အက်ပဲလ်တီဗွီမှ ဖိတ်ကြားမှု
Vol. 27 Ch. 396
မိဘများနှင့် ခပ်ကြာကြာ စကားပြောပြီးနောက် ရဲ့လင်းချန် ဖုန်းချလိုက်ပြီး ခုတင်ပေါ်၌ ငြိမ်သက်စွာ လှဲနေလိုက်သည်။
ထိုတွေ့ဆုံနှုတ်ဆက်ခြင်းက ရဲ့လင်းချန်ကို ကြယ်ပွင့်တစ်ယောက် ဖြစ်ရခြင်း၏ ချိုမြိန်မှုကို ခံစားသိမြင် လာစေသည်။ သူ၏ ရေပန်းစားမှုက တိုးလာသော်လည်း ဝိုင်တွေကို သူ လူထုထံသို့ မကြေညာရသေးပါ။ ထို့ကြောင့် သူ့အား ကြယ်ပွင့်တစ်ယောက်ဟု အတိအကျ မပြောနိုင်သေးပါ။ အကြောင်းမှာ သူသည် အမှောင်ထဲ၌ ရှိနေသေးသောကြောင့်ပင်။ လမင်းဘေး၌ ကြယ်များ ဝန်းရံနေသကဲ့သို့သော ခံစားချက်မျိုးကို သူ ခံစားရရန် လိုပါသေးသည်။
ယခုတစ်ကြိမ်ကတော့ မတူပါ။ ယခုတစ်ခေါက်သည် အများမြင်ကွင်းသို့ သူ ပထမဆုံးအကြိမ် ပေါ်ထွက်ဖူးခြင်း ဖြစ်ပြီး သူ့ပရိသတ်များ၏ စိတ်အားထက်သန်မှုက သူ့အား ရေပန်းစားမှု တိုးလာချင်သည့် စိတ်ဆန္ဒကို ပို၍ ပြင်းပြလာစေ၏။
ဤအတောအတွင်း သူ၏ လူသိများနှုန်းက အလွန် မြင့်မားလာသည်။ ယခင်တစ်ခေါက် ဘတ်စကက်ဘော ကစားပွဲ ပြီးသွားကတည်းက ရဲ့လင်းချန်၏ ရေပန်းစားမှုနှုန်းက ပျက်ပြယ်သွားမည့် လက္ခဏာ မပြပေ။ ပထမဆုံးအနေနှင့် သူသည် ရေပေါ် လမ်းလျှောက်၍ အသက်ကယ်ခြင်းဖြင့် အုတ်အုတ်ကြွကြွ ဖြစ်စေခဲ့သည်။ ထို့နောက် ဝိုင်လုပ်ငန်းစုက ရှောင်ယွင်ဟုခေါ်သော သန့်ရှင်းရေး စက်ရုပ်လေးကို ထုတ်လုပ်ခဲ့ပြီး ယင်းက တော်တော်လေးကို လူပြောများလာခဲ့သည်။ ကံစမ်းမဲ ဖောက်သည့်အချိန်က သူ၏ ရေပန်းစားမှုအမှတ်သည် ၃၆၀၀၀ စွန်းစွန်းလေးသာ ရှိသော်လည်း ယခုအခါ၌ ၄၅၈,၉၆၇ သို့ မြင့်တက်သွားလေပြီ။
ရေပန်းစားမှု လေးသိန်းနီးပါး တိုးလာခဲ့ခြင်းပင်။
၎င်းက မြန်သော်လည်း မလုံလောက်သေးပါ။
ရဲ့လင်းချန်သည် သူ၏ ရေပန်းစားမှုကို တိုးမြင့်စေနိုင်မည့် နည်းလမ်းအားလုံးကို ပြန်တွက်ကြည့်လိုက်သည်။ လက်ရှိ အခြေအနေအထိ တွေးကြည့်ရသလောက်ဆိုလျင် အခြေအနေ အများစုက ခွန်အားကို ပြသထားရခြင်းများ ဖြစ်သည်။ ဥပမာပြောရလျင် စူပါမန်းဝိုင်၊ အဆိုတော်ဝိုင်များ ဖြစ်သလို သမားတော်ဝိုင်နှင့် သရုပ်ဆောင်တို့လည်း အပါအဝင်ပင်။ ထိုသို့သော အပြုမူက ရေပန်းစားမှု တိုးလာခြင်း၏ ဖြစ်စဉ်ကို လျော့ကျစေသည်။
အကျိုးအကြောင်းကျကျ ပြောရမည်ဆိုလျင် ထိုဝိုင်လေးယောက်လုံးကို လူအများရှေ့ ထုတ်ပြပါက ပို၍ ရေပန်းစားမှုများ ဆက်တိုက် ရလာလောက်သည်။ သို့သော် သူ ထိုသို့လုပ်ရန် မဖြစ်နိုင်ပါ။
