နှစ်ယောက် တစ်ယောက်
Vol. 43 Ch. 635
စုချင်းရွှယ်သည် နှုတ်ခမ်းကိုက်နေပြီး သူမမျက်လုံး၌ လှောင်ပြောင်သရော်မှုတို့နှင့် ပြည့်နေသည်။ ဤသို့ ဖြစ်လာမည်ဟု သူမ ကြိုမြင်ခဲ့ပြီးသားပင်။ ရဲ့လင်းချန် ပေါ်မလာလျင်တောင်မှ သူမက တစ်နည်းနည်းဖြင့် အပေးခံရမှာ ဖြစ်သည်။ အကောင်းဆုံးရလဒ်မှာ နိုင်ငံရေးအရ လက်ထပ်မှုအတွက် ပစ္စည်းတစ်ခုသကဲ့သို့ အပေးခံရခြင်း ဖြစ်သည်။
ဤသည်မှာ မိသားစုကြီးများ၏ ရက်စက်မှုပင်တည်း။
တန်ဖိုးရှိသူများသာလျင် ရှင်သန်နိုင်ပေသည်။ လူတစ်ယောက်သည် တန်ဖိုးမရှိလျင် တန်ဖိုးရှိလာအောင် ဖန်တီးရပေမည်။ လူတစ်ယောက်၌ တန်ဖိုးရှိလာအောင် လုပ်နိုင်သည့် အခွင့်အရေး မရှိပါက အညှာအတာမဲ့စွာ ဘေးသို့ ပစ်ထုတ်ခံရပေလိမ့်မည်။
“ကျုပ်ကို ဖမ်းနိုင်မယ်လို့ ခင်ဗျား ယုံကြည်ချက် ရှိလား”
ရဲ့လင်းချန်၏ လေသံက မပြောင်းလဲပေ။
“ဟားဟားဟား၊ ငါ မင်းကို လုံးတ အညံ့ခံလာအောင် လုပ်မှာကွ”
စုထျန်းဟုန်က ကျယ်လောင်စွာ ရယ်မောလေသည်။
စုမိသားစုသည် စုချင်းရွှယ်၏ မူမမှန်သော အမူအရာကို ယခင်ကတည်းက သတိပြုမိခဲ့သည်။ သူတို့သည် မသိချင်ယောင်ဆောင်ခဲ့ယုံမျှသာ ဖြစ်သည်။ ယခု နတ်ဆေးဆရာဝိုင်က မိုမိသားစုကို ရန်စခဲ့ပြီး သူ့သက်တော်စောင့်၏ ခွန်အားက ပေါ်လာခဲ့လေသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားအမြင် ရနေပြိး အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအတွင်း ရောက်နေသည်ဟု ခံစားနေရသည်။
စုချင်းရွှယ်က နတ်ဆေးဆရာဝိုင်အား ချိန်းဆိုလိုက်သည်နှင့် စုမိသားစုက ချက်ချင်း နောက်ကလိုက်လာပြီး ရဲ့လင်းချန်အား တစ်ချက်တည်းနှင့် ဖိနှိပ်ရန် ကြံစည်ခဲ့ကြသည်။
မိုမိသားစုသည် ဒေါကန်နေခဲ့ပြီး ဖြစ်သည်။ ရဲ့လင်းချန်ကို ထိန်းချုပ်နိုင်မည့် ဤအခွင့်အရေးကိုသာ သူတို့ အရမယူခဲ့လျင် နောက်ပိုင်း၌ ပို၍ ခက်ခဲလာနိုင်သည်။ ယနေ့ညက သူတို့၏ အကောင်းဆုံး အခွင့်အရေးပင်။
“ဒီသက်တော်စောင့်က မင်းရဲ့အားကိုးရာ မဟုတ်လား၊ မင်းရဲ့ ဒီသက်တော်စောင့်ကို ငါ အရင် အနိုင်ယူပြီးရင် မင်း တည်ငြိမ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့”
စုထျန်းဟုန်က လှောင်ရယ်လိုက်ပြီးနောက် သူ့ဘေးမှ နှစ်ယောက်ကို ပြောလိုက်သည်။
