← Chapters

လောင်းကြေး

Vol. 6 Ch. 81

လောင်းကြေး

Vol. 6 Ch. 81

ကျန်းယွင်ရှီ ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်သွားပြီး ရဲ့လင်းချန်အား စိုးရိမ်တကြီး ကြည့်လာသည်။

“လင်းချန် နင် လုပ်လို့မဖြစ်ဘူးနော်၊ ဒီနေရာကနေ သွားရအောင်”

သူမဖခင်က ဥပမာကောင်းပင်။ ယင်းက သူမကို လောင်းကစားအား အထင်သေး စက်ဆုပ်သွားစေသလို ကြောက်လည်း ကြောက်သွား စေသည်။ ၎င်းသည် ပြန်လမ်းမရှိသော လမ်းဖြစ်သည်။ ရဲ့လင်းချန် လောင်းကစားထဲ နစ်မြုပ်သွားမည်ကို သူမ မကြည့်နိုင်ပါ။‌

ရဲ့လင်းချန်က ပြုံးရင်း ခေါင်းခါပြလိုက်သည်။

“ငါ လောင်းကစား လုပ်ဖူးကြည့်ချင်တယ်၊ ဒါပေမဲ့ ငါ အရင်က တစ်ခါမှ မကစားဖူးတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး”

*မင်း သိနေရင် ငါ ဘယ်လိုလုပ် နိုင်မလဲကွ*

လီစစ်၏ အပြုံးက ပို၍ တောက်ပလာသည်။

“မင်း မသိရင် လေ့လာလို့ရပါတယ်၊ သခင်လေးရဲ့ ကျုပ်နောက် လိုက်ခဲ့ပါ”

စားပွဲဝိုင်း၏ တစ်ဖက်တွင် စာအုပ်စင်တစ်ခု ရှိသည်။ ၎င်းပေါ်တွင် ရှိသော စာအုပ်များသည် လောင်းကစား နည်းပညာနှင့် ပတ်သက်သော စာအုပ်များ ဖြစ်လေသည်။ လောင်းကစား နတ်ဘုရား၏ အတ္ထုပ္ပတ္တိ၊ လောင်းကစား ဘုရင်၏ သင်ပြချက်များ၊ လောင်းကစား စိတ်ပညာနှင့် အမျိုးအစား တူညီသော အခြားစာအုပ်များစွာ ရှိလေသည်။

“တစ်နိုင်ငံလုံးက လောင်းကစားပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများစုကို ငါ စုထားတာ၊ အဲ့ဒါက လောင်းကစား ပညာနဲ့ ပုံစံအားလုံးနီးပါးကို ကာမိတယ်လေ၊ မင်း ဒါတွေကို ကျွမ်းကျင်ရင် သေချာပေါက် လောင်းကစား နတ်ဘုရားလောင်း ဖြစ်လာနိုင်တယ်၊ သခင်လေးရဲ့ စိတ်ဝင်စားရင် ဒါတွေကို ကြည့်လို့ရပါတယ်”

ထို့နောက် လီစစ်က စိတ်အားထက်သန်စွာဖြင့် ရဲ့လင်းချန်အား ပိုကောင်းသော စာအုပ်အချို့ကို ရွေးပေးလေသည်။

“ခင်ဗျားက ကောင်းကောင်း ပြင်ဆင်ထားပါတယ်”

ရဲ့လင်းချန်က အပြုံးနှင့် ပြောလိုက်သည်။ ထို့နောက် သူသည် စာအုပ်စင်မှ ကြုံရာစာအုပ်ကို ယူလိုက်သည်။

“ကာစီနို၏ လျှို့ဝှက်ချက်များကို ကိုယ်တိုင် လေ့လာခြင်း၊ လောင်းကစားစွမ်းရည် တစ်မှတ်”

“ကာစီနို၏ လျှို့ဝှက်ချက်များကို ကိုယ်တိုင် လေ့လာခြင်း၊ လောင်း ကစား စွမ်းရည် တစ်မှတ်”

