ထားတယ် ဟုတ်လား”

ရဲ့လင်းချန် မျက်ခုံးပင့်သွားသည်။

“အဲ့ဒါကို တကယ်ပဲ ပိတ်ထားတယ်၊ တကယ်တော့ ငရဲတံခါးရဲ့ မတော်တဆမှုက တုန်ခါမှုသက်သက်ပဲ၊ အဲ့ဒါက လေဟာနယ်ကို အက်ကွဲပွင့်ထွက်သွားစေပြီးတော့ နောက်ပိုင်း သူ့အလိုလို ပြန်ပိတ်သွားတာ”

ချင်ပိုင်ချွမ်းက ရှင်းပြသည်။

“အဲ့ဒါက ဒိုင်မန်းရှင်းနဲ့ အဲ့ဒါရဲ့ အလိုလို ကုသနိုင်စွမ်းနဲ့ ပတ်သက်နေမယ်လို့ ငါ ထင်တယ်၊ အဲ့ဒါက လူတစ်ယောက် ဖျားနာသလိုပဲ၊ လေဟာနယ် အက်ကွဲမှု ပေါ်လာပြီးရင် အဲ့ဒါက သူ့အလိုလို ပြန်ပျောက်သွားလိမ့်မယ်”

“ပြောရမယ်ဆိုရင် လေဟာနယ် ဟင်းလင်းပြင်ရဲ့နောက်ကွယ်မှာ အခြားကမ္ဘာတစ်ခု ရှိနေတာလား”

ရဲ့လင်းချန် နှာခေါင်းပွတ်နေသည်။ ယင်းက အံ့ဩဖွယ်ကောင်းသော ရှာဖွေတွေ့ရှိမှုပင်။ သို့သော်လည်း ၎င်းသည် ကမ္ဘာသည် အန္တရာယ် ရှိနေပြီး ကမ္ဘာ့ကပ်ဘေး အားလုံး ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဆိုလိုနေ၏။

“မင်း အဲ့လိုပြောလို့ ရပါတယ်”

ချင်ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။

“အရှေ့မြို့တော်က ငလျင်ကြီးက ငရဲတံခါး ရုတ်တရက် ပေါ်လာလို့ပဲ၊ ပြင်းထန်တဲ့ စွမ်းအင်က မြေအောက်ထဲက တိုးထွက်လာလို့ ငလျင်ဖြစ်လာတာပဲ၊ အတ္တလန်တိတ်ရဲ့ ဆူနာမီက ငရဲတံခါးက ကျောက်ဆောင်ကြီး ထွက်လာလို့ပဲ”

ရဲ့လင်းချန် ထိတ်လန့်မှုကြောင့် ငြိမ်ကျသွားသည်။

အရှေ့မြို့တော်မှ ငလျင်သည် ပြင်းအား ၈.၀ နီးပါး ရှိခဲ့ပြီး ပြင်းထန်သော သေကြေပျက်စီးမှုနှင့် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်။ ၎င်းသည် လတ်တလော ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်၌ ဖြစ်ပွားခဲ့သော အကြီးဆုံး ငလျင်ဖြစ်သည်။ ၎င်းက တကယ်တမ်း၌ ငရဲတံခါး၏ စွမ်းအင်များ ထိုးထွက်လာခြင်းကြောင့် ဖြစ်ပွားခဲ့သည်တဲ့လား။ ထိုတိုးထွက် လာသော စွမ်းအင်က ဘယ်လောက်တောင် ပြင်းထန်လိုက်လေသနည်း။

လွန်ခဲ့သော အချိန်ကာလများ၌ ရဲ့လင်းချန်သည် သူ၏ စွမ်းရည်က အိမ်တစ်လုံးကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်သည့် အနေအထား ရှိနေသဖြင့် ဘဝင်ခိုက်နေခဲ့သည်။ ယခုအခါ သူ့ကိုယ်သူ ရှက်မိသလို ခံစားနေရသည်။

ထို့အပြင် အတ္တလန်တိတ်ကို ဆူနာမီ ရိုက်ခတ်သည်အထိ ဖြစ်စေခဲ့သော ထိုကျောက်ဆောင်က မည်မျှ ကြီးမားနေလိမ့်မည်နည်း။ ထိုသက်ရောက်မှုက အလွန် အင်အားကြီးလောက်ပေသည်။ သို့မဟုတ်ပါက ၎င်းက ဆူနာမီကို ဖြစ်စေလောက်မည် မဟုတ်ပါ။ ၎င်း၏ သက်ရောက်မှုအားက ဥက္ကာခဲထက်ပင် ပို၍ ပြင်းလောက်သည်။

