ထိုက်တန်သော ပြိုင်ဘက်
Vol. 32 Ch. 477
ရဲ့လင်းချန်က ဘာမှမဖြစ်သကဲ့သို့ ငြိမ်မြဲငြိမ်နေပြီး မျက်တောင်ပင် မခတ်ချေ။
ဆိုင်ကယ်နှင့်အတူ လေပြင်းတစ်ချက်က ရဲ့လင်းချန်၏ အဝတ်အစားကို ဖြတ်တိုက်သွားသည်။
အားလုံး၏ အကြည့်အောက်မှာပင် ဆိုင်ကယ်၏ အရှိန်က ရုတ်တရက် မြင့်တက်လာပြီး မသိလျင် ရဲ့လင်းချန်ထံသို့ မြင်းရိုင်းတစ်ကောင် ဦးတည်လာနေသည်ဟုပင် ထင်မှတ်မှားရသည်။
ဆိုင်ကယ်က တစ်ပေပင် မဝေးတော့သည့် အချိန်မှသာ ရဲ့လင်းချန်က လှုပ်ရှားလာသည်။
သူ့ခန္ဓာကိုယ်က ရုတ်တရက် လေထဲသို့ မြောက်တက်သွားပြီး ထိုလူ၏ ဦးခေါင်းအား တစ်ပတ်လည် ကန်ချက်ဖြင့် ကန်လိုက်သည်။
“ဂျွတ်”
ထိုကန်ချက်က အနက်ရောင် ဆိုင်ကယ်ဦးထုပ်အား အက်ကွဲသွားစေပြီး မောင်းသူအား အမြစ်မရှိသော ဘဲစာပင်ကဲ့သို့ လွင့်ထွက်သွားစေသည်။
“ဝူး ဝူး ဝူး”
သူတို့ထဲမှ တစ်ယောက် ကျသွားသော်လည်း ကျန်လေးယောက်က အနောက်မှကပ်၍ လိုက်လာသည်။ သူတို့က သူ့ကို ညှပ်တိုက်၍ အသည်းအသန် ပြေးလာနေသည်။
သူတို့အားလုံးက ဆိုင်ကယ်စီး ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့က ဆိုင်ကယ်ဘီးကို လှိမ့်၍ ပုံစံအမျိုးမျိုးနှင့် စီးနင်းနိုင်ပေသည်။
ထိုစဉ် သူတို့က ဆိုင်ကယ်ပေါ်မှ ပြိုင်တူ ထရပ်၍ လေထဲသို့ ခုန်တက်ကာ ရဲ့လင်းချန်ထံသို့ တောင်ပံဖြန့်လာသော သိမ်းငှက်သဖွယ် ခုန်ဝင်လာသည်။
ဆိုင်ကယ်က အထိန်းအကွပ် မဲ့နေသော်လည်း သူတို့သည် ရဲ့လင်းချန်ထံသို့ ဦးတည်လာနိုင်နေသေး၏။
တိုက်ခိုက်မှုက ထိတ်လန့်ဖွယ် ကောင်းလှပြီး မည်သူ့ကိုမဆို သွေးပျက်သွားစေသည်။ အကယ်၍ တိုက်ခိုက်မှုက အောင်မြင်ခဲ့လျင် လူတစ်ယောက်အား မသေနိုင်စေလျင်တောင်မှ ဒုက္ခိတ ဖြစ်နိုင်စေပေသည်။ ၎င်းအား သေစေနိုင်သော တိုက်ခိုက်မှုဟုပင် သတ်မှတ်နိုင်ပေသည်။
ရဲ့လင်းချန်က မလှုပ်ပေ။ ဆိုင်ကယ် လေးစီးက အနားရောက်လာသောအခါ သူသည် အေးအေးလူလူ ခုန်ပျံ၍ ဆိုင်ကယ်များကို ရှောင်ရှားလိုက်သည်။ ဆိုင်ကယ်လေးစီးက အချင်းချင်း တိုက်မိပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။