“ကာစီနို၏ လျှို့ဝှက်ချက်များကို ကိုယ်တိုင် လေ့လာခြင်း၊ လောင်း ကစား စွမ်းရည် တစ်မှတ်”

…

“သခင်လေးရဲ့ ခင်ဗျား ဘာကိုရွေးရမလဲ သိနေတာပဲ၊ ဒီစာအုပ်က ကာစီနိုကို အလေးအနက် ရှင်းပြတဲ့အရာတွေ ပါတယ်၊ မင်း နားလည်မယ်ဆိုရင် ရှုံးတော့မှာ မဟုတ်ဘူး”

ရဲ့လင်းချန်က ခေါင်းညိတ်လိုက်ပြီးနောက် ပညာရှိဟန်ဖြင့် ပြောလိုက် သည်။

“အမှန်အတိုင်း ပြောရရင် ကျောင်းက ကျုပ်နာမည်ပြောင်က ပါရမီရှင် ပဲ၊ ကျွမ်းကျင်တဲ့ လောင်းကစားသမား တစ်ယောက် ဖြစ်ဖို့ ဒီလောင်း ကစား ပညာတွေကို ကျုပ် တစ်ချက်ကြည့်ဖို့ပဲ လိုတာ”

“အဟက်”

လီစစ်သာမက သူ့ဘေးနားမှ လူများသည်လည်း ကျယ်လောင်စွာ ရယ်မော လာကြသည်။

*ပါရမီရှင်တဲ့လား*

*ဒါ ဟာသပဲ*

*ဟားဟားဟား သူက အရူးပဲ၊ နည်းနည်းလောက် မြှောက်ပြော လိုက်တာနဲ့ ပါလာပြီ*

လီစစ်က သူ၏ ရယ်ချင်စိတ်ကို ချိုးနှိမ်၍ ရဲ့လင်းချန်အား မြှောက်လုံး ပင့်လုံးဖြင့် ပြောလိုက်သည်။

“သခင်လေးရဲ့က တစ်မူထူးခြားတဲ့ လူတစ်ယောက်ဆိုတာကို ကျုပ် တစ်ချက်ကြည့်ရုံနဲ့ သိတယ်၊ ခင်ဗျားက ပါရမီရှင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန် ပါတယ်”

ရဲ့လင်းချန်က ကျေနပ်သလို ခေါင်းညိတ်ပြလိုက်သည်။

“ငါ နောက်ပိုင်း နိုင်ခဲ့ရင် မင်းတို့တွေ မရိုးမသား မလုပ်တာ ကောင်းမယ်”

“ဟားဟားဟား သခင်လေးရဲ့ကတော့ နောက်နေပြန်ပါပြီ၊ ကျုပ်တို့က တရားဝင် ကာစီနို ဖွင့်စားတာပါ၊ မရိုးသားတာ ဟုတ်လား၊ မဖြစ်နိုင် ပါဘူးဗျာ”

လီစစ်၏ မျက်နှာက ဝင်းပ၍ အပြုံးကြီး ပြုံးနေပြီး ရင်ဘတ်ကိုပုတ်ကာ ရဲ့လင်းချန်အား ကတိပေးလေသည်။ သူ့အား သန်းချီသော ပိုက်ဆံ များက လက်ပြနေပြီဟု မြင်ယောင်နေ၏။

*ဒီကောင်က နိုင်ဖို့တွေးနေတာလား၊ မဖြစ်နိုင်တာတွေ*

“ကျုပ် အရင်ဆုံး ဖတ်လိုက်ဦးမယ်”

ရဲ့လင်းချန် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေးရဲ့၊ ခင်ဗျား ဆက်ပြီး‌ လေ့လာပါဦး”

ထို့နောက်တွင်မူ ဗရုတ်သုတ်ခနိုင်သော ကာစီနိုတွင် တစ်မူထူး ခြားသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။

