တက္ကသိုလ်ချင်း ယှဉ်ပြိုင်မှု အဖွင့်ပွဲ
Vol. 9 Ch. 132
ထိုအကြောင်းအား ခက်ခက်ခဲခဲ တွေးနေစရာပင် မလိုချေ။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သော်လည်း အားလုံးကို ခြုံကြည့်လိုက်လျင် တတိယအဆင့် နိုင်ငံဟုသာ သတ်မှတ်နိုင်သေးသည် လက်ရှိတွင် သူတို့သည် နိုင်ငံကြီးများနှင့် မယှဉ်နိုင်သေးပါ။
နည်းပညာ သို့မဟုတ် ဓာတုဗေဒနှင့် ဇီဝဗေဒကဲ့သို့သော နယ်ပယ်များ၌ အနောက်နိုင်ငံများထက် အများကြီး နောက်ကောက်ကျန်နေခဲ့သည်။
အလှကုန်ပစ္စည်းများမှနေ၍ပင် ဤသည်ကို ပြောနိုင်ပေသည်။ နာမည်ကြီး အလှကုန်အားလုံးက နိုင်ငံခြား အမှတ်တံဆိပ်များ ဖြစ်ပြီး ပြည်တွင်း အမှတ်တံဆိပ်များမှာမူ ယုံကြည်သူ ကင်းမဲ့နေ၏။ ၎င်းတို့အား ဈေးပေါသော ကုန်ပစ္စည်းများဟုသာ သတ်မှတ်ခံရသည်။ ထိုအချင်းအရာ တစ်ခုတည်းကတင် နိုင်ငံခြားသား များအား တရုတ်နိုင်ငံတွင်းမှ ပိုက်ဆံများ ကဲ့ထုတ်နိုင်အောင် အမြတ်ရရှိနေစေပြီ ဖြစ်သည်။
ကိုယ်ပိုင် အလှကုန် ထုတ်ချင်သော သူ့အကြံကို ယခုအချိန်၌ ဆိုင်းငံ့ထားရမည့်ပုံပင်။ အခွင့်အရေး ရလျင် ထပ်မံ၍ လေ့လာရပေမည်။
…
နောက်တစ်နေ့ စနေနေ့မနက်သို့ ရောက်ရှိလာ၏။
ယနေ့သည် သာမန် ပိတ်ရက်များနှင့် မတူပေ။ အကြောင်းမှာ ဟွာချင်တက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ်တို့၏ ကျောင်းချင်း ဘတ်စကက်ဘော ယှဉ်ပြိုင်ပွဲကို ကျင်းပသောကြောင့် ဖြစ်ပေသည်။
မနှစ်က ပြိုင်ပွဲကို ပီကင်းတက္ကသိုလ်၌ ကျင်းပခဲ့သဖြင့် ယခုနှစ်တွင် ဟွာချင်တက္ကသိုလ်၏ အားကစားရုံ၌ ကျင်းပပေမည်။
ဟွာချင်တက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ်သည် အချင်းချင်း ဘေးချင်းယှဉ်၍ ရှိနေသည်။ မီးခိုးရောင်ဖျော့ဖျော့ ကျောင်းတံခါးဝင်းကြီး၏ အပေါ်၌ ဟွာချင်ဥယျာဉ်ဟူသည့် စကားလုံးကို ရေးထွင်းထားသည်။
တက္ကသိုလ်ထဲသို့ ဝင်လိုက်သည်နှင့် လမ်းတစ်ဖက်တစ်ချက်ဆီ၌ ချုံပုတ်များအား သပ်သပ်ရပ်ရပ် ညှပ်ထားသည်။ လမ်းတစ်လျှောက်တွင် ဖန်းပင်နှင့် ထင်းရှူးပင်များ စိုက်ထားသည်.