“ကျုပ် သူ့ကို အကြီးအကဲတို့ နှစ်ယောက်ဆီ လွှဲပေးလိုက်ပါပြီ”
သူတို့နှစ်ယောက်လုံးက လှုပ်ရှားရန် စိတ်အားထက်သန်နေ၏။ သူတို့၏ အကြည့်များက ငြိမ်နေပြီး ချက်ချင်း အလီထံ ပြေးဝင်သွားသည်။
သူတို့၏ မျက်လုံးထဲတွင် နတ်ဆေးဆရာဝိုင်သည် အကာအကွယ်မဲ့ ပစ်မှတ်တစ်ခုသာ ဖြစ်သည်။
*စီချွမ်-တိဘက်ဒေသမှာ သက်တော်စောင့်လေး တစ်ယောကလောက်နဲ့ ရဲရဲတင်းတင်း ပြုမူရဲတယ်လား၊ ဒီဒေသမှာ ပညာရှင်တွေ မရှိဘူးလို့များ ထင်နေတာလား*
*နတ်ဆေးဆရာဝိုင်က ဝိုင်းအမဲဖျက်တာ ခံရလိမ့်မယ်လို့ ထင်ထားတာ မဟုတ်ဘူး*
အလီက ကျားနက်ကို သတ်နိုင်စွမ်း ရှိလျင်တောင်မှ သူတို့နှစ်ယောက်က ကျားနက်ထက် ပို၍ သန်မာလေသည်။ ထို့အပြင် သူတို့သည် အလုပ်အတူတူ တွဲလုပ်ခဲ့ကြပြီး သက်ရောက်မှုက ပုံမှန် နှစ်ယောက် အင်အားလောက် မရိုးရှင်းပေ။ ထို့အပြင် စုထျန်းဟုန်သည် တိုက်ခိုက်မှုအား လက်နောက်ပစ်၍ ကြည့်နေလေသည်။ မိသားစု တစ်ခုစီ၏ မြင့်တက်မှုက အခြားသူများ၏ ခွန်အားအပေါ် မမူတည်ချေ။ မိသားစုတစ်ခုစီ၏ သခင်ကြီးများက ထိပ်တန်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးတောင်မှ သူ့ကို မယှဉ်နိုင်ပေ။
အကယ်၍ မိသားစု၌ ကိုယ်ပိုင် ပညာရှင်များ မရှိလျင် သူတို့သည် တောင့်ခံနိုင်မည် မဟုတ်ဘဲ အချိန်မရွေး ဖျက်စီးခံရမည့် အန္တရာယ် ရှိလာပေမည်။
“အား…”
စုချင်းရွှယ်သည် အော်ဟစ်မိပြီးနောက် ပါးစပ်ကို အုပ်လိုက်မိသည်။ သူမမျက်နှာတွင် ကူကယ်ရာမဲ့မှုတို့နှင့် ပြည့်နေပြီး အလီအား စိုးရိမ်တကြိး ကြည့်လေသည်။
“သူက လားတစ်ကောင်လို ခေါင်းမာတာပဲ”
စုချင်းယောင်က ပို၍ စိတ်ငြိမ်ပြီး တိုက်ပွဲအား တည်ငြိမ်စွာ ကြည့်နေသည်။
အကြမ်းဖက်ခြင်းကို သုံးခြင်းထက် အေးအေးချမ်းချမ်း ချဉ်းကပ်ခြင်းကို ပို၍ နှစ်သက်သည်။ သူသည် နတ်ဆေးဆရာဝိုင်၏ အောင်မြင်မှုကို ကြားဖူးပါသည်။ သူ၏ ဆေးပညာက လောကတွင် ထိပ်တန်းဟု သတ်မှတ် နိုင်ပေသည်။ အကယ်၍ သူသည် ခွေးရူးပြန်ရောဂါပိုးအတွက် ဆေးကို ထုတ်လုပ်နိုင်လျင် သူသည် ကင်ဆာအတွက် ကုသဆေးကိုပင် ဖန်တီးနိုင်လောက်သည်။
စုအန်းရွှမ်သည် သိုင်းပညာ၌ ထူးချွန်ပြီး သူမက စီးပွားရေး၌ ထူးချွနသည်။ ထို့ကြောင့် သူမက ပို၍ ရေရှည်ကို မြင်တက်လေသည်။