လူငယ်လေးတစ်ယောက်က စာအုပ် တစ်အုပ်ပြီး တစ်အုပ်ကို ဖတ်နေ၏။ သူ၏ စာဖတ်နှုန်းက အလွန် မြန်လှသည်။ စာဖတ်သည် ဟုပင် ပြော၍ မရချေ။ စာရွက်များကို လှန်လှောကြည့်သည်ဟု ပြောမှ ပိုသင့်တော် ပေမည်။

အများစုက သူ့အား လှမ်းကြည့်ပြီးသည်နှင့် သဘောမကျသလို ခေါင်းခါ ကြသည်။

*အရူးတစ်ယောက်က ကြည့်ကောင်းချင်ယောင်ဆောင်နေတာပဲ၊ မင်း ပိုက်ဆံအားလုံး ရှုံးသွားရင် အော်ငို နေဦးမယ်*

လီစစ်က မှောင်ရိပ်ကျသော ထောင့်၌ ရပ်နေပြီး ရဲ့လင်းချန်အား အေးတိ အေးစက် ကြည့်နေသည်။

*မျိုးမစစ်ကောင် မင်းပိုက်ဆံအားလုံး ငါ မရသေးသရွေ့ နေနှင့်ဦးပေါ့၊ ပြီးရင် ငါ မင်းကို ဘယ်လိုရှင်းမလဲ ကြည့်ထား*

လီစစ်သည် သူ့မစ်ရှင် အောင်မြင်နိုင်ရန် အရှက်ကွဲခြင်းအား အောင့်အီး သည်းခံထားသည်။

“လင်းချန် နင် တကယ် လောင်းကစား လုပ်မလို့လား”

ကျန်းယွင်ရှီ မျက်ရည်ကျလုနီးနီး ဖြစ်နေ၏။

“နင် လောင်းကစား မလုပ်ရဘူး”

“စိတ်အေးအေးထားပါ၊ ငါ ဘာလုပ်နေလဲ ငါ သိပါတယ်၊ နင် ငါ့ကို ယုံဖို့လိုတယ်”

ရဲ့လင်းချန် ရယ်လိုက်ပြီး သူ့မျက်လုံးတွင်း၌ အေးစက်စက် အလင်း တစ်ချက် ဖြတ်ပြေးသွားသည်။

“ငါ့ပိုက်ဆံကို ယူဖို့ အဲ့လောက် လွယ်မနေဘူး”

“ငါ ပိုက်ဆံကို ပြန်ရအောင် ယူနိုင်တဲ့အပြင် သူတို့ကို ကိုယ့်အတတ် ကိုယ်စူးအောင် လုပ်ဦးမှာ၊ ဒီပိုက်ဆံကို သူတို့ တရားမဝင်တဲ့ နည်းလမ်းနဲ့ ရထားတာလေ၊ ငါ ဒီကာစီနိုကို အတိတ်က အရာတစ်ခု ဖြစ်သွားအောင် လုပ်ပစ်မယ်”

“ဒါပေမဲ့ သူတို့ လိမ်လည်ပြီး မရိုးမသား လုပ်မှာ သေချာတယ် …”

ကျန်းယွင်ရှီက စိုးရိမ်သော လေသံဖြင့် ပြောလာသည်။

“သူတို့က ငါတို့ ရန်လုပ်သင်တဲ့လူ မဟုတ်ဘူး၊ အခု အိမ်ပြန်ပြီး အေးအေးလူလူ နေရအောင်ဟာ”

“ငါတို့ ဒါကို မဖယ်ရှားရင် အခြားသူတွေပါ ဒုက္ခရောက်လိမ့်မယ်၊ ပြန်ထိုင်ပြီး စောင့်ကြည့်နေပါ”

ထိုသို့ပြောပြီးနောက် ရဲ့လင်းချန်က စားပွဲဝိုင်းထံ လျှောက်သွား လိုက်သည်။ ရဲ့လင်းချန် လှုပ်ရှားလာသည်ကို မြင်သော် လီစစ်၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း ကြိုဆိုလေသည်။