ထိုအချိန်တွင် ရဲ့လင်းချန်သည် လေထဲတွင် ရှိနေဆဲဖြစ်ပြီး သူ့အတွက် ဘာအားမှ မသုံးနိုင်ပါ။ ထိုလူလေးယောက် စောင့်နေသည်က ထိုအချိန်ပင်တည်း။
သူတို့၏ ဗျူဟာ နားလည်နိုင်စွမ်းက ထူးခြားလွန်းလှပြီး ရဲ့လင်းချန်အား ပြိုင်တူ တိုက်ခိုက်လာကြသည်။
ရဲ့လင်းချန်၏ မျက်လုံးတွင် အထင်သေးသော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက လက်ကို အသာ မြှောက်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သူက လျှပ်စီးကြောင်းတစ်ခုသဖွယ် တိုက်ခိုက်လေသည်။
“ဂျွတ် ဂျွတ်”
လူတိုင်းကို ကြက်သီးမွေးညင်း ထသွားစေမည့် အသံက လျင်မြန်စွာ ထွက်ပေါ်လာ၏။ ရဲ့လင်းချန်၏ လက်များက ပုံရိပ်ယောင်သဖွယ် ဖြစ်သွားပြီး ထိုလူလေးယောက်အား လျှပ်စီးသဖွယ် လှမ်းဆွဲသည်ကိုသာ တွေ့လိုက်ရသည်။
ဖုန်များ ငြိမ်သက်သွားသည်နှင့်အတူ လူငါးယောက်သည်လည်း ကြမ်းပြင်ပေါ်သို့ ပြိုင်တူ ပြုတ်ကျလာ၏။
ရဲ့လင်းချန် တစ်ဦးတည်းသာ မတ်တပ်ရပ်နေလေသည်။ သူသည် ယခင်ကအတိုင်း ဘာမှမဖြစ်သကဲ့သို့ ကိုယ်နေဟန်ထားကို ထိန်းထားသည်။ သို့သော် လူလေးယောက်မှာမူ ညည်းတွားနေပြီး သူတို့၏ ခန္ဓာကိုယ်များက အချင်းချင်း ကြိုးသဖွယ် ရစ်ပတ် ချည်နှောင်နေသည်။
ရုတ်တရက် အရာအားလုံး တိတ်ဆိတ်သွားပြီး ခန်းမထဲ၌ ဘာအသံမှ ထွက်မလာတော့ပေ။
“ဂျိုင်း”
အားလုံး၏ အကြည့်အောက်၌ ခရီးဝေးသွားကား၏ တံခါးက ရုတ်တရက် ပွင့်လာပြီး လူတစ်ယောက် ဆင်းလာသည်။
“အစ်ကိုကြီး”
ကြမ်းပြင်ပေါ်၌ ဝေဒနာကြောင့် မလှုပ်နိုင် ဖြစ်နေသော ခိုဂျီသည် ရုတ်ချည်းဆိုသလို စိတ်လှုပ်ရှားလာပြီး မသိလျင် သူ့ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပင်။ သူ အားကိုးတကြီး အော်ခေါ်လိုက်သည်။
“အစ်ကိုကြီး”
ကားပေါ်မှ ဆင်းလာသူက ခိုအိချီပင်။ သူ့တွင် ပိန်ပါးပါး မျက်နှာ ရှိပြီး မျက်နှာတစ်ဖက်စီ၌ အမာရွတ်တစ်ခုစိ ရှိနေပြီး အရပ်အားဖြင့် ၁.၈ မီတာကျော်လေသည်။ သူသည် သာမန် အနက်ရောင် လက်တိုအင်္ကျီကို ဝတ်ဆင်ထားပြီး စစ်သားကေ ညှပ်ထားသည်။ သူ့ခန္ဓာကိုယ်က သန်မာပုံ မပေါက်သော်လည်း ဖုံးကွယ်ထားသော ခွန်အားတစ်ခု ရှိနေပုံ ပေါက်သည်။ သူ့ထံမှ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်နေ၏။
