← Chapters

တရုတ်ပြည်၏ ထောက်တိုင်

Vol. 37 Ch. 554

တရုတ်ပြည်၏ ထောက်တိုင်

Vol. 37 Ch. 554

ခွေးရူးပြန်ရောဂါသည် လူသားများ၏ စိတ်ထဲ၌ ကြောက်စရာကောင်းသော ရောဂါတစ်ခု ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းအား ဆယ်မိနစ်တည်းနှင့် ကုသပြီးသွားပြီတဲ့လား။

သို့သော် သူတို့၏ အကြည့်များက လူနာ ကောင်လေး၏ မျက်နှာသို့ ရောက်သွားသောအခါ သူတို့၏ မယုံကြည်စိတ်များ လွင့်စင်သွားပြီး အံ့ဩသော အမူအရာများက အစားထိုး ပေါ်လွင်လာသည်။

သူသည် အခန်းထဲသို့ ဝင်သွားခဲ့စဉ်ကနှင့် သိသိသာသာ ခြားနားသွားသည်။ ကောင်လေး၏ အကြောဆွဲခြင်းက ရပ်တန့်သွားပြီး အသက်ရှူနှုူန်းက တည်ငြိမ်နေသည်။ သူ သတိလစ်နေသည်မှလွဲလျင် သူ့မျက်နှာက ကျန်းမာ၍ ကောင်းမွန်ပုံ ပေါ်နေသည်။

“သူ တကယ် ပြန်ကောင်းသွားတဲ့ပုံပဲ”

လူအုပ်ကြီးသည် မနည်း တံတွေးမျိုချ၍ မယုံနိုင်သောအသံတို့ဖြင့် ရေရွတ်လာသည်။

ထိုစဉ် အခန်းအပြင်၌ စောင့်နေသောဆ ရာဝန်သည် ကောင်လေး၏ သွေးအချို့ကို စမ်းသပ်ရန် အလျင်အမြန် ထုတ်ယူလေသည်။

မကြာခင်မှာပင် အဖြေ ပြန်ထွက်လာ၏။ သူသည် အပြည့်အဝ ပျောက်ကင်းသွားလေပြီ။

[သောက်ကျိုးနည်း … သူ ပျောက်သွားပြီပဲ၊ ဒါတစ်ခုတည်းနဲ့တင် နတ်ဆေးဆရာဝိုင်က နတ်ဆေးဆရာလို့ ခေါ်ထိုက်နေပြီ]

[အပေါ်ကလူ၊ ပြီးခဲ့တဲ့‌ လေပူလက္ခဏာ တုပ်ကွေးရောဂါ ကူးစက်မှုတုန်းက နတ်ဆေးဆရာဝိုင်ကြောင့်သာ မဟုတ်ရင် မင်း အသက်ရှင်နေလိမ့်ဦးမယ်လို့ ထင်လား]

[နတ်ဆေးဆရာဝိုင်က ငါတို့ရဲ့ ပြည်သူ့ သူရဲကောင်းပဲ၊ နတ်ဆေးဆရာဝိုင်ကလွဲရင် ငါ အခြား ဘယ်သူ့ကိုမှ လက်မခံဘူး]

[မြတ်စွာဘုရား၊ အခု ‌ခွေးရူးပြန်ရောဂါကို ကုနိုင်ပြီပဲ၊ ကာကွယ်ဆေးတောင် မဟုတ်ဘူး၊ ကုသဆေးပဲ၊ ဒါ ဆေးပညာ လောကအတွက် ဆန်းကြယ်မှုတစ်ခုပါလား]

[ဒါကို မှတ်တမ်းတင်ထား၊ ဒါ ငါတို့နိုင်ငံရဲ့ ထင်ရှားကျော်ကြားမှုပဲ၊ လခွမ်း … နိုင်ငံခြားသားတွေ ငါတို့ကို မနာလို ဖြစ်လာအောင် လုပ်ရမယ်]

