← Chapters

အကြံဉာဏ် အသစ်များ

Vol. 42 Ch. 623

အကြံဉာဏ် အသစ်များ

Vol. 42 Ch. 623

လူမိုက်များနှင့် ရင်ဆိုင်ရခြင်းထက် သူတို့ခေါင်းဆောင်နှင့် ရင်ဆိုင်လိုက်သည်က ပိုလွယ်သည်ဟူသော စကားလိုပင်။

အစ်ကိုဟောင်ကဲ့သို့သော အရေးမပါသောလူများသည် ခေါင်းကိုက်စရာသာသာမျှပင် ဖြစ်ပြီး ရဲ့လင်းချန်သည် သူတို့အပေါ် အချိန်ဖြုန်းချင်စိတ် မရှိချေ။

ယင်းသည် အလီကို သူနှင့်အတူ ခေါ်လာရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။ ဤသို့သော အခြေအနေမျိုးနှင့် ကြုံရပါက သူ ဝင်ပါရန် မလိုအပ်သဖြင့် သူ့အတွက် အဆင်ပြေလှသည်။

ဘတ်စ်ကားပေါ် ပြန်တက်လာပြီးနောက် ခရီးသည်များက ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေကြသည်။

စုချင်းရွှယ်သည် သူ့အား ယခင်နှင့် မတူညီစွာ ကြည့်နေပြီး သူ၏ နောက်ခံအား စတင်၍ မေးခွန်းထုတ် လေတော့သည်။

အစောပိုင်းက ဖုန်းခေါ်သူက ဖေးထျန်းကျွင်း မဟုတ်လျင်တောင်မှ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဥပဒေမဲ့ အစ်ကိုဟောင်အား ဒူးထောက်၍ ရိုကျိုးသည်အထိ အညံ့ခံ၊ ကြောက်သွားစေသည်အထိ လုပ်နိုင်ရန် မဖြစ်နိုင်ပေ။

“ဟေး နင် ငါ့ကို တစ်ခုခု မေးချင်တာ မရှိဘူးလား”

ဘတ်စ်ကားက ဆက်၍ မောင်းနေချိန်တွင် စုချင်းရွှယ်က မနေနိုင်ဘဲ မေးလာသည်။

“မရှိဘူး”

ရဲ့လင်းချန်က စိတ်မဝင်စားပေ။

စုချင်းရွှယ်သည် အရာအားလုံးကို သူမကိုယ်တိုင် ထုတ်ပြောလေသည်။

စုမိသားစုသည် စီချွမ်မြို့၌ နာမည်ကြီးပြီး စီချွမ်-တိဘက်ဒေသ၌ သူတို့၏ နာမည်ကို ပြောလိုက်သည်နှင့် လေးစား ကြောက်ရွံ့သည်အထိ လွှမ်းမိုးနိုင်ပေသည်။

ဒေသခံ လူဆိုးဂိုဏ်းများက ဥပဒေအထက်၌ ရှိသည်ဟူသော ဆိုရိုးစကား တစ်ခု ရှိသည်။

စုမိသားစုသည် ထိုလူဆိုးဂိုဏ်းများထဲမှ တစ်ခုပင်။

စုမိသားစု၏ တတိယမြောက် သမီးဖြစ်သောကြောင့် စုချင်းရွှယ်သည် တိုက်ရိုက်မျိုးဆက်များထဲမှ တစ်ယောက် ဖြစ်သော်လည်း စုမိသားစု၏ ဒုတိယမြောက်သားဖြစ်သော သူမ၏ ဖခင်ဖြစ်သူ ကွယ်လွန်သွားတာ ကြာမြင့်နေပြီ ဖြစ်သဖြင့် သူမ၏ အဆင့်အတန်းက ကျဆင်းသွားခဲ့လေသည်။

သူမဖခင်၏ အစ်ကိုဖြစ်သူ သူမ၏ ဦးလေးသည် မိသားစုခေါင်းဆောင် ဖြစ်ပြီး သူမကို ပို၍ ဂရုစိုက်သင့်သော်လည်း သူမဦးလေး၌ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိကာ သူတို့က သူမထက် သာလွန်ပြီး သူမအား တစ်နည်းနည်းဖြင့် ပစ်မှတ်ထားနေကြသည်။ ထို့ကြောင့် သူမသည် အနေရခက်သော အခြေအနေသို့ ရောက်နေခဲ့သည်။