စိတ်မကောင်းစရာက ရဲ့လင်းချန်က စုမိသားစု၏ ကမ်းလှမ်းမှုကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီး မိုမိသားစုကိုပါ ရန်ရှာခဲ့သည်။ နတ်ဆေးဆရာဝိုင်က စကားဖြင့် နားချ၍မရနိုင်သည့် ခေါင်းမာသော လူတစ်ယောက် ဖြစ်သည်။ သူတို့က သူ့ကို အညံ့ခံရန် ဖိအားပေးရုံသာ ရှိတော့သည်။
သို့သော် စုချင်းယောင်၏ အကြည့်က ရဲ့လင်းချန်ပေါ် ရောက်သွားသောအခါ သူမ မျက်ခုံးလှုပ်သွားသည်။ သူ၏ မျက်နှာကို သူမ မမြင်နိုင်သော်လည်း သူ၏ အကြည့်မှနေ၍ သူ၏ တည်ငြိမ်သော ကိုယ်နေဟန်ထားကို သူ ခံစားမိသည်။ ယင်းမှာ ဟန်လုပ်နေခြင်း မဟုတ်ဘဲ အမှန်တကယ် တည်ငြိမ်နေခြင်း ဖြစ်သည်။
သူ၏ သက်တော်စောင့်က အကြီးအကဲစွန်းနှင့် အကြီးအကဲဖန်ကို ထိန်းထားနိုင်လျင်တောင်မှ စုမိသားစုတွင် သူမ အပါအဝင် လူခုနစ်ယောက် ရှိနေသေးသည်။ သူ့ကို ဖမ်းဆီးခြင်းက သူတို့အတွက် အလွယ်လေးပင်။
*တခြားသူတွေ သူ့သက်တော်စောင့်ကို ဖမ်းမှာကို သူ မကြောက်ဘူးလား*
*မဟုတ်မှလွဲရော သူ ဝှက်ဖဲတစ်ခုကို ကိုင်ထားတုန်းလား*
စုချင်းယောင် မျက်မှောင်ကြုတ်သွားသည်။
*သူ့သက်တော်စောင့်ကို ရှင်းပြီးမှ သူ့တုံ့ပြန်ပုံကို ထပ်ကြည့်တာပေါ့*
သူမ တိုက်ပွဲကို ပြန်၍ အာရုံစိုက်လိုက်သည်။ ထိုအချိန်တွင် အလီသည် အကြီးအကဲ နှစ်ယောက်အား ရင်ဆိုင်နေပြီ ဖြစ်သည်။
လူလတ်ပိုင်းအရွယ် အကြီးအကဲစွန်း၏ ကြွက်သားများက မရပ်မနား ဖုဖောင်းလာသည်။ သူသည် အလီနှင့် ဆယ်မီတာ အကွာ၌ ရှိနေသေးသော်လည်း လက်ကိုဝင့်၍ အလီအား အဝေးမှ ထိုးနှက်လေသည်။
“ဝှီး”
လေထုက သိသိသာသာ လှုပ်ခါသွားပြီး ချီလှိုင်းတစ်ခုက လေကိုခွင်း၍ ပျံသန်းလာပြီး မြားတစ်စင်း ပစ်ခွင်းလိုက်သကဲ့သို့ တားဆီးမရနိုင်ကာ မျက်လုံးနှင့်ပင် မမြင်နိုင်ချေ။
“ဝုန်း”
အလီသည် စိတ်ကိုစုစည်း၍ ချီလှိုင်းအား ခန္ဓာကိုယ်နှင့် ပြန်လည် ခုခံလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ချီလှိုင်းကြောင့် သူ့လက်များ အနည်းငယ် ထုံကျဉ်သွားသည်ကို ခံစားလိုက်ရသည်။
“အတွင်းအား ထုတ်ဖော်တာလား”
ရဲ့လင်းချန်က အကြီးအကဲစွန်းကို ကြည့်လိုက်သည်။ သူသည် အရဟာ လက်သီးစွမ်းအင်နှင့် ဆင်တူသည့် လက်သီးသိုင်းပညာ တစ်ခုခုကို လေ့ကျင့်ထားသည့်ပုံပင်။