ပင်စည်က ကြီးမားပြီး လူသုံးယောက်ပင် ပတ်ထား၍ ရလေသည်။ သူတို့၌ နှစ်တစ်ရာကျော်သည့် သမိုင်း ရှိသည်ဟု ပြောကြသည်။
ယနေ့တွင် ဟွာချင်းတက္ကသိုလ်တွင် လှုပ်ရှားသက်ဝင်မှုများနှင် ဆူညံနေသည်။ လူငယ်များကို နေရာတိုင်း၌ မြင်နေရပြီး သူတို့၏ သူငယ်ချင်းများနှင့် စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်။
ရဲ့လင်းချန်သည် အားကစားရုံကို လိုက်ရှာနေစဉ်မှာပင် ဘေးဘီကိုဝေ့ကြည့်၍ ပတ်ဝန်းကျင်အား အဆက်မပြတ် လေ့လာကာ ပီကင်းတက္ကသိုလ်နှင့် နှိုင်းယှဉ်နေမိသည်။
သို့သော် သူ လမ်းမှားသွားပုံရသည်။ တဖြည်းဖြည်း လူများ နည်းလာပြီး ပတ်ဝန်းကျင်ကလည်း အတန်းများနှင့် မတူတော့ဘဲ ဆရာများ၏ ရုံးခန်းများနှင့် တူလာသည်။
ထိုစဉ် ထောင့်တစ်ခုမှနေ၍ လူရိပ်တစ်ခု ရုတ်တရက် ထွက်လာသည်။ သူမက အနက်ရောင် မျက်မှန်ကိုင်း တစ်လက်ကို တပ်ထားပြီး လက်ထဲ၌ ခပ်ထူထူ စာအုပ်အချို့ကို ကိုင်ထားသည်။ သူမသည် လက်ထဲ၌ ဖွင့်ထားသော အဖြူရောင် မှတ်စုစာအုပ်ထဲမှ အကြောင်းအရာများကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။
“ဘုတ်”
နှစ်ယောက်လုံးက လမ်းလျှောက်နေသော်လည်း အရှေ့ကို အာရုံမထားမိသဖြင့် အချင်းချင်း ဝင်တိုက်မိသည်။
ရဲ့လင်းချန်၏ ခန္ဓာကိုယ်က သာမန်ထက် မာကြောသည်။ ထို့အပြင် သူသည် ကီလိုဂရမ် တစ်ရာရှိသော သဲအိတ်များကိုပါ သယ်ထားသေးသည်။
မိန်းကလေးမှာမူ အင်အားချင်းမမျှသဖြင့် ကြောက်စရာကောင်းသော လေပွေတစ်ခုက သူမထံ တိုက်ခတ်လာသည်ဟု ခံစားမိလိုက်သည်။ သူမသည် လေဆင်နှာမောင်းတွင်း ပါသွားသည့် ပန်းပွင့်လေးသဖွယ် နောက်သို့လန်၍ ပစ်ကျတော့မယောင် ဖြစ်သွားလေသည်။
သူမလက်ထဲမှ စာအုပ်များကလည်း ချက်ချင်း ပျံ့ကြဲကုန်သည်။
ထိုအခိုက်တွင် ရဲ့လင်းချန်က ကိုယ်ကို ရှေ့သို့ကိုင်း၍ ထိုမိန်းကလေး၏ သေးသွယ်သော ခါးမှထိန်းကိုင်၍ ဇာတ်လမ်းတွဲများထဲမှအတိုင်း ဟန်ချက်ထိန်းလိုက်သည်။
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် စက္ကန့်ပိုင်းမျှ ငေးကြည့်နေပြီးနောက် ရဲ့လင်းချန်သည် အကြည့်ထဲမှ ရုန်းထွက်၍ သူမအား ပြန်ရပ်နိုင်အောင် ကူညီပေးလိုက်သည်။
“အာ … ငါ တောင်းပန်ပါတယ်၊ ငါ သတိမထားလိုက်မိလို့ပါ၊ မင်း အဆင်ပြေရဲ့လား”