ဘတ်စကက်ဘောကို ဥပမာထား၍ ပြောရပေမည်။ သူ့ကိုယ်သူ လူသိအောင် လုပ်ပြီးနောက် မျိုးစုံသော လှုပ်ရှားမှုများ၌ သူ ပါဝင်နိုင်သည်။ ထို့ကြောင့်ပင် သူ၏ ရေပန်းစားမှုက အလွန်အမင်း လျင်မြန်စွာ တိုးတက်လာ၏။ ယင်းက လှုပ်ရှားမှုများ၌ ပါဝင်နိုင်စေသလို ရေပန်းစားမှုကိုလည်း ဆက်တိုက် တိုးလာစေပေမည်။ အချက်ကျကျ ပြောရလျင် သူ၏ ရေပန်းစားမှုက ဘတ်စကက်ဘော ပြိုင်ပွဲ၌ ပါဝင်ပြီးမှ တိုးလာခြင်း ဖြစ်သည်။
ယခင်က သူသည် သူ၏ လုပ်ဆောင်မှုက အလွန် သိသာပြီး ရည်ရွယ်ချက်များ ရှိနေသည့် အဖွဲ့အစည်းများအား မျက်စိလာမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ယခုအခါ၌ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အဆက်မပြတ် ကျင့်ကြံမှုကြောင့် အလွန် ကြံ့ခိုင်အားကောင်းလာခဲ့လေပြီ။ သူ ခေါင်းတည့်တည့်သို့ အပစ်ခံရခြင်း သို့မဟုတ် ချိန်ကိုက်ဗုံးဖြင့် ဗုံးဖောက်ခံရခြင်းတို့မှလြွလျင် ဘယ်အရာကမှ သူ့ကို သတ်နိုင်ရန် လွယ်ကူမည် မဟုတ်ပါ။ သူ၏ လျင်မြန်စွာ ပြေးနိုင်သော စွမ်းရည်၏ အရှိန်နှင့် ချီသန့်စင်မှုကိုပါ ပေါင်းစပ်လိုက်လျင် ခေါင်းသို့ သေနတ်ပစ်ခံရမည့် ဖြစ်နိုင်ချေကလည်း မရှိနိုင်သလောက် နီးပါးပင်။
ချိန်ကိုက်ဗုံးကိစ္စကိုမူ … တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။
ယေဘုယျအားဖြင့် ပြောရလျင် သူ၏ သို့လော သို့လော ဖြစ်ခြင်းများက မပြောပလောက်ပေ။ သူ၏ စွမ်းဆောင်မှုက အလွန် မျက်စိကျစရာ ကောင်းနေလျင်တောင်မှ ပြဿနာကြီးတစ်ခု ဖြစ်လာမည် မဟုတ်ပါ။ သူ ရေပန်းစားမှု တိုးလာနေသရွေ့ သူ၏ တိုးတက်မှုနှုန်းကလည်း လျှပ်စီးကဲ့သို့ ဆက်လက် တိုးတက်လာမှာပင်။
ရဲ့လင်းချန်က အိပ်ရာပေါ် ပက်လက်လှန်၍ မျက်နှာကြက်ကို ကြည့်ကာ စ၍ အတွေးများလာသည်။
သူသည် ကိစ္စသေးလေးများကို ဆက်တိုက် လုပ်ခြင်းအားဖြင့် အဆုံးသတ်နားသို့ ရောက်နေပြီဟု ခံစားမိလာသည်။ ထိုဝိုင်များအားလုံး၏ နောက်ခံက ကောင်းသော်လည်း သူတို့သည် မတည်ငြိမ်သဖြင့် သူ၏ ရေပန်းစားမှု ရရှိအောင် ကြိုးစားသည့်အပေါ် မတည်မငြိမ် ဖြစ်စေသည်။ သူ့တွင် လစ်ဟင်းနေသည်က တည်ငြိမ်သော တိုးတက်မှု ဗျူဟာပင်။