[လခွမ်း … ဒါ ငါတို့ရဲ့ ဆေးပညာ ဗဟုသုတက အခြားနိုင်ငံတွေထက် သာတယ်လို့ ပြနေတာ မဟုတ်ဘူးလား၊ မိုက်တယ်]

…

ရောဂါများသည် သေဆုံးခြင်းနှင့် ဝေဒနာ ခံစားရခြင်းတို့နှင့် မကြာခဏ ချိတ်ဆက်နေကာ လူသားမျိုးနွယ်အတွက် ဒုက္ခ အကြီးအကျယ် ယူဆောင်ခဲ့သည်။ ၎င်းတွင် လူတိုင်း၏ အသက်များ ပါဝင်နေလေသည်။

အနုပညာလောက၌ ရဲ့လင်းချန် ပံ့ပိုးပေးသော အနုပညာသည် အရေးမကြီးပါ။ သို့သော် ဆေးပညာသည် လူတိုင်း၏ လေးစား ယုံကြည်ခြင်း ခံရသော အရာတစ်ခုဟု သတ်မှတ်နိုင်ပေသည်။ ၎င်းသည် လူတိုင်း အသက်အရွယ်မရွေး၊ ကျားမမရွေး လျစ်လျူရှု၍ မရနိုင်သော အရာပင်။

၎င်းမှ ဖြစ်ပွားစေသော ဆူညံပွက်လောရိုက်မှုက ကြီးမားလှသည်။

ခွေးရူးပြန် ရောဂါ ခံစားရသူကို ကုသပြီးသွားချိန်မှာ ငါးမိနစ်မျှသာ ရှိသေးသော်လည်း အဓိက မီဒီယာအားလုံး၌ ဤသတင်းအား ကျော်ကြားအောင် တင်ဆက်နေပြီ ဖြစ်ကာ နတ်ဆေးဆရာဝိုင်က ရေပန်းစားနေသော ရှာဖွေမှု စာရင်းအား စိုးမိုးထားလာသည်။

ဤအဖြစ်အပျက်အား အနုပညာရှင်များတောင်မှ ဘာအသံမှ မထွက်ရဲပေ။ သူတို့အားလုံးက နတ်ဆေးဆရာဝိုင်ကို အားပေးထောက်ခံကြောင်း ပြသကာ သူ၏ အကောင်းမြင်ခြင်း ခံရအောင် ကြိုးစားကြလေသည်။

တစ်ခဏကြာသော် ပါမောက္ခကျန်းနှင့် အခြားသူများက နောက်ထပ် အရေးပေါ်လူနာတစ်ယောက်နှင့်အတူ အပြေး လာကြသည်။

“နတ်ဆေးဆရာဝိုင်၊ လူနာ ရောက်လာပါပြီ”

ပါမောက္ခကျန်း၏ မျက်နှာက နီရဲနေပြီး အသက်ကို အသည်းအသန် ရှူနေရသည်။ ထို့နောက် သူက တလေးတစား ပြောလိုက်သည်။

“ဒီလောက် အချိန်တိုလေးအတွင်းမှာ နတ်ဆေးဆရာဝိုင်က ခွေးရူးပြန်ရောဂါ ခံစားနေရတဲ့ လူနာကို ကုနိုင် လိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူး၊ လူကြီးမင်း … မင်းက တကယ်ကို ထူးချွန်တဲ့သူပဲ”

“နတ်ဆေးဆရာဝိုင်၊ ကျေးဇူးပြုပြီး ကျုပ်တို့ အရိုအသေ ပေးတာကို လက်ခံပေးပါ”

အခြား ဆရာဝန်များက လေးစားသော အကြည့်များနှင့် ရဲ့လင်းချန်အား တပည့်တစ်ယောက်က နှုတ်ဆက်သကဲ့သို့ တလေးတစား နှုတ်ဆက်လာသည်။

ဆေးလောကသားများ ဖြစ်သောကြောင့် ရဲ့လင်းချန် ဤလောကထဲသို့ ယူဆောင်လာသော အောင်မြင်မှုအား အခြားသူများထက် သူတို့က ပိုသိလေသည်။ သူ့နောက်ကွယ်၌ မရေတွက်နိုင်သော လူများသည် ဤသည်မှ အကျိုး ခံစားရပေတော့မည်။