ရဲ့လင်းချန် စိုးရိမ်တကြီး မေးလိုက်သည်။
“ငါ အဆင်ပြေပါတယ်”
မိန်းကလေးက နီမြန်းနေသော မျက်နှာဖြင့် နူးညံ့စွာ ပြန်ဖြေလာသည်။ ထိုသို့ပြောပြီးသည်နှင့် သူမက ချက်ချင်း ဆောင့်ကြောင့်ထိုင်၍ ပျံ့ကြဲနေသော စာအုပ်များကို ကောက်လေသည်။
“ငါ ကူညီပေးမယ်”
ရဲ့လင်းချန်ကလည်း ထိုင်ချလိုက်သည်။ သူသည် အဖြူရောင် မှတ်စုစာအုပ်ကို ကောက်လိုက်ပြီးမှ ပါဝင်သော အကြောင်းအရာကို မြင်သောအခါ တစ်ခဏမျှ မှင်တက်သွားသည်။
“ကျောင်းသူလေး ဒီမေးခွန်းအတွက် မင်း သုံးတဲ့နည်း မှားနေပြီ၊ မင်း ဒီနားကို တွက်ဖို့ Lagrange mean value theorem ကို သုံးရမှာ ပြီးတော့ mean vaule theorem နဲ့ Fermat’s theorem ကို ထပ်သုံးရင် ပိုထိရောက်တယ်”
ထိုသို့ပြောပြီး သူက မှတ်စုစာအုပ်ကို ကောက်၍ စာအုပ်ထဲ၌ စရေးသားလေသည်။ ထိုအခိုက်တွင် မိန်းကလေးက သူ့ကို မနှောင့်ယှက်ဘဲ မတ်တပ်ရပ်ကာ ငြိမ်၍ စောင့်နေသည်။
ငါးမိနစ်ကြာသော် ရဲ့လင်းချန်က စာအုပ်အား မိန်းကလေးထံ အပြုံးနှင့် ပြန်ပေးလိုက်သည်။
“ကျေးဇူးပဲ”
မိန်းကလေးသည် ဖော်ရွေစွာ ခေါင်းညိတ်ပြ၍ စာအုပ်ကို ပြန်ယူ၍ ရဲ့လင်းချန် ဘာရေးထားသလဲ ကြည့်ပင်မကြည့်ဘဲ လှည့်ထွက်သွားလေသည်။
“ရပါတယ်”
ရဲ့လင်းချန် ထိုမိန်းကလေး၏ နောက်ကျောကိုကြည့်နေပြီးမှ အလျင်အမြန် မေးလိုက်သည်။
“ဪ ဟုတ်သားပဲ ကျောင်းသူလေး မင်း ငါ့ကို အားကစားရုံကို သွားတဲ့လမ်းလေး ပြပေးလို့ရမလား”
“နင်က အားကစားရုံကို သွားမလို့လား၊ နင် ဟွာချင်က ကျောင်းသား မဟုတ်ဘူးလား”
မိန်းကလေးက လမ်းလျှောက်နေရာမှရပ်သွားပြီးမှ ဆက်ပြောလာသည်။
“ဒါဆို ငါ့နောက်ကလိုက်ခဲ့”
“ငါက ဒီကျောင်းနဲ့နီးတဲ့ ပီကင်းတက္ကသိုလ်က ကျောင်းသားပါ”
ရဲ့လင်းချန် ခေါင်းညိတ်ပြီး နောက်မှ လိုက်သွားသည်။
သူတို့ လမ်းတစ်လျှောက်လုံး စကားမပြောကြချေ။ ရဲ့လင်းချန်သည် ထိုမိန်းကလေးအား တိတ်တဆိတ် လေ့လာနေမိသည်။ သူမသည် လှပရုံသာမက ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လည်း ရှိသည်။ ထို့အပြင် သူမ အပြုအမူက အသံကဲ့သို့ တည်ငြိမ်လှသည်။ လီမူရွှယ်နှင့် ယှဉ်လိုက်လျင် သူမက ပို၍ မိန်းကလေး ဆန်ပုံပေါ်သည်။