ခြုံငုံမကြည့်ဘဲ နေရာစုံ၌ လျှောက်လုပ်ခြင်းက ရေရှည် အဖြေတစ်ခု မဟုတ်ပါ။ ထိုသို့သော ရေပန်းစားမှုသည် အချိန်ကြာလာလျင် ဘာမှမကျန်တော့ဘဲ အဆုံး၌ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ ၎င်းသည် ရဲ့လင်းချန် မြင်ချင်သော ရလဒ် မဟုတ်ပါ။ မကြာခဏ သူ့ရေပန်းစားမှုကို တိုးအောင် လုပ်ခြင်းက ပထမဆုံး သူ့အား ပင်ပန်းစေပေမည်။ ဒုတိယအနေဖြင့် သူ၏ ရေပန်းစားမှုအမှတ်က မြန်မြန် တိုးလာမည် မဟုတ်ပါ။
ရဲ့လင်းချန် လမ်းပျောက်သလို ခံစားနေရသည်။ သူ တကယ်ပင် လမ်းပျောက်နေ၏။ သူသည် တစ်ယောက်တည်း ဖြစ်သော်လည်း ဝိုင်ပေါင်းများစွာ ရှိသလို အတင်း ပြုမူခဲ့သည်။ ယင်းက သူ့ကို နောက်ဆံတင်းစေသည့် အရာပင်။
ယင်းက ဖြစ်သင့်သည့် နည်းလမ်း မဟုတ်ပါ။ သူ ထိုးဖောက်ရန် စဉ်းစားရပေမည်။
နည်းလမ်း နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ တက်တက်ကြွကြွ ရှေ့ထွက်ပြီး ဝိုင်အားလုံးက သူ ဖြစ်သည်ဟု ဝန်ခံလိုက်ခြင်းပင်။ သို့သော် ထိုနည်းလမ်းက ရူးမိုက်ရာကျပြီး ယခုအချိန်၌ မစဉ်းစားနိုင်ပါ။
ဒုတိယာနည်းမှာ ဝိုင်၏ ဆန်းကြယ်မှုကို လျော့ချ၍ မတူညီသော ဝိုင်များ၏ ပုံရိပ်ကို အသုံးပြု၍ အခြားသော ကိစ္စများကို မကြာခဏ လုပ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အဆိုတော်ဝိုင်က လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်း ရသစုံရှိုးပွဲ၌ ပါဝင်ခြင်းပင်။ သို့သော် ယင်းက မတူညီသော ဝိုင်များကို ပဋိပက္ဃ ဖြစ်လာစေလောက်ပြီး လက်တွေ့မကျချေ။
သရုပ်ဆောင်ဝိုင် တစ်ယောက်တည်းသာလျင် နောက်ကွယ်သို့ ဆုတ်နေရပြီး ဖန်သားပြင်ပေါ်၌ ပေါ်မလာနိုင် ဖြစ်နေသည်။ သူက ဇာတ်ညွှန်းရေးဆရာ သက်သက်သာ ဖြစ်လျင် သူ၏ ရေပန်းစားမှု တန်ဖိုးက တိုးလာနိုင်ပါသည်။ သို့သော် သက်ရောက်မှုက သရုပ်ဆောင်ခြင်းနှင့် ယှဉ်လျင် နည်းနိုင်ပေသည်။ သီချင်းဆိုခြင်း အတွက်လည်း အတူတူပင်။ သူ တေးသီချင်း ဖန်တီးရုံသက်သက်ဆိုလျင် ရေပန်းစားမှုအမှတ်များ တွက်ချက်နိုင်ရန် ဘယ်လောက် ကြာမည်နည်း။ လူအများသည် တေးဆိုကိုသာ အာရုံစိုက်တတ်ကြသည်။ အဆိုတော်ဝိုင်၏ သီချင်းရေး စွမ်းရည်ကလည်း ပွက်လောရိုက်စေခဲ့ပြီးသားပင်။ သူ သီချင်း ဆက်ရေးလျင်တောင်မှ သူ၏ ရေပန်းစားမှု တိုးလာအောင် ကူညီနိုင်မည် မဟုတ်ပါ။