“သခင်လေးရဲ့ အခြေအနေ ဘယ်လိုလဲ၊ ကစားဖို့ အဆင်သင့်ပဲလား”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ကျုပ် တစ်ခုခုကို ရလိုက်ပြီ၊ အဲ့တော့ ကျုပ်ကံကို စမ်းကြည့်ဖို့ အသင့်ပဲ”

*တစ်ခုခုကို ရလိုက်တယ်တဲ့လား၊ ငါ့ကို ရယ်အောင် မလုပ်ပါနဲ့ကွာ*

လီစစ်က စိတ်ထဲမှ ခနဲ့လိုက်ပြီးနောက် ရဲ့လင်းချန်အတွက် လမ်းရှင်း ပေးလေသည်။

“ဘေးဖယ်ကြ၊ သခင်လေးရဲ့ လာနေပြီ၊ သခင်လေးရဲ့က ဒီဝိုင်းမှာ ကစားချင်နေတာ”

ရဲ့လင်းချန်၏ ရွေးချယ်မှုသည် အခြေခံအကျဆုံး ကျင်းဟွာ ဖဲကစား နည်း ဖြစ်လေသည်။ အားလုံးကို သုံးကတ်စီ ပေးထားပြီး ရလဒ်ကို ယှဉ်ရမည်ဖြစ်သည်။ အနိုင်ရသူက ပိုက်ဆံကို ရပေမည်

ဤသို့သော ရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် လူတော်တော်များများက ရဲ့လင်းချန်ကို ကြည့်လာသည်။

“အနိမ့်ဆုံး လောင်းကြေးက ဘယ်လောက်လဲ”

ရဲ့လင်းချန်က တည်ငြိမ်သော ဟန်ပန်ဖြင့် ဝင်ထိုင်၍ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“အနိမ့်ဆုံး လောင်းကြေးက‌ ယွမ်တစ်ရာပါ”

လီစစ်က အပြုံးနှင့် ပြောလေသည်။ ပွဲတစ်ပွဲတိုင်း၏ အနိမ့်ဆုံး လောင်းကြေးကို ဆတိုးကိန်းဖြင့် တွက်သွားခြင်း ဖြစ်သည်။

“ယွမ်တစ်ရာပဲလား”

ရဲ့လင်းချန်က မကျေနပ်သလို ကြည့်လိုက်ပြီး လက်ကာ၍ ထွက်သွား ရန် ပြင်လိုက်သည်။

“ယွမ်တစ်ထောင်အောက် နည်းတဲ့ ဘယ်ဟာကိုမဆို ကျုပ် မဆော့ဘူး”

“ခဏလေး နေပါဦး သခင်လေးရဲ့”

လီစစ်က အသည်းအသန် ခေါ်လေသည်။

“ကျုပ် မှားသွားတာပါ၊ ယွမ်တစ်ထောင်ပါဗျ”

ထိုသို့ပြောပြီးနောက် သူက ဘေးဘီကို အချက်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် လူအုပ်ထဲမှ လူတစ်ချို့ ထွက်လာပြီး ဤဝိုင်း၌ ဝင်ထိုင်ကြသည်။ ရဲ့လင်းချန် အပါအဝင် စုစုပေါင်း လူခြောက်ယောက် ရှိလေသည်။

ပတ်ဝန်းကျင်လေထုက ချက်ချင်း ငြိမ်သက်သွားသည်။

*ဟီးဟီး မင်းက သေလမ်းရှာနေတာပဲ၊ ငါ့ကို အပြစ်တင်မနေနဲ့တော့*

“လင်းချန် လောင်းကစားဆိုတာ လိမ်လည်လှည့်ဖြားနေတာပဲ၊ မကစား ပါနဲ့”