အသက်တစ်ချောင်းကို ကယ်နိုင်ခြင်းက ကုသိုလ်ကြီးတစ်ခုပင်။ ထို့အပြင် ရဲ့လင်းချန်သည် အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။ သူ့အား သူတော်စင်ဟု ခေါ်လျင်တောင်မှ အကျယ်ချဲ့ ပြောဆိုခြင်း ဖြစ်မည် မဟုတ်ပါ။

“နတ်ဆေးဆရာဝိုင်၊ ကျေးဇူးပြုပြီး ကျွန်မအဘိုးကို ကယ်ပေးပါဦး”

မိန်းမပျိုတစ်ဦးက ရဲ့လင်းချန်အား အသနားခံသော မျက်လုံးများနှင့် ကြည့်ကာ တောင်းပန်လေသည်။

မိန်းမပျိုအပြင် သူမအနား၌ လူလတ်ပိုင်းအရွယ် လူငါးယောက်၊ လူငယ်လေး နှစ်ယောက်နှင့် အခြားသော မိန်းမပျို တစ်ဦးလည်း ရှိနေသည်။

သူတို့သည် အလွန်အကျွံ မဝတ်ဆင်ထားသော်လည်း အာရုံဖမ်းစားနိုင်နေဆဲပင်။ သူတို့ တစ်ဦးချင်းစီက မြင့်မြတ်သော အငွေ့အသက်တို့ ထွက်ပေါ်နေသော်လည်း မောက်မာပုံ မပေါ်ချေ။

“မြတ်စွာဘုရား၊ လူနာက ချင်ဟဲ မဟုတ်လား၊ ပါရဂူချင်လေ”

လူအုပ်ထဲမှ တစ်ယောက်က တအံ့တဩ ပြောလာသည်။

ကျောက်ခဲတစ်ခဲက လှိုင်းကြက်ခွပ်များစွာကို ဖြစ်ပေါ်စေသကဲ့သို့ အံ့ဩတကြီး အသံများ ပို၍ ထွက်ပေါ်လာသည်။

“မဖြစ်နိုင်ပါဘူး၊ ချင်ဟဲက အဲ့လောက် မပိန်ပါဘူး”

“သူက ချင်ဟဲနဲ့ တော်တော်လေး ဆင်တယ်”

“ပါရဂူချင်က ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ၊ ဝမ်းနည်းစရာပဲ …”

“ဟင့်ဟင့်ဟင့် … အဘိုးချင်ကို ဒီလို မြင်လိုက်ရတော့ ငါ ငိုချင်လာပြီ”

“ပါရဂူချင်ကို မြို့တော် ဆေးရုံမှာ တစ်လျှောက်လုံး ကုနေတယ်လို့ ငါ မသိခဲ့ဘူး၊ သမိုင်းစာအုပ်တွေထဲမှာ သူ ငယ်ငယ်တုန်းက ပုံတွေတောင် ပါသေးတယ်”

…

အပြင်၌ ဖြစ်စေ၊ အွန်လိုင်းပေါ်၌ ဖြစ်စေ ပါရဂူချင်၏ အသွင်အပြင်က ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်လာစေခဲ့သည်။ အထူးသဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုများတွင် ဖြစ်သည်။ ၎င်းတို့၌ “အဘိုးချင်” ဟူသော မှတ်ချက်များ ချက်ချင်း ပြည့်နှက်လာ၏။

ချင်ဟဲ၊ တရုတ်နိုင်ငံ၏ သိပ္ပံပညာရှင်။

အသက် ဆယ့်ရှစ်နှစ်၌ သူသည် ပြည်ပသို့ ထွက်ခွာ၍ ပညာသင်ယူခဲ့သည်။ အသက် နှစ်ဆယ့်ငါးနှစ်တွင် ပြည်ပမှာ လစာမြင့်သော အလုပ်များကို ငြင်းပယ်၍ ထိုအချိန်က ခေတ်နောက်ကျနေသေးသော တရုတ်နိုင်ငံအား အောင်မြင် ကျော်ကြားလာစေရန် နိုင်ငံသို့ ပြန်လာခဲ့သည်။