ဝတ္ထုရေးခြင်းက နည်းလမ်းတစ်ခုပင်။ သို့သော် သူ့ဝတ္ထုများက အလွန် ထင်ရှားခြင်း မရှိသလို အချိန်လည်း ကြာသည်။ စာလုံးရေး သန်းချီရေးပြီး ရောင်းအား အကောင်းဆုံး စာအုပ် ဖန်တီးခြင်းက အင်တာနက် အနုပညာရှင် တစ်ယောက် ဖြစ်ခြင်းလောက် မကျော်ကြားသလို ရဲ့လင်းချန်၏ ဆန္ဒကိုလည်း မဖြည့်ဆည်းနိုင်တော့ပါ။ ဝိုင်နတ်ဘုရားသည်လည်း စာရေးဆရာဝိုင်ကဲ့သို့ အနေရခက်သော အခြေအနေသို့ ရောက်နေသည်။ ရေပန်းစားမှု တိုးလာရန် ပုံပြင်ပြောခြင်းကို အားကိုးခြင်းက ဘတ်စကက်ဘော ကစားခြင်းလောက် အမှတ် မြန်မြန် မတိုးချေ။
စီးပွားရေး လုပ်ငန်းမှာမူ အဓိက အချက်က ပိုက်ဆံရှာရန်သာ ဖြစ်သည်။ ရေပန်းစားမှု တိုးခြင်းက အလွန့်ကို အကန့်အသတ်နှင့် ဖြစ်နေ၏။ အမာခံ ပရိသတ်များစွာ ရှိသော စီးပွားရေးလုပ်ငန်းများအကြောင်းကို သူ မကြားဖူးပါ။
ပြောင်းလဲခြင်း။ သူ ပြောင်းလဲမှ ရမည်။
အခြားအရာများကို ဘေးဖယ်ထား၍ ရနိုင်သည်။ သူ၏ ရေပန်းစားမှုအမှတ်အတွက် စဉ်းစားလျင် သူ၏ လူသိအောင် လုပ်နိုင်သည့်နှုန်းက အရေးအကြီးဆုံးအရာ ဖြစ်လေသည်။
စဉ်းစားကြည့်ပြီးနောက် အားကစား ကြယ်ပွင့်တစ်ယောက်ဖြစ်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းအဖြစ် ကျန်ခဲ့လေသည်။ ယင်းက မျှတ၍ အလားအလာ ရှိသော လမ်းကြောင်းပင်။
သို့သော် အားကစားကြယ်ပွင့်ဟူသော သူ၏အဆင့်အတန်းကို သူ ဘယ်လို အသုံးချရမည်နည်း။
ထပ်၍ စဉ်းစားကြည့်သောအခါ ဘတ်စကက်ဘော ကစားပွဲများကလည်း မကြာခဏ မရှိတတ်ပေ။
မြတ်စွာဘုရားက ရဲ့လင်းချန်၏ စိတ်ထဲမှ စကားကို ကြားသွားပုံရသည်။ အကြောင်းမှာ သူ၏ ဖုန်းက ရုတ်တရက် ထမြည်လာသောကြောင့်ပင်တည်း။
၎င်းသည် မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်ပြီး ဖုန်းထဲမှ အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။ သူမသည် အသံကောင်းပြီး အစီအစဉ် တင်ဆက်သူ ဖြစ်ရန် အလားအလာ ရှိပေသည်။
“ဟဲလို ဒါက ရဲ့လင်းချန်လား”
“ဟုတ်ပါတယ်၊ ကျွန်တော်ပါ၊ ခင်ဗျားက …”
“ဟဲလို ရဲ့နတ်ဘုရားရေ၊ ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပေးပါရစေ၊ ကျွန်မနာမည်က လီလီဟွာပါ၊ ကျွန်မက အက်ပဲလ် တီဗွီရဲ့ ဒုဥက္ကဋ္ဌလဲ ဖြစ်သလို ပရိုဂျူဆာဆိုလည်း ဟုတ်ပါတယ်၊ ကျွန်မတို့ရဲ့ အဓိက ဦးစားပေးက ရသစုံ ရှိုးပွဲ၌ပါ၊ လက်ရှိ နယ်ပယ်ထဲမှာ ထိပ်တန်း ရောက်နေတာပေါ့၊ ရှင် ကျွန်မကို ကြားဖူးလောက်မှာပါ၊ ကျွန်မက ရှင့်ထက် အသက် အများကြီး ပိုကြီးပါတယ်၊ အဲ့ဒါကြောင့် ကျွန်မကို အစ်မလီ ဒါမှမဟုတ် အဘွားကြီးလီလို့ ခေါ်လို့ ရပါတယ်”
