ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး၊ ငါ ကျိန်ပြောရဲတယ်
Vol. 40 Ch. 599
အစောင့်များ၏ အပြုအမူက လူအုပ်အား ဒေါသူပုန်ထသွားစေပြီး စတင် ဆဲဆိုလာသည်။
နိုင်ငံသားတစ်ယောက်က နိုင်ငံခြားသားတစ်ယောက်အား ကာကွယ်နေသည်။ ယင်းက သစ္စာဖောက် တစ်ယောက်နှင့် ဘာများ ကွာခြားတော့မည်နည်း။ အစောင့်များအား အခြားနိုင်ငံသားများကို နင်းခြေပြီး နိုင်ငံခြားသားများကို ကာကွယ်ရန် အသုံးပြုရသည်လား။
လူအုပ်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရသဖြင့် အစောင့်များသည် သူတို့၏ တာဝန်ကို ဆက်လုပ်ဆဲဖြစ်ကာ လူအများက ဘာပြောပြော သူတို့ကို အတင်း တွန်းဖယ်နေဆဲပင်။
“ဒါက ဘာသဘောလဲ”
“မင်းတို့က ဘာလို့ ငါတို့ကို တားနေတာလဲ၊ တရားမျှတမှု မရှိတော့ဘူးလား”
အစောင့်များက သူတို့အား ခံစားချက်ကင်းမဲ့စွာ လျစ်လျူရှုထားကြသည်။ သူတို့သည် သူတို့၏ တာဝန်ကို ထမ်းဆောင်ရန်သာ အာရုံထားနေကြသည်။ ရန်ပွဲအား ဘယ်သူ စခဲ့သလဲ သို့မဟုတ် နှစ်ဖက်ကြား၌ ဘာတွေ ဖြစ်နေသလဲ ဆိုသည်က သူတို့ အရေးစိုက်သည့် အရာ မဟုတ်ချေ။ သူတို့၏ တာဝန်မှာ လူအုပ်ကြီးအား ဟန့်တားပြီး စည်းအပြင်ဘက်၌ ထားထားရန် ဖြစ်သည်။ သူတို့အားလုံးသည် ကောင်းမွန်စွာ လေ့ကျင့်ထားသူများ ဖြစ်ပြီး သူတို့၏ အလုပ်ကို ထိန်းသိမ်းကြသည်။ သူတို့အတွက် ၎င်းသည် သူတို့၏ အလုပ်တာဝန်သက်သက်သာ ဖြစ်သည်။
ကြင်နာမှုလား။ ယင်းက သူတို့ ဂရုစိုက်သော အရာ မဟုတ်ပေ။
ကင်ဟျွန်းမင်သည် ရပ်မြဲရပ်၍ ဒေါသူပုန်ထနေသော လူအုပ်ကြီးအား အေးစက်စွာ ကြည့်နေသည်။
သူက မလှုပ်သဖြင့် သူ၏ သက်တော်စောင့်များကလည်း သူနှင့်အတူ ရပ်နေကြသည်။
သူ့မျက်နှာပေါ်မှ အမူအရာက ပို၍ ဆွပေးသကဲ့သို့ ဖြစ်လာပြီး လူအများ၏ စိတ်ရှည်မှုတို့ ကုန်ဆုံးလာသည်။
“ဘေးဖယ်နေ မဟုတ်လို့ကတော့ မင်းတို့ကိုပါ ငါ ရိုက်ပစ်မယ်”
“ချီးပဲ၊ နိုင်ငံခြားသားကို ဒီလောက် ဖားနေတာကို ငါ မမြင်ခဲ့မိပါလား၊ အခု မင်းက ကိုယ့်နိုင်ငံသားတွေကို အာခံနေ တာလား”
“ရူးမိုက်တဲ့ အစောင့်တွေ၊ မင်းတို့အားလုံးက နှလုံးသားမရှိဘူး”
အခြေအနေက အထိန်းအကွပ် မဲ့လာသည်။