ရဲ့လင်းချန်သည် မျက်လုံးကို ပြန်ဖွင့်၍ သူမကို တစ်ချက် ကြည့်လိုက်သည်။ သူမမျက်နှာပေါ်မှ ခါးသီးမှုကို မြင်သောအခါ သူ၏ မျက်နှာ အမူအရာက နူးညံ့လာပြီး သူမနှင့် စကားစပြောလိုက်သည်။ ထိုအတောအတွင်း သူသည် စုချင်းရွှယ်ထံမှ စီချွမ်-တိဘက်ဒေသနှင့် ပတ်သက်၍ အနည်းငယ် လေ့လာနိုင်သော အခွင့်အရေးဟု သတ်မှတ်ထားလိုက်သည်။

နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းကို ဤနေရာ၌ တည်ထောင်ထားသည့် အကြောင်းရင်းမှာ ရဲ့လင်းချန် ခန့်မှန်းထားသကဲ့သို့ မဟုတ်ချေ။ တကယ့် အကြောင်းရင်းမှာ ဤပတ်ဝန်းကျင်သည် ဆေးပင်များ၏ ကြီးထွားမှု၊ ရှင်သန်မှု နှင့် သုတေသနပြုခြင်းတို့ကို အထောက်အကူ ဖြစ်စေ၍ ဖြစ်သည်။ ထို့အပြင် စီချွမ်-တိဘက်ဒေသည် ဆေးများစွာ၏ အရင်းအမြစ်အဖြစ် ကျော်ကြားပြီး အများစုအား ဤနေရာ၌ ထုတ်လုပ်သည်။

စုချင်းရွှယ်၏ စကားအရ စုမိသားစု၏ အကြီးဆုံး လုပ်ငန်းမှာ ဆေးဝါးဖြစ်သည်။ ဆေးပင်များ စိုက်ပျိုး၍ ရောင်းချခြင်းအပြင် စုမိသားစုသည် ဈေးကွက်တွင်းမှ ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်များနှင့် ဆေးများ၏ နောက်ကွယ်၌ ရှိလေသည်။ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီစာရင်းများထဲမှ ရှယ်ယာများစွာကိုပါ သူတို့ ပိုင်ဆိုင် ထားကြသည်။

“ဒီပတ်ဝန်းကျင်က လူတွေမှာ သိုင်းပညာက ဘာစံနှုန်းလောက်ရှိလဲ”

ရဲ့လင်းချန် စူးစမ်းကြည့်လိုက်သည်။

စုချင်းရွှယ်၏ မျက်နှာတွင် ပုံမှန်မဟုတ်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး လေးနက်စွာ ပြောလာသည်။

“အရမ်း မြင့်တယ်၊ အစ်ကိုဟောင်ကိုပဲကြည့်၊ သူက ကျားတစ်ကောင်ကို တကယ်ကြီး လက်ဗလာနဲ့ သတ်ခဲ့တာ၊ ဒါပေမဲ့ သူ့ခွန်အားကို သာမန်လောက်ပဲလို့ သတ်မှတ်နိုင်တယ်၊ ဒီမှာ ဆရာသခင်တွေ အများကြီး ရှိတယ်၊ နင့်ရဲ့ လူကောင်ကြီးတဲ့ သက်တော်စောင့်နဲ့ လုံလောက်ပြီလို့ ထင်နေနိုင်ပင်မယ့် ဒါက လက်တွေ့နဲ့ အဝေးကြီးပဲ၊ ဒီက လူအများစုရဲ့ ခွနန်အားက သာမန်လူတွေ ထင်ထားတာထက် ပိုတယ်၊ နင်က အပြင်လူဆိုတော့ ဆက်ပြီး နှိမ့်ချနေတာ ပိုကောင်းတယ်”