“အဲ့ဒါက ဟင်းလင်းပြင် အက်ကွဲရာကနေ ကမ္ဘာပေါ်ကို ရောက်လာတဲ့ တခြားကမ္ဘာက ပညာရှင်တွေ တိုက်ခိုက်လို့ ဖြစ်တာလို့ ခင်ဗျားတို့ ထင်လား”

ရဲ့လင်းချန်က စိတ်ထဲ တွေးမိသည့်အရာအား ထုတ်မေးလိုက်သည်။

သူသည် ဝတ္ထုပေါင်းများစွာကို ဖတ်ခဲ့သည်။ ထိုဇာတ်လမ်းများ၌ သူတို့သည် ဟင်းလင်းပြင်ကို အလွယ်တကူ စုတ်ဖြဲနိုင်၏။ စွမ်းအင်သည် ဟင်းလင်းပြင်ကို စုတ်ဖြဲ၍ တခြားကမ္ဘာသို့ ကျရောက်တတ်သည်။ သို့သော် ငလျင်နှင့် ဆူနာမီကို ဖြစ်စေနိုင်သော ကြောက်စရာကောင်းသော စွမ်းအင်သည် မူလစွမ်းအင်သာဆိုပါက မည်မျှ ကြီးမားနေ လောက်မည်နည်း။ ရဲ့လင်းချန် တွေးပင်မတွေးဝံ့ပါ။

ဤသည်က သူ၏ ခန့်မှန်းချက် သက်သက်သာ ဖြစ်သည်။ သို့သော် ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့က သူ့အား တအံ့တဩ ကြည့်လာသည်။

“မင်းလဲ အဲ့လို ဖြစ်နိုင်ချေကို တွေးမိတာလား၊ တကယ်တော့ တကျိုးကျွန်းက အရေပြား အမည်းရောင် အကွက် ရောဂါက တခြားကမ္ဘာက အဆိပ်ကို သုံးတဲ့ ပညာရှင်တစ်ယောက်ကြောင့် ဖြစ်တာလို့ ငါတို့လဲ တွေးနေတာ”

ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားသည်။

*ဒါက … ဒါ ဖြစ်နိုင်တာပဲ*

*ဟာ*

*ကြောက်စရာကောင်းလိုက်တဲ့ တခြားကမ္ဘာပါလား*

သူ၏ အမူအရာက လေးနက်လာသည်။ တခြားကမ္ဘာပေါ်မှ ကျလာသော ထိုဖြစ်ရပ်သုံးခုနှင့်တင် သန်းချီသော အသက်များကို နုတ်ယူသွားခဲ့သည်။ ဆုံးရှုံးမှုက ရေတွက်၍ပင် မရနိုင်ချေ။ ယင်းက ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့က ရန်သူများ ဖြစ်လာခဲ့လေပြီ။

ဟင်းလင်းပြင် အက်ကွဲကြောင်းများက သူ့အလိုလို ပြန်ကောင်းသွား၍ တော်သေးသည်။ အကယ်၍ သူတို့ကို တားဆီးထားသည့် အတားအဆီးက ပျက်စီးသွားပြီး ကမ္ဘာပေါ်သို့ သူတို့ ရောက်လာပါက ကမ္ဘာကို သူတို့ အသာလေး ဖျက်ဆီးနိုင်ပေသည်။

*ခဏလေး*

ရဲ့လင်းချန် ဒိတ်ခနဲ ရင်ခုန်သွားသည်။ သူက ချင်ပိုင်ချွမ်းကို ကြည့်လိုက်သည်။

“ခုနက ခင်ဗျား အများစုလို့ ပြောခဲ့တယ် မဟုတ်လား”

*ပွင့်နေသေးတဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းတွေ ရှိနေတယ်လို့ ပြောချင်တာလား*

“ဟုတ်တယ်၊ တချို့ အက်ကွဲကြောင်းတွေက မပိတ်သေးဘူး”

ချင်ပိုင်ချွမ်း၏ အမူအရာက လေးနက်လာ၏။

“ငရဲတံခါးက အရမ်းကို ထူးခြားလွန်းတယ၊ အဲ့ဒါက ဘယ်လို ဖြစ်လာတာလဲဆိုတာကို ဘယ်သူမှ မသိဘူး၊ ဂျပန်နိုင်ငံရဲ့ ယာဂီကျွန်းက အဏုမြူဗုံး ပေါက်ကွဲတဲ့ ဖြစ်ရပ်အကြောင်း မင်း ကြားဖူးတယ်မလား”