ထိုစဉ် ကင်ဟျွန်းမင်ဘေးနားမှ သက်တော်စောင့်တစ်ယောက်က ထွက်သွားချိန်တန်ပြီဟု စဉ်းစားမိပြီး သူ့အား အလျင်အမြန် သတိပေးလေသည်။
ကင်ဟျွန်းမင်နှင့် သက်တော်စောင့် ခြောက်ယောက်က အလျင်အမြန် ထွက်ခွာရန် ပြင်လေသည်။
“ထွက်ပြေးဖို့ ကြိုးစားတာလား၊ အဲ့မှာ ရပ်နေစမ်း”
သူ၏ အနီးအနားမှ လူအုပ်သည် သူ့ထံသို့ ပြေးလာနေကြသည်။
“ဝှစ်”
ထိုအချိန်၌ သက်တော်စောင့် ခြောက်ယောက်သည် သူတို့၏ ကျဉ်စက်များကို အသီးအသီး ထုတ်လာကြသည်။ သူတို့သည် ခြိမ်းခြောက်သည့်ဟန်ဖြင့် လူအုပ်အား စာနာမှုကင်းမဲ့စွာ ချိန်ရွယ်လာပြီး မသိလျင် အချိန်မရွေး ၎င်းနှင့် သူတို့ကို ရိုက်နှက်တော့မည်ဟု ထင်မှတ်ရသည်။
လူအုပ်ကြီးသည် ထိတ်လန့်သွားပြီး မြင်ကွင်းကြောင့် အံ့ဩကာ အနည်းငယ် လန့်သွားလေသည်။ သို့သော် မကြာခင်မှာပင် သူတို့၏ မျက်လုံးများ နီရဲလာ၏။
“ယီးပဲ၊ မင်းမှာ လက်နက်ရှိတော့ရော ဘာဖြစ်လဲ၊ ငါ့မှာ ဓားရှိတယ်ကွ”
“မြေယိုး၊ ဒါ ဘယ်သူ့နယ်မြေလဲ မေ့နေပြီလား၊ မင်းကများ မထီမဲ့မြင် လုပ်ရဲတယ်ပေါ့လေ”
ကြံ့ခိုင်သန်မာသော လူတစ်ယောက်က အုတ်ခဲတစ်လုံးကို ကောက်လိုက်သည်။
“ညီအစ်ကိုတို့ တက်ကြမယ်၊ သူတို့ကို ငါတို့လူမျိုးရဲ့ ဂုဏ်သိက္ခာကို မြင်အောင် ပြလိုက်ကြစို့”
“ဟုတ်တယ်၊ သူတို့ကို ဖမ်းမယ်”
ကင်ဟျွန်းမင်အတွက် မျှော်လင့်ချက် အနည်းငယ် ဆုပ်ကိုင်ထားသည့် ပရိသတ်အချို့ ရှိနေသေးသည်။ သူတို့အား သူ့အား မျှော်လင့်တကြီး ကြည့်နေကြပြီး ထိုသို့သော လူစားမျိုး ဖြစ်သည်ကို ယုံကြည်ရန် ငြင်းဆိုနေကြသည်။
“ကင်ဟျွန်းမင်အိုပါးက အခြေအနေကို သေချာမသိတာလို့ ငါ ထင်တယ်၊ ဘာလို့လဲဆိုတော့ သူက တရုတ်စကား နားမလည်ဘူးလေ၊ ပြီးတော့ ငါတို့နဲ့ သေသေချာချာ မပြောနိုင်ဘူး၊ ငါတို့ သူ့ကို ရှင်းပြဖို့ပဲ လိုတာပါ”
အခြားမိန်းကလေးတစ်ယောက်က ချက်ချင်း ဝင်ပြောလာသည်။
“ငါ ကိုရီးယားစကား ပြောတတ်တယ်၊ ငါ သူ့အတွက် စကားပြန် လုပ်ပေးမယ်”
ထို့နောက် သူမက ရှေ့တိုးသွားပြီး ကင်ဟျွန်းမင်အား ကိုရီးယားလို ပြောကာ အခြေအနေကို ရှင်းပြရန် ကြိုးစားပြီး မတော်တဆမှုကို ကြေအေးနိုင်ရန် တောင်းပန်ပေးဖို့ ပြောပြလေသည်။