အစောပိုင်းက အရာအားလုံးက ရဲ့လင်းချန်သည် အခြေအနေကို ရင်ဆိုင်ရာ၌ အနည်းငယ် ရက်စက်ကြောင်း ပြသနေခဲ့သည်။ ထို့ကြောင့် သူမက ထိုသို့ မှတ်ချက်ပေးခြင်း ဖြစ်လေသည်။

“ဆရာသခင်တွေ များလွန်းတယ်၊ ဟုတ်လား”

ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်သွားပြီး အနည်းငယ် အံ့ဩသွားလေသည်။

စုချင်းရွှယ်သည် တစ်ခဏမျှ တွေဝေနေပြီးမှ အသံကို တိုး၍ ထူးဆန်းစွာ ပြောလာသည်။

“နင်က သိုင်းပညာကို သိတယ်ဆိုတော့ သိုင်းပညာတွေ ပိုပြီး သန်မာချင်တယ်ဆိုရင် သိုင်းပညာ လေ့ကျင့်ရေးကို အဆက်မပြတ် လုပ်ဖို့လိုတယ်ဆိုတာ နင် သိမှာပါ၊ ဒီက ဆေးပင်တွေက သိုင်းပညာရှင်တွေအတွက် သိပ်အထောက်အကူ ဖြစ်တာ၊ ပြီးတော့ လူတစ်ချို့ဆို ဒီဆေးပင်တွေ ဝယ်ဖို့ ဒီကို လာကြတယ်”

ရဲ့လင်းချန် အံ့အားသင့်သွားရသည်။

ဆင်းရဲသားများကို ပညာသင်ရန် စေလွှတ်ပြီး လူချမ်းသာများက သိုင်းပညာကို လေ့လာသင်ဟု လူအများ ပြောခဲ့သလိုပင်။ သိုင်းပညာ လေ့ကျင့်ခြင်းသည် ခွန်အားများစွာကို သုံးစွဲရပြီး အလွန် ကုန်ကျစရိတ် များသည်။ နှစ်တစ်ရာ ဂျင်ဆင်းကဲ့သို့သော ဖြည့်စွက်ဆေးများ စားသုံးခြင်းက ကြီးကျယ်နိုင်လောက်သော်လည်း ဆယ်ဆ အားတိုးနိုင်သည်က ပိုအရေးကြီးပေသည်။ ထို့အပြင် ထိုသို့သော လေ့ကျင့်ရေးအတွင်း ဒဏ်ရာများကို ရှောင်ဖယ်မရသဖြင့် ကုသရန် နောက်ထပ် ငွေကြေးများစွာ လိုအပ်ပေ၏။

ရဲ့လင်းချန်သည် ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သဖြင့် ယင်းက အသန့်စင်ဆုံး အားဆေးဟုပင် ဆိုနိုင်ပေသည်။ သို့ရာတွင် တစ်ချို့သောအချိန်များနှင့် အခြားသူများသာမက သူကိုယ်တိုင်ပင် လေ့ကျင့်ရေးလုပ်ရန် စွမ်းအင်များစွာ လိုသည်ဟု ခံစားရလေသည်။

ဤနေရာ၌ လူဆိုး အရေအတွက် မြင့်မားသည်ဟု အင်တာနက်ပေါ်၌ ပြောဆိုကြသည်ကို သူ အမှတ်ရသွားသည်။ ဤနေရာသို့ ခရီးထွက်လာသည့် သာမန်လူများသည် လူဆိုးများနှင့် ကြုံရပါက ပြဿနာဖြစ်ခြင်းမှ ရှောင်ရှားရန် ပိုက်ဆံများစွာ အဆုံးခံရပေမည်။ တိုက်ခိုက်ရန် သူတို့ တစ်ယောက်ယောက်ကို ငှားမည်ဆိုလျင်လည်း ငွေကြေးများစွာ ကုန်ကျပေဦးမည်။

ဤနေရာသို့ လာရောက်ရသည့် သူ၏ အကြောင်းရင်းမှာ စွမ်းအင် ပေါ်များ၍ ဖြစ်သည်။ ဒေသခံများသည် ချီဓာတ် သန်မာပြီး သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း မြင့်မားပေသည်။