အားကစားရုံကို မြင်သောအခါ အချင်းချင်း နှုတ်ဆက်၍ လမ်းခွဲလိုက်ကြသည်။ ရဲ့လင်းချန်က သူမကို ကျေးဇူးတင် စကားဆို၍ လူအပ်ထဲသို့ တိုးဝင်သွားပြီး သူ့တက္ကသိုလ်မှ အဖွဲ့ကို လိုက်ရှာလေသည်။
“ရှောင်ရဲ့ ဒီမှာဟေ့”
ရှောင်ကမ်းက ရဲ့လင်းချန်ကို လက်လှမ်းပြသည်။
“မင်း ဘာလို့ အပြင်မှာပဲ ရှိနေသေးတာလဲ၊ အထဲမဝင်ဘူးလား”
ရဲ့လင်းချန်က သူတို့ထံ သွားလိုက်ပြီးနောက် သူတို့သာမက အပြင်၌ ရှိနေသော လူများအားလုံးက ပီကင်းတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်သည်ကို သတိပြုမိသွားသည်။
“ငါတို့က ဟွာချင် တက္ကသိုလ်ကျောင်းသား မဟုတ်တော့ အားကစားရုံထဲကို ဆန္ဒရှိသလို ဝင်လို့မရဘူး၊ ပွဲမစသေးသရွေ့ ငါတို့ အပြင်မှ စောင့်ရတယ်၊ ပြီးမှ အထဲကို အတူတူ ဝင်ရတာ”
အာလူးလေးက ရှင်းပြသည်။
“ယီးပဲ ဟွာချင်တက္ကသိုလ်က ပီကင်းတက္ကသိုလ်ကို အထင်သေးတာပဲ၊ နေရာကောင်းတွေအားလုံးကို သူတို့တွေပဲ ယူသွားပြီ”
ရှန်းက စိတ်ဆိုးမာန်ဆိုး ပြောဆိုသည်။
“ငါတို့တက္ကသိုလ်က ပန်းပွားအကအဖွဲ့ကိုတောင် ဝင်ခွင့်မပေးဘူး”
“ဒါ ပြောလို့ဘယ်ရမလဲ၊ သူတို့ အိမ်ကွင်းမလား”
ရှောင်ကမ်းက စိတ်ထဲ ထားမနေတော့ချေ။ ဟွာချင်တက္ကသိုလ်အား ပီကင်းတက္ကသိုလ်မှနေ၍ သူတို့လုပ်ခဲ့သလို ပြန်လုပ်ရန် နောက်နှစ် ရောက်သည်ကိုသာ သူ စောင့်နေရပေတော့မည်။
“ဟုတ်သားပဲ၊ ငါ ဒီကိုလာတုန်း ကျောက်ရီထျန်းဆိုတဲ့ နာမည်ကို ကြားလိုက်တယ်၊ သူက တော်တော်လေး တော်မယ့်ပုံပဲ”
အာလူးလေးက ရှောင်ကမ်းကို ပြောသည်။ ထိုနာမည်ကိုကြားသော် ရှောင်ကမ်း၏ မျက်နှာက မည်းမှောင် သွားသည်။
“ကျောက်ရီထျန်းရဲ့ နာမည်အရင်းက ကျောက်ဟောင်၊ သူက အရပ် တစ်ရာ့ကိုးဆယ် စင်တီမီတာ ရှိတယ်၊ ဟွာချင် တက္ကသိုလ်က ကျောင်းသားသစ် တစ်ယောက်ပဲ၊ သူ့ကို အားကစားဌာနက သီးသန့် ခေါ်ထားတာ၊ သူ အရင်က ခရိုင်အဆင့် ပြိုင်ပွဲတွေမှာ ဝင်ပါဖူးတယ်၊ သူက ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကစားသမားတစ်ယောက် အဖြစ် အသက်မွေးဖို့ ရည်ရွယ်ထားတယ်လို့ ငါ ကြားဖူးတယ်”
ရှောင်ကမ်း၏ စကားက အားလုံးကို ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
“ပြိုင်လည်း ဘာထူးတော့မှာလဲ၊ ငါတို့ ရှုံးမှာ သေချာနေပြီကို”