ကင်ဟျွန်းမင်က လမ်းလျှောက်နေရာမှ ရပ်သွားပြီး နောက်လှည့်၍ သူတို့ကို ကြည့်လာသည်။
မိန်းကလေးတစ်ဖွဲ့ မပျော်နိုင်ခင်မှာပင် သူက ဆက်နေဟန်မပြဘဲ ဆက်လျှောက်သွားကာ သူတို့အား အထင်သေးစွာ ရယ်၍ ကိုရီးယားလို ပြောဆိုလေသည်။
“$$$@@@@”
မိန်းကလေးက အဓိပ္ပာယ်ကို နားလည်သည်။ ယင်းက မထီမဲ့မြင်ပြောခြင်း ဖြစ်ပြီး သူတို့အား အမှိုက်ဟု ခေါ်လိုက်သည်နှင့် အတူတူပင်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုမိန်းကလေး၏ မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။ အခြား ပရိသတ်များသည်လည်း တောင့်ခနဲ ဖြစ်သွားကြသည်။
*ဘယ်လိုလုပ် ကင်ဟျွန်းမင်က ဒီလို ဖြစ်ရတာလဲ၊ သူက ဘယ်လိုလုပ် ဒီလိုလူမျိုး ဖြစ်နေရတာလဲ*
ကင်ဟျွန်းမင်သည်လည်း အတော်လည်း ဉာဏ်ပါးသည်။ ပတ်ဝန်းကျင်၌ သူ၏ မိန်းကလေး ပရိသတ် အများစု ရှိနေသည်ကို မြင်ပြီးနောက် ဆူဆူပူပူ ဖြစ်နေသော လူအုပ်ကြီးကို ရှောင်၍ အခြားလမ်းမှ လျှောက်သွားသည်။ လမ်းတစ်လျှောက်၌ အလွန် နီးကပ်စွာ ရပ်နေသော ပရိသတ်အချို့အား သက်တော်စောင့်များက အညှာအတာမဲ့စွာ ဘေးသို့ တွန်းဖယ်နေသည်။
သူသည် မာနကြီး၍ ထီမထင်ဟန်ဖြင့် အေးအေးလူလူ လျှောက်နေ၏။
လူတိုင်း၏အသံမှ ဒေါသက မြင့်တက်လာနေသည်။ သူတို့သည် သူတို့၏ ဒေါသများ တဟုန်းဟုန်း တောက်လောင်ပြီး အလွန်အမင်း မကျေမနပ် ဖြစ်နေသည်ကို ခံစားမိနေ၏။ တဖြည်းဖြည်းနှင့် သူတို့က လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လာသည်။
သို့သော် သူတို့သည် ကင်ဟျွန်းမင် ထွက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်လေသည်။ သူတို့အားလုံးက သာမန်လူများသာ ဖြစ်ကြသည်။ သူတို့သည် အရင်ဆုံး အစောင့်များကို ထိုးဖောက်ရပေမည်။ သူတို့ ထိုးဖောက်နိုင် လျင်တောင်မှ ကင်ဟျွန်းမင်၏ သက်တော်စောင့်များကို ရင်ဆိုင်ရန် ရှိနေသေးသည်။ ထို့အပြင် သူသည် အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ အဆင့်အတန်းအရ သူတို့ သူ့ကို ရိုက်နှက်မိလျင် အဘယ်သို့သော အကျိုးဆက်မျိုး ဖြစ်လာမလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။