ရုတ်တရက် သူ့စိတ်ထဲ၌ အကြံသစ်တစ်ခု ပေါ်လာသည်။ သူသည် ယခင်က အခြေအနေအား သာမန်လူများကို ကုသသော ဆရာဝန်တစ်ဦး၏ အမြင်မှသာ ကြည့်ခဲ့သည်။ သူ အခြား လူနေမှုအဆင့်အတန်းကိုပါ ဦးတည်ချက် ထားသင့်လေသလား။

စစ်သည်တော်များနှင့် သိုင်းပညာရှင်များ။

သိုင်းပညာရှင်များအတွက် ပို၍ သင့်တော်သော အားဆေးများကို သူ သန့်စင်နိုင်စွမ်းရှိပြီး ရောင်းချနိုင်စွမ်း ရှိသည့်အပြင် သူ၏ ကိုယ်ပိုင် သိုင်းပညာရှင်များကိုပါ လေ့ကျင့်ပေးနိုင်ပေသည်။

ရဲ့လင်းချန် ငြိမ်နေသည်ကို မြင်သောအခါ စုချင်းရွှယ်သည် တစ်ခဏမျှ စဉ်းစားပြီးမှ ဆက်ပြောသည်။

“တကယ်လို့ နင် ပြဿနာ တစ်ခုခုတက်မှာကို စိုးရိမ်တယ်ဆိုရင် ငါတို့ စုမိသားစုနဲ့ ပူးပေါင်းလို့ ရတယ်၊ နင့်ရဲ့ ဆေးပညာ ဗဟုသုတက ကောင်းတယ်ဆိုရင် နင် သေချာပေါက် အသုံးဝင်မှာပါ”

သူမက ရဲ့လင်းချန်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။

“မလိုပါဘူး၊ ရပါတယ်၊ ငါ ဆန့်ကျင်လို့မရတဲ့လူဆိုတာ ဒီကမ္ဘာမှာ မရှိဘူး”

ရဲ့လင်းချန်က အေးအေးလူလူ လက်ခါပြလိုက်သည်။

“ဟင်းဟင်း၊ ပစ်မှတ်က ဘယ်သူလဲ  မသိဘဲ လေကျယ်နေတယ်”

စုချင်းရွှယ်က အကြည့်လွှဲကာ စိတ်ပျက်သွားလေသည်။

သူမသည် စုမိသားစုတွင် သူမ၏ ကိုယ်ပိုင် အစွမ်းအစအပြင် အဆက်အသွယ်များကို မှီခိုရသဖြင့် အစကတည်းက ရဲ့လင်းချန်နှင့် ရင်းနှီးချင်ခဲ့သည့် အတွေးရှိသည်။ သူမသည် စုမိသားစုတွင်း၌ လိုလားစွာ ဆက်ဆံမခံရသော်လည်း ဆေးဝါး ထုတ်လုပ်သူတစ်ယောက်ကို စုမိသားစုတွင်းသို့ သူမ ခေါ်နိုင်ခဲ့ပါက သူမအဆင့်အတန်းက ပို၍ ကောင်းသွားနိုင်လောက်သည်။

သူတို့၏ လိုရာခရီးသို့ ရောက်သောအခါ စုချင်းရွှယ်သည် ရဲ့လင်းချန်ကိုဆွဲ၍ WeChat တွင် အပ်ပြီးမှ လမ်းခွဲသွားသည်။

ရဲ့လင်းချန်သည် အလီအား နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းသို့ တန်းခေါ်သွားလိုက်သည်။

သူ ဤနေရာသို့ တစ်ခါမှ မရောက်ဖူးသော်လည်း နည်းပညာခေတ် ဖြစ်သဖြင့် သူတို့ဖုန်းကို သုံး၍ နေရာကို ရှာနိုင်ပေသည်။

လမ်းတစ်လျှောက်တွင် သူသည် စုချင်းရွှယ် ပြောခဲ့သည့်အတိုင်း သူ့ကဲ့သို့သော လူများကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် သူတို့၏ ပုံစံအမှန်ကို ဖုံးကွယ်ထားကြပြီး အများစုမှ နိုင်ငံခြားသားများ ဖြစ်ပေသည်။