သူ့ခါးတွင် ဓားမြောင်တစ်လက်ကို ချိတ်ဆွဲထားသည်။ သူ့မျက်ခုံးများက စူးရှပြီး မျက်လုံးတွင် အေးစက်စက် အငွေ့အသက် ဖြတ်ပြေးနေသည်။ သူသည် မျက်မှောင်ကြုတ်၍ ရဲ့လင်းချန်အား စိုက်ကြည့်နေ၏။ ထို့နောက် သူက လူသတ်ချင်သည့် အငွေ့အသက်တို့ ပြည့်နေသော အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“မင်းအစွမ်းက အတော်လေး ကောင်းတာပဲ၊ ကောင်းလိုက်တဲ့ လက်သည်းသိုင်း၊ ကောင်းတယ်၊ ဒါပေမ့ ငါ့ရှေ့မှာ အခြေခံ မရှိဘဲ ဒေါသတကြီး လျှောက်ရမ်းနေလည်း အပိုပဲ”
“တကယ်လား၊ ငါ ဘာအခြေခံမျိုး လိုနေတယ်လို့ မင်း ထင်လဲ”
ရဲ့လင်းချန်က မချိုမချဉ်အပြုံးနှင့် မေးလိုက်သည်။ ထို့အတူ သူက ခြေထောက်တစ်ဖက်ကို မြှောက်၍ သူ့အရှေ့မှ ဆိုင်ကယ်ကို တစ်ချက် ကန်ထုတ်လိုက်လေသည်။
“ဒုန်း”
နားကွဲလောက်သည့် အသံ ပျံ့နှံ့လာသည်။
လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်၌ ထိုဆိုင်ကယ်များသည် အလေးချိန် မရှိသကဲ့သို့ ထိုကန်ချက် နှင့်အတူ လွင့်ထွက်သွားသည်။ ၎င်းတို့က ခိုအိချီထံ ဦးတည်နေ၏။
ထိုဆိုင်ကယ်များသည် အလွန် လေးလံသည့် ဆိုင်ကယ်များ ဖြစ်သော်လည်း ရဲ့လင်းချန်၏ ကန်ချက်အောက်၌ ၎င်းတို့၏ အဖျက်အားက ပို၍ တုန်လှုပ်စရာ ကောင်းလာပြီး အစောပိုင်းက ၎င်းတို့ကို မောင်း၍ အပြေးလာသော အဖွဲ့နှင့် မခြားတော့ချေ။
“ဟားဟား … မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”
ခိုအိချီက လှောင်ရယ်ပြီး မရှောင်ဖယ်ချေ။ သူက ဘယ်ခြေကို ရှေ့သို့လှမ်း၍ ညာခြေဖြင့် ကန်ထုတ်လိုက်သည်။
“ဝှီး”
ထိုကန်ချက်၏ လျင်မြန်မှုနှင့် ခွန်အားက သာမန်လူထက် သာလွန်ပြီး လေထဲ၌ အသံပင် ထွက်လာသည်။ ထိုတိုက်ခိုက်မှုကြောင့် လေပင် အက်ကွဲလာသလိုပင်။
“ဒုန်း ဒုန်း ဒုန်း”
ထိုဆိုင်ကယ်များ ချက်ချင်း လွင့်ထွက်သွားသည်။
ခန်းမ၌ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ခိုဂျီနှင့် ရှားဟိုင်ချွမ် အပါအဝင် လူတိုင်း အသက်အောင့်မိသွားသည်။ သူတို့က ထင်းရှူးပင်ကဲ့သို့ မတ်မတ်ရပ် နေသည့် ခိုအိချီအား အလန့်တကြား ကြည့်နေကြသည်။
“ဂလု”