အနီးအနားမှ အနုပညာရှင်များမှာမူ သူ့အား မသိမသာ ဝေဖန်ရုံသာ ပြုမူကြသည်။ သူတို့က သူ့လမ်းကို တမင်သက်သက် ပိတ်မထားကြပေ။
ကင်ဟျွန်းမင်သည် သူ၏ သက်တော်စောင့်များ ဝန်းရံ၍ အေးအေးလူလူ ထွက်သွားသည်။ မတော်တဆ ကိစ္စ အပြီးတွင် အနုပညာရှင်ဟူသော သူ၏ အဆင့်အတန်းအရ တရုတ်နိုင်ငံတွင်းမှ မသိနားမလည်သော မိန်းကလေး များကို သူ ပို၍ ဆွဲဆောင်နိုင်ဦးမှာပင်။
အစောင့်များက လူအုပ်ကြီးကို ဟန့်တားပြီး ကင်ဟျွန်းမင်အား ထွက်သွားစေသည်။
ဤကိစ္စ၌ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့တွင် သူနှင့် ထိပ်တိုက်တွေ့စရာ အကြောင်း မရှိချေ။ ကင်ဟျွန်းမင်၏ အဆင့်အတန်းအရ သူတို့၌ သူ့ကို တားထားနိုင်သည့် အခွင့်အာဏာ မရှိပေ။
အစောပိုင်းက လဲကျသွားသည့် ဆယ်ကျော်သက် မိန်းကလေးသည် နောက်ဆုံး၌ အော်ငိုလာလေသည်။ ယခင်က သူမသည် သူမစိတ်ကြောင့် တောင့်ထားနိုင်ခဲ့သည်။ ယခုအခါတွင်မူ သူမ၏ မျက်ရည်များအား မြေကြီးပေါ် စီးကျခွင့် ပေးလိုက်တော့သည်။ လူအများစုသည် မျက်နှာများ နီလာပြီး မကြည့်ရက်ကြချေ။
ဤအဖြစ်အပျက် အပြီး၌ သူမ လုပ်နိုင်တာဟူ၍ ကင်ဟျွန်းမင်ကို ဆက်မကြိုက်ရုံမှတပါး အခြား မရှိတော့ပါ။
တရားမျှတမှု၊ ထိုစကားလုံးက ရိုးရှင်းပုံ ပေါ်သော်လည်း သာမန်လူတစ်ယောက်အတွက် အခက်ခဲဆုံး အရာပင်။
သို့ရာတွင် ထိုသို့သောအချိန်၌ လူရိပ်တစ်ခုက လူအုပ်တွင်းမှ ဖြည်းဖြည်းချင်း ရှေ့တက်လာ၏။
သူသည် မြန်မြန် မလျှောက်နေသော်လည်း ကင်ဟျွန်းမင်ရှိရာဘက်သို့ ဦးတည်နေသည်။
ထိုပုံရိပ်အား အစက ဘယ်သူမှ သတိမထားမိချေ။ သူသည် အလွန် သာမန်ဆန်လွန်းပြီး မသိလျင် တစ်စုံတစ်ယောက်က သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသလို ဖြစ်နေသဖြင့် သူ့အား အလွယ်တကူ သတိမထား မိတော့ပါ။ ကင်ဟျွန်းမင်၏ သက်တော်စောင့်များတောင်မှ သူ့အား သတိမမူမိပေ။
ထိုလူက ကင်ဟျွန်းမင်နှင့် မီတာဝက်မျှ ကွာတော့သည့်အချိန်မှသာ လူအများက သူ့ကို သတိထားမိသွားကြသည်။ ထို့နောက် လူတိုင်း၏ အံ့ဩနေသော အကြည့်အောက်၌ ထိုလူက သူ့ခြေထောက်ကို မြှောက်၍ ကန်လိုက်သည်။ ထိုကန်ချက်က သက်တော်စောင့် ခြောက်ယောက်၏ ခံစစ်ကို ချိုးဖောက်ပြီး ကင်ဟျွန်းမင်၏ ဝမ်းဗိုက်သို့ အရှိန်ဖြင့် ကျရောက်သွား၏။