ကျန်းယွင်ရှီက ထပ်၍ သည်းမခံနိုင်၍ အဆက်မပြတ် နားချနေသည်။

*ကောင်းလိုက်တဲ့ အကူအညီပဲ*

ရဲ့လင်းချန် သရော်တော်တော် ပြုံးလိုက်သည်။

“ဟုတ်တယ်၊ လောင်းကစားက အမြဲတမ်းနီးပါး လိမ်လည်ကျတယ်၊ ငါ ကတ်တွေကို အရင်စစ်ဖို့ လိုတယ်”

“ပြဿနာ မရှိပါဘူး”

သူက ပြုံးပြီး ကတ်များကို ရဲ့လင်းချန်အား ပေးလိုက်သည်။ ရဲ့လင်းချ န်က ရုပ်ရှင်ထဲ၌ ပြကြသည့်အတိုင်း ပြုမူလိုက်ပြီး ကတ်များကို လှန်လှော ကြည့်၍ လီစစ်အား ပြန်ပေးလိုက်လေသည်။

“ကတ်တွေက ဘာပြဿနာမှ မရှိဘူး၊ စရအောင်”

ထို့နောက် ကတ်များကို ကုလားဖန်ထိုး၍ ဝေလိုက်သည်။ လူတစ် ယောက် ကို သုံးကတ် ပေးထားသည်။

“ယွင်ရှီ မင်း ငါ့အတွက် ကြည့်ပေးလို့ရမလား”

ကျန်းယွင်ရှီသည် စိုးရိမ်နေသောကြောင့် လက်ပင် ချွေးပြန်နေ၏။ သူမမျက်နှာလေးက နီရဲကာ စိုးရိမ်စိတ်ကြောင့် တစ်ကိုယ်လုံး တုန် နေသည်။

“အင်း”

သူမသည် တုန်ယင်နေသော လက်တို့ဖြင့် ကတ်ကို လှန်ကြည့် လေသည်။ သူမ မျက်တောင်တောင် မခတ်ရဲချေ။ သူမ ရင်တုန်ပန်းတုန် ဖြစ်နေ၏။

ကတ်များမှာ 3,6 နှင့် A တို့ ဖြစ်သည်။ ကျန်းယွင်ရှီက စိတ်မချမ်း သာသော မျက်နှာနှင့် သက်ပြင်းချလိုက်သည်။

“နံပါတ်က သေးလွန်းတယ်”

“ကျော်မယ်”

ရဲ့လင်းချန် ကြေငြာလိုက်သည်။ အနိုင်ရသွားသူက လူဝကြီး တစ်ယောက်ပင် သူ၏ အကြီးဆုံးကတ်မှာ K တစ်ခုတည်း ဖြစ်လေ သည်။

“ဟီးဟီးဟီး ငါ တော်တော် ကံကောင်းတာပဲ၊ K တစ်ခုတည်းနဲ့ နိုင်သွား မယ်လို့ ငါ ထင်မထားဘူး”

လူဝကြီးက ရယ်မော၍ ပညာရှိယောင်ဆောင်သော စကား ပြောလေ သည်။

“ကျင်းဟွာ ဖဲကစားနည်း သတ္တိကောင်းမှရတဲ့ ကစားပွဲပဲ”

“ငါ့အမှားပါ၊ ငါတို့ ace က အကြီးဆုံးပဲ၊ ငါတို့ နိုင်သင့်တာ …”

ကျန်းယွင်ရှီက တစ်ကြိမ်တည်းနှင့် ပိုက်ဆံများများ ဆုံးသွားသည့် အတွက် နောင်တရနေသည်။

ဒုတိယပွဲ၌ ရဲ့လင်းချန် ကျော်လိုက်သည်။ တတိယပွဲတွင်လည်း ထိုနည်းတူပင်။

…

ဆယ်ပွဲမြောက်အထိ ရဲ့လင်းချန် ထိုသို့လုပ်နေ၏။ အနိမ့်ဆုံး ယွမ်တစ်ထောင်လောင်းကြေးနှင့် ရဲ့လင်းချန် ယွမ်တစ်သောင်းအထိ ဆုံးသွားလေသည်။