“အကြီးအကဲစွန်း၏ အတွင်းအားက ပိုပြီး သန်မာလာတဲ့ပုံပဲ”
စုထျန်းဟုန်က ရယ်မောလေသည်။
“အကြီးအကဲစွန်းက ပြီးခဲ့တဲ့ခြောက်လတုန်းက ကျားနက်ကို ရှုံးခဲ့လို့ မပျော်မရွှင် ဖြစ်နေတာလေ၊ သူ ခက်ခက်ခဲခဲ အဆင့် ချိုးဖောက်သွားနိုင်ပြီးမှ ကျားနက်က သေသွားတော့ သူ လက်စားချေလို့မရ ဖြစ်နေတာ”
စုမိသားစုဝင်တစ်ယောက်က တီးတိုး ပြောလာသည်။
“ဒါပေမဲ့ ဒီလူထွားကြီးက ကျားနက်ကို လက်သီး တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တယ်၊ သူ့ခွန်အားက အကြီးအကဲစွန်းထက် ပိုသာလောက်တယ် ထင်တယ်”
“အဲ့ဒါက ပြောနေစရာတောင် မလိုဘူး၊ မဟုတ်ရင် အဘိုးစွန်းနဲ့ အဘိုးဖန်တို့ အတူတူ လှုပ်ရှားစရာတောင် မလိုဘူး၊ ငါ့စိတ်ထဲမှာတော့ သူတို့က ဘာလို့ ဒုက္ခခံနေတာလဲ မသိဘူး၊ သခင်ကြီးသာ လှုပ်ရှားရင် ဒါက ဘာပြဿနာမှ မဖြစ်ဘဲ ဖြေရှင်းနိုင်မှာ”
“အဲ့လို မဟုတ်ဘူးလေ၊ မင်း သခင်ကြီးရဲ့ အဆင့်အတန်းကို ထည့်စဉ်းစားဦး၊ အသေးအဖွဲလေးကို ဖြေရှင်းဖို့ သူ လှုပ်ရှားမယ်ဆိုရင် အဲ့ဒါက သူ့အဆင့်အတန်းကို နိမ့်သွားစေလိမ့်မယ်”
စုမိသားစုမှ လူများသည် စိတ်အားထက်သန်သော အကြည့်ဖြင့် စုထျန်းဟုန်အား ကြည့်နေကြသည်။
ထိုအခိုက်တွင် တိုက်ပွဲက ပြင်းထန်သထက် ပြင်းထန်လာ၏။
အကြီးအကဲဖန်က အလီထက် ပို၍ လူကောင်သေးသည်။ သူတို့က လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် လိုပင်။ သို့သော် သူ တိုက်ခိုက်သည့်အချိန်တိုင်း အနောက်မှ လေပြင်းတစ်ချက်က လိုက်ပါလာသည်။ သူ၏ လက်ငါးချောင်းက ဓားသွားသဖွယ် ဖြစ်နေကာ လေကိုခွင်းနေပြီး လျင်မြန်သော အရှိန်နှင့် တိုက်ခိုက်ပုံက မျောက်တစ်ကောင်နှင့် တူလေသည်။
သို့သော် သူ့တွင်လည်း စိုးရိမ်စရာများ ရှိနေသည်။ သူသည် တိုက်ခိုက်မှုတိုင်း၌ အားများစွာ မထည့်ရဲဘဲ အလီ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ခွန်အားအချို့ ချန်ထားရန် လိုအပ်နေ၏။ အလီ၏ အဝတ်အစား၌ ပြတ်ရှရှာများစွာနှင့် သနားစရာ ဖြစ်နေသော်လည်း သူသည် မည်သို့သော ပြင်းထန်သည့် ဒဏ်ရာများကိုမှ မခံစားရပေ။
အကြီးအကဲဖန်နှင့် အကြီးအကဲစွန်းတို့သည် တစ်ယောက်က အဝေးမှ တိုက်ခိုက်ပြီး ကျန်တစ်ယောက်က အလီအား အနီးကပ် တိုက်ခိုက်လေသည်။