ဥက္ကဋ္ဌရှု တံတွေးမျိုချလိုက်မိသည်။ သူ့နှုတ်ခမ်းများက အက်ကွဲလာပြီး စိတ်ဝိညာဉ်ပင် တုန်လှုပ်လာသည်ဟု ခံစား လာရသည်။
*အတွင်းအားလား*
*ချီစွမ်းအင်လား*
ထိုမြင်ကွင်းက ပုံရိပ်ယောင်တစ်ခုလိုပင်။ အဆိုပါ မြင်ကွင်းက ရုပ်ရှင်ထဲ၌သာ ပါတတ်သည့် မြင်ကွင်း ဖြစ်သော်လည်း သူတို့၏ မျက်စိရှေ့ တည့်တည့်၌ ဖြစ်ပေါ်လာနေသည်။ သူတို့ကိုယ်တိုင် တွေ့ကြုံခဲ့ခြင်းကြောင့်သာ မဟုတ်လျင် သူတို့ ယုံနိုင်မည် မဟုတ်ပါ။ လက်ရှိတွင် ဥက္ကဋ္ဌရဲ့သည် အန္တရာယ်အချို့နှင့် ရင်ဆိုင်နေရသည့်ပုံပင်။
ရှုနန်သည်လည်း ထိတ်လန့်နေ၏။ ဤသို့သော မြင်ကွင်းမျိုးအား ရဲ့လင်းချန် လက်သီးဖြင့် လွင့်ထွက်သွားအောင် လုပ်ခဲ့သည့် အခါတွင်ကသာ သူမ မြင်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်နှင့် ယှဉ်လိုက်လျင် ခိုအိချီ၏ အပြုအမူက ပို၍ ထိတ်လန့်စရာ ကောင်းပေသည်။ ကန်ချက်တစ်ချက်က ဆိုင်ကယ်များအားလုံးကို လွင့်ထွက်သွားစေခဲ့ပြီး ထိုသို့သော ခွန်အားမျိုးက သေနတ်ထက် မနိမ့်လောက်ပါ။
သူမ ရဲ့လင်းချန်ကို ယုံကြည်လျင်တောင်မှ လက်ရှိတွင် သံသယများ မလွဲမသွေ ဝင်လာမိသည်။
ထိုစဉ် ရှားဟိုင်ချွမ်က အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
*အဲ့လူ ရောက်လာပြီ၊ သူ တကယ် ရောက်လာပြီ၊ သူက ငါ့ကို စိတ်မညစ်စေဘူးပဲ*
ဗွီဒီယိုထဲ၌ ခိုအိချီက ထိုသို့ အံ့ဩစရာကောင်းသော ပညာအား သုံးခဲ့သည်ကို သူ လုံးဝ မမြင်ဖူးပါ။ သူ သေချာပေါက် အကယ်ခံရပေတော့မည်။
“အစ်ကို လက်စားချေပေးပါ၊ သူ့ကို သေပါစေလို့ ဆုတောင်းမိလောက်တဲ့အထိ ဝေဒနာ ခံစားစေချင်တယ်”
တစ်ခဏမျှ ထိတ်လန့်နေပြီးနောက် ခိုဂျီသည် ဝေဒနာအားလုံးကို မေ့ပျောက်သွားသကဲ့သို့ စိတ်လှုပ်ရှားစွာ ထအော်သည်။ သူ့ခန္ဓာကိုယ်က အခေါက်မခံထားရလျင် သူ နေရာမျာတင် ထကမိလောက်သည်။
“အခု မင်း ငါ့ကို စကားပြောဖို့ ထိုက်တန်တယ်လို့ ထင်နေသေးလား”
ခိုအိချီ၏ လုပ်ရပ်က ဤနေရာရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်။ သူသည် သူတို့၏ တုံ့ပြန်မှုကို အလွန် ကျေနပ်နေပြီး ဂုဏ်ယူစွာ ရပ်နေသည်။ တစ်လောကလုံးကို အထင်သေးသည့် အရှိန်အဝါတစ်ခု ထွက်ပေါ် နေလေသည်။