“အဲ့ဒါကလဲ ငရဲတံခါးကြောင့် ဖြစ်တာလား”

ရဲ့လင်းချန် ယုံကြည်ရခက်နေသည်။

“အဲ့ဒါ အတိအကျကို ငရဲတံခါးကြောင့်ပဲ၊ ယာဂီကျွန်းပေါ်မှာ ငရဲတံခါး ပွင့်လာခဲ့တယ်၊ အဲ့ဒါက မုခ်ဝတစ်ခုလို ဖြစ်နေပြီးတော့ ငရဲကလို သတ္တဝါတွေ အများကြီး ထွက်လာပြီးတော့ မြင်မြင်သမျှ အရာအားလုံးကို သတ်ခဲ့တာ၊ သူတို့က သေနတ်တွေကိုတောင်မှ ရှောင်နိုင်ပြီးတော့ အသက်ဓာတ် အရမ်း ပြင်းတယ်၊ နောက်ဆုံး ငါတို့တွေ ရွေးချယ်စရာ မရှိတော့တာနဲ့ ကမ္ဘာပေါ်က နိုင်ငံတိုင်းက ယာဂီကျွန်းကို စတေးဖို့ ဆုံးဖြတ်လိုက်ပြီးတော့ အတူတူ ပျောက်ကွယ်သွားစေခဲ့တာပဲ”

ရဲ့လင်းချန် ငြိမ်သက်သွားသည်။ ထိုဖြစ်ရပ်၌ သူတို့သည် အဏုမြူဗုံး နှစ်လုံးကို အသုံးပြုခဲ့သည်။ ဂျပန်မှ ထိုနယ်မြေ တစ်ခုလုံးသည် ယခုအထိ ပြန်မကောင်းသေးဘဲ အသက်ဓာတ် ကင်းမဲ့နေသည်။

ကမ္ဘာစစ်များနှင့် ပတ်သက်သော သတင်းများက ဖုံးကွယ်ရုံသက်သက်မျှသာ ဖြစ်ပုံရသည်။

“ငါတို့နိုင်ငံမှာ ငရဲတံခါး မပေါ်လာလို့ တော်သေးတယ်၊ မဟုတ်ရင် ဆုံးရှုံးမှုတွေက ဆိုးရွားလောက်တယ်၊ ပြီးတော့ အဏုမြူဗုံး နှစ်လုံးကြောင့် ဟင်းလင်းပြင် အက်ကွဲကြောင်းပါ ပေါက်ကွဲသွားလို့ အန္တရာယ်တွေ မရှိတော့တာ၊ မဟုတ်ရင် တစ်ကမ္ဘာလုံး ဒုက္ခရောက်လောက်တယ်”

ချင်ပိုင်ချွမ်းက ဝမ်းမြောက်စွာ ပြောလာသည်။

“Buff Island ကရော”

ရဲ့လင်းချန် မေးလိုက်သည်။

“အဲ့ဒါကလဲ နောက်ထပ် ငရဲတံခါးပဲ၊ ဒါပေမဲ့ အဲ့ဒါက နည်းနည်းလေး အခြေအနေ ပိုကောင်းလို့ ငါတို့ အဏုမြူဗုံး သုံးစရာ မလိုခဲ့ဘူး”

ရဲ့လင်းချန် ဆွံ့အသွားပြီး ချင်ပိုင်ချွမ်းအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

*Buff Island တစ်ခုလုံး ပြုန်းတီးသွားတာကို ဘယ်လိုလုပ် ကံကောင်းတယ်လို့ စဉ်းစားရတာလဲ*

“ငါ့ကို အဲ့လိုအကြည့်နဲ့ မကြည့်နဲ့၊ အဲ့ဒါက တကယ်ကို ကံကောင်းတာ၊ Buff Island အတွက်တော့ မဟုတ်ပင်မယ့် လူသားတွေအတွက်ပေါ့ကွာ”

ချင်ပိုင်ချွမ်းက ဆက်ပြောသည်။

“အမည်မသိတဲ့ သတ္တဝါတွေက ဟင်းလင်းပြင် အက်ကွဲကြောင်းကနေ ထွက်လာပြီး Buff Island ကို သားသတ်ရုံတစ်ခုအဖြစ် ပြောင်းပစ်တာ၊ နောက်တော့ တစ်ကမ္ဘာလုံးက စစ်ကူတွေ အတူတူ လွှတ်ခဲ့ရတယ်၊ အဲ့ဒီ အမည်မသိ သတ္တဝါတွေက အရမ်း မသန်မာလို့ အဏုမြူဗုံး မသုံးဘဲ ဖိနှိပ်နိုင်ခဲ့တာ”