*အမျိုးသမီးတစ်ယောက်ကို အဘွားကြီးလီလို့ ခေါ်ဝေါ်ဖို့ သင့်တော်ပါ့မလား*
ရဲ့လင်းချန် ချွေးပြန်သွားသော်လည်း မသိချင်ယောင်ဆောင်၍ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ဥက္ကဋ္ဌလီလို့ ခေါ်ပါ့မယ်၊ ဥက္ကဋ္ဌလီ ကျွန်တော်တို့ ဘာလို့ ဖုန်းဆက်သလဲ သိလို့ရမလား”
“ကျွန်မက အားကစားကို သိပ်သဘောကျတယ္၊ ကျွန်မတို့နိုင်ငံရဲ့ အားကစားကို ပိုပြီး အာရုံစိုက်တယ္၊ ပြီးတော့ ကျွန်မတို့ အက်ပဲလ်တီဗွီက အားကစားနဲ့ ဆက်စပ်တဲ့ အစီအစဉ်အချို့ကိုလည်း မကြာခဏ ရိုက်ကူးပါတယ်၊ ဥပမာ ရေထဲက အတားအဆီးတွေကို ဖြတ်ကျော်ခြင်းနဲ့ အခြားသော တအား စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ အရာမျိုးတွေပါ၊ ကျွန်မတို့ မကြာသေးခင်က ရှင့်ရဲ့ ဘတ်စကက်ဘော ကစားပွဲကို ကြည့်ခဲ့ပါတယ်”
လီလီဟွာ၏ အသံတွင် စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေသည်။ သူ ပြုံး၍ ပြောလိုက်သည်။
“မင်းရဲ့ အရည်အချင်းက ကျွန်မကို တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့တယ်၊ ရှင်က ကျွန်မတို့နိုင်ငံထဲမှာ အတော်ဆုံး အားကစားသမားပဲ၊ ပြီးတော့ ရှင့်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဘယ်ရှုထောင့်က ကြည့်ကြည့် အတော်ဆုံးပဲ၊ ကျွန်မ ပြောတာ ဟုတ်တယ်မလား”
ရဲ့လင်းချန် ရိုးရိုးကုပ်ကုပ် ပြုံးလိုက်သည်။
“သာမန်လောက်ပါပဲ”
ဒုဥက္ကဋ္ဌကိုယ်တိုင် သူ့ကို အရင်ဆက်သွယ်လာသဖြင့် သူ တစ်ခုခု ထူးခြားနေကြောင်း သတိမထားမိဘဲ မနေနိုင်ပါ။ အစောပိုင်းက အားကစား ကြယ်ပွင့်ဖြစ်သော သူ၏ အဆင့်အတန်းကို ဘယ်လို အကောင်းဆုံး အသုံးချရမလဲဟု တွေးနေမိသည်။ လုပ်ငန်းက သူ့တံခါးကို မကြာခင်မှာပင် လာခေါက်သဖြင့် သူ အံ့ဩသွားရသည်။
သူ၏ ထူးချွန်မှုကို မဖုံးနိုင်သလို သူသည် အမြဲ အတောမသတ်နိုင်သော လူစိတ်ဝင်စားခြင်းကို ဆွဲဆောင်နိုင်မှာပင်။
လီလီဟွာက ဆက်ပြောသည်။
“ရှင့်ရဲ့ အားကစား ထူးချွန်မှုက ကျွန်မကို တကယ် အံ့ဩစေခဲ့တာ၊ ရှင်က အက်ပဲလ် တီဗွီက လိုနေတဲ့ ဧည့်သည်မျိုးပဲ၊ ကျွန်မတို့ မကြာသေးခင်က တင်ဆက်နေတဲ့ ရသစုံရှိုးပွဲမှာ ပါဖို့ စိတ်ဝင်စားလားလို့ ကျွန်မ သိချင်ပါတယ်၊ ကျွန်မတို့ ကြာချိန်နဲ့ ပါဝင်ကြေးကို ဆွေးနွေးလို့ ရနိုင်မလား”
…