ကျန်းယွင်ရှီ နှုတ်ခမ်းကိုက်နေလေသည်။ ထိုပမာဏက သူမအတွက် အတော်များသည်။ သို့သော် ကစားပွဲ အနည်းငယ်မျှလေးနှင့် ကုန်သွားလေပြီ။

ရဲ့လင်းချန်ကို ကြည့်နေသူများကလည်း ခေါင်းခါနေကြသည်။

*ဒီကောင်လေးက လူသစ်ဖြစ်ပြီး ကျင်းဟွာ ဖဲကစားနည်းရဲ့ စိတ်ပညာ ကို မသိပါလား၊ သူ့ကတ်က သေးတိုင်း ကျော်နေတာ၊ ဒါက အခြား သူတွေ သူ့ကို အသာလေး ခြယ်လှယ်နိုင်သွားတာပေါ့*

သူ ကတ်ကောင်းရလျင် အခြားသူများအတွက် မှန်းရလွယ်သွားပြီး မည်သူမှ လိုက်လောင်းကြေး မထပ်တော့ချေ။

*အတွေ့အကြုံ မရှိတဲ့ လူငယ်လေးက လောင်းကစားလုပ်ဖို့ ကြိုးစားနေတာပဲ၊ ဒါ ဒုက္ခရှာနေတာပဲ မဟုတ်လား*

သို့သော် လီစစ်က စိုးရိမ်ပူပန်စပြုလာ၏။ သူ့ပန်းတိုင်က ပိုက်ဆံ သောင်းဂဏန်း လောက် မဟုတ်ပေ။ ရဲ့လင်းချန်၌ ရှိသော သန်းချီသည့် ပိုက်ဆံအားလုံးကို သူ လိုချင်နေသည်။

ဒိုင်ကို ပိပိရိရိ လျှို့ဝှက်အချက်ပြလိုက်သောအခါ ဒိုင်က ချက်ချင်း သဘောပေါက်သွားပြီး ကတ်များကို စ၍ ကုလားဖန် ထိုးလေသည်။

ရဲ့လင်းချန်၏ အကြည့်များက ကုလားဖန်ထိုးနေသော ကတ်များသို့ အာရုံစိုက်နေသည်။ ကတ်တစ်ခုချင်းစီ ယှက်သွားတိုင်း သူ ပြုံးလိုက်မိသည်။

ထို့နောက် ကတ်များကို ဝေပေးတော့သည်။ ရဲ့လင်းချန်က သူ့လုပ်နေ ကျပုံကို ပြောင်းလဲလိုက်သည်။

“ပိုက်ဆံ တော်တော် ဆုံးသွားပြီးပြီဆိုတော့ ကျုပ်ကံလည်း ပြောင်းလဲ နေလောက်ပြီ၊ ဒီတစ်ပွဲ ကျုပ် ကတ်ကို မကြည့်ဘူး၊ လောင်းကြေး တစ်ထောင်နဲ့ စလိုက်ရအောင်”

ကတ်ကိုမကြည့်ဘဲ လောင်းခြင်းသည် “ဖြားယောင်းခြင်း” ဟုခေါ်သော ဇာတ်လမ်းထဲတွင် ပါသည့် ကျင်းဟွာ ဖဲကစားနည်း အကွက်ထဲမှ ဖြစ်သည်။

ပြိုင်ဘက်က သူတို့ကတ်များကို ကြည့်ပါက သူတို့ ပမာဏကို နှစ်ဆ ပေးရပေမည်။

“ခေါ်မယ်”

“ငါရောပဲ”

...