“အတွင်းအား ထုတ်ဖော်တာလား”
ရဲ့လင်းချန်၏ စိတ်ထဲ၌ အနည်းငယ် အံ့ဩသွားလေသည်။ ကမ္ဘာမြေ၏ ဂိတ်တံခါး၌ အတွင်းအားကို ထုတ်သုံးနိုင်သည့် သိုင်းပညာရှင်တစ်ယောက် ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။
သိုင်းပညာရှင်တစ်ယောက် ဖြစ်လာသည့် သာမန်လူတစ်ယောက်အား အများထက် သာလွန်သူဟု သတ်မှတ် နိုင်ပေသည်။ သူတို့၏ သန်မာသော အတိုက်အခိုက် စွမ်းရည်နှင့် အတွင်းအားကို ကျင့်ကြံနိုင်သည့် အရည်အချင်းတို့ကြောင့် သူတို့ကို ထူးချွန်သူများဟု ဆိုနိုင်ပေသည်။ သူတို့၏ ခွန်အားက မယုံနိုင်စရာ ကောင်းလှပြီး အတွင်းအားကိုပါ ထုတ်ဖော်နိုင်လျင် အလွန် ထူးချွန်နေပြီ ဖြစ်သည်။ သာမန်လူများ၏ မျက်လုံးထဲတွင် သိုင်းဝတ္ထုများထဲမှ သိုင်းအကျော်အမော်များတွင်သာ ထိုသို့သော အရည်အချင်းများ ရှိသည်ဟု ထင်ကြသည်။
“မင်းက တော်တော်လေး ဗဟုသုတ ရှိတာပဲ”
ခိုအိချီက နှုတ်ခမ်းကိုတွန့်၍ ရဲ့လင်းချန်အား သွေးဆာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းနဲ့ငါ ကြားက ကွာဟချက်ကိုလည်း မင်း နားလည်တဲ့ပုံပဲ၊ မင်း အခု ငါ့ကို ဒူးထောက် တောင်းပန်ရင် ငါ မင်းကို နာကျင်ခြင်းမရှိဘဲ သတ်ဖို့ စဉ်းစားပေးမယ်”
အိုးရန်ချင်း၏ မျက်နှာက စက္ကူသဖွယ် ဖြူရော်လာသည်။ သူမက နှုတ်ခမ်းကိုက်နေပြီး နေရာမှာတင် ငိုလုနီးပါး ဖြစ်နေ၏။
*ရှင့်ကို အမြဲ ဟန်ထုတ်နေဖို့ ဘယ်သူက ပြောလို့လဲ၊ ပြည့်စုံရင်ရပြီ၊ ပြည့်စုံရင် ရပြီလေ၊ အခု ရင် သံပြားနဲ့ ရင်ဆိုင်နေရပြီလေ၊ အခြေအနေက အစတုန်းက သေချာပေါက် နိုင်နေပြီကို၊ အခု ရှင် ဘာလုပ်တော့မလဲ*
“ဒူးထောက်ပြီး တောင်းပန်ရမယ် ဟုတ်လား”
ရဲ့လင်းချန် အံ့ဩသွားပြီးမှ ခေါင်းခါ၍ ပြုံးလေသည်။
“အတွင်းအားကို ထုတ်နိုင်မယ့် သိုင်းပညာရှင် ရှိလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး၊ မင်းက အတော်လေး ကောင်းတဲ့ ပြိုင်ဘက် တစ်ယောက်ပဲ၊ ငါ့ဘာသာငါ အပြည့်အဝ ပျော်ရလိမ့်မယ်လို့ မျှော်လင့်တာပဲ”
သူ၏ တည်ငြိမ်နေသော မျက်လုံးတွင်း၌ ခံစားချက်ပေါင်းစုံ ပေါ်လွင်နေပြီး တိုက်ခိုက်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
…