ပြည်ပ၌ သူ၏ လစာသည် တစ်နှစ်လျင် တစ်သန်း ဖြစ်လောက်သည်။ နိုင်ငံသို့ ပြန်လာသောအခါ သူ၏ နှစ်စဉ်လစာက တစ်နှစ်ကို တစ်သိန်းမျှသာလျင် ရှိလေသည်။ ခြားနားမှုက မိုးနှင့်မြေလို ကွာခြားလှသည်။ ထိုစဉ်အခါက တရုတ်နိုင်ငံသည် အလွန်အမင်း ခေတ်နောက်ကျနေခဲ့သည်။

သို့သော် သူသည် ပြန်လာရုံသာမက သူ၏ နည်းပညာကိုလည်း ပြန်သယ်လာခဲ့ကာ အခက်ခဲဆုံးအချိန်များကို မိခင်နိုင်ငံနှင့်အတူ ဖြတ်သန်းပြီး တရုတ်နိုင်ငံအား နည်းပညာလောက၌ အောင်မြင်မှုများစွာ ရရှိအောင် ကူညီ၍ သစ်လွင်ကောင်းမွန်သော နည်းပညာ ပစ္စည်းများ ထုတ်လုပ်နိုင်အောင် ပံ့ပိုးခဲ့သည်။ ထို့အပြင် ဒုံးကျည် နည်းပညာကိုလည်း လျင်မြန်စွာ တိုးတက်စေခဲ့သည်။

သူ့ကဲ့သို့သော လူများက တရုတ်နိုင်ငံအား အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တိုးတက်စေခဲ့ပြီး နိုင်ငံသားများအား ကောင်းမွန်သော ဘဝ ရရှိအောင် ပံ့ပိုးပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။

သူတို့သည် တရုတ်နိုင်ငံအား ခေတ်တစ်ခုလုံး၌ ပံ့ပိုးပေးခဲ့သော ထောက်တိုင်များ ဖြစ်သည်။

လူနာကုတင်ပေါ်မှ အဘိုးအိုကိုကြည့်ပြီး ရဲ့လင်းချန် လေးစားစိတ် တိုးလာရသည်။

ဤအဘိုးအိုသည် တစ်ချိန်က သမိုင်းစာအုပ်ထဲမှ အံ့ဩဖွယ် အကျော်အမော်တစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါ၌ မျက်နှာ တစ်ပြင်လုံး တင်းတိပ်များ ပြည့်ကာ ပိန်ပါး၍ အထိခိုက်မခံသောသူ ဖြစ်နေလေသည်။ ဇရာက သူ့အား ကောင်းကောင်းကြီး အနိုင်ယူသွားလေပြီ။

“ခင်ဗျား ကျွန်တော့်အဘိုးကို ကယ်နိုင်တာ သေချာလား”

ချင်ဟဲဘေးမှ လူငယ်လေး တစ်ယောက်သည် ရဲ့လင်းချန်အား စူးရှသော အကြည့်ဖြင့် ကြည့်နေသည်။

“ခင်ဗျား ကျုပ်အဘိုးကို စမ်းသပ်ပစ္စည်းလို့ အသုံးချရဲလို့ကတော့ ကျုပ် ခင်ဗျားကို ဒီအတိုင်း မထားဘူး”

“ရှောင်ယန် မင်း ပါးစပ်ပိတ်ထားစမ်း”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အော်ငေါက်လေသည်။

ထိုစဉ် လူနာခုတင်ပေါ်မှ ချင်ဟယ်က ချိနဲ့စွာ လှုပ်ရှားလာပြီး နှုတ်ခမ်းလှုပ်လာသည်။

“အဖေ ပြောပါ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်း ကိုယ်ကိုကိုင်း၍ အနီးကပ် နားထောင်လေသည်။