“ဟားဟားဟား မိုက်တယ်ဟေ့”
အလီသည် အရေးနိမ့်သော အခြေအနေ၌ ရောက်နေသော်လည်း အားပါးတရ ရယ်မောနေသည်။ သူသည် မည်သည့် လက်သီးသိုင်းကို မသင်ယူခဲ့သောကြောင့် သူ၏ လက်ဝှေ့ထိုးနည်းများကိုသာ အသုံးပြုနေရသည်။ ဟာကွက်ကို ကာကွယ်၍ နဂါးတစ်ကောင်ကဲ့သို့ ထိုးနှက်နေရသည်။ လက်သီးချက်တိုင်းက အကြီးအကဲဖန်၏ မျက်နှာ အမူအရာကို ပြောင်းလဲသွားစေပြီး ထိပ်တိုက် မရင်ဆိုင်ရဲချေ။
ထိုစဉ် အကြီးအကဲစွန်းက လက်သိးကိုဝင့်၍ အတွင်းအားကို အမြင့်ဆုံးသို့ စုစည်းလိုက်သည်။ အတွင်းအားက လှိုင်းလုံးသဖွယ် ထွက်ပေါ်လာပြီး တောင်ကိုပင်ခွင်းနိုင်သည့် စွမ်အားတစ်ခုကိုပါ သယ်ဆောင်လာကာ သူ၏ သိုင်းကွက်များသို့ ပို့လွှတ်လိုက်သည်။ လက်သီးချက် တစ်ချက်က လေပြင်းတစ်ချက်ကို ဖြစ်ပေါ်လာစေ၏။
ယခု သူ ထုတ်လွှတ်လိုက်သော အတွင်းအားသည် ပို၍ သန်မာပြီး ကြောက်စရာကောင်းသော စွမ်းအင် ရှိသည်။
ခပ်ဝါးဝါး လက်သီးပုံစံ အရိပ်တစ်ခုက လေထုထဲ၌ ဖြစ်ပေါ်လာသည်ကို မြင်နေရပြီး ယင်းက အတွင်းအားနှင့်အတူ အလီထံသို့ တိုးဝင်သွားလေသည်။
“ဝုန်း”
၎င်း ဖြတ်သွားသည့်နေရာတိုင်း၌ မြတ်ပင်များ ယိမ်းထိုးသွားလေသည်။ လေကိုခွင်းသော အသံနှင့်အတူ ၎င်း၏ အားက နဂါးတစ်ကောင်သဖွယ် အလီအား လွှမ်းမိုးလာသည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲဖန်၏ အမူအရာက မည်းမျောင်နေ၏။ သူ၏ မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့် တူနေသည။ သူသည် လေထဲသို့ လွှားခနဲ ခုန်ပျ့လိုက်ပြီး လက်ချောင်းများအား လက်သည်းသဖွယ် ဖြန့်၍ အပေါ်စီးမှ တိုက်ခိုက်လာသည်။ အလီက လက်ကို ဝင့်၍ တိုက်ခိုက်မှုကို တုံ့ပြန်သော်လည်း ဖမ်းချုပ်ခြင်း ခံလိုက်ရလေသည်။
အလီ၏ အင်္ကျီလက်စတစ်ခုလုံး စုတ်ပြဲသွားပြီး သူ၏ သန်မာသော လက်မောင်းပေါ်၌ ပြင်းထန်သော လက်သည်းရာ ငါးခု အမှတ်အသားသာ ကျန်ခဲ့လေသည်။ ပြင်းထန်သော ဒဏ်ရာပင်တည်း။
“ဟမ်”
အကြီးအကဲဖန် မသိမသာ အံ့ဩသွားသည်။ သူ၏ အားအပြည့်နှင့် တိုက်ခိုက်မှုက အလီ၏ အရေပြားကို ထိုးဖောက်နိုင်ရုံမျှသာ ဖြစ်လိမ့်မည်ဟု သူ ထင်မထားမိချေ။ ဒစ်ရာက ပြင်းထန်ပုံပေါ်သော်လည်း မနက်ချေ။ သာမန်လူသာဆိုလျင် လက်မောင်း၏ အသားတစ်ဝက်မျှ ပျက်စီးကာ အရိုးပင် ပေါ်နေလောက်သည်။