“ကျုပ် ထပ်မြှင့်မယ်”

ရဲ့လင်းချန်၏ အမူအရာက ယခင်အတိုင်းဖြစ်ပြီး ဆယ်ပွဲကျော်အထိ လောင်းကြေးကို မြှင့်နေသည်။

စားပွဲပေါ်မှ ပိုက်ဆံအပုံက တောင်ပူစာသဖွယ် ဖြစ်လာပြီး ယွမ်ခြောက်သိန်း နည်းပါး ရှိလာသည်။

ထိုအချိန်တွင် ကျန်းယွင်ရှီ အလွန် စိုးရိမ်နေပြီး နှုတ်ခမ်း ခြောက်လာပြီး တစ်ကိုယ်လုံး ရေဓာတ် ခမ်းခြောက်သလို ခံစားနေရသည်။

နောက်ဆုံးတွင် ရဲ့လင်းချန်က ကတ်ကိုမ၍ ကြည့်လိုက်သည်။ သူ၏ လှုပ်ရှားမှုက လူသစ်တစ်ယောက်၏ ပုံစံအတိုင်းပင်။ တစ်ချက်ကြည့် ပြီးနောက် သူ့အမူအရာက အထင်းသား ပြောပြနေသည်။

သူ့မျက်နှာပေါ်မှ အပြုံးကြောင့် သူ့ကတ်များက အတော်လေး ကောင်းကြောင်း သိသာပေသည်။

အခြားသူများလည်း သူတို့ကတ်များကို ကြည့်လာကြသည်။ နောက်ဆုံးတွင် သုံးယောက်က မလိုက်တော့ဘဲ ထွက်သွားကြသဖြင့် ဝိုင်းတွင် ရဲ့လင်းချန်နှင့် အခြားနှစ်ယောက်သာ ကျန်ရစ်တော့သည်။

“ကျုပ် တစ်သောင်း မြှင့်မယ်”

ရဲ့လင်းချန်က ပြောလာသည်။ သူ့အတွက် ကတ်ကောင်းတစ်ချို့ရရန် ရှားလှသည်။ ကျန်းယွင်ရှီက သူ့လက်မောင်းကို ကိုင်ထားသဖြင့် သူမလက်သည်းက အသားထဲ စိုက်လုနီးပါး ဖြစ်နေ၏။

ပြိုင်ဘက်နှစ်ယောက်၏ မျက်လုံးများက တောက်နေသလို ပြုံးနေကြသည်။

“လိုက်မယ်ကွာ”

“ငါရောပဲ”

…”

“ကျုပ် ယွမ်တစ်သိန်း မြှင့်တယ်”

ရဲ့လင်းချန်က အရူးသဖွယ် လောင်းကြေးကို မြှင့်နေလေသည်။

“လိုက်မယ်”

အခြားဝိုင်းများ ကစားနေရာမှ ရပ်သွားပြီး သူတို့ကို ဝိုင်းကြည့် လာသည်။ သူတို့ထဲက မည်သူမှ ဤသို့သော မြင်ကွင်းကို မမြင်ဖူးချေ။

*ဒီကောင်လေးက တော်တော် အကြောမာတာပဲ၊ ဒါ လောင်းကြေးကို မြှင့်နေရုံတင် မကတော့ဘူး၊ သူ့အသက်ကိုပါ လောင်းသလို ဖြစ်နေပြီ*

စိတ်ပျော့သူအချို့ဆိုလျင် ရင်ဘတ်ကို လက်ဖြင့်အုပ်နေကြသည်။ ဤသည်က အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ အခြေအနေက အလွန် တင်းမာပေသည်။

စားပွဲပေါ်မှ လောင်းကြေးသည် စုစုပေါင်း ယွမ်ငါးသန်းသို့ ရောက်နေ လေပြီ။ ထိုအချိန်တွင် လူဝကြီးနှင့် ရဲ့လင်းချန်တို့သာ ကျန်တော့သည်။

“လင်းချန် စိတ်ထိန်းပါဦး”

ကျန်းယွင်ရှီ မျက်ရည်ကျလုနီးပါး ဖြစ်နေ၏။ သို့သော်ငြားလည်း ရဲ့လင်းချန်က စိတ်လွတ်နေပုံရသည်။

“ကျုပ် ငါးသိန်းအထိ မြှင့်မယ်”