လက်ရှိတွင် နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းခန်းမတစ်ခုလုံး၌ လူပြည့်နေ၏။

သူတို့တစ်ယောက်ချင်းစီ၌ ကိုယ်ပိုင်ဟန်ပန်များ ရှိကြသည်။ အချို့မှာ နိုင်ငံတကာ ဆေးပညာ ဝါသနာအိုးများ ဖြစ်ပြီး အခြားသူများမှာ ဆေးတက္ကသိုလ်များမှ ကျောင်းသားများ၊ အထူး ဖိတ်ကြားချက် ရထားသည့် ဆေးဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်များ ဖြစ်ကြလေသည်။

သူတို့သည် ဆေးလောက၏ အောင်မြင်မှုများကို လေ့လာစူးစမ်း၍ လေးစားသိမြင်နိုင်ရန် ရောက်နေကြခြင်း ဖြစ်သည်။ ဆေးပညာ ဗဟုသုတတွင်းမှ အောင်မြင်မှုတစခုကို သူတို့ မြင်တွေ့နိုင်ခဲ့ပါက ဂုဏ်ယူစရာကောင်းသော အရာ ဖြစ်လာပေမည်။

နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း၌ ပါဝင်ရန် ရွေးချယ်ခွင့် ရထားသူများသည် ထူးခြားသော ဆေးများ ပိုင်ဆိုင်ထားသည်မှာ အသေအချာပင်။

ထိုစဉ် နှာတံရှည်ရှည်နှင့် ဆံပင်ကောက်ကောက် လူလတ်ပိုင်းအရွယ် နိုင်ငံခြားသားတစ်ဦးက စင်ပေါ်သို့ လျှောက်လှမ်းသွားသည်။

“ဘုရားရေ၊ အဲ့ဒါ အမီရာ ရွိုင်ပဲ”

“သေပြီပဲ၊ အိန္ဒိယက နောက်ထပ် အံ့ဩစရာကောင်းတဲ့ဆေးမျိုး ထပ်ထုတ်နိုင်ပြီလား”

ထိုလူ စင်ပေါ် တက်လိုက်သည်နှင့် လူအများက ချက်ချင်း တအံ့တဩ ပြောဆိုကြသည်။

လူတစ်ချို့က သတိထားမိမည်ကို စိုးထိတ်သော်လည်း အချို့က ဆန့်ကျင်ဘက် ဖြစ်စွာပင် ထုတ်ဖော်ပြ တတ်ကြသည်။

အမီရာက သူ့အနီးအနားမှ လူတိုင်းကို လက်ပြ၍ ပြုံးပြလေသည်။

ဆူညံသံက ပို၍ ကျယ်လောင်လာသည်။ လူအများသည် စိတ်လှုပ်ရှားလာပြီး အားကျသော အကြည့်တို့ဖြင့် ကြည့်နေကြသည်။

ဆေးလောကမှ လူတိုင်း အမီရာ၏ နာမည်ကို ကြားဖူးကြသည်။

သူသည် အိန္ဒိယနိုင်ငံမှ သာမန်မိသားစုတွင်း၌ မွေးဖွားခဲ့ပြီး ကလေးဘဝထဲမှ အမှတ်ကောင်းခဲ့ကာ ကျောင်းပြီးသည်နှင့် အမေရိကား၏ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်သို့ တန်းဝင်နိုင်ခဲ့သည်။ ထို့နောက် သူသည် ဆေးလောကတွင်း၌ စတင် လေ့လာခဲ့ပြီး ပညာရေး ခရီးလမ်းကို လျှောက်လှမ်းခဲ့သည်။

ဆေးပညာ ဘာသာရပ်များသည် အခြား ဘာသာရပ်များထက် ဘွဲ့ရရန် အချိန်ပိုယူရပြီး ဆယ်နှစ်တင်းတင်း ပြည့်ပြီးမှ သူ Ph.D ဘွဲ့ ရခဲ့သည်။

All Chapters