ထို့နောက် သူသည် ကိုယ်ကိုပြန်မတ်၍ ရဲ့လင်းချန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်ပြီးနောက် သက်ပြင်းချ လိုက်သည်။

“ကျုပ်အဖေက ကုသမှု အတောအတွင်း တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူမှ နတ်ဆေးဆရာဝိုင်ကို တာဝန်မခံခိုင်းရဘူးလို့ ပြောပါတယ်၊ ဒါက သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါတဲ့”

လူမြင်ကွင်း၌ ထိုသို့သော စကားမျိုး ပြောခြင်းက ချင်ဟဲ၏ ဆုံးဖြတ်ချက်ကို ပြသနေသည်။

[ပါရဂူချင်လို့ မပြောရဘူး၊ သူက သမိုင်းစာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ]

[နတ်ဆေးဆရာဝိုင်ကို ပြဿနာရှာလာမှာကို သူ ကြောက်နေတာပဲ၊ သူတို့ နှစ်ယောက်လုံးက တရုတ်နိုင်ငံရဲ့ ဂုဏ်ယူစရာတွေပဲလေ]

[အီးဟီးဟီး … ငါ တကယ် ငိုမိပြီ]

[တစ်ဖက်မှာ ပါရဂူချင်၊ နောက်တစ်ဖက်က နတ်ဆေးဆရာဝိုင်၊ သူတို့တွေ ငါ့ကို စိတ်ပျက်အောင် မလုပ်မိဘူးလို့ ငါ ယုံတယ်]

[ပါရဂူချင်က ဘာရောဂါ ခံစားနေရတာလဲ၊ နတ်ဆေးဆရာဝိုင်က တကယ် ကုနိုင်ပါ့မလား]

[အဘိုးချင် ပြန်ကောင်းလာဖို့ ငါ တကယ် ဆုတောင်းတယ်၊ သူ ပျောက်နေတာ သုံးနှစ် ရှိပြီ၊ အဘိုးချင်သာ ပြီးခဲ့တဲ့ သုံးနှစ်လုံး ရှိနေရင် ငါတို့ နည်းပညာက ပိုပြီး တိုးတက်နေလောက်ပြီ]

[နတ်ဆေးဆရာဝိုင်၊ အကောင်းဆုံး လုပ်မှဖြစ်မယ်၊ သူက ငါတို့ရဲ့ နိုင်ငံရတနာပဲ၊ အို … အသင် ကောင်းကင်ဘုံရေ၊ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါ]

…

“နတ်ဆေးဆရာဝိုင်၊ အကြီးအကဲချင်က အစာအိမ်ကင်စာ နောက်ဆုံးအဆင့် ဖြစ်နေတာပါ၊ ဒါကို ကုလို့ ရနိုင်ပါ့မလား”

ပါမောက္ခကျန်းက ရဲ့လင်းချန်အား စိုးရိမ်တကြီး တီးတိုး ပြောလေသည်။

သူသည်လည်း အလွန် ယုံကြည်ချက် မရှိပါ။ ရဲ့လင်းချန်က သူ့အား ကုသ၍မရနိုင်သော လူနာများကိုသာ ခေါ်လာရန် ပြောခဲ့သည်။ ဘယ်အတိုင်းအတာထိလဲ ဆိုသည်ကိုတော့ သူ မသိပါ။

ကင်ဆာသည် သေမင်းနှင့် ညှိနှိုင်းနေရသလိုပင်။ ၎င်းသည် ယခုခေတ် လူ့အဖွဲ့အစည်း၌ အဖြေမရှိသော ပုစ္ဆာ တစ်ပုဒ်ပင်တည်း။

“အင်း”

ရဲ့လင်းချန်က ခေါင်းညိတ်၍ ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

“နတ်ဆေးဆရာဝိုင်၊ အခုကစပြီး မင်းကို အားကိုးပါတယ်”

ချင်ဟဲ၏ ဘေးမှ လူများက ပြောလာသည်။

သူက သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့အရှေ့မှာပင် ချင်ဟဲက ခွဲစိတ်ခန်းသို့ ခေါ်ဆောင် သွားလေသည်။

All Chapters