“ဘုန်း”
ထိုကန်ချက်သည် ဖိထားရာမှ လွှတ်လိုက်သည့် စပရိန်က အရှိန်ဖြင့် ကန်ထွက်လာသလိုပင်။
သို့သော် ကင်ဟျွန်းမင်သည် မီတာများစွာ လွင့်ထွက်သွားပြီးမှ ဖင်ထိုင်လျက်သား ပြုတ်ကျသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ လူအများအားလုံး ကြက်သေ သေသွားကြသည်။ ကင်ဟျွန်းမင်၏ ပရိသတ်များ ထိတ်လန့်ကုန်သည်။ ငိုနေသော မိန်းကလေးသည်လည်း အလန့်တကြား ဖြစ်သွားသည်။ အစောင့်များလည်း တုန်လှုပ်သွားသည်။ အခြား အနုပညာရှင်များသည်လည်း ထိတ်လန့် သွားလေသည်။
*ကင်ဟျွန်းမင်က … အကန်ခံလိုက်ရလို့ လွင့်ထွက်သွားတာလား*
သူတို့သည် ကြက်သီးထကာ ဖြစ်ပျက်သွားခဲ့သည့် အရာအား မယုံနိုင် ဖြစ်နေသည်။
ထိုမြင်ကွင်းက လူတိုင်း၏ အတွေးထက် ကျော်လွန်နေ၍ သူတို့၏ အတွေးများအားလုံး ဗလာဖြစ်ကာ နားမလည်နိုင် ဖြစ်နေကြသည်။
ထိုလူသည် အစောင့်များကို ကျော်မသွားဘဲ အနုပညာရှင်များ၏ စင်္ကြံလမ်းကို ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်လေထုက လေးလံလာပြီး လူတိုင်းက ထိုလူကို အသည်းအသန် ကြည့်လာသည်။
လရောင်က မှိန်ဖျဖျသာ ရှိသည်။ ခပ်ဖျော့ဖျော့ အလင်းရောင်က အမှောင်ထုကို ခွင်း၍ ထိုလူ၏ မျက်နှာပေါ် ကျရောက်လာသဖြင့် လူတိုင်း သူ၏ မျက်နှာကို သတိထားမိသွားသည်။
“လခွမ်း မိုက်တယ်ဟေ့”
“အား … ဖြောင့်လိုက်တာ”
“ဒါက ဘယ်သူလဲ၊ သူက တော်တော် သတ္တိရှိတာပဲ”
“အဲ့ဒါ ရဲ့နတ်ဘုရားပဲ၊ တောက်ပလိုက်တာကွာ”
“လခွမ်း တကယ် ရဲ့နတ်ဘုရားပဲ၊ သူက အတော်ဆုံးပဲ”
“မိုက်တယ်၊ အဲ့ကန်ချက်တစ်ခုတည်းနဲ့တင် မင်းက တကယ့်လူပဲ၊ ငါတော့ မင်းပရိသတ် ဖြစ်သွားပြီ”
“ကင်ဟျွန်းမင် လွင့်ထွက်သွားရတယ်တဲ့လား၊ အဲ့ကန်ချက်က ဘယ်လောက်တောင် ပြင်းလိုက်မလဲ”
ထို့နောက် ရဲ့လင်းချန်က လက်နောက်ပစ်၍ ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေသည်ကို သူတို့ မြင်လိုက်ရသည်။ သူသည် တည်ငြိမ်၍ ပြတ်သားသော လေသံဖြင့် ပြောလာ၏။
“မင်း ဒီနေ့ မတောင်းပန်ရင် ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး၊ ငါ ကျိန်ပြောရဲတယ်”
…