ရဲ့လင်းချန် စိတ်လှုပ်ရှားသွားရသည်။

“ဒါဆို ကျွန်တော်တို့ အဲ့ဒီထဲ ဝင်လို့ရတယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်”

ချင်ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။

လူသားမျိုးနွယ်အတွက် ကံကောင်းသည်ဟု သူ ပြောခဲ့သော စကားကို ရဲ့လင်းချန် နားလည်သွားလေသည်။ လူသားတွေ ဖြတ်သန်းနိုင်သော တံခါးတစ်ခု ရှိခြင်းနှင့် အဏုမြူဗုံးကို သုံး၍ ဖျက်ဆီးရန် လိုအပ်သော တံခါးတို့က လုံးဝ မတူညီသော သဘောတရားနှစ်ခုပင်။ ဤတံခါးက အလွန် အရေးပါသော ကစားပွဲ အပြောင်းအလဲတစ်ခုပင်။

ရဲ့လင်းချန် ပါးစပ်ဟလိုက်သော်လည်း ချင်ပိုင်ချွမ်း၏ ဖြတ်ပြောခြင်း ခံလိုက်ရသည်။

“ငါ့ကို မေးစရာ မလိုဘူး၊ Buff Island က ငရဲတံခါးနဲ့ ပတ်သက်ပြီး ငါ သိတာ အဲ့ဒါ အကုန်ပဲ၊ ငါက နည်းနည်းပဲ သိတာ၊ ပိုပြီး နက်နဲတဲ့ အသေးစိတ်ကတော့ ငါ မသိဘူး”

Buff Island ပေါ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်အချိန်အခါ၌ ချင်ပိုင်ချွမ်းက မွေးပင်မမွေးသေးပေ။ သူသည် ဗိုလ်မှူးကြိးတစ်ဦး ဖြစ်သော်လည်း သာမန်လူများအတွက် ရာထူးတစ်ခုမျှသာ ဖြစ်သည်။ သူက ထိုအဖြစ်အပျက်နှင့် ဘာပတ်သက်မှုမှ မရှိသည်က သာမန်ပင်။

“တရုတ်နိုင်ငံမှာ ဘာငရဲတံခါးမှ မပွင့်ဘူးလား”

ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်သည်။

တရုတ်နိုင်ငံသည် အရင်းအမြစ် ပေါများပြီး ကြီးမားသည်။ ဤသို့ ဧရိယာ ကြီးမားသော နေရာ၌ ငရဲတံခါး ပေါ်လာနိုင်ချ ရှိလောက်သည်။

“အင်း”

ချင်ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။

“မြို့တော်မှာ တစ်ခု ရှိတယ်”

ရဲ့လင်းချန်က သူ့ကို ကြည့်လိုက်လေသည်။

“မြို့တော်ဒေသသစ်လား”

လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းတို့ နှစ်ယောက်လုံးက ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာသည်။

“မင်း အဲ့ဒါကို သိတာလား”

“ခန့်မှန်းလိုက်ရုံလေးပါ”

ရဲ့လင်းချန် ပြုံးလိုက်မိသည်။

“အဲ့ဒီအချိန်တုန်းက တော်တော်လေး ဆူညံသွားခဲ့တာ၊ မတူညီတဲ့ အတွေးကို တွေးမိတဲ့သူတိုင်း အဲ့လို တွေးမိဖို့ မခက်ပါဘူး”

လွန်ခဲ့သော ဆယ်နှစ်က အစိုးရသည် မြို့တော်အား အရှေ့မြောက်ဘက်သို့ ချဲ့ထွင်မည့် အစီအစဉ်များကို ကြေညာခဲ့ပြိး မြို့တော်ဒေသသစ်ဟု ခေါ်ခဲ့သည်။ ဧရိယာသည် စီရင်စုအဆင့်မြို့၏ အရွယ်အစားတစ်ဝက်မျှသာ ရှိပြီး အရာအားလုံးအား လုံလောက်သော လျော်ကြေးပေး၍ ဖြိုဖျက်ပေးခဲ့သည်။ ထိုအချိန်က အတော်လေး အုတ်အော်သောင်းနင်း ဖြစ်ခဲ့သည်။ ဘာကြောင့်လဲဆိုသည်ကို ဘယ်သူမှ နားမလည်ခဲ့ကြချေ။ ထိုအကြောင်း ကြောင့်နှင့် လူတစ်ချို့သည် ချက်ချင်း သူဌေး ဖြစ်သွားခဲ့ကြသည်။

All Chapters