ထိုစကားက လူအုပ်ကြီးအား အုတ်အော်သောင်းနင်း ဖြစ်သွား စေသည်။

*ရူးနေပြီ*

*လုံးဝ ရူးနေပြီ*

“ယီးပဲ ဒီအလကားဖြုန်းနေတဲ့ကောင်က ဘယ်ကလာတာလဲ၊ သူ သေချာ ပေါက် ရှုံးမှာ”

“သူက လူသစ်ဆိုတာ အသေအချာပဲ၊ ကတ်လေး နည်းနည်းကောင်းလို့ စိတ်လွတ်နေတာ”

“ဒါက ထောင်ဖမ်းတယ်ဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်၊ ဒီကောင်လေးတော့ ပြဿနာ တက်ပြီ”

“မင်း ချမ်းသာတယ်ဆိုရင်တောင်မှ ဒီလိုမျိုး မဖြုန်းသင့်ဘူး”

…

လီစစ်၏ အပြုံးက ပိုပီပြင်လာသည်။ မရေတွက်နိုင်သော ပိုက်ဆံ များက သူ့အား လက်ပြနေသည်ကိုပင် မြင်နေရသည်။

“လိုက်မယ်”

လူဝကြီးကလည်း အပြုံးကြီးပြုံး၍ လှောင်နေကာ အကြည့်များက သားကောင်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

“ကျုပ်မှာ ယွမ်ဆယ်သန်း ရှိသေးတယ်၊ ခင်ဗျား လိုက်မှာလား”

ရဲ့လင်းချန်က ထရပ်ရင်း အော်လိုက်သည်။ မသိလျင် သူက မတရားပြောခံလိုက်ရသလိုပင်။

“ငါ လိုက်တယ်ကွာ၊ မင်းကတ်ကိုပြ”

လူဝကြီးက အားပါးတရ ရယ်နေပြီးနောက် စားပွဲပေါ်မှ သူ့ကတ် သုံးကတ်ကို လှန်ပြလေသည်။

“၇,၈,၉ ဒဲ့အစဉ်လိုက်ပဲ”

“ငတုံးကောင် မင်းကတ်တွေက ငါ့ထက် ကောင်းနိုင်မယ်လို့ ထင် နေလား”

လီစစ်ကလည်း ထရပ်လာသည်။ သူ့မျက်နှာက သရော်အကြည့်က ပိုပီပြင်လာသည်။ ရဲ့လင်းချန်ကို ကြည့်နေသော သူ့အကြည့်က စိတ်အား ထက်သန် မနေတော့ဘဲ သုန်မှုန်လာ၏။

“မျိုးမစစ်ကောင် မင်းရှုံးပြီ၊ ငါတို့ မင်းရဲ့ သန်းနှစ်ဆယ်ကို သိမ်းမယ်ကွ၊ ဝါးဟားဟားဟား …”

“နေဦး ကျုပ်ကတ်တွေကို ပြတောင်မပြရသေးဘူးလေ”

ရဲ့လင်းချန်က မျက်မှောင်ကြုတ်နေသည်။

“မင်းကတ်ကို ပြမယ် ဟုတ်လား၊ မင်း သူ့ကတ်ကို နိုင်နိုင်လို့လား”

လီစစ်က ခနဲ့တဲ့တဲ့ မေးလိုက်သည်။

အခြေအနေက မထင်မှတ်လောက်အောင် အဆင်ပြေ ချောမွေ့နေ၏။ အစက နောက်ထပ် ပွဲအနည်းလောက် လိုလိမ့်မည်ဟု သူ ထင်ထား သော်လည်း ဤငတုံးက တဇောက်ကန်းသမားထက်ပင် ပိုခေါင်းမာ နေ၏။

ရဲ့လင်းချန်၏ ကတ်များက ace တစ်စုံမှန်း သူ အတပ် သိနေ၏။ အကြောင်းမှာ သူတို့ ကတ်များ စဝေကတည်းက အားလုံးကို အကွက်ချ ထားသောကြောင့်ပင်တည်း။

All Chapters