ရှန်းက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းသည်။
“ဒါပေမဲ့ ဒါတွေအားလုံးက ကြားစကားတွေပါကွာ၊ ဟွာချင်တက္ကသိုလ်က ငါတို့ စိတ်ဓာတ်ကို ရိုက်ချိုးချင်လို့ ကောလာဟလ ဖြန့်တာလည်း ဖြစ်နိုင်တာပဲ”
ရှောင်ကမ်းက ဆက်ပြောသည်။
“သူက ကောင်းကောင်း ပိတ်ဆို့တတ်လို့ ကျောက်ရီထျန်းလို့ နာမည်ပြောင် ပေးတာလို့လည်း ပြောကြတယ်”
“ဒီတစ်ခေါက် ဟွာချင်တက္ကသိုလ်က ပြိုင်ပွဲရက်ကို သတ်မှတ်ရဲတဲ့အထိ ယုံကြည်မှုရှိနေခဲ့တာကို မအံ့ဩ မိတော့ဘူး၊ သူတို့က ငါတို့ကို အနိုင်ယူဖို့ မစောင့်နိုင်တော့တာပဲ”
အာလူးလေး ကျယ်လောင်စွာ အော်လာသည်။
“သူတို့ ငါတို့ကို ဝင်ခွင့်ပေးပြီ၊ ငါတို့ အထဲဝင်လို့ရပြီ”
ရဲ့လင်းချန်က အရှေ့မှ ဆူညံပွက်လောရိုက်မှုကို သတိထားမိပြီး သူတို့ကို သတိပေးလိုက်ပြီးသည်။
လူအုပ်ကြီးက အရှေ့သို့ တဖြည်းဖြည်း ရွေ့သွားသ်ည။ နိုင်ငံတွင်းမှ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခု ဖြစ်သည့်အတိုင်းပင် ဟွာချင် တက္ကသိုလ်၏ အားကစားရုံက ကြီးမားလှသည်။ လူနှစ်သောင်းမျှ အသာလေး ဆန့်နိုင်လောက်သည်။ ဘတ်စကတ်ဘော စင်မြင့်များကလည်း အလယ်ကို ဝန်းရံ၍ တည်ရှိနေကာ ခုံများကို သပ်သပ်ရပ်ရပ် စီထား၏။
ရဲ့လင်းချန်နှင့် ကျန်လူများ ဝင်လာသောအခါ အားကစားရုံက လူများ ပြည့်လျှံကုန်သည်။ အသံများ ဆူညံလာပြီး အားလုံးက လာမည့်ပြိုင်ပွဲကို စိတ်အားထက်သန်စွာ ပြောနေကြသည်။ ဘယ်ဘက်တွင် ဟွာချင်တက္ကသိုလ်မှ ကျောင်းသားများ နေရာယူထားကြပြီး ညာဘက်တွင် ပီကင်းတက္ကသိုလ်မှ ကျောင်းသားများ ထိုင်နေကြလေသည်။
ထို့နောက်တွင် တက္ကသိုလ်ကျောင်းသားများ၏ အနေအထိုင်ကို ပြသနေခြင်းပင်။ သူတို့သည် တစ်ခါတရံ စကားနိုင်လုကြပြီး တစ်ချို့က အချင်းချင်း ဆဲပင်ဆဲနေကြသည်။ သူတို့အားလုံးက အချင်းချင်း သွေးပူစွာ ပြောနေသော်လည်း မည်သူမှ အကြမ်းဖက် လက်ပါခြင်း မရှိပေ။ ယင်းအား သဟဇာတရှိသော မြင်ကွင်းဟုပင် ဆိုနိုင်လေသည်။
အရှေ့ဆုံးခုံများ၌ သက်ကြီးပိုင်းအချို့နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားများ ထိုင်နေသည်။ သူတို့ထံမှ လုပ်ပိုင်ခွင့် ရှိသော အရှိန်အဝါများ ပျံ့လွင့်နေကာ တက္ကသိုလ်များ၏ ပုဂ္ဂိုလ်ကြီးများဖြစ်ကြောင်း သိသာလှသည်။